လက်ဖက်ရည်သောက် ထမင်းစား…………

1 သူတို့ဆီက လက်ဖက်ရည်အကြမ်းခွက်
2 ရေနွေးကြမ်းအိုး
3 ကျယ်ဂေါင်မှာလဲ မန္တလေး လက်ဖက်ရည်ဆိုင်ရှိတယ်(ဒါပေမယ့် ပိုင်ရှင်ကတော့......................)
4 ဆုံဆည်းရာတဲ့.................................
5 ဒီဆိုင်လေးက အတော်ရောင်းရတယ် အစုံရတယ် ဖွင့်တာလဲကြာပြီ
6 ထက်အောင် လက်ဖက်ရည်နဲ့စားသောက်ဆိုင်

 

7 ကျယ်ဂေါင်ကျောက်မျက်အရောင်းအဝယ်လုပ်တဲ့ဆိုင်နားက ထမင်းဆိုင်လေး
8 ရွှေလီထဲက ပုံစားတဲ့ထမင်းဆိုင်

 

9 အဝေးက မြင်ရတဲ့ပုံစားထမင်းဆိုင်

 

11 မူဆယ်က သန့်ရှင်းသပ်ရပ်တဲ့ ထမင်းဆိုင်လေး
12 ဘဲဥပြုတ် တွေနော်
13 အသီးအရွက်ကြော်
14 အတို့အမြုတ်
15 ဒါကတော့ အသားဟင်း
16 ပျော်စရာ ညထမင်းဆိုင်လေး

 

“လက်ဖက်ရည်သောက်မယ်  ထမင်းစားမယ် (သူတို့ဆီမှာ)………….”

 

 

သင်္ကြန်ပြီးနောက်ပိုင်းမှာ ကျနော်ခရီးတွေဆက်တိုက်ထွက်နေရပါတယ်။

အဲဒီလိုခရီးထွက်ချိန်မှာကြုံရတဲ့အခက်အခဲကတော့ လက်ဖက်ရည်သောက်တာ

ထမင်းစားတာပါဘဲ။

လက်ဖက်ရည်သောက်တဲ့အခါ ကိုယ်ကြိုက်တဲ့ပုံစံကိုဖျော်ပေးတဲ့ဆိုင်ရအောင်

ဟိုဆိုင်ထိုင်ဒီဆိုင်ထိုင်နဲ့စမ်းသောက်ရတာပေါ့။

အခုခေတ်မှာတော့ ဘာဘဲပြောပြော မြို့ကြီးနဲ့နယ်မြို့ကွာခြားချက်သိပ်မရှိတော့ပါဘူး။

ကိုယ်က ရှာနိုင်ဘို့ဘဲလိုအပ်ပါတယ်။

 

တောင်ကြီးရောက်တော့ ကမ္ဘောဇဘဏ်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့လက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်ပါတယ်။

ခရီးထွက်တယ်ဆိုရင် မြန်မာထမင်းဆိုင်မှာစားတာထက် တရုပ်ဆိုင်မှာစားဖြစ်တာများပါတယ်။

မြန်မာဟင်းက ထမင်းဟင်းတွဲလျက် ကိုယ်မှာတာကိုယ်စားရုံသက်သက်။

တရုပ်ဟင်းကတော့ ဟင်းလေးပွဲလောက်မှာ အတူတူစားဆိုတော့ အပြောင်းအလဲဖြစ်သလို

ပူပူနွေးနွေးစားရတာ တပန်းသာပြန်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အောင်ပန်းအရောက် ကိုယ်တည်းတဲ့ ရူခင်းသာနံဘေးမှာက တရုပ်ထမင်းဆိုင်တစ်ဆိုင်

