ကိုယ့်အတွေးနဲ့ ကိုယ် ( အမွေဆိုင်အိမ်)

ကထူးဆန္းJune 25, 20121min28425

အမှန်တော့ “ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ”
– Knowledge Seeker ရဲ့ ပိုစ်မှာ အနီခံပြီး လျှာရှည်ကြည့်မလို့ပါဘဲ ။ ဒါပေမဲ့ သူကြီးက ပိတ်သိမ်းမယ်ဆိုတာနဲ့ ဒီမှာတက်ရေးလိုက်တာပါ။
အဲ့ဒီ့ ပေးစာနဲ့တော့ မပါတ်သက်ပါဘူး ။ အခု ဒေါ်အောင်ဆန်းစုကြည်နေထိုင်လျှက်ရှိသော အိမ် အမိန့်ချလိုက်တဲ့ အကြောင်းပါ ။

တဝက်စီခွဲပေးလိုက်သည် ဆိုတဲ့ သတင်းဖတ်ရချိန်မှာတော့ ဟင် ဘယ်လိုကြီးလဲ ။ တရားဥပဒေ ကိုမျက်ကွယ်ပြုပြန်ပြီလားပေါ့နော်။ နိုင်ငံခြားသား တစ်ယောက် ကပိုင်ဆိုင်ခွင့် ရှိုသလား ဆိုတဲ့ အတွေး ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သွေးအေးသွားတဲ့ အခါ ပြန်တွေးကြည့်တော့လဲ တစ်မျိုးတွေးမိလာပြန်ပါတယ်။

တကယ်တော့ ကထူးဆန်းဟာ တရားနဲ့ ပါတ်သက်လာရင် ဘယ်တရားမှ အကြွမ်းဝင်ခြင်း မရှိသလို လေ့လာလိုက်စားမှု့လည်း မရှိပါဘူး။ ဒါကြောင့် လူပြိန်းတွေး တွေးပြီး တရားဥပဒေ နားလည်သိတတ်သူများကို မေးကြည့်ချင်လာတာပါ။

ဦးအောင်ဆန်းဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဆိုတာကို ခဏမေ့ထားပြီး တွေးကြည့်ပါတယ် ။

မိဘအိမ်ကို သားသမီးတွေ အချိုးကျ အမွေပိုင်ဆိုင်ခွင့်ရှိသလား ဆိုတာပါ ။

အဖြေက တော့ ပိုင်ဆိုင်ခွင့်ရှိတယ် လို့ ပြောကြမှာပါ ။

ဒါပေမဲ့ ဒီကိစ္စမှာတော့ ဆိုပြီးမှ ပြဌာန်းထားတဲ့ ဥပဒေ အရ နိုင်ငံခြားသားဆိုရင်တော့ သူပိုင်ဆိုင်ခွင့်မရှိဘူးလို့ ဖြေကြမယ်ထင်ပါသည် ။

ဒါဆိုရင် တရားရုံးက ချမှတ်တဲ့ အမိန့်ဟာ မှားလား မှန်လားလို့ မေးကြည့်ခြင်လာတာပါ ။ မိဘ အမွေကို သားသမီး နှစ်ဦးရှိတဲ့ အတွက် နှစ်ဦးစလုံးပိုင်ဆိုင်သင့်တယ် ဆိုတဲ့ အမိန့်ဟာ နိုင်ငံခြားသား ဖြစ်ခြင်း မဖြစ်ခြင်းကို အခြေမခံပါဘူးဆိုရင် ဘယ်လိုပြောမလဲ ။

အဲ ပြီးမှ ပိုင်ဆိုင်သူသည် နိုင်ငံခြားသားဖြစ်သည့်အတွက် ပြည်သူပိုင်သည်။ အစိုးရပိုင်သည် ဆိုရင်ဘယ်လိုဖြစ်မလဲ ။
နိုင်ငံခြားသားက စွန့်လွှတ်ပါသည်ဆိုရင်ကော ဘယ်လိုဖြစ်မလဲ ..

ဒေါသမပါ ။ ဘယ်သူဘယ်ဝါဆိုတာကို မမူတည်ဘဲ စဉ်းစားကြည့်တာပါ။

ကိုယ့်မောင်နှမထဲမှာ နိုင်ငံခြားသား အဖြစ်ခံယူသွားသူရှိလို့ အမွေခွဲကြတဲ့ အခါ သူ့ ကို ထည့်ပေးသင့်သလား မပေးသင့်ဘူးလား ဆိုတာ..

ဘဖောစကားငှါးသုံးခွင့်ပြုပါ ။
မြို့မေတ္တာ ခံယူဦးမဲ့
ကထူးဆန်း

25 comments

  • မောင်ပေ

    June 25, 2012 at 8:36 am

    တခြားနိုင်ငံသားအဖြစ် ခံယူသွားတယ်ဆိုတာ ဟိုဘက်မှာ ဒီဘက်ထက် အလုပ်အကိုင် အခွင့်အရေးကို ပိုမက်ပြီး ခံယူကြတာဆိုတော့ … မြန်မာထဲမှာနေတဲ့သူကဘဲ အလုံးစုံ ပိုင်ဆိုင်ခွင့်ရသင့်ပါတယ်။

