ရွာသူရွာသားများကို ဧည့်ခံခြင်း

manawphyulayJune 16, 20122min33526
ကဲ အားလုံးအတွက် ကျွေးတယ်နော်

ကဲ လာစားနေရင် ကြာနေမှာနဲ့ အလုပ်ပျက်မှာကြောင့် ခုလို ရွာသူရွာသားအားလုံး စုံလင်တဲ့ ရွာထဲမှာပဲ ကျွေးလိုက်ပါတယ်နော်။ အားလုံးအတွက် ကျွေးတာဆိုတော့ အဝစားသုံးနိုင်ကြပါတယ်။ ရွာသူရွာသားအားလုံးဆိုလို့ သူဂျီးက သူ့မကျွေးဖူးဖြစ်နေဦးမယ်။ သူဂျီးလည်း အဝစားနော်။ သိလား။

ပူပူနွေးနွေးလေး စားလိုက်ကြနော်။
ဟော့ပေါ့ စားချင်သူများအတွက်
အကင်လေးတွေလည်း စားလိုက်ကြနော်
ဒါကတော့ သားသားတို့အကြိုက်ပေါ့လေ..

စုံလင်စွာ ကျွေးတာနော။

ဒါလေးကလည်း အာလူးချောင်းကြော်လေးတွေလည်း ပါတယ်။

26 comments

  • may flowers

    June 16, 2012 at 2:35 pm

    စားဦးမှာ ..ကျေးဇူးမနောရေ။ မနောကျေးဇူးကြောင့် ဒီနေ့တော်တော်စားလိုက်မိတယ်။ အစာကျေဆေး

    လေးပါယူခဲ့ ရမှာနော်…………ငါ့နှယ်မေ့တတ်လိုက်တာတော်။

  • mayjuly

    June 16, 2012 at 2:49 pm

    ဟွင့် လူဇိုး ဂယ်လည်းစားရဘူး..
    ဗိုက်ဆာအောင်လုပ်တယ် .. ပြန်လျှော်ပေးး

    မှတ်ထားလိုက်ပီ..ဒီတစ်ခါတွေ့ရင် ဂယ်ကျွေးရတော့မည်။ 😀

    • manawphyulay

      June 16, 2012 at 2:52 pm

      ကျွေးပါမည်။ တွေ့အောင် လာခဲ့ပါ…. 🙂

      • Myo Min Oo

        June 16, 2012 at 5:31 pm

        လိပ်စာလေး ပေးခဲ့မှ လာစားလို့ရမှာပေါ့။

  • manawphyulay

    June 16, 2012 at 2:51 pm

    ပုံလေးတွေက လှုပ်လည်း လှုပ်ဘူး။ ဘိုလိုဖစ်တာပါလိမ့်….

    • water-melon

      June 16, 2012 at 3:07 pm

      လှုပ်ချင်ရင် ဘီယာအဝတိုက်ပြီး DJ Dance ဖွင့်ပေးလိုက်
      ရေရေလည်လည်လှုပ်လိမ့်မယ်

    • Ma Ei

      June 18, 2012 at 2:13 pm

      လှုပ်စိလှုပ်စိ အငွေ့တထောင်းထောင်းနဲ့ဆို
      ပိုပြီးစားချင် ပိုဆာနေကြမှာစိုးလို့
      သူကြီးခိုင်က ပေးမလှုပ်တာနေမှာ နော်…

  • myanmarcitizen

    June 16, 2012 at 3:08 pm

    ဘယ်မှာကျွေးမယ်လာခဲ့ကြပါ လို့ပြောထားလားလို့ ကြည့်လိုက်တော့ ပုံတွေပဲတွေ့တယ်။ ဘီယာလေးပဲ ကစ်သွားတယ်ဗျို့

  • မွန်မွန်

    June 16, 2012 at 3:15 pm

    မလှုပ်တာပဲ ခပ်ကောင်းကောင်းရယ်…နို့မို့ဆို မော်နီတာကြီး ဝါးစားမိလိမ့်မယ်…

  • ညလေး

    June 16, 2012 at 3:16 pm

    မမ မနောကျွေးတာကလဲ ပင်လယ်စာတွေခြည်းပဲ……
    ညလေးနဲ. ဓါတ်မတည့်ဝူး…….တော်သေးတယ်
    ကြက်ဆင် နဲ. အာလူးကြော်ပဲ ဝါးတော့မယ်….
    ကျေးကျေးနော်……ရှလွတ်…….အဟွတ်
    ဆောစ့်များသွားလို….

