N+160612 Reply to ဇောက်ထိုး
http://myanmargazette.net/127673/creative-writing
ကွန်မန့်ပြန်ရင်ရှည်နေပြီးမထိရောက်လို့ ပို့စ် တခု အနေနဲ့တင်လိုက်ပါတယ်။
…..(ကမ္ဘာမှာ ကျွန်တ်ာတို့ မြန်မာတွေဟာ အလှူအတန်းအများဆုံးပါ။ ၁၂-လ မှာ အလှူပြတ်တဲ့ လတောင် ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် မြန်မာတွေ မကြီးပွားကြပါဘူး။ (နိုင်ငံကြောင့်လို့လဲ အကြောင်းပြနိုင်ပါတယ်။) ခရစ်စယာန်ဘာသာဝင် တွေ အနောက်နိုင်ငံတွေမှာ အလှူပွဲတွေ ကျွန်တော်တို့လောက် မများပေမယ့် သူတို့ချမ်းသာကြပါတယ်။ ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင်တွေ လှူတာထက် သူတို့လှူတာကို ကျွန်တော် ပိုသဘောကျမိပါတယ်။)…..

လက်တွေ့နဲ့ထင်ဟပ်ပြောဆိုတာတွေကိုကြိုဆိုပါတယ်။ ဒါနထက်သီလမြတ်တယ်။သီလထက်ဘာဝနာမြတ်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာလူလည်တွေများ လို့ဖြစ်တယ်လို့ထင်ပါတယ်။ ဘာဝနာများတဲ့အတွက် အဖိုးတန်ပြီး စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်အဖြစ်ကိုရရှိပေမဲ့ ဒါနနဲခဲ့တဲ့အတွက်စီးပွားဥစ္စာမပြည့်မစုံဖြစ်တတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုဟာလည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေများတဲ့အတွက် အားနည်းချက်တွေရှိပါတယ်။ အနောက်နိုင်ငံတွေမှာ လှုတဲ့သူတွေဟာ ဒါနအားများတဲ့အတွက်စီးပွားဥစ္စာ ပြည့်စုံကြပြီး ဘာဝနာအားနည်းတဲ့အတွက် စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်အဖြစ်ကိုမရရှိကြတာလို့မြင်ပါတယ်။ မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော် တွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်သာမဟုတ်ပါဘူး။ အလှုလုပ်ရင်ဗုဒ္ဓဘာသာဝင်တွေ မှသာချမ်းသာစေ။ အခြားဘာသာဝင်တွေ မချမ်းသာစေရလို့မဟောခဲ့ပါဘူး။ ဗုဒ္ဓသာသာဝင်မဟုတ်သော်လည်း ဗုဒ္ဓရဲ့တရား တော်နဲ့ကိုက်ညီသူတွေဟာ သက်ဆိုင်ရာအကျိုးစီးပွားကို ရရှိစေနိုင်ပါတယ်။ ဒါန သီလ ဘာဝနာ ၃ခုစလုံးကိုပြည့်စုံအောင်ကြိုးစားသင့်ပါတယ်။ အကြောင်းစုံမှအကောင်းစုံမည်ဟူသောတရားကိုစိတ်ဝင်စားရင်နားထောင်ကြည့်စေလိုပါတယ်။

…..(ကျွန်တော်တို့ဒီနေ့ မြန်မာတွေလှူနေကြတာဟာ… ကိလေသာတွေနဲ့ လှူတဲ့ အလှူတွေ များတယ်လို့ခံစားမိပါတယ်။ ဥပမာ ..ကထိန်ပွဲ.. သူတို့ရပ်ကွက်ထက် ငါတို့ရပ်ကွက်က သာအောင်။ ငါ့ကုမ္မဏီက လှူတဲ့ ကထိန်က သူတို့ကုမ္မဏီထက်သာအောင်။ ငါ့တို့ကို..ငါတို့ရပ်ကွက်ကို လူတွေသိအောင်…ကျော်ကြားအောင်… ဂုဏ်တွေတက်အောင်.. နောင်ဘ၀ ကောင်းအောင်.. နတ်ပြည်ရောက်အောင်.. အလှူခံသူ လိုလို.. မလိုလို.. လိုအပ်တာ ဟုတ်ဟုတ်.. မဟုတ်ဟုတ်။ ကိုယ့်အတွက်.. ကျော်ကြားရေး ဂုဏ်တက်ရေး ကိုယ်ကောင်းစားရေး ဆိုတဲ့ လောဘတွေ ဒေါသတွေ မာနတွေ နဲ့လှူကြပါတယ်။ ဒါတွေဟာ အလှူမှာ ကိလေသာတွေနဲ့ လှူတဲ့မြင်ကွင်းတွေပါ။)…..

