အယောင်ဆောင် ဘိုးတော်နှင့် အဖွဲ့က မိန်းကလေး ခြောက်ဦးကို သွေးဆောင် ဖြားယောင်း ဖျက်ဆီးခဲ့မှု ဖြစ်ပွား

khinmintatthuJune 23, 20101min23018

မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးရွာတစ်ရွာတွင် ဘိုးတော် အယောင်ဆောင်သူ တစ်ဦးက ဇနီး၊ တပည့် ဖြစ်သူတို့နှင့် အတူ မိန်းကလေးများကို ဖြားယောင်းေ သွးဆောင်ကာ လိမ်လည်ခြိမ်းခြောက် ရေမန်းတိုက်ပြီး သားမယား ပြုကျင့်ခဲ့သည့် အမှုအား မေ ၂ရ ရက်က သထုံခရိုင် တရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း သတင်း ရရှိသည်။ ကျိုက်ထိုမြို့အနီး မဲရုံးကြီး ကျေးရွားနေ ဦးကြယ်ဝင်းက ကျိုက်ထို ရဲတပ်ဖွဲ့စခန်း၌ မေ ၂ ရက်တွင် အမှု တိုင်ကြားချက်မှာ ၎င်းနှင့် ဇနီးဖြစ်သူ ဒေါ်မငို တို့ ဧပြီ ၁ရ ရက် နံနက် ၉ နာရီခန့်က ၎င်းတို့ရွာနှင့် နှစ်မိုင်ကျော် ဝေးသည့် တင်းဝါးတောင်တွင် သာသနာပြု လုပ်ငန်းကို ဗန်းပြနေထိုင်သူ ချစ်လှိုင် (၅၂)နှစ်နှင့် အဖွဲ့က အနီးအနား ကျေးရွာရှိ အပျိုရွယ် မိန်းကလေးများကို စည်းရုံးခြောက်လှန့် သိမ်းသွင်းပြီး ရေမန်းများ တိုက်ကာ သားမယားပြုကျင့် ဖျက်ဆီးနေကြောင်း ၊ ၎င်းတို့၏ သမီး(မ….) (၄၂) နှစ်မှာ ဘိုးတော် ချစ်လှိုင်နှင့် ကိုယ်ဝန် ခြောက်လ ရရှိထားကြောင်း၊ ရွာမှ လူများက ပြောပြသိရှိရ၍ လွန်ခဲ့သော ရှစ်လခန့်က တင်းဝါးတောင်တွင် သွားရောက် နေထိုင်သူ သမီးအကြီးအား စိတ်ပူ၍သွားရောက် ခေါ်ယူရာ သမီးဖြစ်သူက ပြန်မလိုက် နိုင်ကြောင်း ငြင်းဆန်ခဲ့သည်။ ဦးကြယ်ဝင်းတို့က ဆွဲခေါ်ရာ ဘိုုးတော်ချစ်လှိုင်က မောင်းထုတ်သည့် အပြင် ဖမ်းဆီး၍ ကြိုးနှင့် တုပ်နှောင်ရန် ချစ်လှိုင်၏ဇနီး ဒေါ်မြကြည်နှင့်တပည့် ပန်းစိန်တို့အား စေခိုင်းသဖြင့် ရွာသို့ ပြန်ခဲ့ပြီး ကျေးရွာရယကအဖွဲ့သို့ တိုင်ကြားခဲ့သည်။ ဧပြီ ၃ဝရက်တွင် တင်းဝါးတောင်သို့ ရဲတပ်ဖွဲ့ဝင်များနှင့် ရယကအဖွဲ့ဝင်များက ဘိုးတော်ချစ်လှိုင်နှင့် အဖွဲ့အား သွားရောက် ခေါ်ဆောင်ပြီး အတူနေ မိန်းကလေးများကို စစ်ဆေးရာ ဦးကြယ်ဝင်း၏ သမီးငယ်(မ…) (၂၅) နှစ်မှာလည်း ကိုယ်ဝန် ရှိနေကြောင်း သိခဲ့ရသည်။ ကျိုက်ထို ရဲတပ်ဖွဲ့ စခန်းက ဘိုးတော်ချစ်လှိုင် (၅၂)နှစ်၊ ဒေါ်မြကြည် (၄၈)နှစ်၊ ပန်းစိန် အသက်(၅၀) တို့အား(ပ) ၂၃၄/၁ဝ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၄၁၉/၅၀၆/၂၉၅-က/၃၄ တို့အရ မေ ၂ ရက်တွင် ဖမ်းဆီး အရေးယူခဲ့သည်။ ကျိုက်ထို ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးရဲအုပ် ဝင်းအောင်က အမှုအား စစ်ကြော ဖော်ထုတ်ရာ ဘိုးတော်ချစ်လှိုင်၊ ၎င်း၏ဇနီး ဒေါ်မြကြည်၊ တပည့်ဖြစ်သူ ပန်းစိန်တို့သုံးဦးသည် လွန်ခဲ့သော ငါးနှစ်ခန့်က မဲရုံးကြီးကျေးရွာအုပ်စု ကတိုင်တွတ်ကျေးရွာအနီး တောင်ကုန်းပေါ်တွင် ဘုရားတည်၊ တရားအားထုတ်ရန် အကြောင်းပြ၍ နေထိုင်ခဲ့ကြပြီး ထိုအချိန်မှစ၍ အနီးအနား ရွာများမှ ဘုရားတွင် တရားအားထုတ်ရန် လာသူ အမျိုးသမီးငယ်များကို စည်းရုံး သိမ်းသွင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မိန်းကလေးများ အနက် မဲရုံးကြီးရွာနေ မိန်းကလေး ခြောက်ဦးမှာ ဘိုးတော်ချစ်လှိုင်တို့ အဖွဲ့၏ လိမ်လည် ဖြားယောင်း သွေးဆောင်မှု၊ နတ်စားခံရမည်၊ သွေးအန်မည်ဟူသော ခြိမ်းခြောက်မှုများကို ကြောက်လန့်ကာ ဘိုးတော်ချစ်လှိုင်၏ သားမယား ပြုကျင့်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရကြောင်း ပေါ်ပေါက်ခဲ့သည်။ အဆိုပါ အမှုအား သထုံခရိုင် တရားရုံးက ဥပဒေ အကြံပေးချက်အရ နစ်နာသူများနှင့် ပတ်သက်၍ ချစ်လှိုင် (၅၂) နှစ်(ဘ) ဦးရွှေချစ် မဲရုံးကြီးကျေးရွာအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၀၆/၂၉၅က၊ ဒေါ်မြကြည် (၄၈)နှစ်(ဘ) ဦးအောင်ထွန်းနှင့် ပန်းစိန်အသက်(၅၀)(ဘ)ဦးမောင်ထွန်း မဲရုံးကြီး ကျေးရွာနေသူတို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၁၁၄/၅၀၆/၁၁၄ တို့အရ လည်းကောင်း၊ ယင်းအမျိုးသမီးများနှင့် ပတ်သက်၍ ချစ်လှိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၀၆၊ ဒေါ်မြကြည်နှင့်ပန်းစိန်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၁၁၄/၅၀၆/၁၁၄ တို့အရ တစ်ဦးချင်းစီအတွက် စွဲချက်တစ်ခုစီဖြင့် သထုံခရိုင် တရားရုံး၌ မေ ၂ရ ရက်တွင် တရား စွဲဆိုထားကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

