ဒါတွေဟာ အရင်တုံးကလည်းရှိခဲ့ပါတယ်..

Ko out of...June 16, 20121min831

ဘုရားမပွင့်ခင်က
အယူအဆအမျိုးမျိူးဆိုတာရှိခဲ့တယ်…သူတို့တတွေဟာ
ဘုရားမပွင့်ခင် ဆရာကြီးတွေပေါ့…သူတို့တတွေမှာ
နောက်လိုက် ဒကာ/ဒကာမ ပရိတ်သတ်ကိုယ်စီ အသီးသီးလည်းရှိကြပါတယ်….

ဘုရားလည်းပွင့်ထွန်းပေါ်ပေါက်လာရော သူတို့တတွေရဲ့ အမှားကို အချက်အလက်ကျကျ သဘာဝကျ လက်တွေကျကျ
ချပြပေးနိုင်တော့ သူတို့နဂိုကမူလ လက်ခံ ယူဆထားတဲ့
သဘောတရား အအိုအဟောင်းကြီးက မခိုင်မြဲတော့
အဲဒီတတိ္တဆရာ(၆)ဦးကြီးတွေက တော်တော် တုန်လှုပ်သွားကြတယ်..

ဒါကြောင့် သူတို့တတွေရဲ့ အယူမှားတွေကို ထောက်ပြပေးတဲ့
ဘုရားနဲ့လည်းတွေ့တော ဘုရားကို တော်တော် စိတ်နာပုံလည်းရတယ်…ဘုရားကို
အမျိုးမျိုးဖျက်စီးတိုက်ခိုက်ကြတယ်…
ဒါပေမဲ့ဘုရားဟာ သူ့ကို ဘယ်လောက်တိုက်ခိုက် တိုက်ခိုက် သူတို့ကိုပြန်လည်ပြီး ဖျက်စီး အနိုင်ပြန်ယူခြင်းမျိုး မလုပ်ခဲ့ပါဘူး…
လူကို အပြစ်ပေး ဒုက္ခပေးခြင်းမျိုးလည်း မလုပ်ခဲ့ပါဘူး…

မှန်ကန်ပြီး လက်တွေကျတဲ့ သဘောတရား၊
မှန်ကန်တဲ့ သစ္စာသဘောတရား နဲ့သာ လူတွေကိုချပြသွားပါတယ်၊
လမ်းညွှန်သွားပါတယ်…လူတွေကို ထောင်ထဲ အချုပ်ထဲ
ထည့်ပြီး အနိုင်မယူခဲ့ပါဘူး…

ဖခင်ရှင်ဘုရင် သုဒ္ဒေါဓနမင်းရဲ့ အဏာစက်ရဲ့
အကူအညီ ကိုယူပြီးတော့လည်း အနိုင်ပိုင်းပြီး
မယူခဲ့ပါဘူး..တန်ခိုး ပြဋိဟာ ရေအစုံစုံ၊ မီးအစုံစုံတွေပြပြီးတော့
တတိ္တဆရာတွေကို အနိုင်ယူတာလည်း မဟုတ်ဘူး….
သူသိတဲ့ အမှန်တရားသစ္စာနဲ့သာလျှင် လမ်းညွှန်ပြီး နှိုင်းယှဉ်ချပြသွား
ပါတယ်…

ပြောချင်တာက အစွန်းမရောက်တဲ့ အလယ်လမ်း သဘောတရားကိုစသိတာ၊ ဖေါ်ထုတ်ပေးနိုင်တာဟာ ဘုရားရဲ့
ဘုန်းတန်ခိုးလို့ပြောရမှာပါ…အနိုင်ယူတယ်ဆိုတာလည်း မဟုတ်ပါဘူး၊ ဘုရားဟာ ဘယ်သူ ကိုယ်မှ
အနိုင်မယူခဲ့ဘူး။ အမှန်တရားဆိုတဲ့ အလင်းရောင်
ကိုမြင်ဖို့ လမ်းပြပေးတဲ့လူပါ…

ဘုရားဟာ လူသားတွေအတွက် မှန်ကန်တဲ့ သစ္စာတရားကို ဒီလောက် လေးဆယ့်ငါးဝါ ကာလပတ်လုံး မနားမနေ
လုပ်ဆောင်ပေးနေတာတောင်မှ ဘုရားကို ဘာဖြစ်လို့ အန္တရာယ်
အမျိုးမျိုးပေးနေကြတာလည်းဆိုတာ တခုခုကိုကြောက်နေလို့
လည်းဖြစ်နိုင်တယ်..

