“ဆုံစည်းပါရစေ” အပိုင်း(၃)

aung nainglinJune 16, 20121min594

“သက်ပိုင်……မင်းကိုပြောစရာရှိတယ်….ဒါပေမဲ ့  အရင်ဆုံးမင်းကိုမေးမယ်…….”

“ဘာကိုလဲ………….”

“မင်းစိတ်ထဲမှာ    ဘယ်လိုထင်လဲ………..”

“ထွန်းဇော်    ရှင်းရှင်းပြော  ဟေ့ကောင်..”

“ဘာဖြစ်ရမလဲကွာ       ငါချစ်သူ    သဲနုရဲ ့သူငယ်ချင်း    သွန်းဖြူသင်းကိုပြောတာကွ…….”

“အင်း  လှတယ်ကွာ…..အရမ်းလှတယ်..ဒီ ့ထက်ပြည် ့စုံတဲ ့အဓိပါယ်  ရှိရင်    ငါပြောချင်သေးတယ်ကွာ……”

“ဟ     မင်းကလဲ    ညွှန်းလှချည်လား…….ပိုလွန်းတယ်လို ့မထင်ဘူးလားကွာ………”

“ဟုတ်တယ်  ထွန်းဇော်     ငါ ့ဘဝမှာသူလောက်လှတာ   တစ်ခါမှမတွေ ့ခဲ ့ဘူး  ဘူးကွာ….ပြီးတော့   သူ ့ရဲ ့အကြည် ့တွေက  စူးရှလွန်းတယ်    ဆွဲစောင်မှုလဲရှိတယ်………”

“အေးကွ………….မင်းပြောတာမှန်တယ်.သက်ပိုင်……….သဲနုနဲ ့ယှဉ်လိုက်ရင်မိုးနဲ ့မြေလိုကွာချာသွားတယ်လို ့ထင်ရတယ်ကွ…………..”

“အဲ ့ဒီလိုတော့မပြောနဲ ့လေကွာ……ဒီကမ္ဘာပေါ်မှာ   ကို ့ချစ်သူထက်လှတဲ ့အရာ  ဘယ်ဟာရှိအုံးမှာလဲကွာ….”

“ဟုတ်ပါတယ်သက်ပိုင်ရယ်    ငါက   စကားအဖြစ်ပြောတာပါ….ဒါနဲ ့သက်ပိုင်      မင်းကိုမေးပါအုံးမယ်   ”

“မေးလေကွာ…..”

“မင်းကော   သူ ့ကိုစိတ်မဝင်စားဘူးလား…….”

“အဲ ့ဒါတော့   ငါလဲသိပ်မသိဘူးကွာ…ဒါပေမဲ ့   သူနဲ ့အကြည် ့ချင်းဆုံတဲ ့  တစ်ခဏတာ  အတွင်းတော့ငါ့  စိတ်တွေ   အရမ်းပဲလှုပ်ရှားသွားတယ်ကွာ…ဘာဖြစ်သွားတာလဲဆိုတာတော့  ငါကိုယ်တိုင်တောင်   ဘာမှန်းမသိသေးပါဘူး…….”

“အင်း     ဖြစ်နိုင်ပါတယ်ကွာ….ငါတောင်မိန်းကလေးတွေအများကြီးနဲ ့   တွဲခဲ ့ဘူးသေးတာပဲ…….သူနဲ ့တွေ ့တော့   ငါ ့စိတ်တွေယိုင်နဲ ့သွားသေးတာပဲလေ…..မင်းကြတော့  ချစ်သူမထားခဲ ့ဘူးတော့      ပိုဆိုးမှာပေါ့…………….”

“မင်း     ရင်ထဲမှာ    သူပါတ်သက်တဲ ့ခံစားမှုတစ်ခုခုဖြစ်ပေါ်လာခဲ ့ရင်     ငါကိုပြောအုံးနော်….”

“အေးပါကွာ…..ဒါနဲ ့   မင်းသဲနုကို     ဘဝလက်တွဲဖော်အဖြစ်  ရွေးချယ်လိုက်ပြီလား…………..”