မြန်မာထမင်းဆိုင်တစ်ဆိုင်ရှိပါတယ်။

အဝေးမှာတော့ ဆိုင်တွေအများကြီးပေမယ့်တကူးတက သွားမစားဖြစ်။

ညပိုင်းရောက်ပြန်တော့ မိတ်ဆွေတွေထမင်းစားလာခေါ်လို့လိုက်သွားပြန်ရင်လည်းတရုပ်ဆိုင်။

နေ့လည်ထမင်းစားချိန်ရောက်ပြန်တော့ မြန်မာဆိုင်လေးမှာက ထိုင်စရာမရှိအောင်လူများ.။

တရုပ်ဆိုင်ကဟင်းချက်ကောင်းပေမယ့် ကြာတော့လဲရိုးသွားတာပါဘဲ။

တစ်ခါစားပြန်ရင်လဲ သုံးယောက်ကို တစ်သောင်းပါတ်ဝန်းကျင်။

ငါးရက်မြောက်နေ့မှာတော့ ကျနော်တို့သုံးယောက်တိုင်ပင်လိုက်ပါတယ်။

လူအမြဲစည်တဲ့ထမင်းဆိုင်လေးမှာဝင်စားမယ်ပေါ့။

အဲဒါနဲ့သူများထမင်းစားချိန်ထက်နောက်အကျခံပြီးဝင်စားလိုက်ကြပါတယ်။

နေ့လည်တစ်နာရီကျော်ကျော်လောက်လူရှင်းချိန်မှာသွားစားဖြစ်ပါတယ်။

ကြက်သားရေလည်ဆီလည်၊

ဝက်သုံးထပ်သားနဲ့ပုန်းရည်၊

ငါးဥချက်။

ငံပြာရည်ဗမာချက်နဲ့တို့စရာ အရွက်စုံ

(ကျနော်ကြိုက်တဲ့ဥသျှစ်ရွက်တောင်ပါသေး)

သီးစုံချဉ်ရေ၊

ပြောင်းဖူးကျော်၊

စားပြီးရှင်းတော့ ရေသန့် နှစ်ဘူးနဲ့မှာလေးထောင့်ရှစ်ရာ။

ဈေးသက်သာတာကြောင့်မဟုတ်ဘဲ စိတ်ကျေနပ်ခဲ့ရတဲ့ထမင်းတစ်နပ်ကတော့ အမှတ်တရ။

ဒီတစ်ခေါက် မြောက်ရှမ်းဘက်ကတစ်ဆင့် သူတို့နေရာ(ကျယ်ဂေါင်နဲ့ရွှေလီမြို့ အစနား)ကိုရောက်ခဲ့ပြန်ပါတယ်။.

အရင်တစ်ခေါက်ရောက်ဘူးတော့ ကျနော့်အကြိုက်လက်ဖက်ရည်ဆိုင် “ဖြိုးမောက်သာ” ရှိတယ်

“ထက်အောာင်” ရှိတယ်ဆိုတာကို သိထားပါတယ်။

တကယ်ရောက်တဲ့နေ့ လက်ဖက်ရည်ဆိုင်သွားကြတော့ ကျနော်ထိုင်နေကြဆိုင်ဖြိုးမောက်သာမှာဘဲသွားထိုင်ကြပါတယ်။

နောက်ရက်မနက်ရောက်တော့ ကျနော်မထိုင်ဘူးတဲ့ရွှေမန္တလေးမှာသွားထိုင်ကြပါတယ်။

လက်ဖက်ရည်တစ်ခွက် နှစ်ကျပ်ခွဲ၊ခေါက်ဆွဲတစ်ပွဲ ရှစ်ကျပ်၊ပေါက်စီတစ်လုံး နှစ်ကျပ်။

မြန်မာအကြော်တစ်ခု တစ်ကျပ်၊ထမင်းဆီဆမ်းကြက်ဥကျော် ခြောက်ကျပ်။

ခေါက်ဆွဲကြော် 15ကျပ်။

ဒါက ကျနော်မှတ်မိသလောက်လေး။

ကျနော်က စားသာစားတာ ပိုက်ဆံရှင်းတော့ သူများကရှင်းတော့ ဈေးသိပ်မသိ။

တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးမတူပေမယ့် သိပ်တော့ မကွာပါဘူး။