ဒါသေချာ စဉ်းစားရမယ်…ဒါမှန်ကန်စွာ လမ်းညွှန်ပေးတဲ့ သဘောတရားကိုကြောက်လို့ ပြောရမှာ..ဒါကို အဲလိုမျိုး မတွေးယူကြဘဲ… သူအန္တရာယ်ကျရောက်တာ
သူရဲ့ အတိတ်က ဝဋ်ကြွေးကို ပြန်ဆပ်နေရတာပါလို့ပြောတာ သဘာဝမကျပါဘူး…ဘာဖြစ်လို့ သဘာဝမကျဘူး
လို့ပြောနိုင်လဲဆိုတော့ ဘုရားဟာ သူ့ကိုသူ
သံသရာဝဋ်ဆင်းရဲ့က ငါလွတ်မြောက်ပြီလို့
ဥဒါန်းကျူးတာဘဲ..
ဘာဖြစ်လို့ ဘုရားကို အကြွေးမကြေသူ လို့ပြောတာလည်း…

ဘာကိုကြောက်နေသလဲ ဆိုတာ အပေါ်မှာရှင်းပြခဲ့ သလို ဒါကိုနည်းနည်းများ နားမရှင်းဘူးဆိုရင် အနီးစပ်ဆုံးဥပမာ
ထပ်ပေးကြည့်ပါ့မယ်….

လူတွေဟာ ကိုယ်လုပ်တာ ကိုယ်မှန်တယ်
လို့ထင်ပြီး လူတွေကို တဖက်သတ်အုပ်ချုပ်နေတဲ့ အဏာရှင်တွေ၊မဟုတ်မမှန်မတရားလုပ်တဲ့ လူတွေဆို
ရင် သူတို့ဟာ ပြည်သူကောင်းကျိုုးလုပ်နေပါတယ်ဆိုပြီး ပြည်သူတွေ
ပြန်မေးတော့ ဘာတခုမှ လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့
သူတို့လုပ်တာ မမှန်မတရားတာကို ဖေါ်ထုတ်ပေးတဲ့ လူကိုကြောက်ရမှာဘဲမဟုတ်လား?…

အခုလည်း အထင်နဲ့ ပြောတဲ့သဘောတရား တခုဟာလူတွေကို
သေသေချာချာ မချပြနိုင်လို့ လူတွေမြင်နိုင်သိနိုင်ချပြနိုင်တဲ့ သဘော တရားနဲ့လည်းတွေ့ရော သူတို့ရဲ့ အမှားကို
လူတွေ သိကုန်တော့မှာဘဲဆိုပြီး ဒါကိုသူတို့ ကြောက်နေကြတယ်လို့ပြောရမှာပါ…

ဘုရားဟာလူတွေကို အထင်နဲ့ဟောပြောနေတာ မဟုတ်ဘူး… မြင်နိုင်သိနိုင်တဲ့
တရားဓမ္မ ကိုသာ ချပြပေးသွားပါတယ်၊
သတင်းမှန်ကိုသာ ပေးတယ်လို့ဘဲဆိုရမှာပေါ့…ယခုခေတ်မှာ မီဒီယာသမားတွေကို အဏာရှင်တွေ၊ မဟုတ်မမှန်တာ လုပ်တဲ့လူတွေက ကြောက်ရသလို မျိုးပေါ့….
ဘုရားပွင့်ထွန်းပေါ်ပေါက်လာပြီးတော့
ဘုရားဟာ အမှန်ကို ဖေါ်ထုတ်ပြသူဆိုတော့ အမှားကို အမှန်လို့ ထင်တဲ့ လူက စိုးရွံ့ တုန်လှုပ်ရမှာဘဲ..

စကားမစပ် တုန်လှုပ်မှုနဲ့ ပတ်သက်ပြီး ဒီကမ္ဘာမှာဘုရား ပွင့်ရင်
ကမ္ဘာမြေကြီးဟာအိုးထိန်းစက်ပမာ တုန်လှုပ်သွားတယ်ဆိုတာ ကြားဖူးတယ်…
ကမ္ဘာမြေငလျှင် တကယ်တုန်လှုပ်တယ် လို့ပြောတာမဟုတ်လောက်ဘူး…
တကယ်များ လှုပ်မယ်ဆိုရင် လူတွေ တော်တော်ဒုက္ခ ရောက်မှာ..
ဘုရားဟာ လူတွေအိုးမဲ့ အိမ်မဲ့ဖြစ်အောင်၊သေကြေပျက်စီးအောင် မလုပ်ပါဘူး..ဘုရားဘဲ တန်းခိုးနဲ့ ထိန်းမှာပေါ့ လို့ပြောချင်သေးသလား?..ဒါလည်းစဉ်းစားဖို့လိုတယ်…
စကြာဝဋ္ဌာ သိုက်တစ်သောင်းတုန်ဟီးသွားတယ်ဆိုတာ မပြောနဲ့ဦး ဂျာပန်နိုင်ငံက မြေငလျှင် လှုပ်တာတောင်မှ ဒီမြန်မာပြည်ကလူ တွေဘယ်လိုခံစားရလဲ?…