  • ကြောင်ကြီး

    June 25, 2012 at 9:35 am

    ဥပဒေဂျောင်းနဲ့ လူမှုရေး နှစ်ပိုင်းရှိဒယ်။ မရွှေ့မပြောင်းနိုင်ဒဲ့ ပိုင်ဆိုင်မှုမှာ နိုင်ငံခြားသား မသက်ဆိုင်ဇေယျလို့ အတိအလင်း ဥပဒေမှာဆိုထားဒယ်။ လူမှုရေးပိုင်းအရဒေါ့ အချင်းချင်း ညှိနှိုင်းလို့ ဖြစ်နိုင်ဒယ်၊ အဲသလို ကျင့်ဝတ်ပိုင်းပါလာဒဲ့အခါ ဘာကြောင့် အငြင်းပွားရသလဲဆိုဒါဗာ ပျံကြည့်ရမယ်။ ဒေါ်စုက အိမ်ကိုမက်မောလွန်းလို့ တမင်ကုပ်ကပ် စီးထားတာလား။ ဒါဆိုရင် ဥပဒေက ဆိုထားပေမဲ့ မောင်နှမအချင်းချင်း နိုင်ထက်စီး ပြုရာကြတယ်။ အဂုဟာက ဒေါ်စုကိုယ်တိုင်တောင် သူ့သားနှစ်ယောက်ကို ပျံမကြည့်ခဲ့ဗဲ ကိုယ်ကျိုးစီးပွားစွန့် လုပ်ခဲ့တာ၊ ဒီမိုကရေစီအရေးအတွက် ခြေကုပ်စခန်းဖြစ်တဲ့ အိမ်နဲ့ခြံကိုလည်း မစွန့်ပေးနိုင်ဒါ လက်ခံရမယ်။ သူကိုယ်တိုင်တော့ ရထားတဲ့ဘွဲ့တံဆိပ် ဆုကြေးငွေတွေသုံးပီး သားနှစ်ယောက်ကို ပေးကမ်းထောက်ပံ့ထားရင် သူ့အကိုဖြစ်သူဂ ငါလည်းရသင့်ရထိုက်တာ လိုဂျင်ဒယ် ပြောနိုင်ဒယ်။
    ဥပမာ တခုပေးရရင် လူတယောက်ဆီက ပိုက်ဆံချေးဒယ်၊ အဲဒီလူ နိုင်ငံဂျား အပီးထွက်သွားဒဲ့အခါ ဥပဒေအရ ပျံပေးစရာ မလိုဒေါ့ဗူး။ ဒါနဲ့ဗဲ ငွေချေးထားသူဂ ရံဗုံငွေတခု ထူထောင်ပီး လိုအပ်နေသူတွေကို ထောက်ပံ့ဒယ်။ အချိန်တခုမှာ အဲဒီလူဂ ငါ့ပိုက်ဆံပျံပေးဗာ တောင်းလာဒဲ့အခါ ကျင့်ဝတ်အရ ပျံပေးသင့်ဒယ်၊ သို့သော် အခြေအနေဂ မြီရှင် မြီစား နှစ်ဦးထဲ မဟုတ်တော့ဘူး၊ အများနဲ့ဆိုင်တဲ့အရေး ဖြစ်သွားဗီ။ ပေးဂျင်ရင်တောင် သင့်တော်တဲ့ အချိန်စောင့်ရမယ်၊ အဲဒီအချိန်သည် ကာယကံရှင်များတသက် ဖြစ်ချင်မှလည်းဖြစ်မယ်။ မတတ်နိုင်ဘူးလေ (၁) ဥပဒေမှာဆိုထားဒယ် (၂) အများနဲ့သက်ဆိုင်နေဗီ (၃) ကာယကံရှင်ကိုယ်၌ကလည်း အချက်အလက်အားဖြင့် ချို့ယွင်းချက်ရှိဒယ်။
    အမွေကိစ္စ နောက်ကွယ်မှာ တပ်ရှုပ်ကျီးသန်းရွှေ ပါဝင်နေဒယ်ဆိုဒါ အမေရိကန်ဆိုင်ရာ မြန်မာသံမှူးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်ကိုယ်တိုင် ပြောတယ်။ သူကိုယ်တိုင် စာပေးစာယူ လုပ်ပေးခဲ့ရဖူးတယ်။ ဒီအမှုကို အချိန်ဆက်ဆွဲထားပါအုံးမယ်။ ကျနော်ရေးခဲ့ဖူးပါဒယ်၊ တပ်ရှုပ်ကျီးက ဒေါက်တိုင်တွေ အများဂျီးထောင်ပီး ဒေါ်စုကို နှောက်ယှက်မယ်ဆိုဒါ။ မတရားဗူးဝေဖန်ရင် စစ်တဗိုင်းအစိုးမရဂ တရားသူဂျီးဂျုတ်သည် အစိုးရအဖွဲ့နဲ့မဆိုင်လို့ ပေါအုံးမှာ….။

  • အရီး Khin Latt

    June 25, 2012 at 3:31 pm

    ကထူးဆန်း ရှင့်

    ဒီ Post ကို တင်လိုက်လို့ ကျေးဇူးပါ။
    ဒီမှာ ထပ် လာပြီး ပေါက်ကွဲ လို့ ရမှာမို့။ 😉

    ပထမဆုံး ပြောလိုတာက
    ကျွန်မ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သူမ ဘာလုပ်လုပ် အမှန်မြင်ပြီး ထိုင်ရှိခိုးနေမဲ့ သူ မဟုတ်ပါဘူး။
    ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံ ပြီး အစိုးရဆန့်ကျင်ရေး နိုင်ငံရေး လုပ်စား နေသူလဲ မဟုတ်ပါဘူး။

    ဒါပေမဲ့
    အခု အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်က ကျွန်မ အင်တိုက်အားတိုက် အပြည့်အဝ ဘာလို့ ထောက်ခံ နေရတာလဲ။
    တစ်ခါတစ်ခါ ကျွန်မ ဘာလို့ ပေါက်ကွဲ နေရတာလဲ။
    အကြောင်းရင်း ရှိပါတယ်။

    ကျွန်မ မှာ ငယ်ငယ် ထဲ က စိတ်ထဲမှာ နာကျင်ခံစားချက် တစ်ခု ရှိပါတယ်။
    ကျွန်မ နွေကျောင်းပိတ် တိုင်း သွားလည် လေ့ရှိတဲ့ နယ်မြို့ လေး ရှိတယ်။
    အဲဒီမှာ နေရတဲ့ လူအများစု ရဲ့ အခြေ အနေ ဟာ တကဲ့ ကို နိမ့်ကျကြတာ ကို အတော်လေး ခံစားရပါတယ်။

    အမှန်က အဲဒီနေရာ ဟာ အဲဒီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ကမှ အခြေအနေ ပိုကောင်း ပါသေးတယ်။
    ကျွန်မ ကြီးလို့ ပိုပြီး အသိဝင်လာချိန်မှာ အဲဒီ နေရာ လေး က လူတွေ ပိုပြီး ဆင်းရဲ လာတယ်။
    ဒါပေမဲ့ ကျွန်မ ရဲ့ တစ်ခြားပါတ်ဝန်းကျင် မှာ လူတစ်ချို့ ဟာ ပိုက်ဆံတွေ ထားစရာ မရှိအောင်/ သုံးချင်တိုင်း လစ်မစ် မရှိ သုံးလာကြပါတယ်။
    ကိုယ့်အစွမ်းအစ နဲ့ ချမ်းသာတာ အနဲပါ။
    အများစု က တိုင်းပြည်ရဲ့ ဘဏ္ဍာ နဲ့ တိုင်းပြည် ကို တိုးတက်အောင် လုပ်ရမှာ ကို ကိုယ့်အိတ်ထဲ ထည့်နေကြတာပါ။