ကျနော်သွားတုန်းက တရုပ်ငွေတစ်ကျပ်က မြန်မာငွေ 130ကျပ်နဲ့ညီပါတယ်။

ကျယ်ဂေါင်က ဆို်င်တွေက မြန်မာငွေနဲ့ပေးရင်ရသလို တရုပ်ငွေနဲ့ရှင်းလို့လဲရပါတယ်။

အဲဒီကလက်ဖက်ရည်ဆိုင်မှာ သဘောကျစရာလေးတစ်ချက်တွေ့ခဲ့ပါတယ်။

ရေနွေးသောက်ဘို့ချပေးတဲ့ခွက်ကလေးတွေကိုပါ။

အောက်ခံပလပ်စတစ်ခွက်လေးပေါါ်မှာ တစ်ခါသုံးစက္ကူခွက်လေးစွပ်ပေးလိုက်တာပါ။

သောက်ပြီးရင် လွှင့်ပစ်လိုက်ရုံပါဘဲ။

ပြန်ဆေးစရာမလို ကျကွဲစရာမလို ။

ကျန်းမာရေးနဲ့လဲညီညွတ်ပါတယ်။

ကျယ်ဂေါင်ဆိုင်တွေပေမယ့် မြန်မာတွေအများစုက စားပွဲထိုးသလို ပိုင်ရှင်တွေကလဲမြန်မာပြည်ပေါက်

တရုပ်တွေဖြစ်ကြပါတယ်။

အဲတော့ မြန်မာလိုကိုယ်ကြိုက်တာ ကိုယ်မှာလို့ ရသလို မြန်မာမုန့်တွေလဲ အစုံရပါတယ်။

ကျယ်ဂေါင်မှာရှိနေတဲ့ရက်ကတော့ ရာသီဥတုကောင်းတော့ မနက်ငါးနာရီခွဲဆိုရင်

လမ်းလျှောက်ဖြစ်ပါတယ်၊

တည်းခိုခန်းကထွက် ရွှေလီတံတားဘက်ကိုသွား။

အပြန်မှာကျောက်ဝိုင်းဘက်လမ်းကိုပါတ်။

ရွှေမန္တလေးလက်ဖက်ရည်ဆိုင်ကိုသွား။

လက်ဖက်ရည်နဲ့ပေါက်စီအဆာပြေစား။

တည်းတဲ့ဟိုတယ်ကိုပြန်.။

ရေချိုး။

ရှစ်နာရီထိုးတော့ ရုံးကလာကြိုတဲ့ကားနဲ့လိုက်။

ထက်အောင်မှာ လက်ဖက်ရည်သောက်မုန့်စား။

ရုံးမှာအလုပ်သွားလုပ်ရပါတယ်။

 

 

နေ့လည်ထမင်းစားတာကတော့ ရွှေလီတံတားအဆင်းမှာရှိတဲ့ကျောက်ဝိုင်းနားကဆိုင်လေးမှာ

သွားစားတာများပါတယ်။

ထမင်းကတော့ရှမ်းဆိုင်ဆိုပေမယ့်လဲမြန်မာချက်တဲ့ပုံစံနဲ့သိပ်မကွာ။

လုံးဝတော့လဲမတူပေမယ်စားကောင်းပါတယ်။

ထမင်းအသင့်အတင့် ဟင်းကတော့ ကြိုက်သလောက်ထည့်စား မြန်မာငွေ1500။

တန်ပါ၏။

သို့သော် နေ့လည်12ကျော်လျင်ဟင်းမစုံတော့တာများပါတယ်။

 

ညနေပိုင်းရောက်တော့ ရွှေလီထဲမှာရှိတဲ့ တရုပ်ဆိုင်လေးမှာသွားစားဖြစ်တာများပါတယ်။

ခွဖုန်းဈေးထဲမှာရှိတာပါ။

အကြော်အလှော်ဆိုင်တန်းကြီးက အကြီးကြီး ဗမာလိုပြောလို့လဲရတယ်။

စားကောင်းသက်သာ ဆိုင်လေးတွေပါ။

စိတ်ညစ်စရာကောင်းတာတော့ အရက်မူးပြီးအော်ကြီးဟစ်ကျယ်ပြောတတ်ကြတဲ့တရုပ်တွေပါဘဲ။

အကြောင်းမသိလို့ကတော့ ရန်ဖြစ်နေသလို.။

တကယ်တော့ သူငယ်ချင်းချင်း ပုံမှန်စကားပြောနေတာပါတဲ့။

 

