သူတို့ဘက်ကမ်းက ပန်းခြံလေး…………………….(အပိုင်းနှစ်)

16 မူဆယ်ဘက်ကနေစီးလာတဲ့ ရွှေလီမြစ်ဝ
17 ရွှေလီမြစ်ကမ်းနံဘေးက လမ်းကလေး
18 ချောင်းကူးတံတား အတက်လမ်းကလေး
19 ပန်းခြံထဲက ကျောက်တုံး.....................

 

20 အလှချင်းပြိုင်

 

21 ညောင်ပင်ကြီးက ဝါးမျိုထားတဲ့ ကျောင်းဆောင်လေးထဲက ဆင်းတုတော်
22 အမွှေးတိုင်ပူဇော်ဘို့ ထားတဲ့ကျောက်ပန်းအိုးက အကြီးကြီးနော်
23 ချောင်းကူးတံတားကို အဝေးက အမြင်
24 အထိန်းအမှတ်ကျောက်တိုင်
25 ဂိုက်ပေးနေတဲ့ ့ တရုပ်ဈေးသည်ကြီး ဓါတ်ပုံရိုက်တော့ သဘောကျနေတာ
26 သူတိုလဲရိုက်ပေးပါလို့ တောင်းဆိုတဲ့ သစ်သီးသည်
27 စည်းကမ်းကြီးတဲ့ တိုုဟူးသုပ်သည်
27 မင်းနဲ့ငါ ဈေးညှိရောင်းရအောင် လျှော့ မပေးနဲ့နော်
28 အေးရိပ် (အဲဒီဓါတ်ပုံရိုက်တဲ့အချိန်က နေ့လည် 2နာရီလောက်ပါ)
29 အပန်းဖြေနားနေစရာ ကျောက်ထိုင်ခုံ ကျိုးကျမှာ မပူရဘူး
30 သူတုို့ဆီက ဒီလိုကျောက်တုန်းတွေဆိုရင်...................
31 စိမ်းလန်းအေးချမ်းသော ပန်းခြံထဲက သစ်ပင်ရိပ်
32 ကျနော်ဘာသာမပြန်တတ်တဲ့ .......................................အထိန်းအမှတ်စာ
33 စက္ကူပန်းရုံနဲ့မြက်ခင်းစိမ်းကလေး
34 ညောင်ပင်ကြီးအနီးကပ် တကယ့်ကိုထူးဆန်းတဲ့ပုံသဏ္ဍာန်နဲ့ပါ
35 တစ်ကိုယ်တော် ပါဖောင့်မင်း....................

 

36 ကလေးထိန်းရင်း ပေါင်မုန့့်ရောင်းမယ်
37 အပြန်လမ်း..................

 

38 ကျနော်အနှစ်သက်ဆုံးသောပုံကလေး

“သူတို့ဘက်ကမ်းက မြစ်ဆိပ်နဲ့ပန်းခြံ….အပိုင်းနှစ်”

 

သူတို့ဖော်ထားတဲ့ချောင်းလေးမှာရေကတော့သိပ်မရှိပါဘူး။

ရေနည်းချိန်မို့လည်းဖြစ်နိုင်ပါတယ်။

ခြေသလုံးမြုတ်ရုံလောက်။

ရေကတော့ စိမ်းစိမ်း။

ထုံးစံအတိုင်းသူတို့မအကြိုက်တံတားက အခုံးလေးနဲ့။

ကျနော်လည်းဓါတ်ပုံတွေရိုက်ပြီးသူတို့နောက်လိုက်သွားတော့ ငယ်ကတည်းက ကြားဖူးတဲ့ရွှေလီ.။

ဒီနာမယ်လေးကို ကိုယ့်မြေ ကိုယ်ဒေသ ကိုယ့်အပိုင်လို့ထင်ခဲ့မိပေမယ်.အခုချိန်မှာတော့ သူတို့အပိုင်ဖြစ်နေတာသိခဲ့ရပါတယ်။

