ရိုဟင်ဂျာအရေး target က ဘာလဲ???

thu thu . sittweJune 16, 20121min23122

ရိုဟင်ဂျာများ ရခိုင်ပြည်နယ်အပေါ် ခြိမ်းခြောက်မှု ကုလသမဂ္ဂအထိဆန္ဒဖော်ထုတ်တောင်းဆိုမှုများဟာ ပုံမှန်အတိုင်းဆိုရင် ကျွန်မစိတ်အထင် အနည်းငယ်အလောတကြီးနိုင်သည်ဟု ထင်မြင်မိပါသည်။ ဒီလို အစောတလျှင် လှုပ်ရှားရခြင်းသည် အကြောင်းမဲ့တော့ ဟုတ်မည်မထင်ပါ။ ရခိုင်ဒေသမှ ရရှိလာမည့် အကျိုးစီးပွားနှင့် ရခိုင်ဒေသ၏ဖွံ့ဖြိုးလာမယ့်အနာဂါတ်ကာလရဲ့ကဏ္ဍက အဓိကဖြစ်နိုင်ပါသည်။

 

ယခုအချိန်မှာ ရခိုင်ပြည်နယ်တွင် တည်ဆောက်သော ရေနက်ဆိပ်ကမ်းနှင့် အိန္ဒိယနှင့် ကုန်သည်မှုဖွံ့ဖြိုးလာမည့် စီးပွားရေးအတွက် အပေါင်းလက္ခဏာပြ စီမံကိန်းတစ်ရပ်က ပြည်တွင်းပြည်ပ စီးပွားရေးသမားများကို အထူးအထည် စိတ်ဝင်စားမှု စွဲဆောင်မှုရှိနေပါတယ်။ ရခိုင်ဒေသဟာ နိုင်ငံတကာ စီးပွားရေးဇုံတစ်ခုဖြစ်လာမယ့် အခြေအနေလို့ မျှော်လင့်နေကြရတဲ့အနေအထားပါ။

ဒီအခြေအနေတစ်ရပ်ကြောင့် မြန်မာပြည်အတွင်း ကြိုတင်ရောက်ရှိ နေထိုင်နေကြသည့် ရိုဟင်ဂျာများကို ခြေကုတ်ယူစေပြီး ရခိုင်ပြည်ရဲ့အကျိုးစီးပွားအပေါ် ကြံရွယ်ခြင်းပါ။

 

မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ရခိုင်ဒေသမှ ရရှိသည့် အကျိုးစီးပွားက အတိုင်းအတာမည်မျှအထိ မျှော်လင့်နိုင်မလဲဆိုတာ အတိအကျမပြောနိုင်ပေမယ့် အထင်သေးသင့်သည့် ပမာဏတော့ မဟုတ်တာအမှန်ပါ။ ရိုဟင်ဂျာများက တန်ဖိုးမြင့်တက်လာသော ရခိုင်ဒေသနှင့် အကျိုးစီးပွားများအပေါ် လောဘတက်လာခြင်းက အနာဂတ်တွင်ရရှိလာမည့် အကျိုးစီးပွားရဲ့ အတိုင်းအတာတစ်ခုကို ခန့်မှန်းနိုင်အောင် သတိပေးလိုက်ခြင်းပင် …..

 

ရခိုင်ပြည်နယ်မှထွက်ရှိသော ဆန်စပါး ငါး ပုဇွန် ရေနံ သဘာဝဓါတ်ငွေ့ ….. နောက်ပြီးတော့ အိန္ဒိယနိုင်ငံနှင့်ဆက်စပ်ပြီးရရှိလာမည့် ကုန်သွယ်မှု ….. လက်ရှိအခြေအနေမှာ ဆန်စပါးနှင့် ရေထွက်ပစ္စည်းလုပ်ငန်းများမှ အကျိုးအမြတ်နှင့် ထိုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားများ အလုပ်အကိုင်ရရှိနိုင်မှုမှာ ၇၀% ဝန်းကျင်ခန့်သာရှိပါသည်။ ကမ်းလွန်ရေနံတူးဖော်ရေးနှင့် သဘာဝဓါတ်ငွေ့တူးဖော်ရေးများတွင် ဒေသခံတိုင်းရင်းသားများအနေဖြင့် အလုပ်အကိုင်ရရှိမှုရာခိုင်နှုန်းသိပ်ကို နဲပါနေပါသေးသည်။