    ၁၉၈၈ နောက်ပိုင်း အဲဒီ မြို့လေး နဲ့ အနီးကျေးရွာ တွေမှာ ကလေးတွေကို ကျောင်းမထား နိုင်တော့ဘူး။
    တစ်ချို့ ကလေးတွေ ဟာ စာတတ်ချင် လွန်းလို့ စာသင်ခန်းနားမှာ ခိုးပြီး စာလိုက် နားထောင် နေရ တာ ကို ကြားချိန် ကျွန်မ စပြီး ပေါက်ကွဲလာတယ်။
    ဆေးရုံမှာ ဆေးကုဖို့ ကိရိယာ မပြော နဲ့၊ အလွယ်ပေးနိုင်တဲ့ ဆေးတောင် မရှိဘူး။
    သက်ကြီး အဖိုး/အဖွား တွေ ရဲ့ နောက်ဆုံး နေ့ တွေ ဟာ ဆေးနဲ့ အသက်ဆက်ဖို့ မပြော နဲ့။
    စားချင်တဲ့ အဟာရ တောင် မစားနိုင်လို့ အငတ်ငတ်အပြတ်ပြတ် နဲ့ ဘဝ ကို နိဂုံး ချုပ် နေရတာ ကျွန်မ လုပ်ဇာတ် ခင်းပြနေတာ မဟုတ်ဘူး။
    ကျောင်းလဲ မပြီး၊ အလုပ်အကိုင် မရှိ လမ်းပေါ်မှာ ပေတေပြီး မိဘ ဆီ က လက်ဝါးဖြန့်စား နေရတဲ့ လူငယ် တွေ ဟာ ပျင်းလို့၊ ဖျင်းလို့ မဟုတ်ဘူး။
    သူတို့ မှာ အခွင့်အရေး ကို မရလို့ ပျက်စီးကြရတာ အများစုပါ။
    ဒါဟာ အဲဒီ မြို့လေးတစ်မြို့ မှာတင် မဟုတ်ဘူး။
    မြန်မာပြည် အနှံ့ ပါဘဲ။

    ကျွန်မ မှာ အရမ်း ပိုပို ချမ်းသာလာပြီး စည်းစိမ်ယစ် နေတဲ့ အသိုင်းအဝိုင်း ရှိတယ်။
    ကျွန်မ မှာ အရမ်းဆင်းရဲပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက် က နေ နိမ့်ကျ နေတဲ့ အသိုင်းအဝိုင်း ရှိတယ်။

    ကျွန်မ ဘယ်သူ့ ဘက်က ရပ်သင့်သလဲ။
    ကျွန်မ မတရားအနိုင်ကျင့် သွေးစုတ်ခံ နေရတဲ့ ဆင်းရဲသား ပြည်သူတွေ ဘက် က ရပ်နေပါတယ်။
    ဒါပေမဲ့ ကျွန်မ မှာ သူတို့ ကို ဘာမှ ထူးခြားလာအောင် စွမ်းဆောင် နိုင်တဲ့ အရည်အချင်းမရှိပါဘူး။
    ပုဆိုးခြုံ ထဲ က လက်သီးပြ နေရ တာ အတွက် လဲ အင်မတန် ရှက်ပါတယ်။

    ဒီလိုအခြေအနေ မှာ ကျွန်မ ကိုယ်ချင်းစာ သနား နေရတဲ့ သူတွေ အတွက် မားမားမတ်မတ် ခွန်အားရှိရှိ ရပ်ပေး နိုင်သူ ဒေါ်အောင်ဆန်းစုကြည် ရှိလာတယ်။
    သူလို လူမျိုး ဘက် ကိုမှ ကျွန်မ ရပ်တည် မပေးရင် ကျွန်မ လောက် အသုံးမကျ တဲ့ သူ ရှိမှာ မဟုတ်ပါဘူး။
    ဒါကြောင့် ကျွန်မ ဒီ ရွာထဲ ကို ဝင်လာတာပါ။
    ကျွန်မ ပေးရ တဲ့ အချိန်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ပေးနေရတာ နဲ့ ယှဉ်ရင် ဘယ်လိုမှကို မနှိုင်းယှဉ် သာပါဘူး။
    ဒေါ်အောင်ဆန်းစုကြည် ဟာ ကျောင်းနေချင်ရက် နဲ့ မနေရတဲ့ ကလေး တွေ အတွက် အနှိုင်းမဲ့ ဂရုဏာ ရှင်ပါ။

    ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူ တွေ အတွက် ရပ်ပေး နေသ၍ ကျွန်မ လဲ သူ့နောက်မှာ ရှိပေးနေချင်ပါတယ်။
    ကျွန်မ ဒေါ်အောင်ဆန်းစုကြည် အတွက် ပေါက်ကွဲ နေတာ မဟုတ်ပါဘူး။
    ဆင်းရဲတွင်း၊ လောက ငရဲ တွင်းထဲ က ပြည်သူတွေ အတွက် ပိုပြီး ပေါက်ကွဲ နေရတာပါ။

    ရွာထဲ မှာ စတုဒီသာ အလှူလုပ်ဖို့ မဏ္ဍပ်ကြီး ထိုးပြီး ချက်ပြုတ်နေတယ် ဆိုကြပါစို့။
    ကျွန်မ အဲဒီ မဏ္ဍပ်ကြီး ထဲ မှာ ဝင်ပြီး မချက်နိုင်/ မကူနိုင်ပါဘူး။
    ဒါပေမဲ့ မဏ္ဍပ်ကြီး ရဲ့ အပြင်ကနေ အထဲ က အသားငါး တွေ အပေါ်မှာ နားဖို့ လုပ်နေတဲ့၊ ဟင်းချက်နေတဲ့ သူတွေကို စိတ် အနှောက်အယှက် ပေးမဲ့ ခွေးတွေ၊ ကျီး တွေ၊ ယင်ကောင်တွေ ကို တစ်ရှူးရှူး နဲ့ မောင်းဖို့ ယပ် တစ်ချောင်း၊ တုတ်တစ်ချောင်း နဲ့ ကင်းစောင့် နေတယ် လို့ မှတ်ထားပါတယ်။ 😀

