မြန်မာ့သမိုင်းတွင် ထင်ရှားကျန်ရစ်ခဲ့သော အနှစ် နှစ်ရာကျော် အတိတ်သမိုင်းထဲက မြို ့တော်ရန်ကုန် ( ၂ )

ရ ။ စမ်းချောင်းမြို ့နယ် ၊ ကြည့်မြင်တိုင်မြို ့နယ်၊ ကမာရွတ်မြို့နယ် ၊ မရမ်းကုန်းမြို ့နယ် ၊ ဗဟန်း မြို ့နယ်၊

တာမွေမြိ်ု ့နယ်..များရှိ လမ်းများ၏ မြန်မာ အမည်များကိုလည်း..ချိုြိမိန်စွာ ကြားခွင့် ရှိလာခဲ့လေသည်။

ဥပမာ ကင်းဂျော ့ အဲဗင်းနယူးလမ်း ..၊ ( ကွမ်းခြံလမ်း ) ၊

ဂွတ္တလစ် လမ်း ( ဆရာစံလမ်း )

ကင်းပဲ လမ်း ( ငါးထပ်င်္ကြီ း ဘုရားလမ်း )

ချင်းချောင်း အဲဗင်းနယူးလမ် း( ကမ္ဘောဇ လမ် း)

လင့်ခ်လမ်း ( ရွှေဂုံတိုင်လမ် း)

လောင်းဝစ် လမ်း ( အင်းလျားမြိုင်လမ် း)

ဟာမစ်တစ် လမ်း ( သာသနာ ့ရိပ်သာ လမ်း )

ဝိတိုရိယ အဲဗင်းနယူးလမ်း ( ဂျိုးဖြူလမ်း )

ဂွတ္တလစ်အဲဗင်းနယူးလမ်း ( သာယာဝတီလမ်း )

တာဝါလိန်းလမ်း ( ဗိုလ်ချုပ်ပြတိုက်လမ်း )

မောင့်ပုလဲစင့် လမ်း ( ပုလဲလမ်း )

ဝင်ဆာ လမ်း ( ရှင်စောပုလမ် း)

ဟုမ်းလမ် း ( ပန်းလှိုင်လမ် း)

ကာလီမာ လမ်း ( မြဝတီလမ် း )

ခရစ်ရှနားလမ်း ( ရန်ကင်းလမ် း)

ဂုရု လမ်း ( သုခမိန်လမ် း)

စူပရာ မန်းနီးယားလမ်း ( ရတနာလမ် း)

စူရတီပန်းခြံလမ်း ( ပန်းခြံလမ် း)

ဒူပလီလမ်း ( မြေနီကုန်းဈေးလမ် း)

မော်ဂင်ဝက်လမ်း ( ဓမ္မာရုံ လမ်း )

မူဆာကြီးလမ်း ( အောင်တော်မူလမ်း )

မဟာမပတေးလမ်း ( စေတနာလမ်း )

မူလာအီစမန်လမ် း( ပဒေသာလမ်း )

……………စသည်တို ့ဖြစ်သည် ။

ထို ့အတူပင်.. အင်းနစ်လမ်း သည် ပန်းလှိုင်လမ်း ၊

စိန့်မိုက်ကယ် လမ်းကျယ် သည်.. မဏ်ိမေခလာလမ်း ၊

စိန့်မိုက်ကယ် ( ၁ )လမ်း ( ၂ ) လမ်း .သည်..ရေတွင်းကုန်း ( ၁ )လမ်း ( ၂ )လမ်း..၊

ဝိုင်း လမ်းသည်.. သိနီ္နိလမ်း

ဘလုပ်လမ်းသည်.. ဘန္ဓာပင်လမ်း

ဟူ၍ အသီးသီး.ပြောင်းလဲလိုက်သည် ။

ကွန်ပိုကေးရှင်းလမ်းကို ဘွဲ့နှင်းသဘင်လမ်း.။

ချန်စလာလမ်းကို အဓ်ိပတိလမ်း

စိန့်ဗင်းဆင့်လမ်းကို ဇောတိကလမ်း

မာတင်အဲဗင်းနယူးလမ်းကို ခပေါင်းလမ် း

ယာဒ်လမ်းကို သလ္လာဝတီလမ်း

ဒူဘန်းလမ်းကို မေလိခလမ်း

အေဒီလမ်းကို မေခ လမ်းအဖြစ်သာ လူသုံးများလာသည်။

သမိုင်း လင့်ခ်လမ်း..၊ ကိုဟင်းလမ်း တို ့ကို..လည်း..ကျိုက်ဝိုးဘုရားလမ်း ၊ ရွက်လှ လမ်း..ဟုူ၍..လူသိများခဲ့သည်။

ယခုအခါ…မဂျစ်လမ်း ၊ ချန်စပို ့လမ်း ၊ စောလမွန်လမ်း ၊ တင်ပဲယ် လမ်း..၊၊ ပန်ဒီယာလမ်း ၊ ဘာတာဖီးလမ်း ၊