ဒါပေမယ့် ရေရှည်တွင် ဒေသခံများအနေနဲ့သာမက မြန်မာအစိုးရအနေနဲ့ပါ အဆိုပါ သံယံဇာတတူးဖော်ရေးလုပ်ငန်းများမှ အလုပ်အကိုင်နှင့် အကျိုးစီးပွား မျှော်မှန်းနိုင်မှုက အတိုင်းအတာတစ်ခုအထိ ရရှိနိုင်တော့မှာပါ။ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကုန်သွယ်မှုလုပ်ငန်းများမှ တိုင်းရင်းသားဒေသခံများနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် အလုပ်အကိုင်အကျိုးစီးပွားခံစားခွင့် ရာခိုင်နှုန်းတစ်ခုအထိ မျှော်လင့်နိုင်မည်ဆိုလျှင် အဆိုပါအကျိုးစီးပွားများကို မြန်မာနိုင်ငံဒီမိုကရေစီတည်ဆောက်ရေးတွင် တစ်ဒေါင့်တစ်နေရာက အထောက်အပံ့ဖြစ်နိုင်ပါလိမ့်မည်။ မိမိတို့အနေဖြင့် ကောင်းမွန်စွာ ကိုင်တွယ်စီမံတတ်ဖို့က အလွန်ပင် အရေးကြီးပါသည်။

 

ဒီလိုတန်ဖိုးရှိတဲ့ နယ်မြေဒေသတစ်ခုကို ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ရာတွင် နိုင်ငံဖွံ့ဖြိုးရေးအတွက်ကို ပထမဦးစားပေးအနေနှင့် သဘောထားပြီး သတိထားပြီး ကိုယ်တွယ်ဆုံးဖြတ်သင့်ပါကြောင်း …….

22 comments

  • လူ ဟား

    June 16, 2012 at 9:24 pm

    Target က ရှင်းရှင်းလေးပါ သူသူရေ… နယ်မြေတစ်ခု အတည်တကျရှိဖို့ပေါ့… ရိုဟင်ဂျာတွေဆိုတာ နိုင်ငံမဲ့ လူသားမျိုးနွယ်စုတစ်ခု ဖြစ်လေတော့… သူတို့ဖက်က သေချာစဉ်းစားကြည့်ပါ… လူသားရယ်လို့ ဖြစ်လာပြီးတော့မှ လူသားတွေနေတဲ့ ကမာ္ဘကြီးမှာ အရေအတွက်တစ်ခုထိ များပြားလှတဲ့ သူတို့လူမျိုးတွေရဲ့ ကိုယ်ပိုင်နယ်မြေလေးတစ်ခုတော့ ရှိချင်ကြမှာပေါ့ဗျာ..။ အကယ်၍ လူဟားသည်လည်း သူတို့နေရာမှာဆို မျိုးချစ်စိတ်တစ်ခုတည်းနဲ့ ကိုယ့်လူမျိုးတွေ မျက်နှာ မငယ်ရလေအောင် အသက်စွန့်ပြီး တိုင်ခိုက်သင့်ရင် တိုက်ခိုက်မှာဘဲ…။ (ဒါကတော့ မျိုးချစ်စိတ်ရှိတဲ့လူတိုင်းရဲ့ တာဝန်ပါ..။) ဥပမာလေးတစ်ခုပြောမယ်… ဂျူးလူမျိုးတွေ ပါလက်စတိုင်းကို ဘယ်လို ကျူးကျော်ပြီးမှ ခု အစ္စရေးနိုင်ငံရယ်လို့ ထူထောင်ပြီး မင်းမူနေလည်းဆိုတာ သမိုင်းကိုပြန်လေ့လာကြည့်ပါ…။ ဒါဟာ မျိုးချစ်စိတ် တစ်ခုတည်းနဲ့ ရင်းနှီးလာခဲ့ပြီးမှ နိုင်ငံတစ်ခု အရယူခဲ့ကြတာပဲမဟုတ်လား….။
    ကဲ ခု ရိုဟင်ဂျာတွေရဲ့ အဖြစ်ကိုကြည့်… မြန်မာနိုင်ငံသားမဟုတ်ဘူးလို့ အငြင်းခံထားရတယ်.. ဘင်္ဂလားကလည်း လက်မခံပါ.. သူတို့တွေ ဘယ်မှာသွားနေကြရမလဲဗျာ…
    လောကကြီးမှာ ကံအဆိုးဆုံး လူသားမျိုးနွယ်စုလေးလို့ မြင်တယ်.. လူဖြစ်ပြီးမှ လူ့လောကမှာ ခြေချစရာမရှိတဲ့ ဘဝ..။

  • memeseku

    June 16, 2012 at 9:50 pm

    သူသူ့လောက် ရို ဟင်ဂျာတွေ ခေါင်းမကောင်းလောက်ပါဘူးကွယ် သူတို့ က ရမလားထင်ပြီးလုပ်ကြည့်တာပါ… အဲ့ဒီလူတန်းစားထဲမှာ ပညာတတ်နဲ့ စကားကိုလူ ရာဝင်အောင် ပြောတတ်တဲ့သူတောင် ခပ်ရှားရှားပါ…

    • thu thu . sittwe

      June 17, 2012 at 1:22 pm

      “အဲ့ဒီလူတန်းစားထဲမှာ ပညာတတ်နဲ့ စကားကိုလူ ရာဝင်အောင် ပြောတတ်တဲ့သူတောင် ခပ်ရှားရှားပါ…”