  • ကိုရင်စည်သူ

    June 16, 2012 at 3:23 pm

    ပင်လယ်စာဆို ဒီက သိပ်ကြိုက်တာ..
    ပုံတွေအားလုံးကတော့ ကိုရင့်တို့ အတွက်ဆို
    အမြည်းကောင်းတွေချည်းပဲ…
    ညလေး ကြိုက်တာ နှစ်ခုလုံး တိုရင်ကြိုက်တယ်….
    မနောကြီးက တကယ်လည်း မကျွေးပဲနဲ့
    အပျော်ကြံဒယ်… ဒါမျိုးတွေ သူသိပ်တတ်… 🙁 : 🙁

    • စိန်ဗိုက်ဗိုက်

      June 16, 2012 at 3:29 pm

      ဂတ်..ဂတ်..ဂတ်..
      အဲလေ..
      ဒေါ်ပျိုဂျီးအကြောင်း ခင်ဗျားလဲသိရက်နဲ ့ဗျာ..
      နာမည်နဲ ့လိုက်အောင် ကပ်စေနဲတာ..ကလားဗျာ..
      (ဒေါ်ပျိုဂျီး မခံချင်ဖြစ်ပြီး ဘဲကင် ဝယ်ကျွေးရင် ကျုပ်ကိုတစ်ဝက်လာပို ့ဦးဗျ)

      • manawphyulay

        June 16, 2012 at 3:45 pm

        အောင်မယ် ၈ မိုင်ကနေ ဘယ်မှမကြွပဲနဲ့များ လာပြောနေသေးတယ်။ သွေးမခွဲပါနဲ့။ ကိုရင်စည်တို့က မပြောလည်း သိပြီးသားနော်။

  • kyeemite

    June 16, 2012 at 4:27 pm

    ရဲဘော်ဘလက်…အဲလေ..ယောင်လို့..
    ဒါဘယ်ဘလက်တလုံးထောင်ပီးမြည်းသွားပါတယ်ချင့်..အဟင့်..ဟင့်

  • shwe kyi

    June 16, 2012 at 4:50 pm

    မ မနောက စေတနာကောင်းလိုက်တာ။
    ရွှေကြည် ဗိုက်ပြည့်သွားပြီ။ အဝစားသွားပါတယ်နော်။

  • YE YINT HLAING

    June 16, 2012 at 5:22 pm

    နေဦး ! ခုတော့ ရေချိုး လိုက်ဦးမယ်၊ ပီးမှ ဘီအီး နဲ့ မြည်းမယ်၊ ကိုဗိုက် ရေ အဆင်သင့် ပြင်ထားဗျို့၊

  • ရဲစည်

    June 16, 2012 at 8:21 pm

    ဂလု ….ရှလွတ်
    အားပါးတရ စားသွားပါကြောင်း…
    အစ်မရေ ပိုက်ဆံရှင်းမယ်………..ဘယ်လောက်ကျလဲ
    ………အဲဝိုင်းက ၁ဝတန် ၂ကျပ်ယူမယ်(စားပွဲထိုး ဖြဲသီးလှမ်းအော်သံ)

  • fatty myat

    June 17, 2012 at 3:53 pm

    မမနောရေ….နောက်တစ်ခါဆို ဝက်သားတုတ်ထိုး နဲ့ မာလာကြက်ခြေထောက်သုပ်လေး ပါကျွေးနော်…..

  • Crystalline

    June 17, 2012 at 4:27 pm

    အစ်မရယ်… စေတနာတွေကောင်းလှချီလား… စာမူခလေးတွေတော့ပြောင်သွားမှာပဲနော်..

  • kaung lay

    June 18, 2012 at 12:15 pm

    အတော်ပဲဆိုပြီးဗိုက်ဆာဆာနဲ့စွဲလိုက်တာ
    ဗိုက်တောင်အင့်သွားပြီးရွာထဲမလည်နိုင်တော့ဝူး။

  • Thel Nu Aye

    June 18, 2012 at 12:29 pm

    နှစ်ရက်လောက်နောက်ကျပြီးမှဖွင့်မိလို့ ကျန်တာလေးပဲစားသွားပါတယ်။ နောက်မှအဝထပ်ကျွေးပါ။

  • Mon Kit

    June 18, 2012 at 1:35 pm

    ဟားးးးးးးးးးးး. ရွာပြင်မှာ ဆွဲလိုက်ရရင်တော့ ရှယ်ဘဲ…

  • snow white

    July 5, 2012 at 4:28 pm

    တကယ်စားရရင်သိပ်ကောင်းမှာဘဲ ဗိုက်တော်တော်လေးဆာနေပြီ စိတ်ကူးနဲ့ တောင်မဝဘူးစားရတာ ….

  • mon nyein

    August 31, 2012 at 2:46 pm

    စာချင်စရာတွေများနေတယ်စားချင်တွေစိတ်တွေတောင်ရှိလားပြီး ဟူး…..

  • pyopyo may

    August 31, 2012 at 4:39 pm

    မိုးအေးအေး နဲ့ ဟော့ပေါ့ စားချင်နေတာ
    အတော်ပဲ – စားလို့ကောင်းမဲ့ ပုံလေး
    အားပေးသွားတယ် နော်

Leave a Reply