ဘက်စ်လမ်း တို ့က်ို ..သိသလား ဟု မေးကြည့်ပါ ။

သမီန်ဗရမ်းလမ်း ၊ အောင်သီရိလမ်း ၊ ဥယျာဉ်လမ်း…၊ ဘောဂလမ်း ၊

သော်က လမ်း ၊ နှင်းဆီကုန်း လမ်း ၊ မင်္ဂလာ လမ်းတို ့ အဖြစ်သာ သိနေကြပါလိမ့်မည်။

၈ ။။

ယခုတလောရန်ကုန်မြို ့လယ်သို ့ မကြာခဏရောက်တတ်ပါသည်။

ဖြို ဖျက်နေသော ရှေးခေ တ် ရန်ကုန် အဆောက်အဦ ဟောင်းကြိးများကို တွေ ့နေရသည် ။ ရှေးခေတ်နေရာဟောင်းများပေါ်တွင်…

ခေတ်မီ မှန်ကာ အဆောက်အဦ သစ်ကြီးများ..မားမားမတ်မတ် နေရာဝင်ယူနေကြသည်ကို မြင်နေရသည် ။

အတိတ်က ရန်ကုန်သည် မနေ့က ပျောက်ဆုံးသွားခဲ့သည်။

ပုဂံခေတ်နှင့်အပြိုင် တည်ရှိခဲ ့ဖူးသော..

တံငါရွာငယ် သာသာ ဒေသကလေး တစ်ခုကို လုံးဝ သတိရဖို ့ဝေးလှသည်။

အလောင်းဘုရားသည်..ဒဂုန်ကို ဆူးလေအရှေ ့တောင်ဘက်တွင် တိုးချဲ ့ပြိးီ ရ ရက် ထဲဖြင့် ရန်ကုန်ကို တည်ထောင်ခဲ့သည် ဟူသော..အချက်ကို သိသူ နည်းလိမ့်မည်။

ယနေ့ အလုံ ရပ်ကွက်နှင့် ပြည်သူ ့လွတ်တော်ကြီး.တည်ရှိ်ရာဒေသ တဝိုက်မှ ရွှေတိဂုံ ဘုရား အနောက် ဖက် မုဒ်အထိ နယ်မြေကြီးအတွင်း..

ရှေးအခါက ဆင်ကြီး ၊ ကျားကြီးများ ပျော်စရာ တောနက် မျက်မည်းကြီး..ဖြစ်ခဲ့ဖူးပါသည် ဟု..ပြောလျှင်..ခေတ်လူငယ်တို ့ ယုံကြပါမည်လား ။

ဦးဝိစာရလမ်းကြီး၏ မူလ အမည်..တိုက်ဂါး အယ်လီကို ကြားဖူးသူမှ များပါလေစ။

ရေကျော် ပုစွန်တောင် ဘက်မှ လူငယ် တစ်ဦ းဦးကိူ ယနေ ့ ဗိုလ်မြတ်ထွန်းလမ် း၊ ( ကရိလမ် း)

အောက်ဘက်တွင် ချောင်းကြီးရှိတာ သိသလား..ဟု မေးကြည့်ပါ ။

အလောင်းဘုရား..ရန်ကုန်သစ်တပ်မြျို ့၏ အရှေ ့ဘက်တွင်… တသွင်သွင် စီးဆင်းနေခဲ့သော..ဗိုလ်တစ်ထောင်ချောင်းကြိီး..ရှိနေသည်ကို သိကြပါမည်လာ း။

ဗိုလ်ချုပ်အောင်ဆန်ူးလမ်း ( ယခင် မောင်ဂိုမာရီလမ်း ) နှင့် ရန်ကုန်မန္တလေး.မီးရထားလမ်းတို ့အကြား..ခရာပင် ၊ လမုပင်..ဆူးပင်များပေါက်ရောက်ရာ လဟာပြင်ကြီးပေါ်တွင်..

မြေဖို ့ တည်ထောင်လာခဲ့သည် . ရေကျော်ရပ်ကွက် အကြောင်း….သိမှီသူတို ့..ကျန်ပါသေးလေစ .။

ရှေးအခါက ဗိုလ်တစ်ထောင်နှင့် သံလျက်စွန်း နယ်မြေတွင် ကျွန်းကြီးသဖွယ် ရေ ပတ်လည် ဝိုင်းနေခဲ့သောကြောင့်.အင်္ဂလိပ်တို ့က ဘုရင်မ ကျွန်း ဟုူ၍ပင်. . အမည်ပေးထားခဲ့ကြောင်း.