      သူတို့ရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေမလဲ? ဘယ်သူတွေက ဦးဆောင်ဦးရွက်လုပ်ပေးနေတာလဲဆိုတာ စဉ်းစားစရာပါ … မြေခွေးအမြီးတစ်စွန်းတစ်စ တွေ့နေရတာတွေလဲရှိပါတယ် …

  • မိုးတိမ်

    June 16, 2012 at 10:05 pm

    မှားနေပြီကိုလူဟားရေ……
    မသနားသင့်တာကိုမသနားအပ်ဘူးဗျ။သူ့မှာနိုင်ငံရှိပါတယ်။ဘင်္ဂလားလေဗျာ။
    လူမျိုး၊ဘာသာ၊ဓလေ့စရိုက်၊ယဉ်ကျေးမှု့၊အသားအရောင်…..အကုန်အတူတူပါ။
    အစ္စရေးနိုင်ငံတည်ထောင်သလို အဖြစ်ခံရမှာစိုးလို့အော်နေရတာ။
    အစ္စရေးစတည်ထောင်ခဲ့တာလဲ အပ်ဇိုးဒပ်(သေချာမမှတ်မိ စာအုပ်ရှိတယ်) ကလေးတွေကိုသဘောင်္ပေါ်တင်ပြီး အင်္ဂလိပ်တွေကို အကြပ်ကိုင်တောင်းဆိုရာကနေ စတာပါ။
    ပထမ နေရာပေး၊ဒုတိယ ပြည်နယ်၊တတိယ နိုင်ငံဖြစ်သွားရောဗျ။အခုတော့ကြည့်လေ
    အာရပ်တွေတောင် အနောက်အုပ်စုက ဖိအားပေးတော့ ရှုံးနေပါရောလား။
    အဲလိုဘဲ ရခိုင်ပြည်နယ် ဖြစ်မသွားဖို့လိုတယ်။ ကျုပ် လိုက်ဖတ်တဲ့ သမိုင်းတလျှောက်မှာ
    အဲဒီအစွန်းရောက်တွေရှိတဲ့ တစ်နေရာမှ မအေးချမ်းပါဘူးဗျာ။တစ်ကမ္ဘာလုံးမှာကို လိုက်ဒုက္ခပေးနေတယ်။
    ဒီတော့ ဘယ်လိုဖြေရှင်းသင့်လဲ ဆိုတာစဉ်းစားရင်းနဲ့ အိပ်ရေးပျက်ပေါင်းများနေပြီ။
    http://myanmargazette.net/130199/creative-writing/my-thinking-different
    အဲဒီဟာအတွက် ဘာမှကိုအကြံမပေးတတ်လို့ စိတ်ဆင်းရဲစွာနဲ့ ထိုင်ကြည့်နေရတယ်။

    စိတ်ညစ်နေတဲ့ မိုးတိမ်………

    • လူ ဟား

      June 18, 2012 at 9:59 am

      လူသားတစ်မျိုးဆိုပြီးသနားတာပါဗျာ…။ ကိုယ့်အိမ်ထဲ တက်နေပြီး ကိုယ့်ကို ဆော်ကားတော့ ဘယ်လက်ခံနိုင်မလဲ။
      သူတို့ လုပ်သင့်တာက သူတို့ရဲ့မူရင်း တိုင်းပြည်ဖြစ်တဲ့ ဘင်္ဂလားကို တော်လှန်ပြီး နယ်မြေပြန်ယူရမှာ…။ အဲလို လုပ်ရင် လူဦးရေနဲ့ နယ်မြေ မမျှတတော့တဲ့ ဘင်္ဂလားတွေကလည်း လူမျိုးတုန်းအောင် တကယ်ဆော်မှာဗျ..။ အဲဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ တို့နိုင်ငံထဲမှာ နယ်လုချင်ကြတာပါ…။ ကဲ ရိုဟင်ဂျာ တို့ရေ.. ခင်ဗျားတို့ မူရင်းတိုင်းပြည်ကိုပဲ ပြန်တော်လှန်ပြီး နယ်မြေရအောင်ယူ… လူသားချင်းစာနာစွာနဲ့ တို့တွေ ကူညီနိုင်သလောက် ကူညီမယ်ကွာ..။

  • yanaung

    June 17, 2012 at 1:42 am

    ကိုလူဟားရေ ကိုမိူုးတိမ် ပြောသလို့ပဲ ရိုဟင်ဂျာတွေက ရောက်လေရာမှာ ဒုက္ခသည် သနညးစရာ သတ္တဝါလေးလိုနေ နောက်တော့ ပြသနာရှာတာ ထုံးစံတစ်ခုလိုဖြစ်နေပီလေ ထိုင်းနိုင်ငံ အင်ဒိုတွေမှာ ကြည်ပါ

  • kai

    June 17, 2012 at 4:42 am

    မြန်မာ.. အနောက်ဖက်ကမ်းရိုးတန်း ပြသနာတွေမှာ.. ဒီထက်မကလေးနက်တဲ့.. ကစားကွက်တွေရှိတယ်..
    ကြားထဲက.. မျိုးချစ်စိတ်.. လူမျီုးရေးစိတ်.. ဘာသာရေးစိတ်တွေ.. အစွန်းရောက်ပြီး.. သူများအသုံးချမခံကြဖို့ပဲ..

