ခါတော်မှီ #$% လိုလိုမှိုလိုလို #$%လားမှိုလား #$% ဖြစ်နေတာလား ?

ကထူးဆန္းJune 16, 20121min88

မယဉ်ကျေးသော အသုံးနှုံးများတွက် ဦးစွာပထမ တောင်းပန်ပါတယ်ခင်ဗျ
ကျနော်ဒေါသထွက်နေသည်ဟု ထင်သူများ မှားလေ၏ဟု ဆိုခြင်ပါသည်
ကျနော်ဘာမှမဖြစ်ပါ ကျနော် မယဉ်ကျေးခြင်းသာဖြစ်ပါသည်
ယဉ်ကျေးရန်အလို့ငှာ အားထုတ်ပါမည်
မနေ့ကသောက်သောအရက် ( ဝီစကီ ) သည် အလွန်စစ်လေ၏ ( ဤကားသစ္စာစကားတည်း )
ကျနော် မန်းဂေဇက်ကို စတင်ဖတ်ရှု့မိခြင်းသည် ကျနော့တွက် အလွန်အကျိုးကျေးဇူးကြေီးလေသည်ဟု
ဦးစွာပထမ ပြောလိုပါသည်
လွန်ခဲ့သော ဘယ်နှစ်နှစ်ကလည်းမပြောတတ် ခေတ်ပြိုင် ( ယ္ခုမရှိတော့ပြီ ) ဟူသော
ဆိုဒ်မှ လိပ်စာရပြီး ဤ ( မန်းဂေဇက် ) ကို ဟိုကလိဒီကလိ ဖတ်ရှု့မိခြင်းဖြစ်ပါသည်။
မှတ်မှတ်ရရ ပြောရသော် ဗမာတစ်ယောက်နိုဗယ်ဆု ရတော့မည် ဟူသော ပို့စ်ဖြစ်ပါသည်။

