သူတို့ကတော့ ဒီလိုသဘောထားပါသတဲ့

ဒီပုံလေးတွေကတော့ ရွှေလီ ကျောက်မျက်ရတနာရောင်းတဲ့နေရာမှာ တွေ့ခဲရတဲ့ဆိုင်းဘုတ်2ခုပါ။

လွတ်လပ်စွာသဘောကွဲလွဲခြင်းဆိုတဲ့ပိုစ်မှာ ဦးပါလေးရာကဒီလိုမန်းထားတာတွေ့ပါတယ်.

 

(တရုတ်တွေကတော့ သူများကို အမြင်ကတ်တယ်ဆိုတာ တော်တော်ရှားတယ်။
လုပ်စရာရှိတာလုပ်နေကြတာပါပဲ..။ အကြောင်းအကျိုးသဘောရ ဖြစ်ရမယ့်ဟာ ဖြစ်သွားတာပါပဲ)

ဒါကြောင့်ကျနော်ရိုက်ခဲ့တဲ့ ပုံလေးတင်ပေးလိုက်ပါတယ်။

1 နီယွန်မီးဆိုင်းဘုတ်
2 အဖိုးတန်သော ဆွေမျိုးပေါက်ဖော် ချစ်ခင်ရင်းနှီးမှူ့
3 တရုတ်မြန်မာ၏ရေစက်သည် ကျောက်စိမ်းကဲ့သို့တန်ဘိုးရှိသည်။
ဒီပုံတွေရှိတဲ့နေရာမှာ အနားယူစရာပန်းခြံလဲရှိပါတယ်။

ညဆို နီယွန် မီးချောင်းတွေနဲ့လင်းထိန်လှပအောင်ထွန်းထားပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(16-6-2012)

35 comments

  • water-melon

    June 16, 2012 at 2:14 pm

    တားတားတို့ကလည်း တလုပ်မလေးတွေကို နွေးထွေးစွာကြိုဆိုပါကြောင်း
    အဟီ လာကြဟဲ့

  • စိန်ဗိုက်ဗိုက်

    June 16, 2012 at 2:14 pm

    ဒီစာတန်းတွေဟာ အူးကြောင်ဂျီးရဲ့ ရင်အစုန်ကို မုန်တိုင်းထန်စေမဲ့ စာသားတွေဖြစ်တယ်
    အဘယ်ကြောင့်ဆိုသော်..
    အူးကြာင်ဂျီးဟာ ကြေးမုံဂျီးရဲ့ ရန်ဘက် ဖြစ်သောကြောင့် ဖြစ်တယ်..။
    ဟုတ်တယ်နော်..အုကြေင်

    • Thel Nu Aye

      June 18, 2012 at 8:37 pm

      ဒေါ်စိန်ဗိုက် ညီးနာမည်ပြောင်းလိုက်လို့တော်သေးတာပေါ့အေ။ နို့မို့ ဆွေမျိုးပေါက်ဖော် ဆိုတော့ ဆဲတဲ့ထဲ ပေါက်ဖော်လဲပါသွားမယ်နော့။

    • hmee

      August 21, 2012 at 2:24 pm

      လေးပေါက်ရေ အလည်လာတယ်နော် ကေ ပါက်ဖော်ရေ ဆိုင်ကို အလည်လာမလို့ အခုထိေ တာ့ မလာဖြစ်သေးဘူး ရွာသူရွာသားတွေကျန်းမာကြပါရဲ့နော်။

      • kai

        August 21, 2012 at 2:27 pm

        အောင်မလေး..သရဲ..အဲ..အဲ..
        ဒေါ်ယွန်းမှီမှီ…
        နေကောင်းကျမ်းမာရှိပါစ…

      • Ma Ei

        August 21, 2012 at 4:26 pm

        မှီ ရေ…
        သတိရနေပါတယ်နော်…
        ကလေးနေကောင်းရဲ့လား…
        နဲနဲအားရင် ရွာကိုလာပါဦးနော်…