ပြောပြနိုင်သူ မည်မျှ ကျန်ပါသေးသနည်း.။

ပထမ အင်္ဂလပ်မြန်မာ စစ်ပွဲ အတွင်း ရွှေတိဂုံစေတီတော်ကြီးကို တောင်ထိပ် ခံတပ်ကြီး အဖြစ် အသုံးချနေကြသည် ့ အင်္ဂလိပ်တို ့ကို

မြန်မာတို ့က ကြည့်မြင်တိုင်နှင့် ပုစွန်တောင် ဘက်မှ နှစ်ဖက် ညှပ် ချီတတ် တိုက်ခိုက်ခဲ့ကြပုံများ…

ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ တွင် သိမ်ဖြူလမ်း .( ယခင် စတော့ကိတ်လမ်း ) နှင့် ဦးအုန်းခိုင်လမ်းထောင့် ( ယနေ ့ သိမ်ဖြူဈေး )

ယခင် ဘီလူးမ ဈေးအနီး သိမ်ကုန်းကျောင်းတိုက် ကုန်းမြင့်ပေါ်ရှိ ..မြန်မာတို ့၏ သိမ်ဖြူ ခံတပ် ထင်ရှား အရေးပါ ခဲ့ပုံများကို ယနေ ့ လူငယ်တို ့ကြားမိ ဖတ်မိကြပါရဲ့လား


၉ ။။

အလောင်းဘုရား လက်ထပ်တွင်..မီးဘေး အကြိမ်ကြိမ် သင့်ခဲ့ရသည့်နေရာ..၊ ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲအတွင်း စစ်တလင်းနေရာ..

ဒူတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ အပြီးမှ စ၍ ကိုလိုနီ လှည်း ထမ်းပို းကို ခါးကျိုးအောင် ထမ်းခဲ့သည့်နေရာ..။

ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားစ ဂျပန်တို ့၏ ဗုံးဒဏ် ပွဲဦးထွက် ခံစားလိုက်ရသည့်နေရာ.။

1942 ခုနှစ် ဖေဖော်ဝါရီလတွင် အောင်မြင်စွာ ဆုတ်ခွဲသွားသူ..ဗြိတိသျှမြို့စောင့်တပ်တို ့က သင်္ဘော ဆိပ် တံတားကြီးငယ်များရေနံချက် စက်ရုံများ ၊ လူနေ တိုက်တာ အဆောက်အဦးများကို

မီးရှို ့မြေလှန် ဖျက်ဆီး ခံလိုက်ရသည့်နေရာ

ဂျပန် ခေတ် တစ်လျှောက်လုံး..အင်္ဂလိပ် လေတပ်က အကြိမ်ကြိမ် ဗုံး လက်ဆောင် ပေးခဲ့သည့်နေရာ..။

ဂျပန် အပြေးတွင်လည်း..စိစိညက်ညက် ချေဖျက်ခံလိုက်ရသည့်နေရာ

1948 ခုနှစ် နှေင်းပိုင်း ပြည်တွင်း ဆူပုူသောင်းကျန်းမှု ကာလ အတွင်း..စည်းးကမ်းမဲ့ ကျူးကျော် တဲအိမ်များဖြင့် အရုပ်ဆိုး အကျည်းတန် ခဲ့သည့်နေရာ .။

မင်းသုဝဏ် ၏ ပျဉ်းမငုတ်တို ကဗျာထဲက အတိုင်းပင် ” စစ်မက်လည်းကြံ ု ၊ ခြ အုံလည်းဖြစ် ..၊ ဒါး ထစ်လည်း ခံ ” ခဲ့ရသည် ။

ရန်ကုန်မြို ့ကြီးကား..ယခုအခါ ငယ်ရုပ် ငယ်သွင် နုသစ်စင်လျက် ရှိလေပြီ ။

ဧရိယာ စတုရန်း ကီလိုမီတာ 500 အထိ ကျယ်ဝန်းလာခဲ့လေးသည် ။

လူဦးရေ..ငါးသန်း အထ်ိ တိုးတက် များပြား လာခဲ့လေသည် ။

ယနေ့ နောက်ဆုံးအခြေအနေကို ကြည့်လျှင် ကမ္ဘာ့ စံချိန်မီ ဥယျာဉ် မြိုု့တော်ကြီး အဖြစ်သိ ု့ တက် လှမ်း လျက် ရှိနေလေပြီ ။

ပုဂံနင့် ခေတ်ပြိုင် တံငါရွာ သာသာကလေးအဆင့်မှ ရေတွက် လျှင်..ရန်ကုန် သက်တမ်းသည်..နှစ်ပေါင်း 900 ကျော်လိမ့်မည် ။

အလောင်းဘုရား..ရန်ကုန် စတင် တည်ထောင်ချိန်မှ ယူလျှင်..ခရစ်နှစ် 2010 င်္တွင် မြို ့သက် နှစ်ပေါင်း 255 နှစ် တင်းတင်း ပြည့်ပေတော့မည်။

၁၀။။

နှစ်ပေါင်း 200ကော်ကာလ ၊ ရန်ကုန်မြို ့ကြီးအကြေင်း.. ပြောဆိုလျှင် ကိုလိုနီ လက်အောက် ထိုခေတ် ထို အချိန်..ရွှေတိဂုံစေတီတော်ကြီး..အခြေအနေကိုလည်း..