မြန်မာနိုင်ငံကအလှုတွေကတော့ လှုရင်ချမ်းသာတယ်ဆိုလို့ ချမ်းသာချင်လို့ဆိုတဲ့လောဘကိလေသာနဲ့ လှုတာတွေရှိသလို မိရိုးဖလာအယူအဆတိုင်းလုပ်ရိုးလုပ်စဉ်မို့ အလှုလုပ်နေသူတွေ၊ တကယ့်စစ်မှန်တဲ့သဒ္ဒါတရားနဲ့ အလှုလုပ်နေသူတွေ ဆိုပြီးရှိပါတယ်။ အလှုဆိုတာလှုတတ်ရင် ညောင်စေ့လောက်လှုသော်လည်း ညောင်ပင်ကြီးလောက်အကျိုးပေးနိုင်ပါတယ်။ မလှုတတ်ရင်ညောင်ပင်ကြီးလောက် လှုသော်လည်း ညောင်စေ့လောက်ပဲအကျိုးပေးစေနိုင်ပါတယ်။ ဒိထက်ဆိုးရင်တော့ ကုသိုလ်တပဲငရဲတပိဿာ ဖြစ်သွားစေနိုင်ပါတယ်။

…..(အနောက်နိုင်ငံက လှူတွေကတော့ သူတို့ဘုရားသခင်ကြိုက်အောင်ဆိုတာ တစ်ခုလောက်ကိုပဲ ဦးတည်ပြီး တကယ်လိုအပ်တဲ့ နေရာတွေမှာ လိုအပ်တာ တွေကိုလှူကြပါတယ်။ စာသင်ကျောင်းမရှိတဲ့နေရာ.. ကလေးတွေ ကျောင်း သွားတက်ရတာ ဝေးတဲ့နေရာ..တွေမှာ စာသင်ကျောင်းလှူတယ်။ ရေမရှိတဲ့ နေရာ ရေလှူတယ်။ လှူတဲ့သူက ဘုရားသခင်ကြိုက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူတာဖြစ်လို့ လှူသင့်တဲ့နေရာမှာ လှူကြတယ်။ လိုအပ်တာရသွားတဲ့သူတွေ သိပ်အကျိုးများတယ်။ နိုင်ငံအတွက်လဲ သိပ်အကျိုးများတယ်။)…..

ဒီအချက်ဟာမြတ်စွာဘုရားဟောကြားခဲ့တဲ့ကာလဒါနဆိုတဲ့လိုအပ်တဲ့အချိန်တွေမှ အချိန်ကိုက် လှုဒါန်းခြင်းမျိုးဖြစ်လို့ ဘာကြောင့်ပဲလှုလှု အကျိုးများပါတယ်။ အကြောင်းကြောင့်အကျိုးဖြစ်တာပါ။ ဒီလိုလိုအပ်တဲ့အချိန်တွေမှာအချိန်ကိုက်လှုဒါန်းတဲ့အတွက် ကိုယ့်မှာအခက်အခဲကြုံရင်လည်း အချိန်ကိုက် ကူညီမှုမျိုး ထူးဆန်းစွာကြုံတွေ့ရတတ်ပါတယ်။ သဒ္ဒါတရားထက်သန်ရင်ပိုပြီးအကျိုးပေးပါတယ်။