ကျနော်တို့ရဲ့ရွှေလီဟာ သူတို့လက်ထဲမှာတော့ (Ru Li)(ရုလီ)လို့အမည်တွင်ပြန်ပါတယ်။

ရေနည်းနည်းလေးဘဲစီးဆင်းနေတဲ့ရွှေလီမြစ်ရဲ့အလည်ခေါင်လောက်၊

ကျယ်ဂေါင်နဲ့ရွှေလီကိုပေါင်းကူးပေးတဲ့မြစ်ကူးတံတား့နဲ့မနီးမဝေးမှာ ရွှေလီဂေါက်ကွင်း တည်ထားပါတယ်။

မြက်ခင်းစိမ်းစိမ်းလေးတွေကို အဝေးက မြင်ရလို့ ဂေါက်ကွင်းဆိုတာကိုသိရပါတယ်.။

 

တံတားပေါ်မှာ သူတို့ဓါတ်ပုံတွေရိုက်နေကြတုံး ကျနော်က ဟိုဟိုဒီဒီလျှောက်သွား။

ကျနော်တို့ရောက်နေတာက မြစ်အနောက်ဘက်။

အရှေ့ဘက်ကမ်းမှာတော့ ကျယ်ဂေါင်ဘက်နဲ့မူဆယ်ဘက်။

မူဆယ်ဘက်မှာတော့ စေတီပုထိုးကို မူံပြပြ တွေ့ရ။

မြစ်ကမ်းက ကွန်ကရစ်လမ်းပေါ်မှာတော့ အအေးဆိုင်လေးတွေနဲ့ အပန်းဖြေလာသူတွေရဲ့ကားတွေ ဘက်ထရီဆိုင်ကယ်တွေကအစီအရီ။

 

သူတို့ကိုထားခဲ့ပြီး ကျနော်က တော့ပန်းခြံထဲကိုထွက်တော့ လှပတဲ့သစ်ပင်လေးတွေ၊

ကျောက်တုံးကြီးတွေကို ထိုင်စရာ စားပွဲတွေခုံတွေအဖြစ်ဖန်တီးထားတာတွေကိုမြင်ရ။

အထိန်းအမှတ်ကျောက်တိုင်တွေကိုလဲတွေ့ရ။

ဟိုးအဝေးက သစ်ပင်အုပ်မှာတော့ စက်ဘီးလေးတွေနဲ့ဈေးသည်ကိုတွေ့ရ။

ရေခဲသုတ်၊တို့ဟူးသည်နဲ့သစ်သီးသည်ကိုတွေ့ရ.။

ခဏနေတော့ကျနော်တို့အဖွဲ့တွေရောက်လာ တိုဟူးသုတ်တွေဝယ်၊

စပျစ်သီးတွေဝယ်ကြပါတယ်။

တို့ဟူးသုတ်ကို ဘူးလေးနဲ့ထည့်ပေးပါတယ်။

ကျနော်လက်ထဲက တို့ဟုူးသုတ် ကို နယ်ရင်းဖတ်ရင်း တို့ဟူးဖတ်တစ်ဖတ်နှစ်ဖတ်

ခုံပေါ်ကို ပြုတ်ကျသွားပါတယ်။

ဈေးသည်က ချက်ခြင်း အဝတ်နဲ့သုတ်။

တူကို သေသေသပ်သပ်မကိုင်တတ်တဲ့ကျနော် မုန့်နယ်ရင်း ထပ်ပြီး တို့ဟူးဖတ်ကြတော့

စိတ်ဆိုးသွားတဲ့အမူအယာနဲ့ တရုပ်လိုပြောပါတယ်။

ကျနော့်နားထဲတော့ “ မာရီး လိုင်”လို့ကြားမိပါတယ်။

နားလည်သူကိုမေးကြည့်တော့ ပုရွက်ဆိတ်လာလိမ့်မယ်လို့ပြောတာပါတဲ့။

ကျနော်တို့ကျောက်ခုံတွေပေါ်မှာစားသောက်ပြီး ပြန်ခဲ့ကြပါတယ်။

ဒီနေရာလေးက နေ့လည်မှာတောင်အေးချမ်းလှပါတယ်။

ညနေခင်းမှာ တိုးမပေါက်အောင်စည်ကားတယ်လို့ သိရပါတယ်။

ကဲ…………..နောက်တစ်ခါသွားရင် ဘယ်သူလိုက်မလဲဆိုတာ သိချင်စမ်းပါရဲ့။

 

