ကမ္ဘာ့အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင်စာရင်းတွင် မြန်မာပြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တတိယချိတ်ဆွဲ

True FaithJune 23, 20101min9211

ယခုနှစ် ကမာ္ဘ့အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင်စာရင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တတိယချိတ်ဆွဲခဲ့ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက၂၀၁ဝ ပြည့်နှစ်အတွက် ကမာ္ဘပေါ်ရှိ ဆိုးရွား သော အာဏာရှင်များနှင့်
နိုင်ငံခေါင်းဆောင် ၂၃ ဦးအနက် ပထမနေရာတွင် မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအီးလ်၊ ဒုတိယနေရာတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီတို့ပြီးနောက်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သတ်မှတ်ထားခြင်း ဖြစ်သည်။


ရဲစွမ်း သတ္တိ ရှိကြောင်း ဆုတံဆိပ်ပေါင်းများကို ကိုယ်တိုင်ချီးမြှင့်ပြီး ရင်ဘတ်တွင် တပ်ဆင်ထား သော်လည်း ဗိုလ်ချုပ် မှူးကြီးသည်
လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ လုပ်ပေးရန် သတိ္တမရှိသူ ဟုလည်း ဖော်ပြ ထားသည်။

အာဏာရှင်တိုင်း ဆိုးသွမ်းကြ သော်လည်း ယခုထုတ်ပြန် လိုက်သည့် နိုင်ငံခေါင်းဆောင် များသည် အဆိုးတကာ့ အဆိုးဆုံး ဖြစ်ကြသည်ဟု Foreign Policy
မဂ္ဂဇင်းက မီးမောင်း ထိုးပြ ထားသည်။

၁၈ နှစ်ကြာမျှ အာဏာကို ရယူထားသော ဗိုလ်ချုပ်မှူးကြီး တတိယနေရာချိတ်ခြင်းမှာ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာလှုပ် ရှားသူများကို ရက်ရက်စက်စက် နှိမ်နင်းပြီး ဖမ်းဆီးထောင်ချခြင်း၊ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တသိန်းလေးသောင်းခန့် သေဆုံးခဲ့ပြီး လူပေါင်း ၂.၅ သန်းခန့် အတိဒုက္ခ ရောက်ချိန်တွင် နိုင်ငံတကာမှ လူသားချင်း စာနာသော အထောက်အပံ့များကို ငြင်းပယ်ခဲ့ခြင်း၊ သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရာတွင် မှောင်ခိုငွေကြေး ဈေးကွက်နှင့် အစိုးရတရားဝင် ငွေလဲနှုန်း ကွာဟချက် အပေါ်တွင် အကျိူးအမြတ်များ ရယူနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ်မှာမူ နျူကလီးယားထုတ်လုပ်မှုကိုသာ ကြိုးပမ်းနေပြီး ပြည်သူလူထုကို ဆင်းရဲငတ်မွတ်အောင် ပြုလုပ်ထားသူဖြစ်သည်။
ထို့ပြင် နိုင်ငံသား ၂ သိန်းခန့်ကိုလည်း အကျဉ်းစခန်းများသို့ ပို့ထားသည်။

ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက နိုင်ငံ၏ လွတ်မြောက်ရေး သူရဲကောင်း ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်
ရက်စက်ကြမ်းကြုတ်သည့် သက်ဦးဆံပိုင်တဦးဖြစ်သည်။ အတိုက်အခံများကိုလည်း ဖမ်းဆီး၊ နှိပ်စက် ညှဉ်းပန်းခဲ့သည်။ တချိန်တည်းတွင် တိုင်းပြည်၏
စီးပွားရေးကို ချွတ်ခြုံကျစေပြီး ငွေကြေးဖောင်းပွမှုကို ရာနှုန်းထောင်ဂဏန်းအထိ ဖြစ်စေသူလည်း ဖြစ်သည်။ ပြည်သူလူထု ငတ်မွတ်နေချိန်တွင် ကမ်းလွန် ဒေသမှရရှိသော အကျိုးအမြတ်များနှင့် ခမ်းနားကြီးကျယ်စွာ နေထိုင်နေသူလည်းဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြထားသည်။