ပြောရမယ်ဆိုရင်တော့ သမိုင်းဆိုတာကို ပြောရမှာပါဘဲ
ကျနောဟာ အရပ်စကားနှင့်ပြောရလျှင်တော့ တိုင်းရင်းသားကပြားတစ်ယောက်ဖြစ်ပါသည်
နည်းနည်းလေး လူအထင်ကြီးအောင်ပြောရသော် မျိုးမစစ်သူတစ်ယောက်တည်း
ကျနော့်အဘရွာကိုသွားလည်း အဘရဲ့ တိုင်းရင်းသားစကားကိုမပြောတတ်
ကျနော့အဖွားကြီး ( ကျနော့်အဘရဲ့မိန်းမ ကျနော့အမေ ) ရွာကိုသွားလည်း ကျနော့ အဖွားကြီး
တိုင်းရင်းသားစကားကိုမပြောတတ် ( ကျနော့အဖွားကြီးရဲ့ အမျိုး ) တွေ ပိုဆိုးပါသည်
ဗမာကလေး ဒို့စကားကိုမပြောတတ်ရင် ဒို့ဆီမလာနဲ့ ဟုပင်အပြောခံရဘူးပါသည်
ဤကား ကျနော်၏ လူမျိုးရေး နာကျဉ်းချက်တစ်ခုဖြစ်လေတော့၏
( ထိုအချိန်တွင် ကျနော်၏ အသက်သည် ဆယ့်သုံးနှစ်ခန့်ရှိမည်ဟု ထင်မှတ်မိပါတော့သည် )။
ကျနော့အဘနှင့် ကျနော့ အဘ၏ မိန်းမ ( ကျနော့မိဘတွေပေါ့ဗျာ ) သည် သူလိုကိုယ်လို
တောသူတောင်သားများပင်ဖြစ်ပါသည်
ကျနော့အဖွားကြီးက ကျောင်းဘယ်နှစ်တန်းမသိသော်လည်း ကျနော့အဖွားကြီး၏လင် ( ကျနော့အဘ ) မှာမူကား
စာသိပ်တတ်ပုံမရပါ
အထောက်ထားပြရသော် သူ့နာမည်ကိုပင် ရေးတတ်သည်ဆိုရုံလေးဖြစ်၏ သည်သာလျှင်တည်း
သို့သော် ထိုနေရာတွင် မိဘတို့၏ သဘောသဘာဝလားမပြောတတ် ထိုအဖိုးကြီးနှင့် အဖွားကြီးသည်
ဇော်ဂျီ တည်းဟူသော ကျနော့အား မရှိမဲ့ရှိမဲ့လေးဖြင့် စာတတ်အောင်အောင်ကျောင်းထားသည့်အခိုက်
လူလိမ္မာလေး ကျနော် မောင်ဇော်ဂျီသည် အနှီးအဖိုးကြီးနှင့် အဖွားကြီးတို့၏ လက်ရင်းလက်ငုတ်
စည်းစိမ်ဥစ္စာ ရှိသမျှတို့ကို တစ်ပြားမှ မကျန်အောင် ဖြုံးတီးလေတော့သတည်း။
အမှန်စင်စစ်ကျနော်ပြောခြင်သည်မှာ
( လူတစ်ယောက်က လူတစ်ယောက်ကို နေရာထိုင်ခင်းပေးခြင်းဖြစ်ပါသည် )
ဒါ့ကြောင့် ကျနော့်ရဲ့ အတ္ထုပ္ပတ္တိ အကြောင်းများကို မပြောတော့ပါဘူး
မပြောတော့ဘူးဆိုပေမယ့် နည်းနည်းပြောခွင့်ပြုပါ
( ဒီလောကထဲ ကျနော့ကို အထင်ကြီးသူဆိုတာ ကျနော်တောင်မပါဘူးလားမပြောတတ် )
ကျနော့်ဘဝတွင် အချို့အချိန်များသည် အလွန်အလုပ်ရှုပ်တတ်ပါသည်
ဥပမာတစ်ခု ( တစ်ခုဖြင့်ကျေနပ်ကြစေလိုပါသည် ) ပေးရသော်
ရွာဘုရားပွဲဖြစ်သောအခါ ကျနော် အလွန်အလုပ်ရှုပ်ပါသည်
ကျနော်၏အလုပ်မှာ စပါးကျီကို စောင့်ကြည့်ရခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် အနှီးစပါးကျီကြီးကို ကျနော်
အလွန်ချစ်ခင်မြတ်နိုးစုံမက်တွယ်တာ သံယောဇဉ်ဖြစ်လှပါတော့သည်
အက်ချူးယဲ့လီ ကျနော်စောင့်ကြည့်သည်မှာ ကျနော်၏ အဘဖြစ်ပါသည်
အဖိုးကြီးလစ်သည်နှင့် စပါးကျီထဲမှ စပါးများကို ယူဆောင် ( ယဉ်ကျေးမှု့အရ ခိုးယူသည်ဟု မသုံးနှုံးပါ ) ပြီး
ကျနော်စီးပွားရှာရပါသည်။
အပြောလွယ်သလောက် အလုပ်မလွယ်ပါ အကြောင်းမှာ
ကျနော်၏ ဘစ်ဇနစ်ကို ကြီးစွာ အဟန့်တားပြုသူမှာ ကျနော်၏ ဘကြီး ( ပျံလွန်တော်မူ ) ပင်ဖြစ်လေတော့သည်
ကျနော်ရောင်းသော စပါးကို ဘကြီးအားအကြောင်းပြု၍ မည်သူမျှမဝယ်ကြပါ
ထိုအချိန်တွင် ကျနော် မည်သို့ ခံစားနေရသည်ကို ကိုယ်ခြင်းစာပေးကြစေလိုပါသည်
အထက်မှာကျနော်ဆိုခဲ့ပြီးသလို ကျနော့်အဘနဲ့ သူ့မိန်းမက လူမျိုးမတူဘဲယူကြတော့
ကြားထဲက ကျနော်က အမျိုးမစစ်တဲ့သတ္တဝါဗလိုင်းကြီးဖြစ်သွားခဲ့ရတာပါဘဲ
ဒါ့ကြောင့်ရံခါ ကျနော် အဖိုးကြီးကိုတစ်မျိုး အဖွားကြီးကိုတစ်ဖုံ ကလဖန်ထိုးတတ်ပါတယ်
ယူစရာလင်မရှိတော့ဘူးလား အဘကိုမှယူရသလားဗျ ကိုယ်နဲ့လူမျိုးမတူတာကိုယူတော့
ဒီက ဘလိုင်းကြီး ဘာမျိုးဖြစ်သွားဘီလဲဆိုတာ ကိုယ်ခြင်းစာကြည့်ပါဦးလို့
အဖွားကြီးကို ပြဿနာလုပ်လေ့ရှိပါတယ် အဲ့လိုပြောလိုက်ရင် ဟယ်…ဇော်ဂျီ နင်တော့ မိုးကြိုးပြစ်တော့မှာဘဲ
ဆိုပြီးပွစိပွစိလုပ်ပါတယ်
အဘကလည်းဗျာ ကိုယ့်ရွာကမိန်းမကိုမယူဘဲနဲ့ လူမျိုးမတူတဲ့ အဖွားကြီးကိုယူတော့
ကျနော်က ဘာလူမျိုးမှန်းတောင်မသိတော့ဘူး လို့ပြောလိုက်မိရင်
ဒီလိုမှန်းသိရင် မင်းကိုငါမမွေးပါဘူးကွာ အမှန်တိုင်းပြောရရင်တော့ မင်းကိုလည်းလာပါလို့တစ်ခါမှ
ငါစိတ်မကူးမိပါဘူး ငါတို့ဖာသာ အပျော်လုပ်ကြတာ မင်းဘာသာရောက်လာတာ လို့ဆိုပြီး
ကိုယ့်ကိုယ်ကိုယ် လူလို့ဘဲသဘောထားစမ်းပါကွာ ဟုသာ ပြောလေ့ရှိပါတယ်
( ဆက်ပါဦးမည် )