        • ရွှေ ကြည်

          August 21, 2012 at 4:38 pm

          လေးပေါက် မယွန်းမှီမှီတဲ့လား ရွာသူသစ်ရွှေကြည်ကနှုတ်ဆက်ပါတယ်လို့ပြောပေးပါနော်။

  • mayjuly

    June 16, 2012 at 2:19 pm

    အဲ မြန်မာပြည်က ကျောက်စိမ်း ထွက်လို့ အဲလိုရေးတာလားဟင်င်င်

    တူတို့က ကျောက်စိမ်း ကြိုုက်တာကိုးးးး

  • myanmarcitizen

    June 16, 2012 at 2:23 pm

    “အဖိုးတန်သော ဆွေမျိုးပေါက်ဖော် ချစ်ခင်ရင်းနှီးမှု”
    လိုချင်နေတာလေးတွေရနေလို့ ပြောနေတာပဲဖြစ်ရမယ်။

    “တရုတ်မြန်မာ၏ရေစက်သည် ကျောက်စိမ်းကဲ့သို့တန်ဘိုးရှိသည်။”
    ဟုတ်ပါ့ ကိုတီလုပ်ရယ် ဒို့မြန်မာနိုင်ငံက ကျောက်စိမ်းလဲထွက်တာကိုး အဲ့ဒါတွေ ရနေတော့ တန်ဖိုးရှိတော့မပေါ့။ ဟွန့် ပြောလိုက်ချင်ဘူး

  • မွန်မွန်

    June 16, 2012 at 4:05 pm

    ဆွေမျိုးပေါက်ဖော်…
    လုံးဝကြည့်လို့မရတဲ့စာသားပဲ
    ဘယ်တုန်းက အမျိုးတော်သွားကြတာလဲ..
    ဘုရင်တွေခေတ်ကတော့ သားပေးသမီးယူနဲ့ အမျိုးစပ်ခဲ့ကြတာပဲ…
    နားကိုမလည်တော့ဘူး…အတင်းလုပ်ယူထားတဲ့ စာသားကြီး… ဟွန်း…

  • မွန်မွန်ရေ အဲဒီ ဆွေမျုးိပေါက်ဖော် ဆိုတဲ့စကားလုံးက ကျနော်ခပ်ငယ်ငယ် ပေါက်စနကတည်းက နားယဉ်နေတဲ့စကားလုံးလေးပါဘဲ။
    ဒါကြောင့်တရုပ်ကြီးတွေကို ကျနာ်တို့က ပေါက်ဖော်ကြိးလို့ခေါ်ခဲ့ကြတာလေ။

    • Myo Min Oo

      June 16, 2012 at 6:25 pm

      ဝုတ်ပါတယ် ဝုတ်ပါတယ်
      တားတားလဲ နယ်နယ်တဲ ဂ ကြားဝူးတယ်

  • YE YINT HLAING

    June 16, 2012 at 5:06 pm

    စီနို လား စီန လား ၊၊၊ အဲဒီ ကနေ ချိုင်းနား၊၊၊ ဂျိုင်း နား ကနေ ရင်ဘတ် ၊၊၊ ရင်ဘတ် ကနေ၊၊၊ အဲ၊၊၊ နောက်တာနော်၊၊၊ ဟဲဟဲဟဲ၊၊၊ ချိတ်ချိုးရဘူး!