    အခု အမွေ ကိစ္စဟာ ရိုးရိုး အမှု ထက် အမှောင့်ပယောဂ ပူး နေပါတယ်။
    အဲဒါ အသေအချာပါဘဲ။
    မယုံမရှိ မဖြစ်ပါနဲ့။

    ဒါထက် ကျွန်မ တစ်ခု မေးချင်ပါတယ်။
    တစ်ခြားသာမာန် မြန်မာအရပ်သား တစ်ယောက် ဒီလို အမှုမျိုး ဖြစ်ရင်ရော ဘယ်လို စီရင်မှာလဲ။
    တရားဥပဒေ ဆိုတာ မျက်နှာ များ လို့ မရပါ။
    များလို့ ရနေတယ် ဆိုရင်လဲ အဲဒီ တရားဥပဒေ စနစ် ဟာ တစ်ခုခု တော့ မှားနေပါသည်။
    အခုကိစ္စမှာ လူ ကို မကြည့် နဲ့၊ မူ ကို ကြည့်ပါ။
    ဘယ်သူ့ အလွန်လဲ။

    • Azzurri

      June 25, 2012 at 3:39 pm

      ဇဂါးမစပ် သွားမကြိုဝူးလားအရီး ….
      ဂုဏ်ယူဖွယ်ရာ ….ခြေစွမ်းနဲ့ ပြန်လာခဲ့ကြတာဆိုလား …
      ခိခိ
      ကြီးမေ ကို ပြင်သစ်သွားရင်း လမ်းကြုံ ဂျာမနီ ကိုပါလှည့်စေချင်တယ်ဗျာ…
      သူရိုု့ မျှော်နေရှာရော့မယ်…

      တသက်လုံး ဘီဘီ တိုက်ချင်သူကလေး..
      ဆန်ဒ ပြည့်ဝဖို့ နိုင်ပွဲ၂ပွဲသာ လိုတော့သမို့…
      ဖလမ်းဖလမ်းထနေ သော
      ဂီ့

      • အရီး Khin Latt

        June 25, 2012 at 3:51 pm

        မောင်ဂီ
        အင်္ဂလန် ဘောလုံး အသင်းကို ကြိုဖို့ ထက် အီတလီ ကို အားပေးဖို့ ပြင်နေပါပြီ။
        သို့ပင်သို့ငြား သော်လည်း အခြေအနေ အရ အားမရှိပြန်။
        ပြသနာက ဂျာမဏီ နည်းပြ နဲ့ ဂိုးသမား ကို ဘယ်လို မှကို မေတ္တာထားလို့ မရတာပါဘဲ။
        အဲဒီ အသင်း ကို ဘယ်လို မှကို မနိုင်စေချင်။
        အသားလွတ်ကြီး အကုသိုလ် ယူနေတာ။ 😛

        စကား မစပ်
        မင်းလဲ ဘီဘီ သောက်ရလမ်း တော့ မမြင်ပါဘူးဟယ်။
        စိတ်လျှော့ ထားပါ။
        ဒါပေမဲ့ မရှုံးခင် အထိတော့ အိမ်မက်ချင်လဲ မက်သာမက်မက်။
        အမှန်တရား မလာခင်လေး မက်ရတာ။ 😀

    • shwe kyi

      June 25, 2012 at 4:56 pm

      အင်းခက်ရချည်ရဲ့ အရီးရေ။ အန်တီမှာတိုင်းပြည်အတွက်လုပ်စရာတွေများရတဲ့ အထဲမှာ
      ဒီလူကတမှောင့်။ နှစ်ယောက်စလုံးလဲ အသက်တွေလည်းတော်တော်ရနေပါပြီ။ စားရမဲ့သောက်ရမဲ့
      လည်းမဟုတ်ပဲနဲ့ ခက်တယ်။ အရီးပြောသလိုပဲတရားဥပဒေဆိုတာမျက်နှာများလို့မဖြစ်ဘူးနော်။
      ထောက်ခံပါတယ်အရီးလတ်ရေ။ အရီးပြောသမျှအားလုံးကိုထောက်ခံပါတယ်။
      ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အရီးရပ်ပေးသလို အရီးနောက်မှာလည်း ရွှေကြည်အမြဲရှိနေတယ်။ အရီးနဲ့အတူကျီးမောင်းရအောင်ပေါ့။

    • Foreign Resident

      June 26, 2012 at 5:48 am

      ” ကျွန်မ မှာ အရမ်း ပိုပို ချမ်းသာလာပြီး စည်းစိမ်ယစ် နေတဲ့ အသိုင်းအဝိုင်း ရှိတယ်။
      ကျွန်မ မှာ အရမ်းဆင်းရဲပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး
      အဖက်ဖက် က နေ နိမ့်ကျ နေတဲ့ အသိုင်းအဝိုင်း ရှိတယ်။
      ကျွန်မ ဘယ်သူ့ ဘက်က ရပ်သင့်သလဲ ”

      အရီးလတ်ရေ ၊
      ကျနော်သာဆိုရင်တော့ ၊
      ချမ်းသာမှု ၊ ဆင်းရဲမှု ပေါ်မှာ မူတည်ပြီး ရပ်မှာ မဟုတ်ပါဘူး ။
      တရားမျှတမှု အပေါ်မှာပဲ ဦးစားပေး ရပ်တည်မှာပါ ။
      ( စုတ်ပြတ်နေအောင်ဆင်းရဲလို့ သနားသွားပြီး
      ပေးကမ်းတာက တပိုင်းပေါ့ )

      ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်လေးကတော့ ၊

      ချမ်းသာတဲ့သူ ( တချို့ ) ဟာ
      ချမ်းသာမှုနှင့် ထိုက်တန် လောက်အောင်
      ကြိုးစား အားထုတ်ခဲ့သူတွေဖြစ်နေပြီး ။

      ဆင်းရဲတဲ့သူ ( တချို့ ) ဟာ လည်း
      ဆင်းရဲမှုနှင့် ထိုက်တန် လောက်အောင်
      မကြိုးစား အားမထုတ်ခဲ့သူတွေဖြစ်နေပါတယ် ။

  • ဦးဦးပါလေရာ

    June 25, 2012 at 6:36 pm

    ဒီကိစ္စမှာတော့ ကျုပ်က စကားတလုံးကို နှစ်ပိုင်းခွဲပြီး ပြောကြည့်ချင်တယ်….

