” ခေါင်းစဉ် ကိုတော့ အဆင် ပြေသလို ကြည့်ပေး လိုက်ပါဗျို့”

YE YINT HLAINGJune 16, 20121min14716

ပြိုင်ပွဲ တွေ စ တာ မသိလိုက်ဘူး။ ကျွန်တော် ထင်ခဲ့တာ က ညပိုင်း လို့ ထင်ခဲ့တာ ။ မနေ့ ကလည်း မနက်ဖြန်ည လို့ ပြောကြတာလေ။ သူ တို့ တွေ က လေးနာရီ ကတည်း က စ နေ ကြတယ်။ မပြိုင် မနေ ရ ပွဲစဉ် တွေ ပါ တာ မို့ ကျွန်တော့  အခန်းကို ကျွန်တော် တို့ ဌာန က လူကြီး ရောက်လာပီး ခေါ်တယ်။ ကစား ကွင်း ရောက်တော့ ဒီပွဲမှာ မင်း ပြိုင်ရမယ်တဲ့ ။ ကြည့်လိုက် တော့ အစား ပြိုင်ပွဲ ။ စားရ မှာ က ခေါက်ဆွဲတွေ။ ကျွန်တော် မ ပြိုင်ချင် ဘူး ပြောတော့ ။။။ရဘူးတဲ့။။။ မြန်မာ ဆိုလို့မင်းတယောက်ပဲ ရှိတယ်တဲ့။။။ မင်းခေါက်ဆွဲ ကြိုက်တာ သိလို့ ဒီပွဲမှာထည့် ထားတာ ဆိုပီး ဝင်ပြိုင်ခိုင်းတယ်။ ပြိုင်ရမှာ က လေးရောက် လေးနိုင်ငံ ။ လက်နှစ်ဖက် နောက်ပစ် မျက်နှာကို ပုဂံထဲ နှစ်ပီး ပါးစပ် နဲ့ တိုက်ရိုက် စားရတာ။ နိုင်ပါဘူးဗျာ ။ ပါကစ်စတန် နိုင်သွားတယ်။ သူက ခေါက်ဆွဲတွေ ကို ပန့် နဲ့ စွဲစုပ်သလို စားပြသွားတယ်။ ဒီပွဲ မှာ ကျွန်တော် ( မြန်မာ ) ၊ ပါကစ်စတန်၊ အိန်ဒိယ နဲ့ နီပေါ ။ ကျန်တဲ့ပွဲတွေ မှာလည်း အမေရိကန် ၊ အင်ဂလန်၊ အိုင်စလန်း၊ ဖိလစ်ပိုင်  နဲ့ ဘော့စနီးယား ၊

ကျွန်တော် မှီတဲ့ ပွဲတွေ က ပျော်ဖို့ ကောင်းတယ် ။ ကြက်ဥ ပစ်/ ဖမ်း ပွဲ ၊ လျှာနဲ့ ဂျုံ ဘန်း ထဲ က ငွေအ ကြွေ စေ ရှာပွဲ ၊ ဘောလုံး ပစ်ပွဲ တွေ က ပျော် ဖို့ ကောင်း တယ်။ ပွဲပီး တော့ တယောက် နဲ့ တယောက် ကြက်ဥ တွေ နဲ့ ပစ်ပေါက် ၊ ဂျုံ တွေ နဲ့ ပက် ကြတယ် ၊  ဘောလုံး ပစ်ပွဲမှာ ကျွန်တော် ပစ် နေ တဲ့ အချိန် ပရိတ်သတ် က “ဒီဂျေ” ” ဒီဂျေ” နဲ့ အော်ပီးအားပေးတယ် ၊ ဧပြီလ ပါတီ မှာ ကျွန်တော် ဒီဂျေ က က ပြဘူးလို့ အဲဒီလို အော်ပီး အားပေး နေကြတာ ၊ ဆု အနေ နဲ့က တော့ နိုင်တဲ့သူတိုင်း $ ၃ဝ စီ ပေး တယ် ။ တခြား ပွဲစဉ် တွေ ကတော့ ရိုးရိုး အား ကစား တွေ ပါ ပဲ ၊ ဒီပျော် ပွဲရွှင်ပွဲ တွေ ကို အလှဉ်းသင့် သလို စီစဉ် ပေးသူ ကတော့ လန်ဒန် သား တယောက် ပါ ၊ တနိုင်ငံ စီ မှာ နေကြတဲ့ သူ တွေ ကို စုံတုန်း ကြုံတုန်း ချစ်ခင် ပျော်ရွှင် စေပီး ကိုယ်စီ ကိုယ်စီ ရှိ နေတဲ့ ဟုမ်းဆစ် နဲ့ စထရက်တွေ ပြေပျောက် စေတယ်ဗျာ ၊ တချို့ က ခုထိ ပီး နိုင်ကြ သေးဘူး ၊ အော်ကြတုန်း ဆိုကြတုန်း ၊ ကျွန်တော်လည်း ထပ်ကဲ လိုက် ဦးမယ် ၊ နောက်မှပြန်လာမယ်၊၊၊၊ ဒိုးပီ၊၊၊၊ဝှစ်၊၊၊