  • ဦးဦးပါလေရာ

    June 16, 2012 at 7:36 pm

    ပေါက်ဖေါ်ဆိုတဲ့ အခေါ်ဟာ
    ဘယ်က စ ပြီး ဘာကြောင့်ဖြစ်လာတယ်ဆိုတာ သေသေချာချာမသိပါဘူး
    မူ မျိုးစုံနဲ့ ပြောဆိုရှင်းပြကြပေမယ့် ကျုပ်တော့သိပ်ဘဝင်မကျ မယုံပါဘူး…

    ငယ်ငယ်တုန်းကတော့ ကျုပ်ဇာတိမြို့တရုတ်တန်းက တရုတ်တွေကို အခြားကလေးတွေက တရုတ်ပေါက်ဖေါ်-ဒုတ်ကောက်နဲ့ဆော် ဆိုပြီး စကြ နောက်ကြတာတွေ့ဘူးတယ်။ ဘယ်သူမှလဲ (ဆရာ/ဆရာမ/လူကြီးတွေ) မတားမြစ်ပါဘူး..။

    အစခံရတဲ့ တရုတ်ကလေးတွေကလဲ ကြာရှည် စိတ်မဆိုးကြပါဘူး…။

    နောက်နှစ်သုံးဆယ်အကြာမှာတော့ စ တဲ့ ကလေးတွေကို လဲ ပြန်တွေ့မိတယ်…။
    အစ ခံရတဲ့ တရုတ်ကလေးတွေကိုလဲ ပြန်တွေ့မိတယ်…။
    နေရာတော့ မတူဘူး…။

    အကြောင်းတွေဟာ တနေ့ အကျိုး ဖြစ်လာတတ်တယ်…။

  • မောင်ပေ

    June 16, 2012 at 7:50 pm

    တရုတ်-မြန်မာ၏ရေစက်သည် လွန်စွာချူချာလှပေသည် ။ ပူလီတွင်တပ်လည်သော တရုတ်ကြိုးများမှာလဲ ကြာရှည်အသုံးမခံလှပေ။ ထို ့ကြောင့် သုံးစွဲသူများ စိတ်ညစ်ကြရ၏။ မစ်ဆူဘီရှီ တံဆိပ်ဖြင့် ရေစက်များဝင်လာခဲ့ပြီ ဖြစ်သော်လည်း မြင့်မားသောဈေးနှုန်းကြောင့် လူတိုင်းမသုံးနိုင်ကြသေး ။ ထို ့ကြောင့် အမေဒစ်ကန် ပစ္စည်းများကို မျှော်နေကြလေသတည်း။
    အမ အမ အမ

  • နေဝန်းနီ

    June 16, 2012 at 7:57 pm

    အဲဒါကတော့ ကိုပေါက်ရယ်…. မြန်မာပြည်ဆိုတာက သူ့တို့ အတွက်လိုတရ တွင်းကြီးဖြစ်နေပြီး သွန်ချင်သလိုသွန်မှောက်ချင်သလို မှောက်ပစ်လို့ရနေတာကိုးဗျ…။ အဲဒိလိုပဲပြောမှာပေါ့…။ လိုချင်တာရနေတဲ့သူကို ဘယ်သူကစိတ်ဆိုးဘူးလို့လဲဗျာ….။ ဟုတ်ဖူးလား…….။

  • အရီး Khin Latt

    June 16, 2012 at 8:01 pm

    ကပေါက်ကြီး

    ပုံ(၂) က ရေးထားတာ နဲနဲလွဲ နေသလားလို့။
    {{{ 2 အဖိုးတန်သော ဆွေမျိုးပေါက်ဖော် ချစ်ခင်ရင်းနှီးမှူ့ }}}

    မြန်မာစကား မှာ “ပေါက်” ရှိတယ်။ “ဖော်” ရှိတယ်။
    တွဲရက် ” ပေါက်ဖော်” ဆိုတာ မြန်မာစကားမှာ အသုံးအဓိပ္ပါယ် မရှိ လို့ သဘောထားမိပါ၏။
    ဒီတော့ “အဖိုးတန်သော ရွှေမျိုးပေါက်ဖော် ချစ်ခင်ရင်းနှီးမှု” ဆိုမှ အဓိပ္ပါယ်ရှိမယ် လို့ သဘောထားမိပါ၏ ။
    ရွှေမျိုး (မြန်မာ)
    ပေါက်ဖော်(တရုတ်)