…..(ဗုဒ္ဒဘာသာတွေကတော့.. ၀ါဆိုသင်္ကန်းလှူရင် ငရဲမရောက်ဘူး။ သောတာ ပန်နဲ့တူတယ်။ ရေလှူရင် ရေအကျိုးဆယ်ပါး။ ကထိန်လှူတော့ ကထိန်သင်္ကန်းအကျိုးက ငါးမျိုး.. ကြေးစည်လှူရင် အသံကောင်းမယ်.. ကိုယ့်သားကို ရှင်ပြုမှ သာသနာ့အမွေခံနိုင်မယ်။ စသဖြင့်ဒါနဲ့အကျိုးတွေ အမျိုးမျိုးပြောပြီး သိနေကြတော့.. အလှူခံတဲ့နေရာနဲ့ အလှူခံသူတွေ လိုအပ်လို့ အကျိုးများတာ မများတာ မသိ ထည့်မတွက်။ .. နောင်မှာ ကိုယ်လိုချင်တဲ့ အကျိုးကိုပဲ ကြည့်ပြီးလှူနေကြတာတွေဟာ အသိမဲ့အလှူတွေ.. မသိမှုဦးစီးလှူတဲ့ အလှူတွေကြောင့် နိုင်ငံမှာ လှူသလောက် အကျိုးမများသလိုဖြစ်နေတယ်လို့ ခံစားမိပါတယ်။ )…..

လှုတယ်ဆိုတဲ့ နေရာမှာ အလှုရှင်နဲ့ အလှုခံ ၂မျိုးရှိပါတယ်။ အလှုရှင်က ကိုယ်စိတ်ထက်သန်မှာ လှုတာသူ့အတွက် ပိုပြီးသဒ္ဒါတရားအားကောင်းတတ်ပါတယ်။ အလှုရှင်ရဲ့ တွေးအခေါ်အသိပညာဗဟုသုတပေါ်မူတည်ပြီးအကျိုးပေးကွာတတ်ပါတယ်။အသိဥာဏ်မပါတဲ့အလှုကတော့ အကျိုးပေးအားနည်းတတ်ပါတယ်။

…..(ကျွန်တော်မြင်တွေ့နေတာလေးတွေကိုသုံးသပ်ရရင်..
ဒီနေ့ ဘုရားဖူးအဖွဲ့တွေ.က .. ကားပေါ်ကနေ ပိုက်ဆံတွေကျဲကြတယ်။ လမ်းဘေးကလေးတွေက လုကောက်ကြတယ်။ ကားတိုက်မှု.. စာသင်ပျက်မှု စတာတွေဖြစ်လို့ နိုင်ငံတော်မှ တားရတယ်။ တောင်ပြုံးတို့. အများကြီးပါ။ ကြိုက်ထီးရိုး ပုံဂံ နေရာအနှံ့ပါ။ ဒါန ဟာ ကောင်းတယ်ဆိုပေ မယ့် အသိမဲ့လုပ်ရင် ကောင်းပါသလား။ အဲဒီလို ကားပေါ်ကနေ ငွေတွေကျဲ နေတာလဲ အလှူတွေပဲ မဟုတ်လား။
ရွာတရွာမှာ လျှပ်စီးမီးလင်းရေးအတွက် သိန်းငါးရာလိုနေပါတယ်။ လှူသူမရှိဘူး။ ဒါပေမယ့် အဲဒီရွာ ရှင်ပြုအလှူပွဲ တနှစ်ထဲ ၁၀=လှူရှိတယ်။ သိန်း ၇၀၀-ကုန်သွားတယ်။ အဲဒီအလှူဆယ်လှူကြောင့် ၁-လှူကို တရွာလုံး ၁၀-ရက်ပဲ အလုပ်ပျက်။ ၁၀=လှူအတွက် ရက်၁၀၀ အလုပ်ပျက်သွားတယ်။ အဲဒီအလှူတွေမှာ ၀တ်ဖို့.. မိဘတွေက သားသမီးတွေကို ဖိနပ်။ မိတ်ကပ်။ အ၀တ်အစား.. နောက်ထပ်ရွာက ကုန်လိုက်တဲ့ငွေ သိန်း၅၀၀. တွက်ကြည့်ပါ။ ဒါတွေဟာ လှူတာကောင်းတယ်ဆိုပေမယ့် အသိမဲ့အလှူတွေဟာ လူကိုသိပ်အဆင်မပြေစေဘူးလို့ခံစားမိပါတယ်။ တရွာလုံး မီးတွေလင်းမယ်။ ကလေးတွေ ပညာရေး ညတွေစာကြည့်နိုင်မယ်။ လူနေမှု အဆင့်အတန်းမြင့်မယ်။ တသက်လုံးရွာမှာ အကျိုးတရားတွေ အများကြီးရမယ်ဆိုတာမျိုးကို လူတွေစိတ်မ၀င်စားပဲ ရှင်ပြုအလှူပွဲ ၁၀=လှူ ကျင်းပလိုက်တာ ဒီနေ့..ဒီနှစ်မြန် မာနိုင်ငံမှာ တကယ်ရှိနေပါတယ်။
အဲဒီ သားရှင်ပြုအလှူကို ပြန်ကြည့်ပါဦး… မဏ္ဍာပ်ငှားတာ..၇=သိန်း။ ဆိုင်းငှားက ..၅-သိန်း..ဘိသိတ်က ၂-သိန်း။ အသံချဲစက် ၂-သိန်း။ အလှူ့အမ အလှပြင်ခ ၇-သောင်း။ အလှူအမ ထမိန်ဖိုး ၂သိန်းငါးသောင်း။ မြင်းငှားခ.. မောင်ရွှေရိုးအက.. ဟိုတတို့ ဒီတတို့ ၁၀-သိန်း။ ကိုရင်ဖို့ သင်္ကန်းဖိုးစုပေါင်း ၇-သောင်း။ ရွာကိုထမင်းကြွေးစရိတ် စတာတွေ.. အများကြီးပါ။ ဒါတွေဟာ ကိလေသာနဲ့ လှူတာတွေမဟုတ်ပါလား။ ဘယ်လိုပဲ ပြောပြော ဟုတ်တယ်လို့ ဆိုဆို…မဟုတ်ဘူးလို့ ငြင်းငြင်း ဒီနေ့ နိုင်ငံအတွက် ဒီလိုအလှူတွေ အကျိုးဖြစ်ထွန်းမှု အားနည်းတယ်လို့ခံစားမိပါတယ်။ ဆွေးနွေးမှု ရှည်သွားတဲ့ အတွက် သီးခံပေးပါခင်ဗျာ။ ကျွန်တော့်ကို အနုကမ်ပံ ဥပါဒါယ ဆိုတဲ့အတိုင်း သနားမှုကို အကြောင်းပြုပြီး ဆွေးနွေးပြုပြင်ပေးမယ်ဆိုရင် အလွန်ဝမ်းသား မှာဖြစ်ပါကြောင်း… စာရှေသွားတဲ့အတွက် လွန်စွာအားနာမိပါကြောင်း။)…..