ပြန်လည် ပြောပြမှ လူငကယ်တို ့အတွက် အကျိုး .ရှိပေလိမ့်မည် ။

ခရစ်နှစ်..1852 ခုနှစ်တွင်.. အိန္ဒိယ ဘုရင်ခံချုပ်..လေ့ာဒါလဟိုဇီ က ” ကျွန်ပ်ရောက်ဖူးသမျှ အိန္ဒိယပြည်အနှံ ့တွင် ရှိသော အဆောက်အဦများတွင်…

တာဂျ်မဟာမှ လွဲ၍ သွားရောက်ကြည့်ရှုရန် နေရာ ဖြစ်ပေသည် ။” ဟူ၍ ရွှေတ်ိဂုံစေတီတော်ကြီးကို ရည်ညွှန်းရေးသားခဲ့သည် ။

ရွှေတိဂုံစေတီတော်ကြီးကို…ပြည်ပ ခရီးသည်များနှင့် ပြည်တွင်းနေ တိုင်းရင်းသားများက အဆန်းတကျယ် အထူးအမြတ် ပြုရသော..

နေရာ ဖြစ်သည် ။

ဗုဒ္ဓ ဘာသာဝင်တို ့၏ ဦးထိပ်ထားရာ ဖြစ်သည် ။မြန်မာနိုင်ငံ၏ ပန်းပဲ ၊ ပန်းရွဲ ၊ ပန်းထိမ် ၊ ပန်းတဉ်း ၊ ပန်းတမော့ ၊ ပန်ူးရံ ၊ ပန်းပု ..စသည့်အနုပညာ

ယဉ်ကျေးမှူ ပေါင်း..ခညောင်းရာ ဖြစ်သည် ။ မြန်မာ ့ ယဉ်ကျေးမှု အမွေအနှစ် ဘဏ္ဏာ တိုက်ကြီး ဖြစ်သည် ။

1970 ပြည့်နှစ် မတိုင်မီ အချိန် အထိ ငှက်ပျောဖူးမှ အစ ထီးတော် စိန်ဖူးတို ့ရှိရာ… ရတနာ တို ့၏ တန်ဖိုးသည်. သိန်း လေးဆယ်ကျော်မျှ..ဖြစ်သည် ဟု သိရသည် ။

စေတီတော်ကြီး .ရှိ ရတနာ အစုစု ကို တန်ဖို းထည့်တွက်လျှင် ကုဋေများစွာ တန်ပေလိမ် ့မည် ။

၁၁ ။။

ခရစ်နှစ် 1500 ပြည် ့လွန်…နှစ်များမှ စ၍ နယ် ချဲ ့ အရင် ရှင်များသည် မြန်မာနိုင်ငံတွင် စတင် ခြေကုပ်ယူခဲ့သည်

အင်္ဂလိပ်ြ့မန်မာ ပထမ နှင် ့ ဒုတိယ စစ်ပွဲများအတွင် း..စစ်တလင်း ဖြစ်ခဲ့ရသည် ။ အင်္ဂလိပ် မြန်မာ ပထမ စစ်ပွဲံ့ ( ခရစ်နှစ် 1824 ) အတွင်းက

အင်္ဂိလိပ် စစ်တပ်များသည် ရွှေတိဂုံစေတီတော်ကို တက်ရောက် သိမ်းပိုက်ခဲ့သည် ။

ရ န္တပိုစစ်ပြေငြိမ်းရေး စာချုပ်အရ အင်္ဂလိပ်တို ့လက်မှ ပြန်တောင်းခဲ့ရသည် ။ ဘုရားကြီးမှာ စစ်ဘေးဒဏ်ကြောင့် ကြီးမားစွာ ပျက်စီး ခဲ့ရသည် ။ ခရစ်နှစ် 1852 ခုနှစ် အင်္ဂလိပ် မြန်မာ

ဒုတိယ စစ်ပွဲ တွင် စေတီတော်ကြီးသည် မြန်မာ တပ်များလက်မှ အင်္ဂလိပ် တပ်များ လက်သို့ ကျရောက် သွားရပြန်သည် ။

ရန်ကုန်သိမ်း ၊ အင်္ဂလိပ် တပ်များသည် အရှေ့မုဒ်မှ အနောက်မ ုဒ်အထိ မုဒ် သုံးဘက် မှာ တပ်စွဲကြသည် ။