16 comments

  • အရီး Khin Latt

    June 16, 2012 at 3:52 am

    ဟား ….. ဒါလေးများ ဝင်ပြိုင်လိုက်ချင်စမ်းပါဘိ။
    နောက်တစ်ခါ ဓာတ်ပုံမှတ်တမ်း လေးပါ လုပ်ခဲ့ရင် ပိုပြီး မြိုင်သွားမယ် မောင်ရဲ ရေ။
    ပွဲမပြီးသေးရင်လဲ လက်စွမ်းပြခဲ့ပါလား။ 🙂

  • MaMa

    June 16, 2012 at 7:52 am

    သတ်ပုံအဖွဲ့ လုပ်ငန်းပြန်စပြီ။
    မန်ဘာအသစ်တွေ အဖွဲ့အကြောင်း မသိလိုက်မှာစိုးလို့ 😆
    နိုင်ငံခြားရောက်လို့ မြန်မာ စာလုံးပေါင်းတွေ မှားတတ်တာကို မှန်စေချင်တဲ့ စေတနာနဲ့ပါ။
    နည်းနည်းလေး သတိပေးလိုက်တာနဲ့ ကျန်တဲ့လူတွေပါ သိသွားပြီး မှန်လာစေနိုင်တာမို့ ပြောပါရစေ။
    ရောက် နဲ့ ယောက် အသုံးကွာပါတယ်။
    ရောက်- ဆိုတာ သွားလို့ ရောက်တာကို ပြောတာပါ။
    ရောက်-(ဆိုက်…-)
    ရောက်တတ်ကရ
    ရောက်တတ်ရာရာ ဆိုတဲ့ နေရာတွေမှာ သုံးပါတယ်။
    ယောက်- ဆိုတာကတော့ လူဦးရေ ရေတွက်တာ၊
    ယောက်(တစ်… နှစ်…)
    ယောက်ျား
    ယောက္ခမ
    ယောက်ချို
    ယောက်ဖ
    ယောက်မ(ဆွေမျိုးဆက်)
    ယောက်မ(ဟင်းမွှေ…)
    ယောက်ယီးယောက်ယက်
    ယောက်ယက်ခတ်-
    ယောက်ယက်ဆန်
    ယောက်သွား စသဖြင့် အသုံးပြုပါတယ်။
    မြန်မာစာလုံးပေါင်းသတ်ပုံ မသေချာလို့ စစ်ချင်ရင် Do & Don’t (Rules) မှာ အပြာရောင်နဲ့ စာလုံးပေါင်းစစ်ရန် ဆိုတဲ့ဆီမှာ ကြည့်လို့ရပါတယ်။

    • မွန်မွန်

      June 16, 2012 at 4:14 pm

      မမ
      အမီးကိုလည်း အဖွဲ့ဝင်အဖြစ် လက်ခံနော်… မြန်မာစာပါမောက္ခ မလုပ်ခဲ့ရတာ ရင်နာလို့…

      စကားမစပ်..ဦးပေါက်ကတော့ အတွင်းရေးမှူးအဖြစ် ခန့်ထားကြောင်း… 🙂

    • မွန်မွန်

      June 16, 2012 at 4:47 pm

      တစ် နဲ့ တ လည်း အသုံးကွာပါတယ်။
      တစ် ဆိုတာကို-
      (၁) ကိန်းဂဏန်းအနေနဲ့ သုံးပါတယ်။ (တစ်ခု၊ တစ်ကောင်၊ တစ်ယောက်)
      (၂) တစ်နေသည်။ တစ်တစ်ခွခွ စတဲ့ အဓိပ္ပာယ် အနေနဲ့လည်း သုံးပါတယ်။
      (၃) ကိန်းဂဏန်းသဘောသက်ရောက်သော စကားလုံးတွေမှာလည်း တစ် လို့ သုံးပါတယ်။ (ခရီးတစ်ထောက်၊ လမ်းတစ်လျှောက်)

      တ ဆိုတာကို-
      ပစ္စည်းအနေနဲ့သုံးပါတယ်။ ကိန်းဂဏန်းသဘောတရားမပါတဲ့ စကားလုံးတွေမှာ သုံးပါတယ်။ (တကြော်ကြော်၊ စိတ်တထင့်ထင့်)

      **လိုတာရှိရင်လည်း ဖြည့်ပေးကြပါ။ နောက်မှပဲ ကြ နဲ့ ကျ အကြောင်းပြောတော့မယ်။ ဖိုရမ်လေးကို အလွမ်းသား..။

  • nature

    June 16, 2012 at 8:44 am

    သတ်ပုံအဖွဲ့ကို အရင်ကပျော်လို့ ထင်ခဲ့တယ်။ အခုမှ တကယ်လိုအပ်တဲ့အမှားပြင်ဆင်ချက်လို့သိလာတယ်။ မပြောရင်မသိဘူး။မသိရင်မပြင်နိင်ဘူး။ မပြင်နိုင်တော့မမှန်ဘူး။
    ပြောရင်သိတယ်။ သိရင်ပြင်ချင်ရင်ပြင်နိုင်တယ်။ ပြင်ရင်မှန်မယ်။
    ရွာထဲမှာ ဒီအဖွဲ့ကြီးကြောင့် ရေရှည်မှာ စာလုံးပေါင်းသတ်ပုံနဲ့ပတ်သက်ပြီး အမှားတဖြည်းဖြည်း ကင်းပြီးမှန် ကန်လာမယ်လို့ထင်မြင်မိပါကြောင်း။