    သာမန်လွယ်လွယ်ပြောရရင်.. ကိုယ်ရေးမယ်.. ပြောမယ်ဆို.. သေသေချာချာတွေးပါ..စဉ်းစားပါ..
    အစွန်းမရောက်ပါနဲ့..
    ဘာဖြစ်နေတယ်ဆို.. သေသေချာချာမသိရင်..
    ခေါင်းဆောင်နောက်လိုက်ပါ..

    ဒေါ်အောင်ဆန်းစုကြည်နောက်ကလိုက်ပါ..
    ဒေါ်အောင်ဆန်းစုကြည်က.. အိန္ဒိယမှာကြီးပြင်းတယ်..။(( အိန္ဒိယဆိုတာ.. ဘင်္ဂလားဒေ့ရှ်..ပါကစ်စတန်(သူ့ဆီက ဘာသာရေးကြောင်းအရခွဲထွက်ခဲ့တဲ့) နိုင်ငံတွေနဲ့..အဆင်မပြေတဲ့..နိုင်ငံဖြစ်ပါတယ်.))

    အင်္ဂလန်မှာအိမ်ထောင်ကျတယ်.. အောက်စ်ဖို့မှာကျောင်းပြီးတယ်..။
    ကုလသမဂ္ဂမှာ.. အာရှပိုင်းဆိုင်ရာအထူးပြုနဲ့..အလုပ်လုပ်တယ်..
    တိဗက်ဗုဒ္ဓဘာသာကို.. ဒေါက်တာ..ပါမောက္ခအဆင့်.. နဲ့သေသေချာချာလေ့လာဖူးတယ်..
    တိုင်းရင်းသားတွေအကြောင်းနားလည်တယ်..( အဖိုးအဖွားတွေက.. ချင်း..ကရင်.. တိုင်းရင်းသားသွေးပါသူတွေ)
    ဘာသာရေးတွေအကြောင်းနားလည်တယ်.. ( အမေဖက်က.. ခရစ်ယန်အနွယ်တွေ)
    တိုင်းပြည်အပေါ်.. အသက်နဲ့ရင်းပြီး.. စေတနာ..သစ္စာရှိတယ်.။ (မျိုးရိုးလိုက်)

    ဒါပါပဲ..
    ခေါင်းဆောင်နောက်က.. တည့်တည့်လိုက်ပါ..။

    • thu thu . sittwe

      June 17, 2012 at 1:18 pm

      ကျွန်မက ရခိုင်လူမျိုးတစ်ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘိုးစဉ်ဘောင်ဆက် အခြေချနေထိုင်လာခဲ့တဲ့ လက်ရှိမှာလဲ ပညာတတ်တစ်ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဒေသခံများအတွက် ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ် …
      နိုင်ငံတကာနဲ့ပတ်သက်ပြီး ဗဟုသုတနဲတယ်ဆိုရင်တောင် ရခိုင်အရေးနဲ့ပတ်သက်လာမယ်ဆိုရင်တော့ တခြားနိုင်ငံမှာနေတဲ့သူတွေထက် အသိမနဲဘူးဆိုတာ သေချာပါတယ် …

  • Gipsy

    June 17, 2012 at 11:38 am

    ဟင်င်င်င်….
    ဒါဆို ရိုဟင်ဂျာတွေ လာထား ဆိုပြီး ထပ်ဖိတ်ခေါ်နေရင် ဘယ့်နှယ်လုပ်မလဲ….။

  • ဆူး

    June 17, 2012 at 12:17 pm

    စိတ်ပျက်စရာ ရိုဟင်ဂျာ..
    သူတို့ ကြောင့် အိုးအိမ် ပျက်ခဲ့တဲ့ ရခိုင်တွေ က နမူနာပါပဲ။
    ဒီလောက်တိုးပွားတဲ့ အခါ ဒီလို လုပ်တယ်။
    ဒီထက် တိုးပွားတဲ့ အခါ ဒီထက် ပို လုပ်လိမ့်မယ်။
    ယုံကြည်စရာ တကွက်မှ ကို မရှိဘူး။

    • we R one

      June 18, 2012 at 12:19 pm

      ဟုတ်ပါ့ မဆူးရယ် ဟုတ်ပါ့ ဟုတ်ပါ့..

