လမ်းမလေး

“လမ်းမလေး”

………………………………………………………………………………………………………………

လေထုဟာတိုက်ခက်ဖို့အားအင်သစ်တွေစုနေတယ်၊မကြာခင်ကောင်းကင်က အပြာရောင်သန်းတော့မှာလေ။

အိမ်ခေါင်မိုးပေါ်ကခိုကလေးကဘာတွေများညည်းတွားမှုတွေကအတူတူပဲလား၊

ဘယ်သူမျာသာပါလိမ့်သူ့အကြောင်းနှင့်သူညည်းတွားမှုတွေနဲ့လမ်းမလေးပေါ်လျှောက်သွားနေလေရဲ့။မနက်ဖြန်တော့မညည်းတွားတော့ဘူးနိူင်ငံခြားကအမေ

ပြန်လာမှာလေ။ဒါပေမယ့်…………….လမ်းမလေးကတော့ညည်းတွားလေရဲ့၊  ဂုဏ်ပြိုင်မှုတွေကြားရတော့မှလေ။မနှစ်ကလဲဒီလိုပါပဲအိမ်မက်တွေနဲ့အကောင်ထည်ဖော်ခဲ့တာအခုတော့မဖြစ်တော့ပါဘူး။

လေစိမ်းတွေတိုက်မှာလမ်းမလေးကြောက်နေရတယ်ဖုန်မှုန့်တွေပါလာခဲ့မှာစိုးလို့တဲ့။

လမ်းမလေးက”ပဲပြုတ်………..ပဲပြုတ်”လို့အော်နေတဲ့အဒေါ်ကြီးကိုတော့ချီးကျူးသားအချိန်မှန်မှန်ဘဝကိုရုန်းကန်နေလို့တဲ့၊ဖြစ်ချင်တော့မနေ့ကအိပ်ယာထ နောက်ကျခဲ့တယ်။ဆွမ်းခံကိုယ်တော်လေးတောင်ကြွလာနေပြီ။ဪ………..မေ့နေတယ်၊

