မင်္ဂလာပွဲ မတိုင်မီ အသတ်ခံရသော သတို့သမီးနှင့်ပင် လက်ထပ်ခဲ့သည့် တရုတ်အမျိုးသား အချစ်သူရဲကောင်းတဦး

True FaithJune 23, 20104min846

တစ်ခါတစ်ရံတွင် ပြင်ပကမာ္ဘမှ အဖြစ်အပျက်များသည် စိတ်ကူးယဉ် ဇတ်လမ်းများထက်ပင် ဆန်းကျယ်တတ်ကြလေသည်။ အသက် ၂၆ နှစ်အရွယ် တရုတ်အမျိုးသား Zhuang Huagui သည် သူ၏ မင်္ဂလာပွဲမတိုင်မီ ၈ ရက်အလိုတွင် အသတ်ခံရပြီး သေဆုံးသွားသော အသက် ၂၁ နှစ်အရွယ် သူ့၏ ချစ်သူ သတို့သမီး Hu Zhao နှင့်ပင် ဝမ်းနည်းဖွယ်ကောင်းသော လက်ထပ်ပွဲကို မူလစီစဉ်ထားသော ရက်မှာပင် ကျင်းပဲခဲ့သည်ဟု သိရသည်။

သတို့သားနှင့် လက်မထပ်မီရက်ပိုင်းအလိုတွင် ကွယ်လွန်ခဲ့သည့် သတို့သမီး

အဆိုပါ စုံတွဲသည် မူလက ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွက် လက်ထပ်ရန် စီစဉ်ထားပြီးဖြစ်သည်။ သို့သော် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတို့သမီးလောင်း၏ အိမ်သို့ ဖောက်ထွင်း ဝင်ရောက်လာသော သူခိုးနှစ်ဦးကြောင့် သတို့သမီးလောင်းသည် ဓါးဖြင့်ထိုးပြီး အသတ်ခံခဲ့ရသည်။

ကွယ်လွန်ခဲ့သည့် သတို့သမီးကို တယုတယဖြင့် စောင့်ရှောက်နေသူ သတို့သား

အလွန်အမင်း ကြေကွဲဝမ်းနည်းနေသော သတို့သားသည် ကွယ်လွန်သွားသော သူ၏ချစ်သူ ဈာပနမတိုင်မီ ချစ်သူနှင့်ပင် လက်ထပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို စုံတွဲ၏ လက်ထပ်မင်္ဂလာပွဲကို Zhangzhou မြို့ ဈာပနပွဲပြုလုပ်ရာ ဧည့်ခန်းဆောင်တွင် ကျင်းပခဲ့ပြီး နှစ်ဘက်မိဘများ တက်ရောက်ပြီး အသိသက်သေအဖြစ် ဆောင်ရွက်ခဲ့သည်။

ဝမ်းနည်းကြေကွဲနေသာ သတို့သမီး၏ ဖခင်က သမီးဖြစ်သူ၏ ဓာတ်ပုံကိုင်ဆောင်ကာ မင်္ဂလာပွဲ တက်ရောက်လာသူ ပရိသတ်များကို ကြိုဆိုနေစဉ်

ထိုကြေကွဲ ဝမ်းနည်းဖွယ်ကောင်းသော မင်္ဂလာပွဲတွင် ချစ်စိတ်ပြင်းပြသော သတိုးသားသည် မူလက ရည်မှန်းထားသော နေ့ရက်တွင်ပင် မှန်ခေါင်းထဲတွင် လဲလျောင်းနေသော သတို့သမီးနှင့် လက်ထပ်ရန် သန္နိဋ္ဌာန်ချခဲ့ခြင်းဖြစ်သည်။ အခမ်းအနား၏ အဝင်တွင် သတို့သားသည် သတို့သမီး၏ ဓါတ်ပုံကိုပိုက်ကာ ဧည်သည်များကို ဧည့်ခံနှုတ်ဆက်ခဲ့သည်။

ထာဝရ အိပ်စက်သွားလေပြီဖြစ်သည့် သတို့သမီး

သတို့သားသည် သူ၏ လက်ထပ်လက်စွပ်ကို သေဆုံးသွားပြီဖြစ်သော ဇနီး၏လက်ကို စွပ်ပေးသည့် ဝမ်းနည်းဖွယ် မြင်ကွင်းကိုလည်း တွေ့ရှိရသည်။ သတို့သမီးကို လှပသော လက်ထပ်ဝတ်စုံ အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မှန်ခေါင်းအတွင်းတွင် အိပ်စက် လဲလှောင်း နေသည့် သဖွယ် တွေ့မြင်ရသည်။

ဘဝခြားသော်လည်း ခိုင်းမြဲနေသည့် တွဲလက်တစ်စုံ

အထက်ပါ အကြောင်းအရာသည် မကြာသေးမီက ပရိသတ်တစ်ဦးမှ PatheinCity News သို့ အီးမေလ်းနှင့် ပေးပို့ထားခြင်းဖြစ်သည်။ ၎င်းပေးပို့သူ၏စာတွင် ” ( can’t find a word to describe my feeling when I see it. ) ” ဟု ဖော်ပြထားသည်။