“ဘာ              ဘာပြောလိုက်တယ်သူငယ်ချင်း………လက်တွဲဖော်   ဟုတ်လား……………သက်ပိုင်………….”

“အေးလေကွာ…………..ငါပြောတာမှားလို ့လား………….”

“ဟားးး…..ဟား…………..မမှားပါဘူးကွာ…..မင်းပြောတာမှန်ပါတယ်…..ဒါပေမဲ ့  နဲနဲလွဲသွားတယ်………….”

“ဟ….မင်းဟာက   ဘယ်လိုကြီးလဲကွ…………..”

“ဘယ်လိုမှမဟုတ်ဘူး….ငါနောက်တစ်ယောက်တွေ ့ထားတယ်……..”

“မလွန်ဘူးလားကွာ…………”

“မလွန်ဘူး   သူငယ်ချင်း.မိန်းမဆိုတာ   သနားဖို ့မှမဟုတ်တာကွာ…….”

“ဟုတ်ပါတယ်ကွာ………..မင်းပြောတာ  မှန်သင် ့သလောက်တော့မှန်ပါတယ်..ဒါပေမဲ ့ယောက်ျားတွေအတွက်တော့      ပါရမီဖြည် ့ဖက်မဟုက်လား……….အဲ ့ဒါကြောင် ့သူတု ့ိကို    နဲနဲဖြစ်ဖြစ်လေးစားဖို ့တော့  လိုမယ်ကွာ……………….”

“ကဲ      သက်ပိုင်   မင်းနဲ ့ငါ   ဘာမဟုတ်တဲ ့မိန်းမအတွက်နဲ ့   ပြသာနာမဖြစ်ချင်ဘူးကွာ……………မေ ့လိုက်တော့…………..”

“အေးကွာ…..အဲ ့ဒါကောင်းတယ်……ဒါနဲ ့    မင်းငါ့ကို   ပြောစရာရှိတယ်ဆိုတာ   ဘာလဲ………….”

“မင်းရဲ ့   ဒုတိယ  စီးရီးအခွေအတွက်   ဘယ်လိုပြင်ဆင်ထားလဲ……………..ဘယ်တော့လောက်   ထုတ်မှာလဲ…………………”

“ဒီတစ်ပါတ်ထဲ   ထုတ်မယ်လို ့စီစဉ်ထားတယ်……ပြင်စရာဆိုလို ့   တစ်ခုပဲရှိတော့တယ်……..”

“ဘာပြင်အုံးမှာလဲမင်းက…………”

“မင်းcopy   ကူးထားတဲ ့သီချင်းကို  အဲ ့ဒီစီးရီးအခွေထဲ  ထည် ့ဖို ့လုပ်နေတာလေ…………..”

“အဲ ့ဒီလို  လုပ်ပါကွာ…..အဲ့ဒီသီချင်းသာအခုထွက်မယ် ့အခွေထဲထည် ့လိုက်ရင်    အရမ်းပေါက်သွားမှာကွ…………”

“မင်းပြောသလိုဖြစ်ပါစေကွာ……….”

“ငါပြောရင်လွဲခဲတယ်ဟေ့ကောင်…………..”

“စီးရီးခေါင်းစဉ်ကိုကော ရွေးပြီးပြီလား…………..”

“အင်း…………….”

“ဘာနာမည်လဲ…………..”

“copy ကူးထားတဲ ့  သီချင်းနာမည်လေ………….”

“လန်းတယ်ကွာ………………”

“အဲ ့ဒါ   မနက်ဖြန်ကြရင်    ငါနဲ ့လိုက်ခဲ ့    ”

“ဘယ်ကိုလဲ……..”

“သွားထည် ့ဖို ့လေကွာ……………..”

“လိုက်မယ်   ငါက    နောက်တစ်ခေါက်လောက်နားထောင်ချင်နေတာ….အတော်ပဲဖြစ်သွားတာပေါ့……………..”