ဒေါ်ပုမဆီအကြွေးတောင်းရအုံးမှာ”တခါတလေမေ့နေတဲ့အရာတွေကကိုယ့်ကိုနစ်နာစေ တယ်။အော……….ကလေးတစ်ယောက်ငိုနေပြန်ပြီ၊လမ်းမလေးမေးကြည့်မိတယ်          ”ဘာလို့လဲ”လို့လက်ထဲမှာကိုင်ခဲ့တဲ့”ဒိန်ခဲလေး”လွတ်ကျသွားလို့တဲ့။ ဪ…………..တခါတခါဒီလိုဒိန်ခဲတွေလွတ်ကျလို့ဆိုပြီးငိုနေတဲ့သူတွေလမ်းမလေးပေါ်မှာတွေ့နေရတယ်။ဟော……..ရှေ့မှာအုပ်အုပ်ကြွက်ကြွက်နဲ့လမ်းမလေးပေါ်မှာဘာတွေဖြစ် နေပါလိမ့်။ထင်ပါတယ်၊နီရဲတဲ့သွေးရေစက်တွေနဲ့လမ်းမလေးကိုအရောင်ဆိုးချင်နေတာ၊ သူ့ကိုသူအလှတရားကိုမြတ်နိုးသူလို့ထင်နေတာလေ။ဒီလိုပဲကိုယ့်ကိုအထင်ကြီးသူတွေကလမ်းမလေးကိုနီရဲတဲ့သွေရေစက်တွေနဲ့အရောင်ဆိုးသွားခဲ့တယ်။ ဒါပေမယ့်………….အရာမထင်ခဲ့ပါဘူး။  လမ်းမလေးကတော့ပြောပါတယ်ကိုယ့်ကိုသိပ်အထင်မကြီးပါနဲ့လို့။ လမ်းမလေးဟာအကြောင်းပြချက်များတဲ့လူတွေရယ်၊ကိုယ့်ကိုအထင်ကြီးပြီးတဇွတ်ထိုးလုပ်တက်တဲ့လူတွေရယ်၊မာနကြီးတစ်ခွဲသားနဲ့လူတဖတ်သားကိုမစာနာတဲ့လူတွေရယ်၊သွေးနထင်ရောက်ပြီးဖော်ကြွားမော်ကြွားလုပ်တက်တဲ့လူတွေရယ်လမ်းမလေးကကြည့်လို့မရဘူး။လူပေါင်းစုံ၊ဖွဲ့စည်းပေါင်းစုံနေထိုင်တဲ့လမ်းမလေးဆိုပေမယ့်လမ်းမလေးဘေးကငါးသည်ကိုတော့ကြောက်နေမိပါရဲ့၊ရှိသမျှငါးတွေကိုခေါင်းဖျက်လိုက်လို့တဲ့လေ။ “အင်း……….တခါတလေဒီလိုခေါင်းပုံဖျက်နေကြတဲ့သူတွေဒီလမ်းမလေးပေါ်မှာအများသာဆိုပါလား။အဲ………ဟိုရှေ့ကသွားနေတဲ့လူကြီးကဘာတွေများရွတ်နေလည်းမသိ၊ပွစိပွစိနဲ့ မန္တာန်တွေများရွတ်နေသလား၊ ဟော……………သူ့ရှေ့ကလူတစ်ယောက်ကိုပြောနေပြီ။ ဒါပေမယ့်လေထိုလူကနားမထောင်ဘူးဗျ၊ပြောနေသောလူကြီးကိုတောင်သနားစရာပုံရိပ်  လေးနဲ့ကြည့်ကြည့်သွားသေးဘာလို့ပါလိမ့်၊အလိုလေးအားလုံးလိုပါဘဲလမ်းမလေးမနေနိူင် တော့ဘူးမေးကြည့်မိတယ်။“ကိုလူကြီးကရူးနေလို့ဆိုပါလား”တခါတခါဒီလမ်းမလေးပေါ်မှာသမီးပျိုလေးကိုရိသဲ့သဲ့လိုက်ပြောကြတဲ့သူတွေရောရူးနေကြတာလား၊ ဟုတ်မယ်မထင်ပါဘူး။သူတို့ကိုကြည့်ကြတဲ့အကြည့်တွေကဒေါသအခိုးရိပ်တွေနဲ့ လမ်းမလေးတောင်ကြောက်နေမိတယ်အပြင်မထွက်ရဲဘူးလေ။တော်ကြာရိသဲ့သဲ့ပြောခံ နေရအုံးမယ်။ခုတောင်မနေ့ကမအေးကြည်မနှင့်မဂွတ်ထော်တိုရန်ပွဲလေးကစကားသံတွေ ကြားမိသေး၊ ပြောကြအော်ကြတာခုနှစ်အိမ်ကြားရှစ်အိမ်ကြားတောင်ကြားမိတယ်ထင်ပါရဲ့၊ကြားရတဲ့ စကားတွေကလည်းကျော်မကောင်းကြားမကောင်းပါပဲ။ တခါတခါဒီလိုလမ်းမလေးပေါ်မှာကျော်မကောင်းကြားမကောင်းတဲ့အသံတွေကြားနေကြရတာမဟုတ်ပါလား။