    “ တရားဥပဒေ ” ဆို တဲ့စကားလုံး ကိုပါ…။
    ဥပဒေတိုင်းဟာ အချိန်တိုင်း အခြေအနေတိုင်းမှာ “ တရား ” မှု့ကိုမဆောင်ကျဉ်းပေးပါဘူး..။
    အဲဒီတော့ ဘာဖြစ်ချင်တာလဲ…
    ဥပဒေနဲ့ အညီဖြစ်ဘို့လား… သို့မဟုတ် တရားသဖြင့် ဖြစ်ဘို့လား….

    တရားသဖြင့်ဖြစ်စေချင်တယ်ဆိုရင်တော့
    ဦးအောင်ဆန်းဦးအနေနဲ့ အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး
    ပျက်ပြယ်သွားပြီးဖြစ်တဲ့မြန်မာနိုင်ငံသားအဖြစ်ကို ပြန်လျှောက်ထားပြီး
    ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘများနဲ့ ပြည်သူကို ပြန်တောင်းပန်ပြီး
    NLD ကို ပါတီဝင်ဖို့ လျှောက်ထားသင့်ပါတယ်…။
    ဒါမှမဟုတ်လဲ အခြားနိုင်ငံရေးပါတီတခုခုကိုပေါ့လေ..။
    ပြီးတော့မှ အမွေပုံခွဲဝေပေးစေလိုမှု့နဲ့ တရားရုံးမှာ လျှောက်ထားသင့်ပါတယ်။

    အော်…. “ တရား ” ဘို့ မဟုတ်ဘူးလား…
    ဥပဒေနဲ့ အညီဖြစ်ဖို့ပဲလား…
    အဲဒါဆိုရင်တော့ မိဘပိုင်ဆိုင်ခဲ့တဲ့မြေနဲ့ အဲဒီမြေပေါ်မှာ စွဲဝင်နေတဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများကို နိုင်ငံခြားသားတယောက်အနေနဲ့ ပိုင်ဆိုင်ခွင့်မရှိပါဘူး။
    ဒါကြောင့် ဒေါ်စု အယူခံရှုံးအောင်စောင့်ပြီး ၊ အဲဒါတွေကို ရောင်းချ ခွဲဝေဘို့ တရားရုံးမှာ ပြန်လျှောက်ထားပေါ့နော…။

    တခုပဲ….

    “ အဲဒီနည်းနဲ့ ရလာမယ့် ငွေကြေးတွေဟာ တန် ရဲ့လား… ? ”

    ကျုပ်တော့ ခင်ဗျားရှုံးမယ်ထင်တာပဲ ကိုအောင်ဆန်းဦးရေ….။

  • သားဦး၊မြေးဦး

    June 25, 2012 at 6:52 pm

    ဒီလူကတော့ လူပုရိသတ်အလည် အရှက်မရှိတဲ့ ယောကျာ်း
    မဟုတ်တဲ့ သူတောင်းစာဘဲဗျာ။

  • htoosan

    June 25, 2012 at 8:46 pm

    တစ်ခြားသာမာန် မြန်မာအရပ်သား တစ်ယောက် ဒီလို အမှုမျိုး ဖြစ်ရင်ရော ဘယ်လို စီရင်မှာလဲ။

    အရီးလတ် ရေ ကျွန်တော် သိချင်တာလည်း ဒါပါဘဲ .. ဥပဒေ တကယ် နားလည် တတ်ကျွမ်းသူများ အဂတိကင်းစွာ ရှင်းပြပေးနိုင်မလားပေါ့နော် ..
    ကျွန်တော့်လူပြိန်းတွေးတွေးနေတာက အခု အမှုက နှစ်ပိုင်း အနေနဲ့များကြည့်ရမလားလို့ ..
    (၁) မြန်မာ့ဓလေ့ အမွေခွဲဝေမှု့ ထုံးတမ်းစဉ်လာ ..
    အဲ့ဒီမှာ နိုင်ငံခြားသားအဖြစ် ခံယူပြီးသားသူတစ်ဦးသည် နိုင်ငံခြားသားဖြစ်သည့် အတွက် အမွေဆက်ခံပိုင်ခွင့် မရှိလို့ ပြဌာန်းထားသလား .. မထားဘူးလား .. အဲ့ဒါကိုသိချင်တာ ။
    (၂) မြေယာ ပိုင်ဆိုင်မှု့ အက်ဥပဒေ ။
    အဲ့ဒီမှာတော့ ကျွန်တော် တို့အားလုံးသေသေခြာခြာ သိကြတာက နိုင်ငံခြားသားသည် မြေယာပိုင်ဆိုင်ခွင့် မရှိ။ ဒီ့ အတွက် အငြင်းပွားစရာမရှိဘူး ။
    ဆိုတော့ .. မြန်မာ့ဓလေ့ အမွေခွဲဝေမှု့ ထုံးတမ်းစဉ်လာ အရ နိုင်ငံခြားသား ရယ် ၊ နိုင်ငံသားရယ် ခွဲခြားမှု့ မရှိဘူးဆိုရင် သားကြီးဖြစ်သည့် အတွက် အမွေရခံခွင့်ရှိသွားမယ် ။ ဥပဒေအရ သူလည်း ရထိုက်သည်လို့ အမိန့်ချခဲ့ရင် မှားသည်လို့ မဆိုနိုင်ပါဘူး ။
    သို့သော် နိုင်ငံခြားသားဖြစ်သည့် အတွက် ဥပဒေအရ သူပိုင်ဆိုင်ခွင့် မရတော့ သည့် အတွက် သူတော့ ရမှာ မဟုတ်ဘူး ။
    ဒါဆိုရင် ကျန် နိုင်ငံသားဖြစ်သူက ပိုင်ဆိုင်ခွင့် အားလုံးရမှာလား ။ နိုင်ငံတော်ကနေ သိမ်းယူမှာလား ဆိုတာ ရှည်ရှည်ဝေးဝေး လျှောက်တွေးနေလို့ပါ ။
    မည်သို့ပင်ဖြစ်စေကာမှု နိုင်ငံခြားသားတစ်ယောက်အနေနဲ့တော့ သူပိုင်ဆိုင်ခွင့် ရမှာ ၊ ရောင်းချပိုင်ခွင့် ရှိမှာ မဟုတ်တာတော့ သေခြာတယ် ။
    ဒါဆိုရင်လည်း ရှင်းနေတာကို ဘာလာရှု့ပ်နေတာလဲလို့ မမေးနဲ့နော် .. 😀
    ကျွန်တော်တို့ က ဥပဒေ ဂဂဏဏ မသိဘဲ ဒေါသတွေ ထွက်နေရရင် မတန်လို့ပါ။ သေသေချာချာ သိပြီးမှ မီးဒုတ်စေချင်တာပါ ။ 😀
    ဦးဦးပါလေရာ ပြော တဲ့