 

ကိုပေါက်လမ်းသလားနေသည်

(17-6-2012)

 

 

 

29 comments

  • ကဲ ပန်းခြံလေးထဲက ဈေးသည်လေးတွေဆီက စားစရာဝယ်ပြီး ကျောက်ထို်င်ခုံလေးမှာအပန်းဖြေုလိုက်ပါအုံး။

  • Thel Nu Aye

    June 18, 2012 at 3:27 pm

    ၃၁ ၃၄ ၃၈ ကိုအင်မတန်ကြိုက်နှစ်သက်ပါတယ်။

    • Moe Z

      June 18, 2012 at 3:34 pm

      အင် .. ဘယ်လိုကြီးလဲ
      ၃၄ ၂၂ ၃၆ မဟုတ်ဘူးလား :mrgreen:

      လေးပေါက်ရေ
      ပုံ ၃၁ ထဲက ကျောက်ခုံလေးမှာတော့ ထိုင်ချင်တယ် ..
      တိုဟူးသုပ်လည်းစားချင်တယ် ..

      • Thel Nu Aye

        June 19, 2012 at 2:10 pm

        အီးးးးးးးးး တူလုပ်မှပဲ တူညားအားငယ်လိုက်တာဟယ်။ ချာမလေးရယ်။ အီးးးးးးးးးးးးးးဟီးးးးးးးးးးးးးရွှတ်

  • Ma Ei

    June 18, 2012 at 3:40 pm

    ကိုပေါက်ရေ…
    ချောရဲ့ အစိမ်းရောင်လွင်ပြင် ထဲက စိန်ပန်းနီလမ်းကလေးက
    ကိုပေါက်ရဲ့17 ရွှေလီမြစ်ကမ်းနံဘေးက လမ်းကလေး နေရာပါ…
    မြို့သစ်တည်ပြီး စိန်ပန်းပင်ကြီးတွေရွှေ့စိုက်ထားတဲ့အတွက်
    2 နှစ်အတွင်းမှာဘဲ ပန်းတွေပွင့်လို့လှပလာတယ်လို့ချောက ရေးထားပါတယ်…
    လမ်းတစ်လျှောက်လုံး စိန်ပန်းနီရဲရဲတွေနဲ့ အတော်ကို လှပါတယ်…
    ကိုပေါက်ရေးခဲ့သလို ကျမတို့ဘက်က အပင်တွေဖြစ်နေမလားဘဲနော်…

  • Davit

    June 18, 2012 at 3:45 pm

    ကိုပေါက်ရေ…………လို်က်ချင်တယ်ဗျ………… 🙂

  • မိုးဇက် ဘာလဲ မယ်ပြိုင်ပွဲ ဝင်ပြိုုင်လာတဲအရှိန်မကုန်သေးဘူးထင်တယ်။
    32-18-36 ကမှ လှတာရယ်။
    တိန်……………………..

    • Mလုလင်

      June 19, 2012 at 2:57 am

      ခါချဉ် ကောင် နဲ့ တူနေပြီဗျို ့ ….. အာဟိ .