Foreign Policy မဂ္ဂဇင်းမှ ထုတ်ပြန်သော ယခုနှစ်အတွက် အဆိုးတကာ့ အဆိုးရွားဆုံး အာဏာရှင်စာရင်းတွင် ယူဂန်ဒါ၊ ရဝမ်ဒါ၊ ကျူးဘား၊ တရုတ်၊
အီရန်၊ ဗင်နီဇွဲလား၊ ဆူဒန်၊ အီသီရိုးပီးယား၊ အီဂျစ် စသည့် နိုင်ငံများလည်း ပါဝင်သည်။

11 comments

  • ghost

    June 23, 2010 at 9:23 pm

    ဘာလို ့…….အဲဒီစရင်းထုတ်ပြရတာလဲကွာ………တော်ကြာ သန်းရွှေတွေ ့သွားပြီး နမ်ပတ် တစ် ရအောင် ကြိုးစားနေလိပ်မယ်။။

  • chitlay

    June 24, 2010 at 2:29 am

    အမှန်တကယ်ဆို သန်းရွှေက နံပါတ်တစ်ဖြစ်ရမှာမဟုတ်ဘူးလား ။

  • snow

    June 24, 2010 at 4:12 am

    ဘယ်သူတွေအတွက်ဘာဖြစ်ဖြစ်
    ငါတို ့အမြင်ကတော့
    ဦးသန်းရွှေက နံပတ် တစ်

  • yannaingech

    June 24, 2010 at 5:28 am

    အမွဲဆုံးတိုင်းပြည်တို့၊ အဆိုးဆုံးအာဏာရှင်တို့ ဘာမှသောက်သုံးမကျတဲ့နေရာတွေမှာတော့ ဒို့နိုင်ငံက Top 10 ထဲတက်တက်ချိတ်နေတယ်။ ရှက်ဖို့ကောင်းပါဘိ…

  • Black Ice

    June 26, 2010 at 7:01 am

    ပထမ မရတဲ့အတွက် ဝမ်းနည်းပါတယ်။
    နောင်နှစ်တွေမှာ ဆက်လက်ကြိုးစားနိုင်ပါတယ်။

  • Unnamed

    June 26, 2010 at 5:09 pm

    နောင်နှစ်တွေမှာလဲ ပထမနေရာရဖို့ ဒီပုံစံ လုပ်ကွက်နေအနေနဲ့ ပထမရနိုင်ပါတယ်။

  • chitsayar

    June 26, 2010 at 8:15 pm

    ဟုတ်ကဲ့ သားသားကိုခုလို အားပေးတာ ကျေးဇူးတင်ပါတယ်
    ပထမ ရအောင် သားသား ကြိုးစားပါ့မယ်

  • Yin Nyine Nway

    July 21, 2010 at 11:24 am

    ဟုတ်ကဲ့ သူပထမရအောင်ကြိုးစားနေပါတယ်

  • cobra

    July 21, 2010 at 2:48 pm

    ကဲ
    ဦးသန်းရွှေ..နောက်တခါပထမရချင်ရင်..ရွေးကောက်ပွဲမှာ…ဗုံးထောင်လိုက်ဗျာ….။စေတနာနဲ့အကြံပေးတာနော်…စောက်ရူးရဲ့…။

  • annku7781

    September 11, 2010 at 8:31 pm

    ကဲမောင်မင်း ဒီမှာရပ်ရင် နံပါတ် ၃ ရမယ်
    ဆက်ရွေးမယ်ဆိုရင် ဆက်ရွေးလို ့ရတယ်ဆိုလို ့
    သူ ဒီထက်ကျမှာဆိုးလို ့ဒီနားမှာရပ်လိုက်တာထင်တယ်နော် 😛

  • winkyawaung

    September 12, 2010 at 2:02 am

    ကမ္ဘာသမိုင်းမှာသာ တတိယပါ။ မြန်မာ့သမိုင်းမှာတော့ ပထမဆုရ အာဏာရှင်ကြီးပါဗျာ..။ ဘာသာရေးကိုတောင် ပျောက်အောင် သုတ်သင်သတ်ဖြတ်သူ.. ငရဲပြည်မှာလည်း သူကပထမဆုသွားယူအုံးမှာ..မကြာတော့ပါဘူး။

Leave a Reply