    မယုံတင် ပေါက်ဖော်/ စိန်ပေါက်ပေါက် / ဗိုက်ကလေး/ စိန်ဗိုက်ဗိုက် ကို မေးကြည့်။
    မောင်ဗိုက် တို့များ နယ်စပ်မှာ နာမည်ကြီးလွန်းလို့ အမည်ပြောင်းလိုက်ရတာ ထင်ရဲ့။ 🙄

  • etone

    June 16, 2012 at 8:14 pm

    တရုတ်က သဘောကျမှာပေါ့ လေးပေါက်ရယ် … သူတို့လိုချင်တဲ့ ကျောက်စိမ်းတွေ ဒီနိုင်ငံက ထွက်တာကိုး … တရုတ်နိုင်ငံမှာတော့ လက်ရာကောင်းကောင်းနဲ့ ပြန်ထုပြီး ဈေးကွက်တင်ရောင်းလျှင် …. အကျိုးမြတ်က မနည်းဘူးကုးိ ။
    ပြောမယ့်သာပြောတာ ဒီနိုင်ငံမှာ ကျောက်စိမ်းထွက်ပေမယ့် .. လက်ရာ အနုစိတ်ပုံဖော်မှုကတော့…တရုတ်လက်ရာက အသေးစိတ်ကျတယ် … ။ အရိုင်းတုုံးကိုတောင် ….. ဝယ်သူ ဈေးကောင်းပေးချင်အောင် ထုနိုင်စွမ်းရှိတယ် … 😛

  • ရဲစည်

    June 16, 2012 at 8:16 pm

    အရီးလတ်ရေ အဲဒီ စာတမ်းရေးပေးထားတာ အခြားသူမထင်နဲ့ ကိုပေနဲ့ ကိုဗိုက်တို့ နှစ်ယောက်ဗျ… 🙂

  • ကိုလတ် အဲဒီစကားက မွေးစားလိုက်တဲ့စကားနေမှာ။
    ီတေးကလုံရေ နောက်နေ့ ကျောက်တုံးကို အချောကိုင်ထားတဲ့ပုံ့တွေတင်ရင်ကြည့်လိုက်တော့နော်
    ကျနာ်တို့က အကြမ်း (ဈေးပေါပေါ)သူတို့ကအချော(ဈေးမြင့်မြင့်)
    ဘိုရဲ အဲဒီစာတန်းရေးထားတာ က ကိုပါလေရာ ရေးထားတာတဲ့ ရေးခယွမ်ငါးသိန်းရတယ်ပြောတယ်.
    (ငါးသိန်းX130ကျပ်=………………..)

    • ဦးဦးပါလေရာ

      June 17, 2012 at 10:44 pm

      သူတို့ကို အခွန်တသောင်းဆောင်ခဲ့ရပြီး
      စားရိတ်က လေးသိန်းရှစ်သောင်းကိုးထောင် ကုန်သွားတယ်…. 😀

  • မဟာ ထမိန်ကြီးဝါဒ

    June 16, 2012 at 10:59 pm

    ကျနော့်အထင်ေတော့ပေါ့နော်…စိတ်တော့မဆိုးပါနဲ.။။စိတ်ဆိုးတော့လည်း မတတ်နိုင်ဘူး..လူမျိုးရေးနဲ.ပတ်သတ်ပြီး နောက်ထပ်လှုံ.ဆော်မှုတခုလို.မြင်မိပါတယ်

  • ကိုမဟာ ရေ
    ကျနော်ပြချင်တာ ဒီအချက်ပါဘဲ။
    သူတို့က စာနဲ့ပေနဲ့သဘောထားကြီးပါကြောင်း လူသိရှင်ကြားပြထားတာပါ။
    နောက် သံလက်သီးကို ကတ္တီပါလက်အိတ်စွတ်ထားတယ်ဆိုတာ ဒါမျိုးပါဘဲ။
    အကြောင်းအရာတစ်ခုကို မိမိကြိုက်ခြင်းမကြိုက်ခြင်းကို ရိုးသားစွာ
    အကျိုးအကြောင်းခိုင်လုံစွာပြောကြခြင်းအတွက် စိတ်ဆိုးစရာ မရှိပါ.
    တစ်ခုရှိတာကတော့ အိမ်နီးချင်းနိုင်ငံဆိုတာ ပြတ်သားစွာကင်းလို့မရနိုင်ပါဘူး။
    အဲတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံဆက်ဆံရေးမှာ ပညာပါဘို့တော့လို
    အပ်ပါတယ်။

