စိတ်၏စေရာ ညာရဲ့ အညာ

မမ အညာသူJune 16, 20121min14816

တစ်ရွာလုံးကိုတမာရနံ့တွေလွမ်းခြုံထားတဲ့ညနေခင်းမိုးလေးဖွဲဖွဲကျနေတဲ့အချိန်မှာ ညာရွာထဲကိုလမ်းလျောက်ထွက်လာခဲ့တယ်လေ…..

ကလေးတွေကစိမ်းစိုနေတဲ့သစ်ပင်ကြီးတွေအောက်မှာ….ပြေးလွှားဆော့ကစားနေကျတာပေါ့…(သူတို့လေးတွေကိုကြည့်ရတာညာတောင်ကလေးဘဝ

ကိုပြန်ရောက်သွားသလိုလို.)……..အယ်ဟိုရှေ့ကရေခတ်ဆင်းလာတဲ့လုံမပျိုလေးတွေ….သနပ်ခါင်းပါးကွတ်ကြားလေးတွေနှင့်ကျက်သရေရှိပြီမဟာဆန်လိုက်တာ…..

ရွာလည်ကွင်းပြင်ကျယ်ကြီးမှာချင်းခတ်နေတဲ့ကာလသားတစ်ချို.နှင့် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ဆေးတန်ခဲရင်းစကားစမည်ပြောနေတဲ့လူကြီးတွေရယ်ပေါ့……

မိုးလေးနှင့်အတူသယ်ဆောင်လာတဲ့တမာရနံ့လေးသင်းသင်းလေးကစိတ်ဘဝင်ကိုကြည်နူးဖို.ကောင်းလိုက်တာ………..ညာတောင်လျှောက်လာရင်းနှင့်

ဆွဲလဲသံလေးတွေခေါ်ဆောင်ရာရွာထိပ်ကရွာဦးကျောင်းတောင်ရောက်ခဲ့ပြီလေ…ရွာထိ်ပ်တမာတန်းကြီးက လမ်းသွားလမ်းလာအများသူငါကို မင်္ဂလာပါလို့ နှတ်ဆက်နေသရောင် ထင်မိပါတယ်…….

ဟိတ်ညာထတော့လေဘယ်အချိန်ရှိနေပြီလဲ….

ဟင်..ဒါဆိုငါအိပ်မက်မက်နေတာပေါ့……

အဲအချိန်မှာညာတကယ်ပဲပြုံးမိလိုက်ပါတယ်………..

မှတ်ချက်-ညာသည်စာရေးဆရာမဟုတ်ပါ

သီးခံပြီဖတ်ပေးပါရှင်

 

16 comments

  • htoosan

    June 16, 2012 at 11:03 am

    အဟမ်း … ချင်းခတ် ခြင်းခတ် …
    ဘယ်လိုရှင်းရမလဲ သိတော့ဝူး .. ပြီးတော့ ပြီးတော့
    ဆရာမ မမ အား အတို့အထောင်လုပ်၍ ပြေးပါပြီ။ 😀

  • မမ အညာသူ

    June 16, 2012 at 11:03 am

    ခေါင်းစဉ်မေ့သွားတယ်နော်……….ဘွာတေး
    ခေါင်းစဉ်ကိုတော့ကိုဘာသာကိုတက်ပြီတာဖတ်လိုက်ပါတော့နော်…..
    ညာကအားလုံးကိုခင်မင်လျက်ပါနော်……..)::::

  • water-melon

    June 16, 2012 at 11:30 am

    ခေါင်းစဉ်မေ့သွားတယ်နော်……….ဘွာတေး ဆိုတာတော့ရတယ်နော်
    ချစ်ပြီးမှ ဘွာတေးလို့လာမပြောနဲ့
    စိတ်ဆိုးမှာ 😀

  • shwe kyi

    June 16, 2012 at 11:31 am

    မမညာရေ
    ဇာတိမြေကိုလွမ်းနေတာလားဟင်..။
    ခေါင်းစဉ်ကို (စိတ်၏စေရာ) လို့ ကိုယ့်ဘာသာပေးလိုက်တယ် အဟဲ။

  • koko thant

    June 16, 2012 at 11:48 am

    မမ အညာသူ အိပ်မက်ကို ဖတ် ပြီး အနော်တောင်ရွာကျန်ချင်ပီ
    ွွှှရွာကိုလွမ်းတယ်ဂျာ
    ရွာကိုပဲပြန်ကျေးတော့မယ်
    သွားပီ

  • မောင်ပေ

    June 16, 2012 at 12:23 pm

    ဖြစ်သေးပါဘူး
    မမညာကို ကိုပေ အမြန်ဆုံး လာခေါ်လိုက်မယ်နော်
    o aye aye o

  • ညလေး

    June 16, 2012 at 1:41 pm

    ခေါင်းစဉ် မပါပေမယ်…..
    ဖတ်လို.တော့ကောင်းပါတယ်…..မမညာရယ်…
    ဆက်လက်အားပေးရန် စောင့်မျော်လျက်ပါ……မမအညာသူ……
    ခေါင်းစဉ်လေး တစ်ခုပေးလိုက်မိတယ်…….(အိပ်မက်စေစားရာ)လို…