ဝမ်းနည်းငိုကြွေးနေကြသည့် မင်္ဂလာပွဲလာ မိတ်ဆွေများ
ဝမ်းနည်းကြေကွဲနေသည့် မင်္ဂလာပွဲလာ မိတ်ဆွေများ

ထိုသတင်းသည် အင်တာနက်အတွင်းတွင်လည်း ကြေကွဲဖွယ် အံ့ဩဖွယ် သတင်းတစ်ရပ်အဖြစ် များစွာပြန်နှံ့နေပြီး PatheinCity News ပရိသတ်များအတွက် ပိုမိုခိုင်မာသော သတင်း Source ဖြစ်သည့် စင်္ကာပူအခြေစိုက် AsiaOne သတင်းစာ၏ သတင်းSource ကိုပါ ပူးတွဲ ဖော်ပြလိုက်ပါသည်။ (ပုသိမ်မြို့တော်သတင်းစဉ်မှ ကူးယူဖော်ပြပါသည်။)

(Asiaone သတင်းကို ဒီနေရာတွင် ဖတ်နိုင်ပါသည်။)

6 comments

  • etone

    June 24, 2010 at 2:11 am

    အံ့ဩလေးစားလောက်တဲ့အချစ်မျိုးပါလားနော် ။ post ကိုဖတ်ပြီး ကွဲကွာသွားတဲ့ချစ်သူနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ရပါတယ် ။

  • snow

    June 24, 2010 at 3:44 am

    တော်တော်စိတ်မကောင်းဖြစ်ရတယ်
    ခိုင်မြဲတဲ့အချစ်ပေါ့
    လေးစားတယ်
    တော်ရုံဆိုဘယ်သူမှလုပ်မှာမဟုတ်တော့ဘူး
    သတို့သားကိုအရမ်းလေးစားတယ်
    နောင်ဘဝတွေမှာအဲလိုအဖြစ်မျိုးမကြုံပါစေနဲ ့လို့
    ဆုတောင်းပေးလိုက်ပါတယ်

  • azure

    June 24, 2010 at 4:16 am

    တစ်ကယ့်ကို ဝမ်းနည်းကြေကွဲဖွယ်ရာ အရမ်းကိုကောင်းလှပါတယ် ဖတ်နေရင်းနဲ့တောင် သတိုးသားနဲ့ မိတ်ဆွေများနည်းသူ ဝမ်းနည်းကြေကွဲ မျက်ရည်ဝဲခဲ့ရပါတယ် ဘာလို့များလည်းနော် သူခိုးတွေကလည်း ပိုက်ဆံကို ယူရင်ပြီးရောပေါ့ ဘာလို့များလူကို သတ်သွားခဲ့ရတာလည်း အားနွဲ့တဲ့ မိန်းမသားတစ်ယောက်ကို အဲ့လိုရက်ရက်စက်စက် သတ်သွားခဲ့တာကိုတော့ အရမ်းကိုရက်စက်လွန်းအားကြီးပါတယ် သတိုးသားကိုလည်း ချီးကျူးစံထိုက်လောက်ပါတယ် ဖြစ်နိုင်ရင် အဲ့ဒီသူခိုးနစ်ယောက်ကို ဖမ်းပြီးတော့ သေစားသေစေ ဆိုပြီးတော့ သေဒဏ်ပေးပြစ်လိုက်ဗျာ တရုတ်ပြည်က ရဲမင်းကြီးများ ခင်ဗျား သတိုးသားလေးရဲ့ ချစ်သူကိုသတ်သွားတဲ့သူခိုး များကို အမြန်ဆုံးဖမ်းပေးကြပါနော်

  • maypearl

    July 24, 2010 at 2:55 am

    တကယ်စံတင်လောက်တဲ့ အချစ်မျိုးပါ
    အခုခေတ်မှာ ရှားတယ်နော်

  • MyoThanHtike

    July 27, 2010 at 2:27 pm

    အော်..ဒီလိုအချစ်မျိူးလဲဒီလောက ကြီးထဲမှာတည်ရှိနေဆဲဆိုတာ Zhuang Huagui ဆိုတဲ့တရုတ်ကြီးကသတ်သေ ပြလိုက်တာပေါ့
    အရင်ဘဝကမကောင်းခဲ့လို.ပဲနေမှာပါ ကိုZhuang Huagui ရေ
    နောက်တစ်ခါ(ဘယ်သော..အခါမှ)အဲ့လိုမဖြစ်ပါစေနဲ.လို.မဆီမဆိုင်ဆုတောင်းပေးပါတယ်ဗျာ..
    🙁 can change 🙂

  • Yin Nyine Nway

    August 15, 2010 at 10:41 am

    တော်တော်ချစ်တယ်နော်
    အင်း..အပျော်တော့ တွေးမိပါတယ်
    ဘယ်လောက်ခံမလဲပေါ့
    ဒါပေမဲ့ ဒီလောက်ကြီးကျယ် လုပ်တော့ တော်တော် ချစ်လို့နေမှာနော်

Leave a Reply