  • အူးလေး

    June 17, 2012 at 12:22 pm

    ရင်မောမိပါတယ် သက်ဆိုင်သူတွေ ဘာများလုပ်နေကြပါလိမ့်နော်
    သန်းခေါင်စရင်းစစ်ကြပါ ပြီးတော့ တခုခုလုပ်ပေးကြပါ ။

  • gwa toe

    June 17, 2012 at 12:37 pm

    ပေးလိုက်မယ် နေရာတခု ဒါပေ မဲ့ သူတို့က လူဦးရေ ၁သန်းရှိတယ် လူဦးရေ ၁ သန်းဆန့်တဲ့ နေရာကို ပေးမယ် နောက် နှစ်နှစ် လောက် အတွင်းမှာဘဲ လူဦးရေ ၂သန်းလောက် ဖြစ်လာမယ် အင်အားကြီးလာမယ် နေဘို့နေရာထပ် တောင်းမယ် ပေးနိုင်မလား?။???

    • တေလေ

      June 17, 2012 at 5:24 pm

      ပေးဘူး တွင်းတူးပြီးနေ
      သီးသန့်နေရာ ပေးတာ အကောင်းဆုံး

  • အဂျစ်

    June 17, 2012 at 2:22 pm

    အရင်က ရှိခဲ့တဲ့ အစိုးရ နဲ့ပက်သက်တဲ့ဝေဖန်သံတွေ တိတ်ပြီး ဒီအကြောင်းတွေပဲညံ့နေတာ ၊ အကယ်၍သာ အစိုးရက ဒီလိုမျိုးရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ရင် သူ့လုပ်ရပ်အောင်မြင်သွားပြီ….
    ( အထင်သက်သက်မျှသါ)

  • ဆူး

    June 17, 2012 at 2:43 pm

    https://www.facebook.com/notes/ko-mawpyay/%E1%80%98%E1%80%82%E1%81%A4%E1%80%9C%E1%80%AE-%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC-%E1%80%80%E1%80%AD%E1%80%AF-%E1%80%9E%E1%80%94%E1%80%AC%E1%80%B8%E1%80%B1%E1%80%94%E1%80%90%E1%80%B2%E1%80%B7-%E1%80%9E%E1%80%B0%E1%80%B1%E1%80%90%E1%80%BC-%E1%80%9E%E1%80%AD%E1%80%B1%E1%80%85%E1%80%96%E1%80%AD%E1%80%AF%E1%82%95/353174048082438

    ၁၄ ရက်နေ့က DVB က ပြည်တွင်းသတင်းထောက်ကျတော်ကို တယ်လီဖုန်းနဲ့ အင်တာဗျူး

    လုပ်တယ်… ကျတော်က ရခိုင်ပြည်နယ်မှာ ယခုလက်ရှိ မီးရှိုု့ ဖျက်ဆီးမှုတွေ လုပ်နေသူတွေဟာ ပြည်

    တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ နိုင်ငံသားတွေ မဟုတ်ကြောင်း၊ ဘင်္ဂလီ ရိုဟင်ဂျာတွေသာ ဖြစ်

    ကြောင်း၊ ပြည်တွင်းထုတ် 7Day News လို ဂျာနယ်မှာတောင် ဘင်္ဂလီ လို့သုံးနှုန်းကြောင်း၊ ကျတော်လဲ

    အင်တာဗျူး ဖြေရာမှာ ဘင်္ဂလီ (သို့) ရိုဟင်ဂျာ (သို့) ကုလား လို့သာ သုံးနှုန်းပေးနိုင်မယ် လို့ အင်တာဗျူး

    မစခင် ကြိုပြောခဲ့တယ်… အင်တာဗျူးမှာ ကျတော်က ဘင်္ဂလီ လို့ သုံးပြီးဖြေလိုက်တဲ့အတွက် အဆိုပါ

    အင်တာဗျူးကို ထုတ်လွှင့်မှာ မဟုတ်ကြောင်း ဆပ်အယ်ဒီတာ ဦးသန်းဝင်းထွဋ်က အကြောင်းကြားလာ

    တယ်…

    ကျတော်က စဉ်းစားတယ်၊ မီဒီယာဆိုတာဘာလဲ၊ အမျိုး.ဘာသာ.သာသနာ ကိုစောင့်

    ရှောက်ရမယ့် ထိပ်တန်းအရေးပါသူတွေပဲ၊ … ရှေးယခင်က ဗုဒ္ဓဘာသာ နေလိုလလို ထွန်းတောက်ခဲ့

    တဲ့ ရခိုင်ပြည်နယ်မှာ ယခုအခါ ကုလားဗလီတွေက လက်ညိုးထိုးမလွဲရှိနေပြီ၊ စစ်တွေမြို့မှာ ဒေသခံ

    ရခိုင်တွေဟာ အင်မတန်တောင့်ခံနိုင်လို့သာ စစ်တွေဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ပါလားဆိုတဲ့ အ