တစ်ခါတစ်လေတော့လဲ ကလေးတွေက မူဆယ်ဘက်က ချက်ပြီးသားဟင်းဝယ်

ထမင်းကို ရုံးမှာတင်ချက်ပြီးတွယ်တဲ့ရက်လဲရှိ။

တစ်ရက်မှာတော့ နေ့လည်ပိုင်းကို ရွှေလီဘက်ကူးပြီး ပုံစားတဲ့ဆိုင်လေးမှာသွားစားဖြစ်ကြပါတယ်။

အဲဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့ ထမင်းကတော့ သူတို့က အသင့်အတင့်ထည့်ပေးပါတယ်။

ဟင်းကတော့ ဒန်အုးိကြီးတွေ ဇလုံကြီးတွေထဲထည့်ထားပေးတာကို ကိုယ်ကြိုက်သလောက်ကိုယ်ထဲ့။

ဟင်းထည့်ထားတာ အနည်းအများကိုကြည့်ပြီး မှ ဘယ်လောက်ကျတယ်ဆိုတာကို ပြောပါတယ်။

ဟင်းနည်းနည်းဆိုရင် ငါးကျပ် များရင်တော့ တစ်ဆယ် ဆယ့်နှစ်ကျပ်။

ဟင်းတွေကလဲအတော်လေးစုံပါတယ် အသီးအနှံကြော်ပေါင်းစုံ၊ဝက်သားသုတ်၊

ဝက်စတူး၊ဝက်ချဉ်စပ်ကြက်ချဉ်စပ်၊ကြက်အာလူး ဝက်အာလူး အတော်လေးကို စုံပါတယ်။

ကျနော် အတော်လေးသဘောကျတဲ့ဆိုင်ဖြစ်ပါတယ်။

 

တစ်ညနေမှာတော့ ရွှေလီမှာအလုပ်လုပ်နေတဲ့ကျနော်တို့ရွာသူတစ်ယောက်ရယ် ၊

သူ့အဖော်နှစ်ယောက်ရယ် ကျနော်တို့လင်မယားရယ်က

“ တံတားကူးမြီးရှည် “သွားစားဖြစ်ကြပါတယ်။

တစ်ပွဲကို 17ကျပ် ပွဲကြီး 22ကျပ်ဖြစ်ပါတယ်။

မုန့်လာချတဲ့အခါမှာ ပွက်ပွက်ဆူနေတဲ့ဟင်းရည်တွေကို မြေအိုးထဲမှာထည့်ယူလာပါတယ်။

အဖုံးပေါ်မှာတော့ အသီးအရွက် မုံညင်း ဂျူးမိတ် ဂျုံခေါက်ဆွဲဖတ် ပဲပြား နဲ့ အနီရောင်ပြားပြားအသားဖတ်လေးတစ်ခု။

နောက်ကြက်သားတုံးလေးက သုံးတုံး၊ငုံးဥဖောက်ပြီးသားအစိမ်းနှစ်လုံး။

နောက်ပုဂံလေးတစ်လုံးနဲ့ဆန်ခေါက်ဆွဲ။

ပြီးရင်တော့ ချုးိကြော်က တစ်ကာင်လာချပေးပါတယ်။

သူတို့လာချထားတာတွေကို မြေအိုးထဲထည့်လို့ အဖုံးလေးခဏအုပ်ထားပါတယ်။

စားပွဲပေါ်မှာတာ့ ပုလင်းတွေခွက်တွေ တွေ့လို့မေးကြည့်တော့ ကြာညို့ ငံပြာရည် အပါအဝင်စုံစီနဖာ။

ထည့်ထားတာတွေ အိလောက်တဲ့အချိန်မှာ စားကြတော့ အတော်လေးအရသာရှိပါတယ်။

ကျနော်က မန်းလေးလို ငရုတ်ချဉ်ဆော့ မေးတော့ ဒီမှာအဲဒါမျိုးမစားကြဘူးလို့သိရပါတယ်။

ဒီမြီးရှည်ကို “ ကိုချောင့်မြီးရှည်  “လို့ဘာလို့ခေါ်ရတယ်ဆိုတာလေး ကြားဘူးတာကိုဖောက်သည်ချခြင်ပါသေးတယ်။