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အများစိတ်ဝင်စား တာဆို ခါတော်မှီ အပြေးအလွှား ရိုက်နှိပ် ဖြန့်ချီပြီး မီးပွိုင့်တွေမှာ ရောင်းကြတယ် လေ ။ အခုကျွန်တော်လည်း ခါတော်မှီ ရိုက်နှိပ် ဖြန့်ချီလိုက်ပါကြောင်း ။

မဖတ်ရသေးသူများကတော့ ကျွန်တော်ရေးသည်ဟုထင်ပါမည်။
ဖတ်ပြီးသူများကတော့ ဒီကောင် ဘယ်လိုကောင်လဲ ဟုဆိုပါမည် ။
ဘကြီးပုကတော့ သူ့ ဘယ်သူနဲ့မှ မတူအောင် ရေးသည်ကို ဖျက်ဆီးသူ ဆိုကာ ငါ နှင့် ကိုင်တုတ်ပါတော့မည်။

ပြေးပြီ ဘကြီးပုရေ .. 😀

(ဆက်ရန်ကို စိတ်ဝင်စားသူများ #$% လိုလိုမှိုလိုလို #$%လားမှိုလား #$% ဖြစ်နေတာလား ? https://myanmargazette.net/130139/business-economy/think-tank သို့ ဘကြီးပု ဘယ်မှာ ရေးမလဲဆိုတာ ရှာဖွေ၍ ဖတ်ကြကုန်လော့)

P.S .. မဖတ်မိသူများ ဖတ်စေချင်သော စိတ်ရင်းပါ။ 😀
ကွန်မန့် ပိတ်ထားပါမည် ။ မန့်လိုသူများ https://myanmargazette.net/130139/business-economy/think-tank သို့သာ သွားပါ။

4 comments

  • htoosan

    June 16, 2012 at 7:14 am

    မန့်လို့ရနေသေးတယ် ။ သူကြီးရေ ကျေးဇူးပြုပြီး ကွန်မန့်ပိတ်ပေးပါ ။ ဘပု ပိုစ်မှာ သွား၍မန့်နိုင်အောင်လို့ပါ။

  • လူ ဟား

    June 16, 2012 at 7:49 am

    မန့်လို့ရတုန်းလေး ဝင် မန့်လိုက်အုံးမယ်ဗျို့.. အဘနဲ့အဖွားကြီးတို့ကို ကျေးဇူးတင်တယ်ဗျာ.. သူတို့အပျော်လုပ်ရင်းနဲ့ ဒီလို ဘုဂလန့် လေးတွေရေးမယ့်လူ တစ်ယောက် လောကကြီးထဲကို မခေါ်ပါဘဲ သူ့အလိုလို ပေါက်ချလာတဲ့ လူမယဉ်ကျေးကြီးကိုလည်း လက်မထောင်တယ်ဗျာ..။

  • ဦးဦးပါလေရာ

    June 16, 2012 at 8:23 am

    ကျုပ်လဲပဲ သူ့ ပိုစ့် သွားဖတ်ထားပါတယ်ဗျာ…
    သူရေးတာတပိုဒ်ဖတ်လိုက် ကွန်မင့်တွေ ဖတ်လိုက်နဲ့
    ရှေ့ကဖတ် နောက်ကမေ့နဲ့ လုံးလည်လိုက်နေလို့ … 😀

    အခုတော့ ဒီပိုစ့်၂ခု အရသာတမျိုးစီပဲ.. 😀

  • ကိုကိုပုရေ
    မြန်မာနိုင်ငံက နေ့စဉ်ထုတ်သတင်းစာ တစ်စောင်စောင်ကိုပို့လိုက်ပါလား။
    အယ်ဒီတာကြိုက်မှာအသေအချာဘဲ။

Comments are closed.