18 comments

  • yannaingech

    June 23, 2010 at 2:28 pm

    ပြည်သူလူထု အသိပညာအဆင့်အတန်းနိမ့်ကြမှုကြောင့် ဖြစ်ရတဲ့ ပြဿနာတွေအများကြီးထဲက တစ်ခုပါ။ ဒို့နိုင်ငံ ဘယ်ခေတ်မှာ ကျန်ခဲ့လဲ၊ ဘယ်နှုန်းနဲ့ တိုးတက်နေတာလဲ…

  • zamte

    June 23, 2010 at 5:20 pm

    ရက်စက်လိုက်ကြတာ လုပ်ရက်လိုက်ကြတာဗျာ။ သားသမီးချင်း၊ နှမခြင်း မစာမနာ။ ဖျက်ဆီးခံလိုက်ရတဲ့ မိန်းကလေးတွေရဲ့ ဘဝက တလျှောက်လုံး လူပုံအလယ်မှာ ဘယ်လိုလုပ် ခေါင်းဖော်နိုင်ပါတော့မလဲ။ ပြည်သူတွေရဲ့ အသိပညာ အဆင့်အတန်းတွေကို မြင့်တင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီဗျာ။ ဒါမျိုးတွေ မြင်ရကြားရတိုင်း တိုင်းပြည်ကို သေနတ်မိုး အုပ်ချုပ်နေတဲ့ ဒီသောက်သုံးမကျတဲ့ကောင်တွေကိုသာ အမှုန့်ကြိတ်ပစ်ချင်တယ်။