လမ်းမလေးအသံတွေတိတ်ဆိတ်လို့အိပ်မယ်ကြံရွယ်တုန်းဖြတ်လျှောက်လာတဲ့ထီလှည်းကအသံချဲ့စက်တွေအကုန်ဖွင့်နေလေရဲ့။ ကိုကျော်ကြီးကတော့သူကြိုက်တဲ့သီချင်းဆိုပြီးပျော်ရွှင်စွားနားထောင်နေတယ်လေ။ ကိုအေးချမ်းတစ်ယောက်တော့ထီလှည်းကိုမေတ္တာပို့သနေလေရဲ့။နာမည်နဲ့လိုက်အောင် အေးအေးချမ်းချမ်းနေတက်သူလေ။ ဒါကြောင့်ထီလှည်းကိုမေတ္တာပိုတာဖြစ်မှာပေါ့။ အင်း……….။အခက်သားဒီလိုပဲလမ်းမလေးပေါ်မှာအမြင်မတူမှုတွေနဲ့ဘဝကိုရှင်သန်နေကြတာလေ။ဒါတောင်ဘကြီးမုန်းလိုလူကြီးမပါသေးဘူး။ ဘကြီးမုန်းကိုတော့လမ်းမလေးဝဲ/ယာအားလုံးချစ်ကြတယ်လေ။ ဒါကြောင့်ထင်တယ်ဘကြီးမုန်းဆူတာဘယ်သူမှမပြောကြဘူး။ကိုအေးချမ်းတစ်ယောက် တောင်သဘောကျနေတယ်။လမ်းမလေးလဲသဘောကျတယ်လေ။ နံနက်လင်းပြီဆိုလျှင်ဖြင့်ဘကြီးမုန်းရဲ့ဘုရားရှိခိုးသံကလမ်းမလေးဝဲ/ယာကိုပျံ့နှံ့စေခဲ့သည်။ ရုံးသွားတက်သူ၊မနက်ခင်းအလုပ်ရှိသူ၊ဈေးရောင်းတွေကအစဘကြီးမုန်းရဲ့ဘုရားရှိခိုးသံကိုပိုပြီးဂရုစိုက်ကြတယ်လေ။ ဟုတ်တာပေါ့………။ဘကြီးမုန်းကအချိန်မှန်မှန်ဘုရားရှိခိုးတာကိုးဘယ်နိူးစက်မှမလို ဘကြီးမုန်းဘုရားရှိခိုးသံကြားရင်လင်းပြီဆိုတာအားလုံးသိကြတယ်လေ။ အဲ…………ကလေးအမေတွေကတောင်ကလေးနိူးရင်ရိုးရိုးမနိူးဘူး။ “ဟဲ့…..ကလေးတွေထကြတော့လေ၊ဘကြီးမုန်းတောင်ဘုရားရှိခိုးနေပြီ”တဲ့။ ဒါတင်ဘဲလားဆိုတော့မကသေးဘူး၊တိရစ္ဆာန်ဖြစ်တဲ့ခွေးကလေးတွေကိုလည်းဘကြီးမုန်းကိုချစ်ကြတယ်ထင်တယ်။

ဘာလို့လဲဆိုတော့ဘကြီးမုန်းဘုရားရှိခိုးပြီးရင်ကြေးစည်ထုပြီး အမျှဝေတယ်လေ။ဘကြီးမုန်းကြေးစည်ထုတာနဲ့အားလုံးတက်ညီလက်ညီနဲ့ခွေးကလေး တွေက”အူ”ကြတာပေါ့။ ဪ………သူတို့လေးတွေလဲဘကြီးမုန်းကိုချစ်ကြပါတာပါလား။ ဖြစ်နိူင်ပါတယ်။အချိန်မှန်သော(သို့)အချိန်မှန်မှန်လုပ်ဆောင်တက်သောသူကိုအားလုံးက လေးစားကြည်ညိုချစ်ခင်ကြတာမဟုတ်ပါလား။ ခုတော့ဘကြီးမုန်းရဲ့ဘုရားရှိခိုးသံ၊အမျှဝေသံတွေတိမ်ကောသွားပြီးလမ်းမလေးရဲ့ဝဲ/ယာမှာကျော်မကောင်းကြားမကောင်းအသံတွေက