    “ အဲဒီနည်းနဲ့ ရလာမယ့် ငွေကြေးတွေဟာ တန် ရဲ့လား… ? ”
    ကျုပ်တော့ ခင်ဗျားရှုံးမယ်ထင်တာပဲ ကိုအောင်ဆန်းဦးရေ….။

    ဆိုတာတော့ လောဘသမားတွေ မှာ သိက္ခာနဲ့ ပိုက်ဆံယှဉ်ရင် ပိုက်ဆံရမယ်ဆိုလို့ကတော့ မတန်တာ ဘယ်တော့မှ မရှိကြပါဘူး။

  • htoosan

    June 25, 2012 at 8:55 pm

    အခု အမွေ ကိစ္စဟာ ရိုးရိုး အမှု ထက် အမှောင့်ပယောဂ ပူး နေပါတယ်။
    အဲဒါ အသေအချာပါဘဲ။
    မယုံမရှိ မဖြစ်ပါနဲ့။

    ကျန်သွားလို့ အရီးရေ ။ မယုံ မရှိ မဟုတ် ။ ယုံတာမှ သေးသေးတင် ကော တစ်ချောင်းငင် နသတ်ကော ။ ရကောက်နဲ့ ကော အကုန်ယုံပါတယ် ။။။ 😀 😀

  • အလင်းဆက်

    June 25, 2012 at 9:06 pm

    အရီးလတ်..ရဲ ့သဘောနဲ ့ထပ်တူ..နီးပါး..ပါပဲ..ကထူးဆန်းရှင့်
    အဲ..ကထူးဆန်းခင်ဗျ .

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 25, 2012 at 9:32 pm

    ဥပဒေတွေဘာတွေတော့ နားမလည်ပါဘူး ထုံးစံအတိုင်း လွယ်လွယ်တွေးမိတာကတော့
    အစ်ကိုနှင့်ညီမ ဆိုတော့မောင်နှမပေါ့နော
    ဒီနေရာမှာ အဖွားကြီးနဲ့ အဲ့သည်ဘဲကြီး 😆 ဆိုတာကိုမတွေးဘဲ အခြားသူတွေလို့
    တွေးကြည့်မှ အာပတ်လွတ်မဲ့သဘောစိဒဲ့အတွက် အခြားလူတွေပေါ့ဗျာ
    ရှိတတ်ကြပါတယ်
    နေစရာမရှိလို့ တစ်ခြံထဲ အိမ်ခွဲဆောက်ထားပြီး ချီးအိမ်သာတွေ ရေတွင်းတွေပြဿနာတက်ကြတာတော့
    မြင်ဘူးပါရဲ့
    ခုဟာက ဘဲကြီးမှာ ကိုယ်ပိုင်အိမ်ယာတွေစိမယ်ထင်ဘာဒယ် ( အထင် )
    ကိုယ့်အဘ ပစ္စည်း သားသမီးတွေ ပိုင်ဆိုင်ခွင့်စိဒါဂိုလည်း ( လုံးဝလက္ခံပါတယ် )
    နောက်တစ်ခုက အစ်ကိုကြီးအဖရာဆိုတဲ့ သဘောကိုလည်းညွှန်းဘာဒယ်
    ကိုယ့်ကိုယ်ကိုယ် ယောက်ျားလို့ထင်ရင် ပိုပြီးဂရုစိုက်ရပါတယ်
    ဆိုတော့ကာ
    ကျုပ်ရဲ့ အဆင့်လောက်နဲ့ သူများကိုဝေဖန်ဘို့ အလိုမရှိပါဘူး ( ယုံခြင်ယုံ မယုံခြင်နေပါ )
    ကျုပ်သာ အဲ့သည်ဘဲကြီးဖြစ်မယ်ဆိုရင် ကျုပ်အဘရဲ့ ခြံကို ကျုပ်လုံးဝမယူတော့ဘူး
    ကျုပ်ဟာ အစ်ကိုကြီးဖြစ်တယ် ကျုပ်ဆီမှာ နေရာထိုင်ခင်းစိဒယ်
    ကျုပ်နှမကို ကျုပ်ပေးဆပ်နိုင်ရမယ် ( သူလုပ်နေတဲ့အလုပ်မျိုးဆို အိပ်ထဲကတောင်ဆိုက်ပေးရအုန်းမှာ )
    ကျုပ်သာ အဖွားကြီးဖြစ်ရင်လည်း ဒီလောက်လိုခြင်တဲ့လူ ယူဟယ် ဆိုပြီး အခြားနေရာသွားနေမှာဘဲ
    ဒါကတော့ ကျုပ်တို့အမျိုးတွေ ဒီလိုဘဲကျင့်သုံးနေကြတာ ခင်ဗျားတို့အမျိုးတွေတော့ သိဘူး 😀
    ပြောလို့သာပြောတာ ကျုပ်ကတော့ ဘဲကြီးကနေပြီး ညီမလေးကို ကြင်နာသဖြစ်ပေးတာဖြစ်ဇေဂျင်ဘာဒယ်။
    ဒါကတော့ ကျုပ်ရဲ့ ကျပ်မပြေ့တဲ့ ဘရုတ်သုက္ခ အတွေးပါ
    အူကြောင်ကြောင်တွေးမိတာကတော့
    ဘဲကြီးကလည်း ဒီခြံကို လိုခြင်တယ် အဖွားကြီးကလည်းမခွဲပေးနိုင်ဘူး
    စာရင်းချုပ်လိုက်တော့ နှစ်ယောက်စလုံးလိုခြင်နေတယ် ဒါကတော့ရိုင်းတာပေါ့နော
    ယဉ်ကျေးအောင်ပြောရရင်တော့ ပိုင်ဆိုင်လိုသပေါ့
    ကျုပ်သာသောက်ကျိုးနဲချမ်းသာရင် အဲ့သည်ဘဲကြီးကို ငွေတွေအမ်းပေးပြီး ခြံကို အဖွားကြီးကိုပေးပလိုက်မယ်
    ဒါနဲ့ အဲ့သည်ခြံကြီးက တော်တော်ဈေးကြီးသလားဗျ
    သဂျီးမင်းစကားငှားသုံးရရင်တော့
    ဘုရားရယ်အောင်မလုပ်ဂျနဲ့ပေါ့ဗျာ

  • ဦးဦးပါလေရာ

    June 25, 2012 at 9:32 pm

    ကျုပ်နားလည်တာ မှားချင်မှားမယ်..
    (မှားပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်..)