  • kai

    June 17, 2012 at 4:22 am

    ကျောက်စိမ်းကို.. တန်ဖိုးထား..ဈေးကြီးပေးဝယ်တာ.. ကမ္ဘာမှာချိုင်းနားနဲ့.. ထိုင်ဝမ်ပဲရှိတယ်..
    အခုလို.. ချိုင်းနားက စီးပွားရေးအင်အားကြီးဖြစ်လာတဲ့အခါ.. ဒီဈေးကွက်ကို.. အကျိုးရှိအမြတ်ထွက်အောင် လုပ်သင့်လှပါတယ်..

    ကျုပ်သာ..အစိုးရအဖွဲ့ကို..အကြံပေးရ(နိုင်)မယ်ဆို.. ဂျူးတွေရဲ့.. ဒီဘီးယားက..ထိပ်တန်း ဈေးကွက်ပညာရှင် တဖွဲ့ကို.. တနှစ် ဒေါ်လာ ၁သန်းမကပေးပြီး.. အကြံညဏ်တောင်းသင့်ကြောင်းပါပဲ..

    ဒီလိုလုပ်ရင်.. မြန်မာ့ကျောက်စိမ်းတခုထဲနဲ့တင်.. မြန်မာ့ဂျီဒီပီ ခုန်တက်သွားလိမ့်မယ်…။
    အနည်းဆုံး..တနှစ် ၁ဘီလီယန်ဒေါ်လာလောက်ပိုရသွားဖို့အာမခံကြောင်း..
    နောင်.တောက်လျှောက်တက်သွားမည်ဖြစ်ကြောင်း…

    ချိုင်းနားနယ်စပ်မြန်မာပိုင်မြို့တွေ.. ချိုင်းနားဖက်ကမ်းထက်.. ပိုသာသွားမယ်..အာမခံကြောင်း.. 🙂

  • အရင်က ကျောက်စိမ်းလိုချင်သူက မြန်မာပြည်ထဲကိုလာဝယ်ရတယ်။
    ဒီက သွားရောင်းတယ်ဆိုတာ တနိုင်တပိုင်။
    ပထမတစ်ခေါက် သွားတော့ ကျောက်ဈေးကွက်က ကျယ်ခေါင်မှာဘဲရှိတယ်။
    အခုတစ်ခေါက်ရောက်တော့ ရွှေလီထဲက အခု ပုံထဲက နေရာမှာကျောက်မျက်ဈေးတန်းကြီးဖြစ်သွားရော
    ကုန်သည်က ဒီဘက်ကို ဆင်းမဝယ်တော့ဘူးပြောတယ်။
    ဘာများမှာသွားလဲတော့ မသိဘူးဗျာ။

  • Aung Man

    June 17, 2012 at 5:25 pm

    ဆိုလိုချင်တာက …မြန်မာ့ကျောက်စိမ်း..သူတို့ကြိုက်တယ်လို့…
    ကျောက်စိမ်းကိုဈေးချိုချိုနဲ့ရလို့…
    သေချာတာက….
    ဘယ်စီးပွါးရေးသမားမှ…ကိုယ်ကျိုးမရှိ… ဒါမျိုးမရေး…
    ကျေနပ်စရာလိုလိုပါ…
    အဲ့ဒိ..ရွှေလီMD က ပြောသံကြားမိသလိုလို…ဘာတဲ့…
    သူတို့နဲ့အလုပ်တွဲ…လုပ်နေရတာ…တန်ဖိုးရှိတာပေါ့…
    ဒါနဲ့ပဲ…သူ M D ဖြစ်လာတာ…