သူရင်တွေအရမ်းခုုန်နေလေသည်လေ။      စီးရီးခွေက  ထွက်တော့မယ်ဆိုတော့      စိတ်ထဲမှာတော့   ပေါက်ပါ့မလား   ဆိုတာ       မမှန်းစရဲအောင်ပဲ      ရင်တွေခုန်နေတာလေ။ဘာကြောင့်ပဲဖြစ်ဖြစ်စိတ်ဓါတ်တော့မကျပါ   ဘာဖြစ်လိုု ့လဲဆိုတော့ဆိုးတူကောင်းတူ    အချစ်ဆုံး  သူငယ်ချင်းတစ်ယောက်ရှိနေတဲ့အတွက်ကံကောင်းသည်ပဲလို ့ဆိုရမည်လေ။

 

 

“သွန်းရေ……….သွန်း…”

“ဝင်လာခဲ ့လေဟယ်…………အပြင်ကနေ    သေလောက်အောင်ခေါ်နေတယ်…”

“ဟဲ ့…”

“ဘာတုန်း………….”

“ဒဂုံစင်တာသွာမယ်…..နင့်ကို  လာခေါ်တာ………..”

“သွားလေ…..ငါလဲသွားချင်နေတာ……”

 

 

“တီ………တီ………..တီ…………”

“ဟဲလို…………”

“သဲနုလား…….ကိုပါ……….”

“အင်း………ကိုထွန်း…………ပြောလေ………..”

“သဲနုတို ့…………….အခု    ဘယ်မှာလဲ…………”

“ဒဂုံစင်တာမှာ……..ကိုထွန်းတို ့ကကော….”

“ကိုတို ့လဲ   ဒဂုံစင်တာမှာပဲလေ…………(            )အအေးဆိုင်ထဲမှာ….လာခဲ ့မလား…”

“အင်းလာခဲ ့မယ်လေ……………”

“အင်း…………….ကိုစောင် ့နေမယ်နော်……………”

 

“ဘယ်ကလဲ        သဲနု      ”

“ချစ်သူဆီက…………ဟဲဟဲ….”

“ဘာပြောလဲ…………….”

“တွေ ့ချင်လို ့တဲ့…………..”

“သူတို့က   ဘယ်မှာမို ့လို ့လဲ……………”

“ဒီမှာပဲတဲ့……..နင်ပါလိုက်ခဲ့နော်………….”

“အင်း….သွားလေ………………”

 

ရှေ ့သို ့ဆက်ပါအုံးမည်။……………….ခင်မင်လေးစားလျှက်…………….

 

 

4 comments

  • ညလေး

    June 16, 2012 at 10:38 pm

    “မိန်းမဆိုတာ သနားဖို ့မှမဟုတ်တာကွာ”ကိုယ်ကမိန်းခလေးဆိုတော့…….
    ဒီစကားလုံးကိုတော့ ချဉ်တယ်…..
    “ဘာမဟုတ်တဲ ့မိန်းမအတွက်နဲ ့ ပြသာနာမဖြစ်ချင်ဘူးကွာ…”ဒီစကားလုံးကိုရောပဲချဉ်၏……
    ဇတ်အိမ်ဖွဲ.ထားတာလေးတော့ ကြိုက်ပါတယ်……
    ဆက်လက် အားပေးဖို…..စောင့်မျော်လျက်ပါ….

  • aung nainglin

    June 20, 2012 at 10:04 pm

    အစ်မ ညလေးရေ……….
    ဇာတ်လမ်း အသက်ဝင်သွားအောင် ရေးရတာမို ့လို ့ အမှားပါသွားရင် ခွင် ့လွှတ်ပေးဖို ့တောင်းပန်ပါတယ်
    ဇာတ်လမ်းအသက်ဝင်သွားအောင် ရေးရမှာ မို ့လို ့ပါ
    ခွင် ့လွှတ်သည်းခံပေးပါနော်
    အားပေးတာကိုလဲ အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ
    နောက်လဲ အားပေးပါအုံးလို ့ပြောချင်ပါတယ်
    ခင်မင်လေးစားလျှက်

  • aung nainglin

    June 20, 2012 at 10:05 pm

    အစ်ကိုမောင်ပေရေ…….
    ကျေးဇူးတင်ပါတယ်နော်
    နောက်လဲ အားပေးပါလို ့ပြောချင်ပါတယ်
    ခင်မင်လေးစားလျှက်

Leave a Reply