တောင်ပြုံးတို့ဘာတို့သွားပြီးဆိုကတည်းက ဘုရားတရားသံဃာ သည်သာအားကိုးရာ၊ ကံနှင့်ကံ၏ အကျိုးကို ယုံကြည်မှုမရှိပဲနတ်မပြီးချမ်းသာဖို့ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့အတွက် သဒ္ဒါတရား ပျက်နေပါတယ်။ ဒါကြောင့်သူတို့ရဲ့အလှုဟာ အကျိုးမများပါ။
ဘုရားတရားသံဃာဆိုတဲ့ရတနာ၃ပါးဟာ လောကီက ကင်းလွတ်စေနိုင်သော လောကုတရာတရားများဖြစ်သဖြင့် ဘုရားတရားသံဃာကို လှုတဲ့အလှုကို သဒ္ဒါတရားကောင်းစွာဖြင့်လှုဒါန်းရင် အင်မတန်အကျိုးများတယ်ဆိုသော်လည်း အချိန်တိုင်းအတာတခုရောက်မှ အကျိုးပေးတတ်တာပါ။ ရပ်ကွက်မီ်းလင်းရေးဆိုတာက ကိလေသာထူပြောနေတဲ့လူသားတွေအတွက် လှုခြင်းဆိုသော်လည်း ကာလဒါန ဖြစ်သဖြင့်အကျိုးရှိတယ်လို့မြင်ပါတယ်။ လှုတယ်ဆိုတဲ့ နေရာမှာ အလှုရှင်နဲ့ အလှုခံ ၂မျိုးရှိပါတယ်။ အလှုရှင်က ကိုယ်စိတ်ထက်သန်မှာ လှုတာသူ့အတွက် ပိုပြီးသဒ္ဒါတရားအားကောင်းတတ်ပါတယ်။ အလှုရှင်ရဲ့ တွေးအခေါ်အသိပညာဗဟုသုတပေါ်မူတည်ပြီးအကျိုးပေးကွာတတ်ပါတယ်။အသိဥာဏ်မပါတဲ့အလှုကတော့ အကျိုးပေးအားနည်းတတ်ပါတယ်။

http://myanmargazette.net/90448/creative-writing

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)