  • က်ိုကိုအိုဗာ

    June 17, 2012 at 9:01 pm

    ကဲပါဗျာ
    ထားလိုက်ကြပါတော့ …အဲ….
    ဘယ်ကစပြောရမှန်းတောင်မသိတော့ဘူး…
    ပေါက်ဖေါ်တို့က ချွန်ဒေါ်တို့နဲ့ ယျဉ်ကျေးမှု့တူလယ်လေ..
    ဘာသာချင်းကလဲ တမေဂျာထဲ ဆိုဒေါ့
    စီလုတ်မလေးတွေက ချစ်စကောင်းပါကြောင်း
    စီလုတ်မလေးတွေကို မမုန်းဘူး
    ချွန်ဒေါ့်လို တီဘောထားရှိ့လဲ လူတွေကို …
    ကြိုဆိုပါတယ်ခငိ်ဗျာ။

  • ရွှေ မင်း သား

    June 17, 2012 at 10:20 pm

    2 အဖိုးတန်သော ဆွေမျိုးပေါက်ဖော် ချစ်ခင်ရင်းနှီးမှူ့
    3 တရုတ်မြန်မာ၏ရေစက်သည် ကျောက်စိမ်းကဲ့သို့တန်ဘိုးရှိသည်။
    ကျနော့် အမြင်ပြောရရင် တော့ ဒီစာသားလေး တွေ ကို သဘောကျမိတယ်။ အတုခိုးသင့်တယ် လို့ တောင် ထင်ပါတယ်။
    ရေခြားမြေခြား လူမျိုးခြားတွေ နဲ့ အရောင်းအဝယ်လုပ်ဖို့ ရောက်လာသူတွေရဲ့ စိတ်ကို ဒီစာသားလေးတွေ က တစ်စုံတစ်ခု ပြောပြ ပေးနိုင်လိမ့်မယ် လို့ ထင်မိကြောင်း…….
    သဘောထား မတူရင် ခွင့်လွှတ်……

  • padonmar

    June 18, 2012 at 12:52 am

    စကားချိုချိုလေးဆိုတော့လည်း မချိုတဲ့လူထက်တော့ ကောင်းတာပေါ့ကိုပေါက်ရယ်။
    အနောက်နယ်စပ်က စကားတောင်မှ မချိုနိုင်တော့တာလေ။

  • စီးပွားရေး တကယ်လုပ်သူတွေက အပေါ်ယံချိုပါတယ်။
    တကယ်ပြောရင် အရှေ့အနောက်အားလုံးကျနော်နို်င်ငံအပေါ်ဆော်သွားခဲ့သူချည်းပါဘဲ။
    ဘယ်သူမှထူးမကောင်းပါဘူး။
    အကျိုးလိုလို့ ညောင်ရေလောင်းကြသူချည်းပါဘဲ။
    ကျနော်တို့ကလဲ မသိလို့ခံလို်က်ရတာမှ မဟုတ်တာ။
    မတတ်သာလို့ခံလိုက်ရတာကိုးဗျ။
    တစ်ခါတစ်လေ လူလောကမှာ မကောင်းမှန်းသိပါလျက်နဲ့ပေါင်းနေရတာပါဘဲ။
    နိုင်ငံကိစ္စလဲ ဒီအတိုင်းပါဘဲ။
    သူက အကျိုးအတွက်ပေါင်းရင် ကျနော်တို့ကလဲ ကိုယ့်အကျိုးရှိအောင် ပြန်ယူရမှာပါဘဲ။
    ဘယ်လိုနည်းလမ်းနဲ့ရအောင်ပြန်ယူမလဲပေါ့
    ငွေကြေးလား နည်းပညာလား နှစ်ခုစလုံးလားပေါ့။

Leave a Reply