  • ဆူး

    June 18, 2012 at 4:02 pm

    ပုံတွေကို အားရပါးရ ကြည့်သွားပါတယ်။
    သဘောကျပါတယ်။

  • ဟုတ်တယ် မအိရေ
    ကျနော်ပထမတစ်ခေါက်လာတုံးကဒီလောက်အပင်တွေမစုံသေးဘူး။
    အခုတစ်ခေါက် ပိုစုံပိုလှ.
    မြို့ထဲက ပိန္နဲပင်ဆို အသီးတောင်သီးနေပြီ.
    2010 တုံးက စိုက်ထားတဲ့အပင်တွေလေ။
    ကိုဒေးဗစ်ကို သီချင်းနဲ့ခေါ်မယ်၊
    “အဖော်တွေပျော်ပျော်ပါးပါး
    မော်တော်ကားနဲ့ကွယ်
    လိုက်ခဲ့သူအကုန်လုံးခေါ်မယ်ကွယ်မောင်ရယ်
    လက်ကိုင်ပုဝါခေါင်းစီးလေးနဲ့တမျိုးလှလို့ယဉ်လှတယ်
    အသက်မကြီးသေးပါမောင်ရယ်
    ထန်းရွက်ပုတီးလေးဆွဲလို့
    ……………………………………………
    …………………………………………………………

  • ဇိန်ဂွမ်း

    June 18, 2012 at 5:04 pm

    လေးပေါက်ရယ်……ဇိန်ဂွမ်းတိုဟူးသုပ်ရောင်နေတဲ.ပုံမထည်.ပါနဲ.လို.ပြောရဲ.သားနဲ………
    တင်ဖြစ်အောင်တင်လိုက်သေးတယ်……
    ဒါပေမယ်.စားလို.အရမ်းကောင်းတယ်နော်……..(ကြုံတုန်းကြော်ငြာဝင်ချင်း)ပရိုမားဂတ်တင်း….
    လှလှပပ ပုံလေးတွေကို…..မျှမျှတတ…..အားပေးကြည်.ရှ.သွားပါတယ်လေးပေါက်……

  • pooch

    June 18, 2012 at 5:25 pm

    အပင်ကြီးတွေ များလို့ ရာသီဥတုပူလည်း နေလို့ထိုင်လို့ ကောင်းပြီး အေးတာနေမှာ။
    တံခါးလေး တဖက်ကျော်တာနဲ့ လမ်းတွေကောင်း အပင်တွေစိမ်းနဲ့ သာယာလိုက်တာ။

  • စိန်ဗိုက်ဗိုက်

    June 18, 2012 at 6:22 pm

    အူး၄ပေါက်
    ဟိုဈေးသည်ကြီးက ရိုက်ပေးပါဆိုတာ အမူအယာနဲ ့ပြောတာလား..တရုတ်လိုပြောတာလား..မြန်မာလိုပြောတာလား.ဘိုလိုပြောတာလားခင်ဗျ
    မာမီပု မေးခိုင်းလိုက်လို ့ပါနော်..
    အောက်ဆုံးနဲ ့ အပေါ်ဆုံးမှာ စေတီတွေ ့သဗျာ..
    အဲဒါ သူ တို ့ဘက်အခြမ်းကနေ ဒီဘက်အခြမ်းကို ရို်က်ထားတာလား..
    ကောင်းပလေ့..ကောင်းပလေ့.
    တောင်တန်းတွေနဲ ့ မြင်ကွင်းကျယ်ကြီးတွေ ကိုယ်တိုင်သွားကြည့်ချင်သဗျား..
    လမ်းစရိတ် ဒေါ်လှတစ်သိန်းလောက် ချီးစမ်းဘာ

  • water-melon

    June 18, 2012 at 6:29 pm

    နောက်တစ်ခါသွားရင် တားတားလိုက်မယ်
    တလုပ်မလေးတွေနဲ့ အဟီ
    ပန်းခြံမှာချိန်းတွေ့မယ်
    ဒန် တန် တန်