    သိရှိနိုင်သေးတာပါ… အစိုးရအပါအဝင် ကျွမ်းကျင် သမိုင်းပညာရှင်တွေက ဘင်္ဂလီ ရိုဟင်ဂျာတွေရဲ့

    ပြည်တွင်း စိမ့်ဝင်မှုနဲ့၊ ပြည်တွင်းတိုင်းရင်းသား မဟုတ်ကြောင်း ထပ်တလဲလဲ ပြောကြားနေပါရဲ့၊ မီဒီ

    ယာတွေက ဘာကြောင့် ရိုဟင်ဂျာ ကို အကာအကွယ်ပေးနေတာလဲ…

    ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေးမှာ လုံထိန်းတွေ၊ စွမ်းအားရှင် ကြံ့ဖွတ်တွေက ပတ်

    လည်ဝိုင်းထားတဲ့ ကြားက အသက်လုပြေးခဲ့တဲ့ အချိန်က ခံစားမှုထက်ပိုတဲ့ ရင်နာမှုကို ခံစားရတယ်.

    .. ၂၀၀ရ က ဘုန်းတော်ကြီးတွေကို တည့်တည့်ချိန်ပစ်ခဲ့တဲ့ သေနပ်တွေဟာ မိုးပေါ်ကို ကျည် အချက်

    ပေါင်းများစွာ ပစ်ဖောက်နေတယ်… မည်းမည်းလှုပ်နေတဲ့ ဘင်္ဂလီ ရိုဟင်ဂျာ တွေဟာ စစ်တွေမြို့ပြင်

    မှာ နှစ်သိန်းကျော် ရှိနေတယ်… စစ်တွေ မြို့သားတွေဟာ သူတို့ရဲ့ မိသားစု အသုဘတွေကိုတောင်

    စစ်တွေမြို့ပြင် မန်စီသချိုင်းကို သွားမပို့ရဲကြဘဲ ရှိနေတယ်… ဒါတွေကို ကျတော် သွေးထိုးတဲ့ အ

    နေနဲ့ ပြောနေတာမဟုတ်ဘူး… အမျိုး၊ ဘာသာ၊ သာသနာ အတွက် ပြောတာပါ…

    အားလုံးရဲ့ အမြင်မှာ တုတ်တွေ၊ ဒါးတွေ ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုးတွေကို

    ကိုယ်တိုင်မျက်မြင် မဟုတ်ဘဲ ဓါတ်ပုံအနေနဲ့ တွေခဲ့ရင် ဘင်္ဂလီ ရိုဟင်ဂျာတွေကို သနားစရာ အဖြစ်

    မြင်ကြမယ်… တကယ်တော့ ဘာကြိုတင်ပြင်ဆင်မှုမှ မရှိဘဲ အသေအကျေပေါင်းများစွာနဲ့ အထိနာ

    ခဲ့ရတာ ရခိုင်လူမျိုးတွေပါ… ဒေသခံရခိုင်တွေရဲ့ အိမ်ကြီးအိမ်ကောင်းတွေကြားထဲမှာ ဘင်္ဂလီ ရို

    ဟင်ဂျာတွေက တဲထိုးပြီးနေကြပါတယ်၊ ကြာလာတော့ ရခိုင်ရပ်ကွက်ကြီးတွေထဲ၊ ရွာကြီးတွေထဲ

    မှာ ဘင်္ဂလီတွေက ကွက်ကြားသဘောမျိုး သုံးလေးအိမ်စ နေရာတိုင်း၊ ရပ်ကွက်တိုင်းမှာ ရှိနေ

    တယ်…

    အခု ပြသနာတွေ ဖြစ်ပွားချိန်မှာတော့ ဘင်္ဂလီတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် စုတ်ပြတ်

    နေတဲ့ နေအိမ်တွေကို ဆီအပြည့်နဲ့ မီးတိုက်ပစ်လိုက်တယ်… ဒီအခါမှာ ရခိုင်အိမ်ကြီးအိမ်ကောင်း၊

    ရပ်ကွက်ကြီး၊ ရွာကြီးတွေဟာ မီးဟုန်းဟုန်းတောက်ပြီး ပြာအတိဖြစ်သွားတော့တာပဲ… ဘင်္ဂလီ

    တွေ နေတဲ့ အိမ်ကြီးအိမ်ကောင်းတွေရှိတဲ့ ရပ်ကွက်တွေ၊ ရွာတွေကတော့ လုံခြုံပါတယ်… စစ်တပ်