မြန်မာ ဘုရားဖူးများ တောင်ဘက်မှသာ တက်ခွင့်ရသည် ။

၁၂။။

ဟံသာဝတီတွင် အနောက်ဘက်လွန် မင်းတရား ( ခရစ်နှစ် 1605 – 28 ) စိုးစံလျက် ရှိစဉ် သံလျင်စား ( ငဇင်ကာ ခေါ် ဖိလစ်ဒီဘရစ်တိုသည် )
ရွှေတ်ိဂုံစေတီတော်မှ ဓမ္မစတီခေါင်းလောင်းကြီးကို..ဖြုတ်ယူခဲ့သည် ။

ခေါင်းလောင်းကြီါ်ကို သံလျင်သို့ အရောက်မ ပို ့န်ုိုင်ခဲ့ပေ။ သယ်ယူသွားသော လှေ ကွဲသဖြင့် ဒေါပုံမြစ်ထဲသို့ ကျရောက် ပျောက်ကွယ်သွားခဲ့ရသည် ။ အဂ်လိပ် မြန်မာ စစ်ပွဲ အတွင်းကလည်း..

အင်္ဂလိပ် တပ်များသည် ရွှေတိဂုံ ကုန်းပေါ်ရှိ စဉ့်ကူး မင်း ခေါင်းလောင်းကြီးကို ဖြုတ်ယူကြပြန်သည် ။ အောင်ပွဲ အထိမ်းအမှတ်အဖြစ်.. အင်္ဂလန် သို့ ယူဆောင်သွားရန် သင်္ဘောပေါ်သို ့တင်ရာတွင်

မြစ်ထဲသို့ကျသွားသည် ။ အင်္ဂလိပ်တို ့ အမျိုးမျိုး ကြိုးစား ဆယ်ယူသော်လည်း နောက်ဆူံး လက်လျော့သွားကြသည် ။

မြန်မာတို ့က မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆယ်ယူနိုင်ခဲ့၍သာ ယနေ့ ပြန်လည် တွေ ့မြင်နိုင်ခြင်းဖြစ်သည် ။

၁၃။။

ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲ အတွင် ရွှေတိဂုံစေတီတော်တွင် လုယက် ဖောက်ထွင်းမှုများပေါ်ပေါက်ခဲ့သည်ကို တွေ ့ရသည် ။

အင်္ဂလိပ်စစ်သားတစ်ဦးသည် စေတီတော် တစ်ဆူအတွင်း ဋ္ဌာပနာထားသော ရွှေဆင်းတု ၊ ငွေဆင်းတု အချိဲု့ကို တွေ ့ရှိရာမှ

အခြားစေတီများတွင်လည်း အလားတူ အဖိုးတန် ပစ္စည်းများ ရှိလိမ် ့မည်အထင်ဖြင့် အခြားစစ်သားများကလည်း စေတီများစွာကို လိုက်လံဖျက်ဆီး၍

ရတနာသိုက်ရှာခဲ့ကြသည် ။

တပ်ခွဲတစ်ခုသည် တစ်ညအတွင် တူးဖျက်ရှာဖွေရုံနှင့် အိန္ဒိယ သုံးချပ်ပြားသုံးရာ ဖိုးမျှ တန်သည့် ရွှေဆင်းတု ငွေဆင်းတုများကို ရသွားသည် ။

မိမိတို့၏ အထက်အရာရှိတစ်ဦးသို ့ရောင်းလိုက်ရာ ထိုအရာရှိက အိန္ဒိယပြည် ကာလကတ္တားမြို့သို့ တဆင့်ပြန်ရောင်းလိုက်သောကြောင့် အမြတ်အစွန်း အကြီးအကျယ်ရသွားသည် ။

ထိုစဉ်က နိုင်ငံခြားသားတစ်ဦး၏ မှတ်တမ်းတွင် ” ရွှေတိဂုံစေတီကြီး ပတ်လည်ရှိ ဘုရားစေတီငယ်များကို ဗရမ်းဗတာဖျက်ဆီးထားသော မြင်ကွင်းကို မြင်ရသည်မှာ..စိတ်မကောင်းစရာပင်ဖြစ်ပေသည်”

ဟူ၍ပင်ရေးသားခဲ့သည်။

၁၄။။

ထိုစဉ်က အင်္ဂလိပ် စစ်ဗိုလ်ချုပ် ကင်းဘဲလ် ကိုယ်တိုင်ပင် ရွှေတိဂုံ စေင်္တတော်ကြှီး၏ ဝမ်းဗိုက်အတွင်းသို့ အဖိုးတန်ရတနာများ ရရှိမည်ဟု မျှော်လင့်ချက်ကြီးစွာဖြင့် ထွင်းဖောက်ခဲ့သေးသည် ။

မျှော်လင့်ချက် မရှိလောက်မှ လက်လျှော့သွားခဲ့သည် ။

ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ အတွင်းတွင်လည်း အင်္ဂလိပ် တပ်များသည် နှစ်ရက် သုံးရက် အတွင်း ဘုရားကြီးရင်ပြင်ပေါ်ရှိ