  • ghost

    June 23, 2010 at 5:40 pm

    ဒါမျိုးတွေ…နောက်ထပ်…မကြားလိုတော့ပါ။

  • onlinezz

    June 24, 2010 at 12:53 am

    ခက်တယ်..ခက်တယ်..ဘာကြောင့် အဲဒီဘိုးတော်၊နတ်ကတော် တွေကိုယုံစားနေကြတာလဲ…
    အသိပညာနဲ့ လည်းတဆိုင်ဘူးလို ့တော့ထင်တယ်။။တစ်ချိုဆို ပညာတွေတက်ပြီး ဘိုးတော်၊နတ်ကတော် တွေကို ဆရာတစ်ဆူလို ကိုးကွယ်နေတာ ဒုနဲ ့ဒေး 🙁

  • etone

    June 24, 2010 at 1:35 am

    ကျက်သရေတုန်းလိုက်တာဟယ် ။ သာသနာကိုဗန်းပြပြီးလုပ်စားနေကြာတာ လူစိတ်တောင်မရှိတဲ့ဟာတွေ ။
    မိန်းမတွေကလည်းအယုံလွယ်လိုက်တာ ဒီလောက်တောင်ပဲ ဘိုးတော်ဆိုတဲ့အကောင်ကို အထင်ကြီးစရာလား ။
    ဘိုးတော်မိန်းမကရော သူသက်သာရင်ပြီးရောဆိုပြီး သူ့ယောကျာင်္းကိုရှာပေးစရာလား ။ ဒီကောင်ကတော့နောက်ကဘဝမိန်းမလျာဖြစ်မလား၊ဟိုဟာဖြစ်မလားမသိဘူး 😀

  • chitlay

    June 24, 2010 at 2:01 am

    ယုတ်မာလိုက်ကြတာ ဘိုးတော်မိန်းမကလဲ မိန်းမသားဖြစ်ပြီး မိန်းမချင်းမစာနာဘူး ။ ဒီလိုလူမျိုးတွေကို အပြစ်ကြီးကြီးပေးသင့်တယ်…….

  • kokogyi

    June 24, 2010 at 4:55 am

    အဓိက ကတော့ ဘာသာရေးကို မလိုက်စားလို့ သူများညာတာ ခံရတာပါ ပြီးတော့ အတိတ် ဘဝက ဝဠ်ကြွေးရှိလု့ိပါ ဆရာတော်ဘုရားများဟော သလို့ပဲ ပြုသူအသစ် ဖြစ်သူအဟောင်းပါပဲ တကယ်ထေရဝဒါ ဗုဒ္ဓဘာသာဆိုတာ ဗေဒင်တို့ လဏ္ခာ တို့ ယုံကြည့်မှု မရှိရပါဘူး ကံ ကံ ရဲ့ အကျိုး ဆိုတာကို ယုံမှာ တကယ် ထေရဝ ဒါဗုဒ္ဓ ဘာသာပါ ….. ဘယ်သူကိုမှ အပြစ်ပြောမနေပါနဲ့ ကိုယ်လဲ သူများပြောတိုင်းမယုံဖို့ အရေးကြီးပါတယ်..:P

  • snow

    June 24, 2010 at 5:39 am

    အဲဒီဘိုးတော်ဆိုတဲ့အကောင်ဆီမှာ
    သမီး ညီမတွေမရှိဘူးလား
    တော်တော်ယုတ်မာတယ်
    သူ ့ကိုစူအရီးကြီးမှတ်နေလားမသိဘူး
    ပုဂံခေတ်ကပန်းဦးဆက်တယ်များထင်နောလားမသိဘူး
    လူစိတ်ကိုမရှိဘူး
    တော်တော်ရက်စက်တဲ့သူတွေပဲ
    သေဒါဏ်ပေးလိုက်ပါ