ကို့=ဖြတ်ကျော်ခြင်း

ချောင်=တံတား လို့ အဓိပ္ပါယ်ရပါသတဲ့၊

ရှေးက တရုပ်ပြည်မှာ ဘုရင့်စာမေးပွဲဖြေဆိုလာကြတဲ့ သူတွေကို နေ့လည်စာကျွေးရပါသတဲ့။

ဒီမြီးရှည်ကို ချောင်းကူးတံတားလေးရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့မီးဖိုချောင်မှာချက်ပါသတဲ့။

စာဖြေတဲ့သူတွေများတော့ စားပွဲထုးိတွေက အသီးအရွက်တွေကို မြေအိုးထဲကဟင်းရည်ထဲကို

တစ်ခါထည်းထည့်ပြီးယူလာလိုက်ပါသတဲ့။

အသီးအရွက်အစိ်မ်းအသားစိမ်းတွေကို ဟင်းရည်ပူထဲ ထည့်ယူလာလိုက်တာ တံတားတစ်ဖက်မှာ

ရှိတဲ့ ထမင်းစားဆောင်လဲရောက်ရော စားလို့ကောင်းအောင်နူးအိနေပါသတဲ့။

(တံတားကလဲ ဘယ်လောက်ရှည်သလဲမှ မသိတာနော်)

အဲဒီအချိန်ကစပြီး တံတားမဖြတ်ခင်အဆာပလာတွေကို ထည့်လာပါတော့သတဲ့၊

အဲဒီတံတားကို ဖြတ်လာတာကို အစွဲပြုပြီး တံတားကူး (ကို့ချောင်)ဆိုပြီးဖြစ်လာတယ်လို့ကြားရဘူူးပါတယ်။

(မှားရင်သိသူက ပြင်ပေးနော်)

ကျနော်တို့စားကြည့်တဲ့ အခါ သူဆန်ခေါက်ဆွဲဖတ်လေးက မန်းလေးမှာစားဘူးတာနဲ့မတူအောင်နူးညံ့တာကို

သိလိုက်ရပါတယ်။

မတူခြားနားပေမယ့်စားလို့ကောင်းပါတယ်။

 

နောက်တစ်ရက်မှာတော့ ကျနော်တို့ရုံးကအဖွဲ့တွေမူဆယ်ဘက်ကိုသွားကြပါတယ်။

အပြန်မှာတော့ ထမင်းဝင်စားကြတော့ ထုံးစံအတိုင်းပုံစားတဲ့ဆိုင်ကို ဝင်ကြပါတယ်။

ဒီလို ပုံစားဆိုင်လေးတွေပေါ်လာတာ အုပ်စုလိုက်ခရီးသွားသူအတွက် အဆင်ပြေလှပါတယ်။

ဟင်းလဲအစုံစားရ ဈေးလဲသက်သာ။

ကျနော်တို့ဝင်စားတဲ့ဆိုင်လေးကတော့ အာရုဏ်ဦးလက်ဖက်ရည်ဆိုင်ဘေးက

“ ဒေါ်နန်းဝါ ပုံစား”ရှမ်းထမင်းဆိုင်လေးပါဘဲ။

ဟင်းတွေကတော့မြင့်တဲ့အတိုင်း များမှာများ။

ကြိုက်သလောက်ထည့်စားလို့ရပါတယ်။

တစ်ခါစား 1500ငကျပ်။

ကျနော်တို့အုပ်စုရှစ်ယောက်စားတာမှတစ်သောင်းနှစ်ထောင်.။

လိုက်ပွဲယူမှတစ်ပွဲသုံးရာ တန်မှတန်ပါဘဲ။

 