အဖိုးထိုက် အဖိုးတန် ဟုသမျှကို ရှာဖွေ ဖြုတ်ယူသွားကြသည် ။

ရွှေချထားသော သစ်သားဆင်းတု ၊ ကျောက်ဆင်းတု ၊ ကြေးဆင်းတု ..စသည်များ..ရျွှေချထားသော…သေတ္တာများနှင့် ဗီရိုများသည်…

ကုန်းတော်ပေါါ်တွင် ပြန် ့ကျဲကျန်ရစ်သည် ။ အင်္ဂလိပ် စစ်ဗိုလ် လော်ရီက

စစ်သားတစ်ယောက် ရဲတင်း တစ်လက်ဖြင့် ရွှေဆင်းတုကြီး တစ်ဆူကို ဖောက်ဖျက်နေပုံမှာ ခံကတုပ်ကျင်းတစ်ခုကို စိတ်အေးလက်အေး တူးဖော်နေသကဲ့သိ်ု့ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။

ထိုစဉ်က ဘုရင့် အင်ဂျင်နီယာတပ်မှ ဗိုလ်မှု ဖရေဇာကိုယ်တိုင်လည်း ဘုရားစကြီး၏ ဝမ်းဗိုက်တော်အတွင်းသို့ ပေတစ်ရာမျှ အထိ ထွင်းဖောက်ကြည့်ခဲ့သည် ။

ဘုရားကြီး၏ ဘဏ္ဏာတော်များကို တွေ့လိုတွေ့ငြား တူးဖော်ကြည့်ခဲ့ခြင်းသာဖြစ်သည်။

၁၅။။

အင်္ဂလိပ် တပ်များသည် မြန်မာတို့လက်ချက်ဖြင့် ကျဆုံးခဲ့ရသော လက်ဖတင်နင်အာ ၊ ဒူရန်၊ ဂျေအမ်တေလာ ၊ ကပ်ပိတန်စီ ဂျီလော့ တို ့၏ အလောင်းများကို

ရင်ပြင်တော်အရှေ့မြောက်ထောင့်တွင် မြုပ်နှံခဲ့ကြသေးသည် ။
မြန်မာတို့ အရေးဆို၍ 1929 ဇန်နဝါရီလ 22 ရက်နေ့တွင် မှ ကန်တိုမင်စစ်သချိင်္ုင်းသို့ ရွှေ့ပြောင်းသွားခဲ့သည် ။

ခရစ်နှစ် 1852 ခုတွင် စစ်ကဲဦးထော်လေးကိုယ်တိုင် စေတီတော်ကြီးဖောက်ထွင်းထားသည့် အပျ့က်အစီးများကိုတွေ့ခဲ့ရသည်။

အရှေ့ဘက်မျက်နှာ ပထမ ပလ္လင်အထက်မှအလျား လေးတောင် ၊ အနံ သုံးတောင်ရှိ တွင်းကြီးသည် ခြောက်ဆယ့်ခြောက်တောင် အနက်ရှိသော လှိုင်ခေါင်းကြီး.ဖြစ်နေပြိး

အတွင်းရှိ ကျောက်စေတီသို့ပင် ရောက်သည်ဟု သိရသည်။

ခရစ်နှစ် 1886 ခု ဇန်နဝါရီလ 1 ရက်နေ့တွင် အင်္ဂလိပ်တို ့က မြန်မာနိုင်ံကို အပြီးအပိုင် သိမ်းယူလိုက်သည်။ ရွှေတိဂုံစေတီကြီး တည်ရာ ရန်ကုန်မြို့ကြီးမှာ

1885 ခုနှစ်ကပင် အင်္ဂလိပ် လက်ထပ်သို့ ကျရောက်ခဲ့ရပြီး ဖြစ်သည်။

သီပေါမင်း ပါတော်မူပြီးနောက် 1887 ခုနှစ် ဖေဖော်ဝါရီလ 4 ရက်နေ့ထုတ် ရန်ကုန်ဂေဇက်သတင်းစာတွင် ဘုရားပေါ်မှ ဆင်းတုတော် ..စသည့် အဖိုးတန် ပစ္စည်းများ ခိုးယူခံရခြင်းများ

ဆက်လက်ဖြစ်ပွါးနေခဲ့ကြောင့်တွေ့ရသည်။

ဘုရင်စကော့ ဝက်ဝံရေ ဦးထုပ်ဆောင်း တပ်ရင်း 21 မှ တပ်သားပေါ့တ်နျင့် လော့ကလင်တို့သည် 1886 ခုနှစ် ဒီဇင်ဘာ 11 ရက်နေ့ ညသန်းခေါင်အချိန်တွင်