    ကလဲ လုံခြုံရေးအပြည့် ယူပေးထားပါတယ်… ကျတော် ဒီစကားတွေကို အမျိုး၊ ဘာသာ၊ သာသ

    နာ အတွက် ရိုးရိုးသားသားပြောတာပါ… ဘင်္ဂလီကုလားကို ရိုဟင်ဂျာအဖြစ် သနားနေသေးတဲ့

    Friend ရှိနေခဲ့ရင် ဘလော့ပါရစေ… ကျတော်ကတော့ ဘင်္ဂလီရိုဟင်ဂျာ ကို မသနားဘူးဗျို့…

    ကျတော် ၁၁ရက်နေ့က စစ်တွေကို စရောက်ရောက်ချင်း ရခိုင်အကို တစ်ယောက်

    က စာရွက် တစ်ရွက်ပေးတယ်… အဲ့ဒီစာရွက်ရှေ့မှာတော့ အမေစု က ရန်ကုန်က အစ္စလမ် သုံး

    ယောက်ကို နှစ်သိမ့်မှုပေးနေတဲ့ ပုံပါ… မြင်ဖူးပြီးသားဖြစ်မယ်ထင်ပေမယ့် ဘာကြောင့် ဒီပုံဖြစ်

    လာလဲဆိုတာတော့ သိသူနည်းပါလိမ့်မယ်… အဲ့ဒီနေ့က ထိုင်းအတွေ့အကြုံ သတင်းစာရှင်းပွဲ

    လုပ်ပါတယ်… ပွဲအပြီး အမေ ပြန်အထွက်မှာ အဆိုပါ သုံးယောက်က အမေ့ရှေ့က ပိတ်ရပ်ပြီး

    လက်အုပ်ချီ နှုတ်ဆက်တော့ ရိုက်ကူးထားတဲ့ ပုံပါ… ကိုယ့်ရှေ့လာပြီး လက်အုပ်ချီတဲ့ သူကို အဲ့

    လို ပုံမှာတွေ့တဲ့ ပြန်မနှုတ်ဆက်ဘဲ မောင်းထုတ်ရမလားးဗျာ… ပြန်ပြီး နှုတ်ဆက်တာပေါ့…

    စစ်တွေမှာတော့ အဲ့ဒီပုံကို မိတ္တူဆွဲပြီး ရပ်ကွက်တွေထဲ ဖြန့်ဝေကာ ဘင်္ဂလီတွေ

    ဘက်မှာ အမေစု က ရှိနေရပ်နေသလို ပုံဖမ်းထားတော့ ရခိုင်အားလုံးက သေချာ ဂဂဏဏ မသိ

    ဘဲ အမေ့ကို မုန်းနေကြတယ်… တကယ်တော့ ဒါတွေဟာ နှစ်ပေါင်းများစွာ လူမျိုးခြား စိမ့်ဝင်

    မှုတွေကြောင့် ဒေသတွင်း မတည်ငြိမ်မှု တွေ ဖြစ်ရတာပါ… ဘင်္ဂလီတွေက ဘယ်လောက်ငွေ

    ပေးပေး လက်မခံဘဲ မျိုးချစ်စိတ်နဲ့ ကိုယ့်လူမျိုးမဟုတ်တာကို ငြင်းပယ်တဲ့ လူဝင်မှုအရာရှိ

    တွေသာ နယ်စပ်မှာ ရှိနေခဲ့ရင် ဒီလိုပြသနာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး… အမျိုးတူ၊ ဘာသာ

    တူ သူ့နိုင်ငံက လူတွေ ဖြစ်ပါ ရက်နဲ့တောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာကို လက်မခံပါ

    ဘူး…ဒါကို ကျတော့ ဘယ်မီဒီယာမှ မပါဘူး… ရင်နာတယ်…

    လေးစားပါတယ်ဗျာ

    မောပြေ

  • kohlaing kohlaing

    June 17, 2012 at 3:30 pm

    ဟေ့ကောင်လူဟားမင်းကုလားမို့လို့နာနေတာလား
    မင်းတို့အမျိုးတွေကသူများနိုင်ငံမှာလဲလာနေသေးတယ်၊ပြသနာလဲအရင်ရှာသေးတယ်။လူပါးလာမဝနဲ့အလုပ်ခံရမယ်၊ငါကရခိုင်တော့မဟုတ်ဘူး၊ဗမာကွဒါပေမယ့်မထိနဲ့ကွာမကြိုက်ဘူး

  • ဘဲဥ

    June 17, 2012 at 3:51 pm

    ILO က ဆွေးနွေးပွဲမှာ .. ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဒုတိယ အကြိမ် သတင်းထောက် တစ်ယောက်က ထပ်မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့တာကတော့ …

    ပထမဖြေခဲ့သလို တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ နိုင်ငံသား ဖြစ်ဖို့ဆိုတာ တိကျရှင်းလင်း ပြတ်သားတဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေ စပြီး လိုအပ်ပါယ်။ ဒီမှာ ပြောလိုတာက လက်တွေ့ ပြဿနာ အနေနဲ့ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်မထင်ပြောရမယ်ဆိုရင် ပြဿနာ ဖြစ်ပေါ်တာကတော့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုကို ထိမ်းချုပ်နိုင်မှု အားနည်းပါတယ်။ ရခိုင် နယ်စပ်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်နေမယ်ဆိုတာ သေချာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ် လူဝင်မှုထိမ်းသိမ်းရေးလိုအပ်နေပါတယ်။ .. လို ဖြေသွားပါတယ်။