ဒါကြောင့် အမှန်ကိုဖေါ်ထုတ်ဖို့ ဝန်မလေးကြပါနဲ့တော့…
မိဘပြည်သူတွေဆိုတာ အားကိုးဖို့ လက်နက်အာဏာ ဆိုတာ မရှိပါဘူး..သတင်းမီဒီယာ ဟာပြည်သူတွေရဲ့ လက်နက်တခုပါ..
ဒါကြောင့် မဟုတ်၊မမှန် မတရားတာတွေ
ကိုမီဒီယာလက်နက်နဲ့ တုံ့ပြန်ဖို့လိုတယ်…
.အခုလည်းလူတွေကို ဘယ်လောက်ကြာကြာ လိမ်လို့ ရဦးမလဲဆိုတာ မီဒီယာရဲ့ အခန်းကဏ္ဍ
တိုးတက်ပြီး လွတ်လပ်လာတာနဲ့အမျှ အချိန်က အဖြေပေးသွား လိမ့်မယ်…

အခုခေတ်မှာလည်း ကောက်ကျင့်တဲ့ လူတွေက စဉ်းစားဉာဏ်းနည်းတဲ့လူတွေကို …ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့ မပေါင်းနဲ့…သူတို့နဲ့ပေါင်းရင် ဘာလုပ်မယ်၊ညာလုပ်မယ် စသည်ဖြင့် အမျိုးမျိုး ခြိမ်းခြောက်နေတာတွေဟာ ဘာကိုသွား သတိရလဲဆိုတော့
ဘုရားလက်ထက်က ဒီတတိ္တဆရာ (၆)ယောက်ကို သွားပြီး သတိရမိတယ်… သူတို့ကဘာပြောလဲဆိုတော့…

သူတို့နောက်လိုက် ပရိတ်သတ် တွေကို ရှင်ကြီးဂေါတမ နောက်ကို မသွားကြနဲ့… သူဟာ အပြောကောင်းတယ်၊မာယာများတယ် စသည်ဖြင့် အမျိုးမျိုးဟန့်တား သလိုမျိုး အခုလည်း မြန်မာပြည်မှာ
သူတို့မှမှန်တယ်..ကျန်တဲ့ လူတွေကမှားတယ်လို့ လိုက်ပြော လိုက်တားမြစ်ပိတ်ပင်နေမည့် အစား ကိုယ့်ကုန်ပစ္စည်းရဲ့ အရည်အသွေး တကယ်ကောင်းမကောင်း ကိုဖေါက်သည်တွေက ဆုံးဖြတ်ပါလိမ့်မယ်…

တိတ္တိဆရာကြီး (၆)ဦးရဲ့ နာမည်နှင့် အယူဝါဒကတော့…

(၁) ပုရာဏကဿပ

(၂) အဇိတကေသ ကမ္မလ

(၃) မက္ခိလိဂေါသာလ

(၄) ပကုဓကစ္စာယန

(၅) သဉ္စယဗေလဋ္ဌ ပုတ္တ္တ

(၆) နိဂဏ္ဍနာဋပုတ္တ တို့ဖြစ်ကြသည်။

(၁) ပုရာဏကဿပ ဆရာကြီးသည်… ” အကိရိယဝါဒ ” အမှားကြီးကို ယူသူဖြစ်သည်။ အကြောင်း ကံတရားကို
ပယ်သူဖြစ်သည်။ မပြုမလုပ်ရဝါဒ သမားဖြစ်၏။

(၂) အဇိတကေသ ကမ္မလ ဆရာကြီးသည်… “နတ္တိကဝါဒ ” အမှားကိုယူသူဖြစ်သည်။ အကျိုး ဝိပါက ကိုပယ်သူဖြစ်သည်။
မရှိဝါဒသမား ဖြစ်သည်။