ဘုရားပေါ်မှ ဆင်းတုတော် တစ်ဆူကို တိတ်တဆိတ် ခိုးယူထွက်ပြေးကြသည်။ ဘုရားစောင့်က ထပ်ချပ်လိုက်ရာ ပေါ့တ်ဆိုသူက ထွက်ပြေးသွားသော်လည်း
လော့ကလင်က ဘုရားစောင့်၏ လက်ထဲမှ သံတုတ်ကို လုယူပြိး ပြန်လည် ရိုက်နှက်ခဲ့သည်။ ယင်းဒဏ်ရာဖြင့် ဘုရားစောင့် သေဆုံးခဲ့ရသည် ။

အင်္ဂလိပ်စစ်သားနှစ်ဦးအား..တရားရုံးမှ မည်သို့ ဆုံးဖြတ် င်္စရင်ခဲ့သည်ကိုတော့ အမှတ်အသားကိုကား မတွေ့ရပေ ။

၁၆။။

ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြတ်ကြီ၏ တန်ဆောင်းတစ်ခုအတွင်း ထိုင်နေရင်း နယ်ချဲ့အစိုးရလက်ထပ်တွင် ပျက်စီးပျောက်ကွယ်သွားခဲ့ရသော မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု.

အနုပညာလက်ရာပစ္စည်းများမည်မျှရှိခဲ့ပါမည်နည်းဟု..တွေူးနေမိသည်။

နှမြောတသမှုဖြင့်လည်း ပြင်းထန်စွား စ်တ်လှုပ်ရှားမိခဲ့သည် ။

ကျွန်တော်တို့ သည် ရှေးဟောင်းယဉ်ကျေးမှုဟူသမျှကို မြတ်နိုးတွယ်တာတတ်သူများ ဖြစ်ကြပါသည်။ ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်အားထက်သန်ကြပါသည်။

မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု စေတီပုထိုးများမှ ရှေးဟောင်း ပစ္စည်းများ ရှေးဟောင်း လက်ရာများကို မသိနားမလည်သူများ လူ မသမာများ ပြည်ပမှ စိတ်ကောင်းစေတနာကောင်းမရှိသူများ၏လက်ချက်ကြောင့်

ဆုံးပါးပျက်စီး.ပျောက်ကွယ်သွားရသည်ကို လုံးဝ မလိုလားကြပါ။

နိုင်ံငံခြား ပြတိုက်ကြီးများ ၊ ဝါသနာအလျောက် စုဆောင်းသူများထံသို ့ တရားမဝင်သော နည်းဖြင့် ရောက်ရှိသွားခြင်းမျိုးအတွက် လုံးဝ မရှုဆိတ်နိုင်ကြပါ။

၁၇။။

မြန်မာပြည်တွင် နောက်ဆုံး အုပ်ချုပ်သွားသော အင်္ဂလိပ်ဘုရင်ခံ ဆာ – ဟူဘက် – ရန်စ် ့ ..က ရွှေတိဂုံစေတီတော်င်္ကြးီ၏ ဧည့်သည်တော်မှတ်တမ်းတွင်

” စေတီတော်ကြီး၏ တင့်တယ် သပ္ပယ်မှုနှင့် တည်ငြိမ်စွာ တောက်ပမှုသည် မျက်စိပသာဒကို ကြည်နူးစေပါသည် ။ ထို ငြိမ်းချမ်းမှုု လက္ခဏာသည် အချိန်ကာလ ရှည်လျားသ၍တည်ြုမဲပါစေ..ဟု

ကျွန်ပ် ဆန္ဒပြုမိပါသည် ” ဟူ၍ အမှတ်တရ ရေးခဲ့ပါသည်။
သူ ့ထက် ကျွန်တော်တို ့က ပိုပါ လိ်မ့်မည်။

၁၈ ။။

ရွှေတိဂုံစေတီတော်င်္ကြးီအား ” မိမ်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ၊ လက်ရာများ .ပြည့်ပြည့်စုံစုြံဖြင့် ” အချိန်ကာလ ရှည်လျားသ၍ တည်မြဲစေလိုပေမည် ။

ထိုငြိမ်းချမ်းမှု လက္ခဏာကြီး…ထာဝရတည်မြဲပါစေ ဟု ဆန္ဒပြုမိကြပါလိ်မ့်မည်။

ဝန်ခံချက်။ ။။ စာရေးဆရာ မောင်ကြည်သန့်၏ မြန်မာ့မြိုဲ့ရွာဒေသ ဝေါဟာရ ( ၂၀ဝ )မှ ထုတ်နှုတ်တင်ပြပါသည်။

