ဟလို ဟလို တက်စတီ ၀မ်းတူး သရီး……အန်းနီး ဘေါ်ဒီ ဟီးရ်

ဟုတ်ကဲ့ မူလ ကျနော့်ပို့စ် ခေါင်းစဉ်က ဒါလေးပါ” ယူကန်ဂတ် တမ်န်းကျပ်စ် ဖရီးအန်န်သစ်ဇ့် ပို့စ်” လူစိတ်ဝင်စားမှု နည်းမှာစိုးလို့ နည်းနည်းပွဲဆူအောင် ပြောင်းထားပေးပါတယ် :)  :)

ဒီလိုပါ ခုတေလော ရွာထဲမှာ မမ်ဘာ အသစ်တွေနဲ့ အဟောင်းတွေကြား ငွေကြေးကွာဟမှုတွေ ဖြစ်ပေါ်နေသမို့ …သုံးကြောင်း ရှစ်လုံးပို့စ်တွေ၊ နှစ်ကြောင်း သုံးလုံး ပို့စ်တွေ ပေါ်ထွက်လာပါတယ်။ လူတွေ တော်တော်များများလဲ မသိတာထက် မသိချင်ယောင်ဆောင်ပီး ၁၀ကို အပြေးအလွှားယူနေကြရပါတယ်။ အသစ်တွေကလဲ ရူးသလို ပေါသလိုနဲ့ တင်လာကြသလို အဟောင်းတွေကလဲ နဂိုရှိရင်း ပိတ်သတ်အခံနဲ့ နားလည် ပါးရိုက်တွေ လုပ်လာဂျဘာပီ။ ကောင်းပါတယ်… ကောင်းပါတယ် ဒါဟာ အပြောင်းအလဲ ဆိုတာကို လက်တွေ့ ဖော်ဆောင်နေတဲ့ သဘောပါဘဲ ကျနော်လဲ ခါတော်မှီလေး အများမိုးခါးရေ သောက်တုန်း ၀င်သောက်တဲ့ သဘောပါ ဘယ်လိုမှ မအောက့်မေ့ပါနဲ့ အဲတော့ အခု ဒါလေးကို ဖတ်ပီး ၁၀ယူလိုက်ပါလို့ဘဲ ပြောချင်ပါတယ်။ ဘယ်သူမှ ၀င်မရေးလဲ ကိုယ့်ဖာသာကို အကောင့် ၁၀ခုဖောက်ပီးသားမို့ ပွိုင့်အနှတ်မခံရအောင် ကြိုတင် ပြင်ဆင်ပီးသားပါ။

ဟုတ်ကဲ့ပါ ဒီနေ့ဘဲ ကျနော် လူတယောက်နဲ့ စကားများပါတယ် သူက “မင်းတို့ကောင်တွေ ပြည်ပမှာနေ ပြည်ပရေသောက်ပီး ပြည်တွင်းကအကြောင်းတွေကို အာချောင်တယ် လေကျယ်ကြတယ် အမှန်တကယ် ပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေကို မင်းတို့ကိုယ်တိုင် ဆင်းကြည့်ဖူးလား မင်းတို့ဘယ်နိုင်ငံမှာ နှစ်ဘယ်လောက် နေဖူးတယ် ဒါတွေဘဲ လူကြားကောင်းအောင်ကြွားကျတယ် ကိုယ့်မြန်မာပြည် အနှံ့တောင် ရောက်ဖူးရဲ့လား မသိဘူးတဲ့ ပုဆိန်ရိုးတွေတဲ့” နာကျင်ကြေကွဲရပါတယ်

ဟုတ်ကဲ့ပါ ဂျီးဒေါ့် အူးလေးရယ် ကျနော် မြန်မာပြည်မှာ နယ်စပ်ပေါက်တွေ အစ လှိုင်သာယာ၊သာကေတ အဆုံး လုပ်စားလို့ ကုန်သွားလို့ ဘယ်သူမှ မသွားတဲ့ တရုတ်ပြည်တွင်းကို အသားအရောင် ဆန့်ကျင်ဘက်နဲ့ ကိုယ့်ဘာသာ လူကုန်ကူးပီး ရောက်ခဲ့တာပါ။

နောက်တချက်က ” ကျနော် ပြည်ပ အားကိုးနေတဲ့ ပုဆိန်ရိုး မဟုတ်ခဲ့ပါဘူး ” ” ပြည်တွင်းက သူခိုးတွေကို ဓားရိုးကမ်းနေသူ”တစ်ယောက်ပါ ဆိုတဲ့ အကြောင်း မှားမှန်းသိလို့ ၀န်ခံပါရစေ……. :(

နောက်တခုကတော့ ရွာသူ/ရွာသား အမာခံတွေ ထိုင်ခုံခါးပတ် ပတ်ထားစေလိုပါတယ် မကြာခင်မှာ အမ်ဂျီဟာ အင်တာနေရှင်နယ် အဆင့် ပုံနှိပ်သတင်းစာ အဖြစ်လမ်းကြောင်းပေါ်သို့ တက်ရောက်လာပါပီ ပေ၁၅၀၀၀အထက် သာမန် ဆိုရှယ်မီဒီယာ အဆင့်ကနေ ကျော်လွန်ပီး ပျံသန်းပါတော့မယ် အဲတော့ ခုချိန်မှာ ကိုယ့်သန်ရာ သန်ရာ လိုင်းပေါ်ကနေ လက်မှတ်သေချာကိုင်ပီး အမ်ဂျီရဲ့ ပရိုခရီးစဉ်ကို လိုက်ပါစီးနှင်း နိုင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ အမ်ဂျီဟာ သူများတွေလို အရေအတွက်ထက် အရေအချင်းဦးစားပေး စနစ်ကျင့်သုံးမှာ ဖြစ်တဲ့ကြောင့် ပရိုမိုးရှင်းထက် ထရုစ်ထ် ပရောဒက်ဘက်ကို ပိုတွန်းတင်ဖို့ ရှိနေပါတယ်။ ကျနော်လို ပေါက်လွတ်ပဲစား ကာစတန်မာတပိုင်း ဆားဗစ်စ်မင်း တပိုင်းကတော့ ဒစ်စကောင့်အချိန် ပရိုမိုးရှင်းအချိန်ကိုဘဲ စောင့်မျှော်ရင်း ကျန်နေခဲ့ကြမျာပါ။ ဘ၀မှာ ပရိုက် အန်ဒ် ပရောက်ရှိရမယ်လို့ တက်ကျမ်း သေးသေးထဲ ဖတ်ဖူးပါတယ် ။ တခါတလေ ကိုယ်နဲ့သိပ်မဆိုင်ဘူး သိပ်အရာမရောက်ဘူးဆိုတဲ့ နေရာတွေကနေ အံသြဖွယ် လမ်းကြောင်းတွေ ပေါ်ထွက်လာတတ်ပီး တဆစ်ချိုး အောင်မြင်မှုတွေ ရတတ်ပါတယ်(အထင်) မူရင်း ဆြာပု ဆိုတော့ကာ ဒါဟာလဲ အမေလိကရဲ့ ရင်းနှီးမြှပ်နှံမှု တစုံတရာ ဖြစ်နိုင်ကြောင်း အာချောင်ပါရစေ :)

ဂဗာ့ လူသားအရင်းအမြစ်ဆိုင်ယာ ရင်းနှီးမြှပ်နှံမှု ကော်မရှင်

မစ္စတာ လိုက်ချေးပြန်မဆပ်(အကြံပေးအရာရှိ)

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း