အမှန်တော့ “ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ”
– Knowledge Seeker ရဲ့ ပိုစ်မှာ အနီခံပြီး လျှာရှည်ကြည့်မလို့ပါဘဲ ။ ဒါပေမဲ့ သူကြီးက ပိတ်သိမ်းမယ်ဆိုတာနဲ့ ဒီမှာတက်ရေးလိုက်တာပါ။
အဲ့ဒီ့ ပေးစာနဲ့တော့ မပါတ်သက်ပါဘူး ။ အခု ဒေါ်အောင်ဆန်းစုကြည်နေထိုင်လျှက်ရှိသော အိမ် အမိန့်ချလိုက်တဲ့ အကြောင်းပါ ။

တဝက်စီခွဲပေးလိုက်သည် ဆိုတဲ့ သတင်းဖတ်ရချိန်မှာတော့ ဟင် ဘယ်လိုကြီးလဲ ။ တရားဥပဒေ ကိုမျက်ကွယ်ပြုပြန်ပြီလားပေါ့နော်။ နိုင်ငံခြားသား တစ်ယောက် ကပိုင်ဆိုင်ခွင့် ရှိုသလား ဆိုတဲ့ အတွေး ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သွေးအေးသွားတဲ့ အခါ ပြန်တွေးကြည့်တော့လဲ တစ်မျိုးတွေးမိလာပြန်ပါတယ်။

တကယ်တော့ ကထူးဆန်းဟာ တရားနဲ့ ပါတ်သက်လာရင် ဘယ်တရားမှ အကြွမ်းဝင်ခြင်း မရှိသလို လေ့လာလိုက်စားမှု့လည်း မရှိပါဘူး။ ဒါကြောင့် လူပြိန်းတွေး တွေးပြီး တရားဥပဒေ နားလည်သိတတ်သူများကို မေးကြည့်ချင်လာတာပါ။

ဦးအောင်ဆန်းဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဆိုတာကို ခဏမေ့ထားပြီး တွေးကြည့်ပါတယ် ။

မိဘအိမ်ကို သားသမီးတွေ အချိုးကျ အမွေပိုင်ဆိုင်ခွင့်ရှိသလား ဆိုတာပါ ။

အဖြေက တော့ ပိုင်ဆိုင်ခွင့်ရှိတယ် လို့ ပြောကြမှာပါ ။

ဒါပေမဲ့ ဒီကိစ္စမှာတော့ ဆိုပြီးမှ ပြဌာန်းထားတဲ့ ဥပဒေ အရ နိုင်ငံခြားသားဆိုရင်တော့ သူပိုင်ဆိုင်ခွင့်မရှိဘူးလို့ ဖြေကြမယ်ထင်ပါသည် ။

ဒါဆိုရင် တရားရုံးက ချမှတ်တဲ့ အမိန့်ဟာ မှားလား မှန်လားလို့ မေးကြည့်ခြင်လာတာပါ ။ မိဘ အမွေကို သားသမီး နှစ်ဦးရှိတဲ့ အတွက် နှစ်ဦးစလုံးပိုင်ဆိုင်သင့်တယ် ဆိုတဲ့ အမိန့်ဟာ နိုင်ငံခြားသား ဖြစ်ခြင်း မဖြစ်ခြင်းကို အခြေမခံပါဘူးဆိုရင် ဘယ်လိုပြောမလဲ ။

အဲ ပြီးမှ ပိုင်ဆိုင်သူသည် နိုင်ငံခြားသားဖြစ်သည့်အတွက် ပြည်သူပိုင်သည်။ အစိုးရပိုင်သည် ဆိုရင်ဘယ်လိုဖြစ်မလဲ ။
နိုင်ငံခြားသားက စွန့်လွှတ်ပါသည်ဆိုရင်ကော ဘယ်လိုဖြစ်မလဲ ..

ဒေါသမပါ ။ ဘယ်သူဘယ်ဝါဆိုတာကို မမူတည်ဘဲ စဉ်းစားကြည့်တာပါ။

ကိုယ့်မောင်နှမထဲမှာ နိုင်ငံခြားသား အဖြစ်ခံယူသွားသူရှိလို့ အမွေခွဲကြတဲ့ အခါ သူ့ ကို ထည့်ပေးသင့်သလား မပေးသင့်ဘူးလား ဆိုတာ..

ဘဖောစကားငှါးသုံးခွင့်ပြုပါ ။
မြို့မေတ္တာ ခံယူဦးမဲ့
ကထူးဆန်း

About ကထူးဆန္း

has written 107 post in this Website..