အနှစ်နှစ်ရာကျော် အတိတ်သမိုင်းထဲက မြို့တော်ရန်ကုန် ဤတွင် ပြီး၏ ။

ဤစာအုပ်ကို ပေးဖတ်ပါသော သူငယ်ချင်း သန် ့ဇော်အောင်အား အထူးကျေးဇူးတင်ရှိပါသည် ။

ချစ်ခြင်းမေတ္တာဖြင့်

မိုးမင်းသား

8 comments

  • water-melon

    June 16, 2012 at 8:30 pm

    မိုးမင်းသားရေ
    ရွှေတိဂုံစေတီတော်သမိုင်းအကြောင်းကိုသိခွင့်ရလို့
    ကျေးဇူးတင်ပါတယ်
    နောက်ထပ်မျှော်နေမယ်နော်
    ဒါနဲ့ ဓမ္မစတီခေါင်းလောင်းကြီးကို ပြန်ဆယ်မယ်လို့ ကြားမိတယ်

  • မောင်ပေ

    June 16, 2012 at 8:39 pm

    ရှယ်ပို ့စ်ဘဲဗျာ ။ မသိဖူးသေးတဲ့ အကြောင်းအရာ အချက်အလက် တော်တော်များများ ကို သိလိုက်ရတယ်ဗျို ့။ အားတဲ့အခါကြမှ ဒီထဲကအကြောင်းအရာတွေ ကို သုံးပြီး ဇါတ်တစ်ခု သေချာပေါက် ရေးမယ်ဗျာ ။

  • ကိုရင်စည်သူ

    June 16, 2012 at 8:46 pm

    ဘဲရီးဂွတ်… ဘဲရီးဂွတ် pdf လုပ်ပြီး ကူးထားလိုက်ပြီ။
    အေးဆေးဖတ် အေးဆေးမှတ်လို့ရအောင်
    ရေးပေးတဲ့ မိုးမင်းသား ရှဲရှဲ…။
    တချိန် ကျနော် စုံထောက်ဝတ္ထုရေးရင်
    အဲ့ဒါတွေ လိုလာမှာ အမှန်ပဲ.. ဟဲဟဲ
    ကုန်ကြမ်းရသွားပြီ။

  • Victory

    June 16, 2012 at 9:04 pm

    လော့ဒ်ဒါလဟိုစီလမ်း၊မောင်ဂိုမာရီလမ်း၊ဖရေဇာလမ်းလောက်ဘဲသေသေချာချာသိတဲ့
    ကျနော်လိုလူအတွက်တော့တော်တော်ဗဟုသုတရတာ မို့လို့ လွန်စွာကျေးဇူးတင်ပါတယ်။
    ကျနော်တို့လက်လှမ်းမီသင့်သော၊သိသင့်သော သမိုင်းအမျိုးအစားမို့ပါဘဲ။
    စကားမစပ် ရန်ကုန်က စစ်ကဲမောင်ထော်လေးလမ်း က စစ်ကဲဦးထော်လေးနဲ့ မော်လမြိုင်
    က စစ်ကဲဦးအိုလမ်းက စစ်ကဲဦးအိုတို့ကအမျိုးတော်ကြောင်း(ငယ်ငယ်ကအဖွားပြောတာတော့ညီအကို)
    လို့ကြားဘူးပါတယ်ဗျ။

  • သားဦး၊မြေးဦး

    June 16, 2012 at 9:38 pm

    မိုးမင်းသားရေ သမိုင်းထဲကမြို ့ကိုလေ့လာသွားပါတယ်။ကိုဖရဲရေ ဓမ္မစေတီခေါင်းလောင်း
    ပြန်ဆယ်ယူမယ့်ကိစ္စ ကိုမျှော်နေတာ။အောင်မြင်ပါစေလဲ ဆုတောင်းပါရဲ ့။ခု ငြိမ်နေသလားလို ့။

  • water-melon

    June 17, 2012 at 9:23 am

    ဟိုတလောက ကြားမိတာကတော့
    ဗြိတိန်လေယာဉ်တွေ ရှာပြီးရင်
    အကူအညီပေးမယ်လို့ ကြားမိပါကြောင်း

  • မိုး မင်းသား

    June 19, 2012 at 8:55 pm

    အားလုံးကို…တောင်းပန်ပါရစေ……..

    ကျွန်တော်…ဖျားနေလို ့အခုမှပဲ….ကွန်မန် ့ဝင်ပေးဖြစ်တယ်…..

    ကျွနတော်က….ကိုယ်သိထားတဲ ့ဗဟုသုတလေးတွေကို…..

    ပြန်ပြီးဝေမျှပေးတဲ ့သဘောပါ…..အားလုံးကျေနပ်တယ်ဆိုရင်……….

    ကျွန်တော်လည်းကျေနပ်ကြည်နူးတာအမှန်ပါခင်ဗျာ……..

    ဖရဲ…..
    ကိုပေ…..
    အလင်းဆက်…..

    သားဦးမြေးဦး……

    victory…..

    ကိုရင်စည်သူ……

    အားလုံး…အားလုံး….ကိုကျေးဇူးအထူးပင်….တငိရှိပါတယ်…ခင်ဗျာ….

    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

Leave a Reply