တစ်ညနေခင်းမှာတော့ ငါးသွားစားကြမယ်ပြောပြီး လိုက်ပို့ပေးပါတယ်။

ရွှေလီမြို့မြောက်ဘက်အစွန်လယ်ကွင်းတွေဘက်ကိုထွက်လာခဲ့ကြပါတယ်။

အားလုံး ဆယ်နှစ်ယောက်တိတိ။

မြို့အနောက်မြောက်ဘက်အစွန်ကတောင်တန်းကြီးရဲ့အောက်ကဆိုင်လေးကိုပါ။

ဒီဆိုင်ကလေးကို အရင်ကပထမတစ်ခါရောက်ဘူးပါတယ်။

အခုုတော့အရင်ကထက်စည်ကားပါတယ်။

အရင်က ရိုးရိုးအခန်းလေးတွေကနေအခုမတော့ ဝါးအိမ်ကလေးတွေက နေရာယူထားပါတယ်။

ဆိုင်ချဲ့ထားလိုက်တာမှ ဟို့အနောက်ဘက်ဆုံးထိ ထမင်းစားခန်းလေးတွေအပြည့်ပေါ့.။

အဲဒီဆိုင်က ငါးအကောင်လိုက်ကို ထက်ခြမ်း ခြမ်း။

တစ်ခြမ်းက အစိမ်းအတိုင်း အချိုချက်။

တစ်ခြမ်းကတော့ ကြော်ပြီးမှ အစပ်ချက်၊

ဒီငါးဟင်းကတော့အဓိကဟင်း၊

ကျန်တဲ့ဟင်းရံကတော့ကိုယ်ကြိုက်တာမှာ၊

ကျနော်အကြိုက်ဆုံးဟင်းကတော့ ဝက်နံရိုးကို အရွက်ကလေးတွေပါတ်ပြီးကင်ထားတာပါ။

နူးနူးညံ့ညံ့အိအိမွှေးမွှေး။

(ဒီပုံလေးတွေကိုရိုက်ချင်ပေမယ့် အလင်းရောက်သိပ်နည်းနေတော့ မလှဘူးထင်ပြီးမရိုက်ခဲ့ပါဘူး)

စားလို့တကယ်ကောင်းတာအမှန်။

ငါးလေးကလဲချိုချိုအိအိ။

(မကောင်းတာကတော့ ကန်ထဲမှာမွေးထားတဲ့ငါးထဲက ကိုယ်ကြိုက်တဲ့အရွယ်အစား

ပြောလိုက်တဲ့အခါမှ ချက်ချင်းသတ်ပြီးချက်ပေးတာပါဘဲ။)

ကျနော်တို့အားလုံးငါးဟင်းကအကြီးတစ်ပွဲအသေးတစ်ပွဲ။

ဟင်းအရံက ရှစ်ပွဲ ထမင်းလဲစား အချိုရည်တွေသောက်တာမှ

574ကျပ်ဘဲကုန်ပါတယ်။

မြန်မာငွေ ခုှနှစ်သောင်းနီးပါးပေါ့။

 

 

 

နောက်မပြန်ခင်တစ်ရက်မှာတော့ အလုပ်ထဲက ကလေးတွေနဲ့ငါးချဉ်သွားစားကြပါတယ်၊

ငါးခူကို  ချဉ်စော်ကားသီးထည့်ပြီး ချဉ်စပ်လေးဖြစ်အောင်ချက်ထားတာပါ။

အဲဒီဆိုင်ကတော့ ကျယ်ဂေါင်မြို့ရဲ့စည်ကားလှတဲ့ညဈေးတန်းအဝင်လေးမှာပါ။

လမ်းဘေးပလက်ဖောင်းပေါ်မှာခုံလေးခင်းပြီးရောင်းပါတယ်။

သူကတော့ ငါးကိုမြေအိုးနဲ့ပြုတ်ထားတဲ့အထဲကို အသီးအရွက်တွေ စိတ်တိုင်းကျထည့်စားရတာပါ။

သူ့ဆိုင်က ထမင်းပန်းကန်သေးသေးလေးနဲ့ထည့်ထားကို တစ်ကျပ်ပေးရပါတယ်။

အဲတော့ ဉာဏ်ကြီးသော ကျနော်တို့အဖွဲ့က ထမင်းပေါင်းအိုးနှစ်လုံးချက်ကို ရုံးကနေသယ်။

သူ့ဆိုင်က ငါးဟင်းသုံးပွဲနဲ့ ဝက်သားသုတ် တစ်ဆယ်ဘိုးမှာပြီး အဝတီးကြပါတယ.်။

ငါးချဉ်စပ်ကတော့ဈေးသက်သာပါတယ်။

အကြီးသုံးဆယ်ကျပ် အငယ် နှစ်ဆယ်ကျပ်ပါဘဲ။

ဗမာငွေနဲ့တွက်ရင် 690နဲ့260ကျပ်ပေါ့။

 