    ကျုပ်နားလည်တဲ့အတိုင်းဆိုရင်တော့-
    နိုင်ငံခြားသားက အိမ်မြေ ပိုင်ဆိုင်ခွင့်မရှိပေမယ့်
    အမွေဆက်ခံခွင့်တော့ရှိတယ်..
    အဲဒီအချက်ကို ဥပဒေက တားမြစ်မထားဘူး…
    ပြီးတော့ အမွေပုံခွဲဝေပေးစေဘို့ကိုလဲ လျှောက်ထားခွင့်ရှိတယ်။
    အမွေပုံခွဲဝေရမယ့်နည်းလမ်းက နှစ်ဦးသဘောတူ တန်ဘိုးဖြတ်လို့ဖြစ်ဖြစ်
    အဲသလို သဘောမတူရင် (အခုသဘောမတူဘူးလုပ်လိုက်တော့) တရားရုံးရဲ့ဆုုံးဖြတ်ချက်နဲ့
    လေလံတင်ရောင်းချ ခွဲဝေ ပေးစေဘို့ လျှောက်ထားနိုင်တယ်။
    တရားပြိုင်တွေကိုယ်တိုင် ဝင်ပြီး လေလံဆွဲ အမ်းယူနိုင်တယ်။
    ရောင်းရငွေကို တရားစားရိတ်နှုတ်ပြီး တရားရုံးက ခွဲပေးနိုင်တယ်။
    အဲဒါကို အရင်ကတော့ ဆယ်နှစ်လောက်ကြာအောင် အချိန်ဆွဲလို့တော့ ရတယ်။

    အမှု့အနေအထားအရ ဥပဒေအရ ဦးအောင်ဆန်းဦး အခွင့်အရေးရနိုင်တယ်လို့ မြင်မိပါတယ်။

    တန်တယ်ထင်ရင် ဆက်လုပ်ပေါ့နော…..

  • htoosan

    June 25, 2012 at 9:51 pm

    ကျုပ်နားလည်တဲ့အတိုင်းဆိုရင်တော့-
    နိုင်ငံခြားသားက အိမ်မြေ ပိုင်ဆိုင်ခွင့်မရှိပေမယ့်
    အမွေဆက်ခံခွင့်တော့ရှိတယ်..
    အဲဒီအချက်ကို ဥပဒေက တားမြစ်မထားဘူး…

    ကျွန်တော် အဲ့ဒါကိုသံသယ ရှိနေတာ ဦးဦးပါရေ ။ အဲ့ဒီလိုသာဆို တရားသူကြီးက တဝက်စီခွဲစေဆိုရင် မတရားဘူးလို့ပြောလို့ မရတော့ဘူး။..

    အကိုတစ်ယောက်အနေနဲ့ ညီမ ပေါ် ဒီလိုစိတ်မထားသင့်ဘူးဆိုတာလည်း မှန်ပါတယ် ။ ဒါပေမဲ့ လောဘဇော မိန်းမဇော တက်လာရင် ဘာမှ ဂရုမစိုက်ကြတော့ဘူးလေ…

    ဒေါ်စု အနေနဲ့ က မိဘအိမ်မို့ိလို့ ထိန်းသိမ်းချင်တာကလွဲရင် ငွေကြေးအရ ရှိမှာ မဟုတ်ပါဘူး ။ သူစွန့်လွှတ်ထားတာတွေက ဒီအိမ် တန်ဖိုးမကများစွာပါ ။တရားဥပဒေပျော့ချက်တွေ ကို စိန်ခေါ်တာလည်း ပါကောင်းပါမှာပေါ့နော်။

    ရှမ်းပြည်သား(တောင်ပိုင်း) ဥပဒေ ဆရာရေ ဥပဒေ အယူအဆလေးပြောပါဦး ..

  • pooch

    June 26, 2012 at 12:33 am

    အမေရိကန်နိုင်ငံသားဆိုရင်တော့ ဒင်းရနိုင်ခြေမရှိဘူး ထင်ပါရဲ့။ မရပါစေနဲ့။
    အမ်းလို့ရရင်လည်း ကောင်းသား။ တော်ကြာ သူက ပြန်အမ်းမယ်ဆိုလည်း အခက်။ 😕

    အမေစု ဘဝကလည်း သနားစရာ။ ပြသာနာမျိူးစုံ တမျိုးပြီး တမျိုး နားအေးပါးအေးကို မရှိဘူး။
    အသက်လည်း ကြီးပါပြီ။ ကိုယ်ချင်းစာစိတ်လေးများ မရှိကြတော့ဘူးလား ။ အမေစုအပေါ်ကို ။ 🙁

    • Foreign Resident

      June 26, 2012 at 6:04 am

      ” အမေစု ဘဝကလည်း သနားစရာ။
      အသက်လည်း ကြီးပါပြီ။
      ကိုယ်ချင်းစာစိတ်လေးများ မရှိကြတော့ဘူးလား ။ အမေစုအပေါ်ကို ”

      ဦးအောင်ဆန်းဦး ဘက်ကနေ ကြည့်ရင်လည်း ၊
      သူ့ ညီမ အမေစု နိုင်ငံရေး လုပ်နေတာဟာ ။
      သူ့ဖာသာ့သူ လုပ်ချင်လို့ လုပ်နေတာလို့ ယူဆ မှာပဲ ။
      ဦးအောင်ဆန်းဦး က လုပ်ခိုင်း ခဲ့တာမှ မဟုတ်တာ ။
      ( ဘယ်သူကမှ ရိုက်ပြီး လုပ်ခိုင်းနေတာမှ မဟုတ်တာ )