  • ဒီစာလေးရဲ့ ခေါင်းစဉ်ကတော့
    ပျော်ကြမယ် ဆော့ကြမယ် သူကြီးရေ ပေး သုံးဆယ်………………………….
    ယူထားတစ်ဆယ် ပြန်ပေးနှစ်ကျပ် ပို့စ်မဟာဆိုရင်မကောင်းဘူးလား

  • cum min

    June 16, 2012 at 10:16 am

    ဘာမှမသိဘူး မမ မိန်းမ တောသိထယ်….

  • YE YINT HLAING

    June 16, 2012 at 1:52 pm

    ကျေးဇူးပါ မမ၊ ကျွန်တော်က ဘားဂလစ် တက်( စ ) အင်ဂျင် နဲ့ စာရိုက်တာမို့ တခါတလေ ရွေးလိုက်တဲ့ စာလုံးလေးတွေကလွဲနေတတ်တယ်၊
    အရီး လတ် ရေ၊၊၊၊ နောက်တခါ ဒါတ်ပုံ လေးတွေပါ ထည့်တတ် အောင် ကြိုးစားပီး ထည့်လိုက်ပါမယ်၊
    ဦးပေါက်ခေါင်းစဉ် ကို နောက်တခါ ထပ် ဆော့ရင် အဲဒီ နာမယ်ပေးလိုက်မယ်၊

  • စိန်ဗိုက်ဗိုက်

    June 16, 2012 at 2:00 pm

    ဘီအီးသောက် ပြိုင်ပွဲဆို ကျုပ်ကိုခေါ်ဗျ

  • manawphyulay

    June 16, 2012 at 2:36 pm

    အစားပြိုင်ပွဲများ ရွာထဲမှာ မိတိုက်တို့၊ မိဖရဲတို့ ဖက်တီးကတ်တို့၊ စိန်ဗိုက်ဗိုက်တို့ကို လှမ်းပြီး ခေါ်တာမဟုတ်ဘူး။ မြန်မာက ထိပ်ပဲ ဆုရမှာ မြင်ယောင်သေးတယ်… အတော်ညံ့တယ်။ နောက်တစ်ခါဆို လာခေါ်နော်။

  • ကိုရင်စည်သူ

    June 16, 2012 at 2:47 pm

    ဘီယာသောက်ပြိုင်ပွဲရှိရင် ပြောပါဗျို့…
    အူးဗိုက်နဲ့ အထူးဖိုက်ချင်လို့… 😛 😛

  • YE YINT HLAING

    June 16, 2012 at 2:56 pm

    ကိုဗိုက်ရေ၊၊၊ ရုရှ ဘီအီး လို့ခေါ်ကြတဲ့ ဗော့ဒကာလည်း ပါသဗျ၊ လာခဲ့လေ၊
    မမနောရေ ၊၊၊ ကျွန်တော် လည်း အတင်း ကုန်းစားတယ်ဗျ၊ ဟိုတ ယောက်က ဗိုက်ထဲ က နေစုပ်ယူသလားမှတ်ရတယ်၊ ဒီက တဝက် မကုန်သေးဘူး သူက အပြောင်ရှင်းပီးသွားပီ၊
    နောက်တခါ ကျရင် လက်တို့ လိုက်မယ်ဗျာ၊

  • YE YINT HLAING

    June 16, 2012 at 3:04 pm

    ကိုစည်သူ ရေ ၊၊၊ အကို တို့ ပြောတဲ့ အကြံ ကို နောက် တပွဲ မှာ ပါဖို့ ပွဲစီစဉ် သူကို ပြောရမယ်၊ ဘီယာ ( သို့ ) အရက် သောက် ပြိုင်ပွဲ ကို လည်း ထည့်ပေးဖို့လေ၊ အဲဒါ ကမှ တကယ်ပျော်စရာ ကောင်းမှာဗျ၊

  • မောင်ပေ

    June 16, 2012 at 3:10 pm

    အလကားဆွဲရမယ်ဆိုရင် ကိုယ်တင်မက စကီတစ်ဘွေပါ ခေါ်ခဲ့ပြီး ဆွဲဦးမှာ။

  • YE YINT HLAING

    June 16, 2012 at 3:47 pm

    ကိုပေ ! ခေါ်ချင်လည်း ခေါ်ခဲ့လေ၊၊၊ ဒီမှာ လည်း တပြုံကြီးပဲ ဗျိုး!

  • mamanoyar

    June 23, 2012 at 8:04 pm

    နိုရာလဲခေါင်းစဉ်ပေးတတ်ဘူးးးးးးးး
    ဟီးးးးးးးးးးးးးး

Leave a Reply