    ကဲ … ရိုဟင်ဂျာဆိုတဲ့ လူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့တောင် ရှင်းလင်းတဲ့ ဥပဒေလိုအပ်တယ်ဆိုတာ .. တိကျတဲ့ စနစ် လိုအပ်တယ် ဆိုတာ သေချာ ပြောပြီဖြစ်တဲ့။ .. အဲဒီလူတွေကို အလိုအလျောက် နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ မလွယ်သေးဘူးလို့ ဖြေလိုက်တာသာ ဖြစ်ပါတယ်။ ဒီလူတွေဟာ နယ်စပ်ဖြတ်ကျော်လာတဲ့ တရားမဝင် နေထိုင်သူတွေ ဖြစ်နိုင်တယ် လို့ ပြောလိုက်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာ၊ ဖြေရတဲ့ နေရာကနေ ဒီလောက်အထိ ဖြေတယ်ဆိုတာ .. ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောဘူးလို့ ဆိုတဲ့သူတွေ နားလည်သင့်ပြီ ထင်ပါတယ်။ သူမ အနေနဲ့ ဒီထက် ထက်ပြောဖို့ မသင့်သလို .. အမျိုးသား ခေါင်းဆောင်အနေနဲ့ အမုန်းတရားပွားမယ့် စကားတွေကိုလည်း ပြောဖို့ မလိုပါ။

    ရိုဟင်ဂျာဟာ တိုင်းရင်းသား ဖြစ်ပါတယ်လို့ တောင်းဆိုမှုတွေအတွက်ကတော့ .. လက်ရှိ နိုင်ငံသား အဖြစ်တောင် ဥပဒေ လိုမယ်ဆိုတော့ … ရိုဟင်ဂျာဟာ တိုင်းရင်းသား ဖြစ်ပါတယ်ဆိုတဲ့ ပြောနေမှုတွေကို အိမ်မက်တောင် ထည့်မမက်နဲ့တော့လို့ ပြောရမှာဖြစ်ပါတယ်။
    ဒီမိုဝေယံမှာတွေ့တဲ့ဟာလေးပါ

  • Ko out of...

    June 18, 2012 at 9:34 am

    မင်္ဂလာပါ ကိုလူဟားရေ…

    ကိုလူဟားရဲ့အ မြင်ကိုလေးစားတယ်ဗျာ… လူ့လောက ကို ဒီလိုမျှမျှတတ မြင်တတ်တဲ့လူ…

    လူသားတွေဟာ…

    သူနိုင်ငံ ကိုယ့်နိုင်ငံ သူ့လူမျိုး ငါ့လူမျိုးဆိုပြီး ခွဲခြားထားပေမဲ့ အပြန်အလှန် လေးစားနာလည်မှု တွေနဲ့

    တည်ဆောက် လို့ရပါတယ်… လူသားတွေဘဲ တစ်ယောက်နဲ့ တစ်ယောက် ပြေပြေလည်လည် ညှိနှိုင်းရင်

    ဖြစ်နိုင်ပါတယ်… အေးမရိုးသားတဲ့ လူတွေ ဦးဆောင်ရင်တော့ မလွယ်ဘူး…

    ဒါကြောင့် ကဗျာလင်္ကာလေး တစ်ပုဒ်နဲ့ မျှဝေပေးလိုက်ပါရစေ..

    ပညာမဲ့သူ ကြီးစိုးမူကား…

    လက်အောက်ငယ်သား …

    ဆင်းရဲရ၏..

  • we R one

    June 18, 2012 at 11:26 am

    နိုင်ငံသာဖြစ်ဖို့တောင် ဒီလောက်ခက်ခဲနေတယ်ဆိုရင် တိုင်းရင်းသားအဖြစ် လက်ခံဖို့ ကို အိမ်မက်တောင် မမက်နဲဟေ့…..

  • weiwei

    June 18, 2012 at 11:34 am

    ရခိုင်လူမျိုးတွေဘက်ကနေ ရေးတဲ့ပို့စ်သိပ်မတွေ့ရချိန်မှာ မသူသူက ဝင်ရေးတာတွေ့ရလို့ ကြိုဆိုပါတယ် … အဲဒါမျှလဲ မျှမျှတတနဲ့ နှစ်ဖက်မြင်အောင် သုံးသပ်နိုင်မှာပေါ့နော် ..
    ဘာပဲဖြစ်ဖြစ် ဆက်ရေးပါအုန်း … အားပေးနေပါတယ် …

Leave a Reply