    • ဘဲဥ

      June 18, 2012 at 7:11 pm

      နာ့အတွက် တစ်ယောက်လောက် ပါဆယ်ဆွဲခဲ့အုံးနော်

  • မောင်ပေ

    June 18, 2012 at 7:36 pm

    ၃၂ ပုံထဲက စာကို ဘာသာပြန်ပေးရမယ်ဆိုရင် ။ ဒီလိုရပါတယ် …
    “ ရှီး ရှန် နဲ ့ခေါ ” တဲ့
    ကလေးဘဝတုန်းက ကစားခဲ့ကြဖူးတဲ့ ၊ အပျင်းပြေ ကစားနည်း တစ်မျိုးပေါ့ ။ ကမြင်းကြမယ်တဲ့။

  • pan pan

    June 18, 2012 at 10:15 pm

    ပန်းခြံလေးက လှလိုက်တာ
    အောက်ခြေလည်း ရှင်းနေတာပဲ
    အဲ…ပူတော့ပူမလားမသိဘူး
    အုပ်အုပ်ဆိုင်းဆိုင်းမရှိရှာဘူးရယ်
    ညောင်ပင်ကြီးက ကြက်သီးထစရာကြီး

    စည်းကမ်းကြီးတဲ့ တို့ဟူးသုပ်သည်ဆိုလို့ ပုံကြည့်ပြီး ဘာပါလိမ့်လို့
    စာဖတ်မှ နားလည်တော့တယ်
    တော်တော်လည်း သန့်တဲ့ဈေးသည်ပဲ
    ကောင်းလိုက်တာနော် 😀

  • ညလေး

    June 18, 2012 at 10:23 pm

    လေးပေါက်ရယ်…..တရုတ်တွေက….မြန်မာပြည်က….ပိန္နဲပင်တွေကိုဈေးကြီးပေးဝယ်ပြီး…….
    သူတို.နည်းပညာနဲ.ပြန်လည်ဆင့်ပွားပြီးစိုက်ထားတာ…..
    ခုတော့အေးရိပ်ခိုရင်း..အသီးလဲစားလို.ရသွားတာပေါ့…..
    တော်တော်အတွေးကောင်းတဲ….တရုတ်တွေပါနော်…..

  • စိန်ဗိုက်ဗိုက်ရေ
    သူကဓါတ်ပုံရိုက်ပေးပါဆိုတာကို နိုင်ငံတကာဘာသာစကားနဲ့တောင်းဆိုလိုက်တာပါ၊
    (သူ့ကိုယ်သူပုတ်ပြပြီး ကင်မရာခလုပ်နှိပ်တဲ့ပုံလေးပြလိုက်တာလေ)
    အဝေးကမြင်ရတဲ့စေတီက မူဆယ်ဘက်ကမ်းမှာရှိတဲ့စေတီလေးပါ။
    ပန်ပန်ရေ
    သူတို့ဆီက နေက ကျနော်တို့ဆီလိုဘဲပူပါတယ်။
    ဒါပေမယ့် အရိပ်အောက်ရောက်ရင်အေးတယ်။
    ညလေးရေ
    သူတို့ကသစ်ပင်ကိုဈေးကြီးပေးဝယ်တာမဟုတ်ပါဘူး။
    ရာသီဥတုကို ဝယ်လိုက်တာပါကွယ်။
    မောင်ပေ
    မင်းကို တရုတ်သံရုံးကလူက ဘာသာပြန်ဘို့ငှားချင်လို့တဲ့။

  • Mလုလင်

    June 19, 2012 at 3:00 am

    25,26,27 ပုံတွေထဲက ဈေးသည် (ရွှေ ့လျား) တွေရဲ့ သုံးဘီး စက်ဘီးတွေကြိုက်တယ်ဗျာ ….. အဲလို လေးတွေ ဒီမှာ လုပ်ရောင်းရင် အဆင်ပြေနိုင်မယ်ဗျ … မြန်မာပြည် မှာ မြင်နေကျ က လူက အနောက်ကနေ ထိုင်နင်းတာ .. အကွေ့အဝိုက် ကျ .. နဲနဲ အားထည့်ရတယ် … လူ အရှေ ့ကနင်းတာ ပိုသက်သာ နိုင်မယ် …။