(၃) မက္ခိလိဂေါသာလ ဆရာကြီးသည် …” အဟေတုကဝါဒ ” အမှားကိုသူဖြစ်သည်။ ကံ နှင့် ကံ၏ အကျိုးကို ပြိုင်တူ ပယ်၏။
ကြောင်းကျိုးပယ်ဝါဒ သမား ဖြစ်၏။

(၄) ပကုဓကစ္စာယန ဆရာကြီးသည်… “အဋဝါဒ” အမှားကြီး ကိုယူသူဖြစ်သည်။ ပြုခြင်း ခံစားခြင်းမရှိ၊ အလိုအလျှောက်ဖြစ်သည်။
ဟုယူဆသူဖြစ်သည်။ မပြုမပြင် ဝါဒသမားဖြစ်သည်။

(၅) သဉ္စယဗေလဋ္ဌ ပုတ္တ္တ ဆရာကြီသည်. “အမရာဝိက္ခေပဝါဒ ”
အမှားကိုသူဖြစ်သည်။ မေးသည်ကိုမဖြေဘဲ ရှောင်လွဲဖြေ
သည်။ မရေမရာဝါဒ သမားဖြစ်သည်။

(၆) နိဂဏ္ဍနာဋပုတ္တ ဆရာကြီသည်… ” စာတုယာမ သံဝါရဝါဒ” အမှားကိုသူဖြစ်သည်။ စောင့်စည်းမှု လေးမျိုးဖြင့် ကံသုံးပါးကိုထိန်းထားသည်။ (ယင်းဆရားကြီးကို အိနိ္ဒယနိုင်ငံတွင်
ဇိန၊ဂျိန ဟုခေါ်၏။ ဂျိန = ဂျိန်း ဘာသာဖြင့် ယနေ့တိုင်အောင်
ထင်ရှားနေသေး၏။….

တခါက ကျောက်ဖျာနက်တရားစခန်းမှာ နိဂဏ္ဍနာဋပုတ္တရဲ့ တပည့်တွေ တရားအားထုတ်တာကို ဘုရားရောက်သွားပြီး
ဘုရားက ယခုကဲ့ သို့မေးလေ၏…

မင်းတို့တရားအားထုတ်တာ တော်တော် ပင်ပန်းတာဘဲနော် မင်းတို့ဘာကိုအခြေခံပြီး အားထုတ်ကြတာလဲ လို့ ဘုရားကမေးတော့..

အရင်ဘဝက ပြုလုပ်ခဲ့တဲ့ ကံအဆိုး အကောင်းတွေကိုကြည့်ပြီး အားထုတ်တာ ဒါဆိုအရင်ဘဝက မင်းတို့
ပြုလုပ်ခဲ့ ကံအဆိုးအကောင်းတွေ ဘယ်လောက်ရှိခဲ့တယ် ဆိုတာမင်းတို့ သိနိုင်လား?လို့မေးတော့ မသိပါဘူး
လို့ဖြေကြတယ်..

ကဲဒါဆို အရင်ကဘယ်လောက်ရှိတယ်ဆိုတာကို မသိရင် ယခုအားထုတ်ပြီးခဲ့ သမျှကံတွေရော ကံရဲ့လက်ကျန်ဘယ်လောက်
ကျန်တယ်ဆိုတာရော မင်းတို့သိသလားလို့ ဘုရားမေးတော့…
ဒါလည်းမသိပါဘူးလို့ ဖြေကြသတဲ့…

ဥပမာ..ဝင်ငွေရဲ့ Income amount မမာဏကို မသိဘဲ လက်ကျန် balance sheet ဘယ်လောက်ကျန်တယ်ဆိုတာ
တွက်ချက်လို့မရသလို အခုလည်း ဘယ်လောက်ဘဲ မင်းတို့ အားထုတ် အားထုတ် တရားမသိနိုင်ဘူး လို့ဘုရားက ချပြသွားတယ်..ကဲစာလည်းရှည်သွားပြီ…မိမိကြိုက်သလို လွတ်လပ်စွာ ဖြန့်ကျက်ပြီးတွေးခေါ်နိုင်ပါကြောင်း…..

One comment

  • tharli kar

    June 16, 2012 at 1:58 pm

    မသိသားဆိုးရွားစွာ…မလေ့လာမိခဲ့ဘူးတာကို ခုလိုရှင်းပြပေးထား၊ ဖေါ်ပြပေးထားခြင်းအတွက်..ကျေးဇူးပါ။

Leave a Reply