  • chitsayar

    June 26, 2010 at 8:22 pm

    ဟယ် ဘိုးတော်ကို ရဲကဖမ်းတယ်?
    သူတို ့မို ့ဖမ်းရဲတယ်။

  • SoeLin

    July 10, 2010 at 10:29 am

    ခက်တယ်ဗျာ ..
    လူတွေက .. လုပ်တဲ့လူကလည်း လုပ်ကြတယ်..
    ယုံတဲ့လူကလဲ ယုံကြတယ် ..
    အဓိက ကတော့ အသိအမြင်ဗဟုသုတ .. ပညာပေးမှုတွေ အားနည်းနေလို့ပါ ….
    တခြားဒီလိုအဖြစ်မျိုးတွေ ဘယ်လောက်ထိအောင်များရှိသေးလဲ မသိဘူး …
    လူလူချင်း ကိုယ်ချင်းစာတရားထားနိုင်ကြရင် ကောင်းမယ်ဗျာ …

  • intro

    July 10, 2010 at 12:35 pm

    စိတ်ညစ်ဖို့ ကောင်းလိုက်တာ… အသက်က (၅၂) နှစ်တဲ့။ သက်တမ်းက သုံပုံနှစ်ပုံ ဖြစ်နေပြီ။ ငယ်တော့တဲ့ အရွယ်လဲ မဟုတ်ဘူး။ ယုတ်မာချက်က ကမ်းကုန်ပဲ။ မိန်းမလဲရှိရက်နဲ့ မလွယ်ပါလား။ အသိဉာဏ်မကြွယ်တာကို အခွင့်ကောင်းယူပြီး လုပ်ချင်တိုင်း လုပ်လို့ရမလား?

  • Pa Pa

    July 10, 2010 at 2:19 pm

    ငါလေ…. ထေရဝါဒ နဲ့ မဟာယန မကွဲ့သရွေ့၊ ဗုဒ္ဓဘာ အစစ် မဟုတ်သရွေ့ဒီလို လိမ်ခံရမှာဘဲ..လူတော်တော်များများ ဟာမိရိုးဖလာ သာဗုုဒ္ဓဘာသာ ဖြစ်နေတာ ဘာသာရဲ့ အဆီအနှစ်မသိလေ ခွေးသူခိုတွေ ကယုတ်မာလေဘဲ ဖြူးဆရတော်တရားခွေတွေနားထောင် ကြည့်ကြ ဘာလဲ ဘိုးတော် ၊နတ်ကတော်၊ဂိုဏ်းဆရာ လူလိမ်တွေ………။

  • winne

    July 13, 2010 at 5:57 am

    အကျီအညိုဝမ်းဆက် ဝတ်ပြီး ဘုရားမှာ ပုတီးစိပ်တရားထိုင်ပြနေရင် လူတွေကလည်း အစွမ်းရှိမယ်ထင်နေကြတာ ခက်တယ် ဗဟုသုတတွေ များများရှိအောင် ပညာပေးတာမျိုးတွေ လုပ်သင့်နေပြီ။ လူတွေကလည်း ရိုးတာဘဲနေမှာပေါ့။ အသိတရားတွေ ပြည့်စုံကြပါစေလို့ ဆုတောင်းပါတယ်

  • cobra

    July 13, 2010 at 6:21 am

    လိုနေတာက ဗဟုသုတာပါ။တော နယ်လေးတွေမှာကတော်တော်ကိုဗဟုသုတနည်းနေကြတာပါ။ဒီတော့ ဉာဏ်သမားတွေကလုပ်ချင်တိုင်းလုပ်နေကြတာပေါ့ဗျာ။

  • zuKi

    July 20, 2010 at 8:57 am

    ဟာ ယုတ်မာလိုက်တာ သူ ့မိန်းမကလဲ ထိုင်ကြည့်နေတယ် ဘာမှမပြောဘူးလား သိဘူး မရှက်ကြဘူး

  • kyaw myo htut

    July 24, 2010 at 5:51 am

    ယုတ်မာချက်က9လောက်ရှိတယ်

  • ပေစုတ်စုတ်

    August 10, 2011 at 12:40 pm

    တစ်မျိုးသားလုံး အကျင့်စာရိတ္တနှင့် ပညာရည်မြင့်မားရေး… တဲ့.. ဦးတည်ချက်ကြီကတော့ကြာခဲ့ပြီ… ခုထိတော့ဝေလာဝေးးးးးး

Leave a Reply