အစားထိုးဝင်ရောက်နေပြီပါပကော။ ဘကြီးမုန်းရဲအမျှဝေသံကြားတိုင်းတက်ညီလက်ညီ”အူ”ခဲ့ကြတဲ့ခွေးကလေးတွေကလည်း ခွေးလေခွေးလွင့်တို့ရဲ့နှောက်ယှက်မှုကြောင့်စိတ်ဝမ်းတွေကွဲကာအချိန်မတော်အချိန်တွေ မှာ”အူ”နေခဲ့ပြီလေ။   အကယ်၍များဘကြီးမုန်းတစ်ယောက်ဒီအခြင်းအရာတွေသိခဲ့မယ်ဆိုင်ပြုပြင်ပြောင်းလဲ ခြင်းတွေနဲ့ပြုပြင်ပေးလေမလား၊(သို့)ငါမရှိခဲ့လို့သာဆိုတဲ့နောင်တတရားတွေနဲ့စိတ် မကောင်းမှုအခြင်းအရာတွေကိုပြသလေမလား။ လမ်းမလေးကတော့တွေးတောနေရပြီဘကြီးမုန်းရယ်…။ ဒီနေ့လမ်းမလေးပျင်းနေတာနဲ့အပြင်ထွက်မယ်လို့စိတ်ကူးပြီးဖီးလိမ်းနေတဲ့အခိုက်မှာကားပေါ်ကမဆင်မခြင်ထွေးထုတ်လို်က်တဲ့ကွမ်းသွေးတွေက

လမ်းမလေးကိုအလှပျက်စေခဲ့ပြီ။ ဟော……ပြောလို့မှမဆုံးသေးဘူး။ဒေါ်ပုမအိမ်အပေါ်ထက်ကအမှိုက်တွေသွန်ချလိုက်ပြန်ပြီ။ တခါတခါဒီလိုမဆင်မခြင်လုပ်တက်တဲ့လုပ်ရက်တွေကြောင့်တပါးသူကိုနစ်နာစေခဲ့တာ  အများကြီးပါပဲ။ခုလည်းလမ်းမလေးအလှပျက်ခဲ့ရပြီ၊ဒါတင်မကသေးသဘာဝကြီးကိုတောင်အလှပျက်နေလေရဲ့။ အနံ့သက်ဆိုးတွေကလည်းကျမ္မာရေးကိုဘေးကျိုးဖြစ်စေတယ်လေ။ ဖြစ်နိူင်မယ်ဆိုရင်လမ်းမလေးမေတ္တာရပ်ခံတောင်းပန်ချင်ပါတယ်။ စိမညိုငြင်ဘူးဆိုရင်ပေါ့။  “အမှိုက်နှင့်ကွမ်းသွေး၊တံထွေး”စသည်တို့ကိုစည်းစနစ်နဲ့စွန့်ပစ်ကြဖို့လေ။ တော်ပါသေးရဲ့အားလုံးကနားလည်ပေးလို့၊ဒါဆိုလမ်းမလေးအလှပြင်လို့ရတော့မှာပေါ့။ အံမယ်…လမ်းမလေးဒီနေ့တော်တော်ပျော်နေပါလား။ပျော်မှာပေါ့၊မနေ့ကကိုကျော်ကြီးနှင့်ကိုအေးချမ်းတို့ပြောနေတဲ့စကားတွေကြားမိသွားတယ်ထင်ပါရဲ့။                                     “ငါတို့လမ်းမလေးကိုကိုယ်ထူကိုထပြုပြင်ရအောင်”         “အေး….ကောင်းတာပေါ့ကွာ”                 “နိူင်ငံတော်ကလည်းကူညီမယ်ပြောတယ်”                  “ဒါဆိုဟန်ကျကြတာပေါ့ကွာ”                                       ကိုကျော်ကြီးနှင့်ကိုအေးချမ်းအပြန်အလှန်ပြောနေကြတာလမ်းမလေးခိုးနားထောင်မိတာ ပေါ့။တချို့သောအရာတွေကတက်ညီလက်ညီစည်းစည်းလုံးလုံးနှင့်လုပ်ဆောင်ရတယ်လေ။ ခုလည်းလမ်းမလေးဝဲ/ယာမှာနေကြသူတွေတက်ညီလက်ညီစည်းစည်းလုံးလုံးနဲ့ လမ်းမလေးကိုအလှဆင်တော့မယ်။ဝမ်းသာလိုက်ပုံဖြစ်ခြင်းတကယ်တော့လမ်းမလေးဟာ စည်းစည်းလုံးလုံးရှိနေခြင်းကိုအလိုရှိတယ်၊စည်းစနစ်ကျမှုကိုအလိုရှိတယ်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကိုအလိုရှိတယ်၊

သန့်ရှင်းမှုကိုအလိုရှိတယ်၊လှပမှုကိုမြတ်နိုးတယ်။   လမ်မလေးမှာ…………………

ကြမ်းတမ်းတဲ့ခဲလုံးတွေရှိတယ်

ပေပွတဲ့ရွံ့ဗွက်တွေရှိတယ်

အဲ……….ပန်းတိုင်ဆိုတာလည်းရှိတယ်လေ..။

သင်ကကြမ်းတမ်းတဲ့ခဲလုံးတွေနဲ့ရှေ့ကိုလျှောက်မလား၊

ချွန်မြတဲ့ဆူးပန်းတွေပေါ်နင်းသွားမလား၊

ပေပွတဲ့ရွံ့ဗွက်ထဲဆင်းသွားမလား၊

(သို့မဟုတ်)

အားလုံးကိုဖြတ်ကျော်ပြီးပန်းတိုင်ဆိုတာချည်းကိုယူသွားမလားဆိုတာ…….။        ။

ဇွဲမာန်(အင်းဝ)

 

 

4 comments

  • စိန်ဗိုက်ဗိုက်

    June 16, 2012 at 6:55 pm

    ကြိုက်သဗျ..ရေးထားတာလေး..
    လမ်းမလေးကို လက်မလေးထောင်ပြီးအားပေးသွားပါတယ်..
    ဘယာကြော်..
    ဒါနဲ ့..
    လမ်းမလေးမှာ ခွေးချီးပုံတွေ အကြောင်းမပါဘူး..
    ဘီအီးမူးပြီး သိုင်းကွက်နင်း လျှောက်သွားတာ မပါသေးဘူးနော်..

    ကျနော်ကတော့ လမ်းမလေးပေါ်မှာ ခုန်ပျံကျော်လွှားနဲ ့ လျှောက်ဖို ့စဉ်းစားထားပါတယ်ဗျား..

  • မောင်ပေ

    June 16, 2012 at 6:56 pm

    လမ်းမလေး
    ပန်းအလှထွေး
    နမ်းသမျှအေး
    ချမ်းလှကွေး။

  • လူ ဟား

    June 16, 2012 at 9:00 pm

    လမ်းမကြီးလို့ပဲ ကြားခဲ့ဖူးတယ်ဗျာ…။ လမ်းမလေးလို့ ဆိုလေတော့ ..ဂရုဏာသက်မိလေရဲ့…။ စကားမစပ် ကိုဇွဲရဲ့ စာလမ်းမ ကြောင်းလေးတွေကလည်း ဟိုး… အပြင်ဖက်ကိုရောက်နေလေတော့ မနည်းကြီး ကြိုးစားဖတ်ရှု မှတ်သားလိုက်ရပါကြောင်းနှင့်…။
    နောက်ပြီး ဗမာစကားမှာ ” ကြီး” နဲ့ ” လေး” ရဲ့ လေးနက်မှုကို လူဟား နဲနဲပြောကြည့်မယ်နော်..
    စောခူစဲရဲ့ သီချင်းလေးပါ.. ” ရွှေလည်တိုင်ကိုကွယ် အနမ်းကြီး(လေး..မူရင်း)ပေးစဉ်ဝယ်.. ရင်ခုန်စရာဟာ သနပ်ခါးနံ့ကြီး(လေး..မူရင်း) တွေနဲ့ ရင်ခွင်ကြားမှ ခေါင်းကြီး(လေး..မူရင်း)ငုံ့ကာ ရှက်ပြုံးကြီး(လေး..မူရင်း) ပြုံးနေခဲ့သူရယ်..” ဘယ်လိုနေလဲလို့ ဝေဖန်ကြည့်ကြပါအုံးဗျာ…။

Leave a Reply