      အဲဒီတော့ ၊
      ပိုက်ဆံ ( အမွေ ) ကိစ္စက ၊ ပိုက်ဆံ ကိစ္စဘဲ ။
      ကိုယ်ချင်းစာစိတ် နှင့် လဲ ဘာမှ မပါတ်သက်ပါ ။
      အမွေ ကိစ္စမှာ အမေစု ကို သနားစရာ လဲ မလိုလှဟု ထင်ပါတယ် ။

      တကယ်က ၊ အမေစု ကို သိပ်သနားသူများကသာ ၊
      တစ်ယောက် ပိုက်ဆံ တစ်သိန်း စီ စုပေးလိုက်ရင် ၊
      လူ အယောက် တစ်သိန်းပဲ စုမိအုန်း ၊
      ဒီ အိမ်ဖိုးက ခဏလေးနှင့်ပြည့်သွားမှာပါ ။

      • htoosan

        June 26, 2012 at 8:09 am

        အမွေ ဝင်လုလိုက်ဦးမယ် .. 😀

        တကယ်တော့ ဒီအိမ်က တန်ဘိုး မဖြတ်နိုင်တဲ့ အိမ်ဖြစ်နေပါပြီ။ လက်ရှိကိုခဏဖယ်လိုက်ပြီး ကြည့်ရင်တောင် ..

        မြန်မာ့ လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့အိမ် ။။။
        မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျစဉ်နေထိုင်ခဲ့သော အိမ် ။။။
        မြန်မာ့ ဒီမိုကရေစီ လွတ်လပ်ရေးအတွက် ကြံ့ကြံ့ခိုင် တိုက်ပွဲဝင်စဉ် နေထိုင်ခဲ့သောအိမ်။

        အဲ့ဒီ့ အချက်တွေနဲ့တင် ကျွန်တော်တို့မြန်မာပြည်သူ့ပြည်သားတွေရဲ့အိမ် ဖြစ်နေပါပြီ။

        • shwe kyi

          June 26, 2012 at 10:52 am

          မှန်လိုက်လေ ကိုထူးဆန်းရေ။ သွေးထွက်အောင်မှန်ပါတယ်။ သူ့မှာတိုင်းပြည်ချစ်စိတ်ဆိုတာရောရှိသေးရဲ့လားမသိပါဘူး။
          မြန်မာပြည်သားစိတ်ရောရှိသေးရဲ့လားမသိတော့ဘူး။ လိုအပ်နေတာစိတ်ဓါတ်ပဲ။
          အလကားနေရင်းရပိုင်ခွင့်ပဲစဉ်းစားနေလားမသိ။

        • အရီး Khin Latt

          June 26, 2012 at 8:09 pm

          ကထူးဆန်း

          That’s a very good point Mr.

          ဒီအကြံထွက် တဲ့ ခေါင်း ရွှေချထား သင့်တယ်။

          ထို့ကြောင့်
          “အရေးကြီးသော ပြည်သူပိုင် သမိုင်းဝင် အဆောက်အဦးတစ်ခုကို ရောင်းချ၊ ပေါင်နှံခြင်း၊ မပြုရ။”
          လေအောင်
          ပြည်သူ အများ၏ ဆန္ဒဖြင့် ဝိုင်းဝန်းပြီး လက်မှတ်ထိုး တင်ပြ ကြပါစို့။ 🙂
          (လာပြန်ပြီ ဒီ လက်မှတ် ကိစ္စ 😉 )

  • ရဲစည်

    June 26, 2012 at 7:15 am

    ဦးအောင်ဆန်းဦးဟာ အမေရိကန်နိူင်ငံသား အဖြစ်ခံယူထားတယ်လို့ သိရပါတယ် အများလဲ သိပါတယ်
    ဦးအောင်ဆန်းဦးဟာ မြန်မာနိူင်ငံသား အဖြစ်က ပျက်ပြယ်တယ်လို့လဲ သိရပါတယ် အများ မသိပါ……
    နောက်တခုက
    အမေရိကန်သံရုံး အသစ်ကြီး ဆောက်တဲ့ အချိန်နဲ့ ဆောက်ပီး နောက်ပိုင်း အိမ်နံပါတ် ၅၄ဟာ ပိုပီး စိတ်ဝင်စားစရာ ကောင်းလာပါတယ်…. ?

  • mayjuly

    June 26, 2012 at 11:28 am

    အင်း အမေစုကတော့ ဒီအိမ်ရဲ့ တန်ဖိုးကို မမက်မောပဲ အိမ်ရဲ့ ဂုဏ်ပုဒ် ကိုသာ မြတ်နိုးလို့ ဒီအခြေအနေထိ ရောက်ရတာဖြစ်မှာပါ ..

    ဦးအောင်ဆန်းဦးကတော့ ဒီအိမ်ရဲ့ တန်ဖိုးကို မက်မောပြီး အိမ် ရဲ့ ဂုဏ်ပုဒ်ကို ချိုး ဖျက်ချင်တဲ့ သဘောများလားတော ့မသိနိုင်ပါ ….

    ဒီကြားထဲက ဥပဒေ အထက်မှာ ရှိတဲ့ ပုဂ္ဂိုလ် ကြီးတွေ ဘယ်လိုများ ဆုံးဖြတ်ကြမှာပါလိမ့် …..

  • အရီး Khin Latt

    June 27, 2012 at 4:55 am

    {{ ဦးအောင်ဆန်းဦးက အမေရိကန် နိုင်ငံသား အဖြစ် ခံယူပြီးပါက မိဘ အမွေကို တဝက်ပိုင်ဆိုင်ရှိ တယ် လို့ ဥပဒေ က ဆုံးဖြတ်ပေမယ့် နေအိမ် ပိုင်ဆိုင်မှု အပေါ် အခွင့်အရေး တောင်းဆို လို့ မရနိုင်ကြောင်း }}

    http://www.bbc.co.uk/burmese/burma/2012/06/120625_asskcase.shtml

    From – BBC Burmese News

    • htoosan

      June 27, 2012 at 7:33 am

      ကျေးဇူးပါ အရီးရေ ။ ဒါပေမဲ့… ဒါပေမဲ့ ..
      ဘယ်လိုပြန်လှည့်ဦးမလဲဆိုတာ …
      အဟိ.. အရီးလက်မှတ်ကတော့ လုပ်လိုက်လေ …. ကြာသလားလို့.. 😀

Leave a Reply