  • ကြည်ဆောင်း

    June 19, 2012 at 9:55 am

    ရန်ကုန်က တို့ဟူးသုတ် ၊ ရေခဲသုတ် နဲ့ ဘာများကွာလဲသိချင်သား။

  • ညလေး

    June 19, 2012 at 11:01 am

    ဦးလေးကြည်ဆောင်း..ကွာတာပေါ့….ရန်ကုန်ကအသုပ်တွေက……….
    တရုတ်နံမပါဝူးလေ(ပါ့ကော့၊ချောင်းကော)ပြောတာနော်…….အဟိဟိ……
    ဂယ်ကျောထှာ……

  • ညလေး တို့ဟူးသားကွာတာလဲထည့်ပြောအုံးလေ။
    မန်းလေးရန်ကုန်တို့ဟူးနဲ့ မေမြို့တို့အောင်ပန်းတို့က တို့ဟူး ကို အရသာကွာတယ်။
    သူတို့က ပဲနံ့လေးသင်းပြီး ပါးစပ်ထဲမှာပျော်ဝင်သွားတယ်။
    တကယ်လို့မယုံဘူးဆိုရင် ကြည်ဆောင်းက စရိတ်ခံ။
    ကျနော်က ဝယ်ကြွေးမယ်လေ။
    သဘောတူရင်ဖုန်းဆက်လို်က်။

  • mihninlay

    June 19, 2012 at 2:29 pm

    လေးပေါက်သွားတဲ့အချိန်စိန်ပန်းတွေမရှိတော့ဘူးနော်..
    .ရှေ ့ရက်ပိုင်းတွေတုန်းကအများကြီးရှိတယ်

  • ညလေး

    June 19, 2012 at 2:50 pm

    ကြည်ဆောင်းစရိတ်ခံမယ်ဆိုရင်……လေးပေါက်ရယ်.
    တိုဟူးသားကောင်းမကောင်း……အကဲဖျတ်ဒိုင်လူကြီးအနေနဲ….
    လိုက်သွားပေးမယ်နော်…အားနာပါးနာ…..စရိတ်သက်သာတာပေါ့.အဟိဟိ

  • TTNU

    June 19, 2012 at 3:10 pm

    ကိုပေါက်ရေ…
    တိုဟူးသုတ်ကတော့ တကယ်စားတဲ့လူပဲ။ အင်းမာမီလည်း ကြိုက်တယ်။
    ပုံ (၂၉) လေးကြိုက်တယ်။

  • ညလေးရေ ပြန်တိုင်ပင်ကြည့်ပါအုံးလားကွယ.်။
    မနှင်းရေ စိန်ပန်းသာပွင့်နေလို့ကတော့ ဒီထက်အများကြီးရိုက်ဖြစ်မှာသေချာပါတယ်။
    မာမီ မန်းလေးမှာလဲ အရင်က တို့ဟူးသုတ်ကောင်းတဲ့ဆိုင်ရှိခဲ့ဘူးတယ်။
    မင်္ဂလာဈေးအဟောင်း အနောက်ပေါက်ကမန်ကျီးပင်ကြီးအောက်မှာထွက်တဲ့ ရှမ်းမကြီးတို့ဟူးသုတ်
    ကောင်းမှကောင်းပေါ့။
    အခုတော့ မရှိတော့ဘူးမာမီရေ။

  • ကြည်ဆောင်း

    June 19, 2012 at 9:26 pm

    လေးပေါက် နှင့် ညလေးသိစေရန်မှာ . . . . . .
    ရန်ကုန်မြို့လယ်ခေါင် (၁၇)လမ်းနားက ရှမ်းတို့ဟူးသုတ်ကိုသာ တစ်ဝကြီးသွားစားတော့မည်ဖြစ်ပါကြောင်း။

Leave a Reply