  • ကိုရင်စည်သူ

    June 16, 2012 at 2:01 pm

    အညာသူလေး… အိပ်မက်ထဲမှာ တမာနဲ့ရနံ့လေးနဲ့အတူ
    ကတုံးလေနဲ့ ကိုရင်ကော မပါဝူးလာဟင်… 😳 😳
    အညာသူလေးပို့စ်က ခေါင်းစဉ်မတပ်ထားပေမဲ့..
    ကိုရင်ကတော့ ဂတုံးပေါ်ထိပ်ကွက်တယ်လို့ ပြောပြော…
    နှလုံးသားထဲ ခေါင်းစဉ်တပ်လိုက်ပီနော်… 🙄
    ညာသူလေးတို့ ရွာကို ကိုရင် မောင်ဂျစ်နဲ့ လာရင်
    ရှောင်ပစ်လို့ မတွားရဘူးနော်… 😉

  • မွန်မွန်

    June 16, 2012 at 5:56 pm

    ရွာကိုလည်း ချစ်တယ်။ အညာကိုလည်း ချစ်တယ်။

    ကျောင်းပိတ်ရက် အမျိုးတွေရှိတဲ့ ရွာကို သွားလည်ရင် ညနေဘက် နေဝင်ချိန်မှာ ကောက်ရိုးပြတ်တွေနဲ့ လယ်ကွင်းတွေဘက် လမ်းလျှောက်ရတာ လေကလေးက တဖြူးဖြူးနဲ့ တော်တော်လေး ကြည့်နူးဖို့ကောင်းတယ်။ စိတ်ထဲမှာလည်း လွမ်းသလိုလို ဘာလိုလိုနဲ့။

    အညာကိုမရောက်ဖူးပေမယ့် ငယ်ငယ်ကတည်း ဖတ်ခဲ့ရတဲ့ ကဗျာတွေကြောင့် အညာကို သွားချင်တယ်။

    အော်..ဒါနဲ့ စကားမစပ် (သုမောင်စကား) စာလုံးပေါင်းလေးတွေ ပြင်ပေးချင်တယ်.. အကြောင်းပြန်နော်..လက်ခံရင် နောက်ကွန်မန့်မှာရေးမယ်… 🙂

  • စိန်ဗိုက်ဗိုက်

    June 16, 2012 at 6:05 pm

    အိပ်မက်ထဲက အညာပေါ့ဗျာ..
    ခစ်ခစ်..ဗျစ်..ဗျစ်..

  • ရွှေထီး

    June 16, 2012 at 6:11 pm

    ဟား…မမအညာသူရေ ကျွန်တော်က အညာသားမဟုတ်ပေမယ့် အညာကိုခဏခဏရောက်တယ်ဗျို့
    မမညာပြောမှပဲ…ပိုလွမ်းလာမိတယ်….
    ခင်တဲ့…..အကြေသား…..ရွှေထီး…..

  • လူ ဟား

    June 16, 2012 at 6:13 pm

    ဒီရွာကြီးမှာ တော်ဝင်ပိတောက်ပန်းမရှိပေမယ့်… ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့ အခါ.. ဖြဲပန်းခိုင် ကုိုသာ ပန်ကာကျေနပ်ပါနော်…။
    (ဖြဲသီး နဲ့ သဂျီးကို ပြောတာနော့..) သတ္တိရှိရင် ပန်လိုက်စမ်းဘာ…

  • ဇောက် ထိုး

    June 16, 2012 at 6:42 pm

    ညာက.. ညာက.. ဆိုတော့ ညာတော့မှာပေါ့ဟုတ်လား။ ဘယ်သူ့ကို ညာမှာလဲ။
    ဂေဇက်ရွာ တရွာလုံးကိုလား..

  • kyeemite

    June 17, 2012 at 3:44 pm

    ရွာထိ်ပ်တမာတန်းကြီးက ….ဆိုတော့ အညာကိုလွမ်းမိပြန်ရော..အညာသူလေးရေ..
    `အော်..မောင်တို့အညာမှာ..တမာပင်တန်းတွေနဲ့..ထန်းပင်ထန်းတော..လွမ်းမောစရာဘဲ..
    အညာသူရေ..´
    ပြန်အိပ်ပီးဆက်ရေးပါအုံး..
    ခင်တဲ့..အညာသား..
    ကြီးမိုက်။

    • mama noyar

      June 18, 2012 at 1:00 pm

      အညာကို သတိရမိပါတယ်

      • nga myo

        June 26, 2012 at 9:42 am

        ဪ………မမညာပြောမှပဲ ကျွန်တော်ရဲ့အညာသူလေးကိုသတိရလိုက်တာဗျားးးးးးးးးးးဟဲဟဲ

Leave a Reply