သူများမြို့ရွာကို အလည်သွားတဲ့အခါခက်ခဲတတ်တာကတော့

အစားအသောက်လို့ဆိုချင်ပါတယ်။

မြို့ခံနဲ့မသိလို့ကတော့ သိပ်စားမကောင်းတဲ့ဆိုင်လေးကို ဝင်မိရင် စိတ်ညစ်စရာကြုံရပြန်ပါတယ်။

ဒီတစ်ခေါက်ကျယ်ဂေါင်ရောက်တာကတော့ အစားအသောက်နဲ့ပါတ်သက်ရင်အတော်အဆင်ပြေပါတယ်။

အရင်ထက်စာရင် လက်ဖက်ရည်ဆိုင်တွေများလာသလို နေရာအနှံ့ မြန်မာလူမျိုးတွေကိုအလွှာပေါင်းစုံ

တွေ့နေရတော့ မြန်မာစကားသံလေးတွေလဲကြားနေရတတ်ပါတယ်။

ကိုယ့်မြို့ကို်ယ်ရွာမဟုတ်ပေမယ့်လည်း ကိုယ့်စကားပြောတတ်တဲ့လူမျိုးတွေကြားမှာနေရတော့

စိတ်လုံခြုံသလိုရှိပါတယ်။

ဟိုးအရင်ကတော့ တရုပ်ပြည်ကျယ်ဂေါင်ဆိုတာနဲ့ အစားအသောက်ဆင်းရဲ။

ဖြစ်သလိုတည်း အတန်းလို်က်ထားတဲ့မြောင်းအိမ်သာမှာ သတင်းစာကွယ်ပြီး

အိမ်သာတက်ဆိုတာတွေက အခုအခါမှာပုံပြင်လိုပါဘဲ.

ကဲ……ရောက်ဘူးတာလေးတစ်ခေါက်ကို ပွားပြီးနားကို အနိုင်ကျင့်တယ်တော့ မဆိုလိုက်ပါနဲ့။

မပြောရရင်မနေနိုင်တဲ့ ကိုပေါက်မို့ပါ.

 

 

 

ကိုပေါက်လမ်းသလားနေသည်

(18-6-2012)

32 comments

  • ဒီပို့စ်လေးကတော့ နည်းနည်းရှည်မယ်။
    ဟိုမှာနေတဲ့ရက်ကလေးက စားခဲ့သောက်ခဲ့တာတွေကို သတိရလို့။

  • ဦးဦးပါလေရာ

    June 19, 2012 at 8:54 am

    ဘာလို့ ဒီလောက်ဈေးသက်သာရတာလဲဆိုတာ စဉ်းစားရခက်နေတယ်..။

    ရေနွေးခွက်လုပ်ပေးထာတာလေး တော်တော်သဘောကျတယ်။

    ဒီမှာကို အတုယူဘို့ကောင်းတယ်။

    စက္ကူခွက်တွေက ကိုင်လို့ခက်လို့သာ၊ တချို့နေရာတွေမှာ တော်တော်အသုံးကျပါတယ်။ ဥပမာ ဆေးခန်းမှာ ထိုင်စောင့်ရင်း ကော်ဖီသောက်ချင်တယ်…ဆိုတာမျိုး..။

  • ကိုပါရေ
    ကြယ်ခေါင်ဘက်ကတော့ စားတာသောက်တာ မြန်မာပြည်နဲ့သိပ်မကွာဘူး။
    ဒါပေမယ့်ရွှေလီဘက်မှာတော့ ထမင်းစားရင် ပိုသက်သာပါတယ်.
    နောက်အဝတ်အစား တွေ ကျနော်တို့ဆီက ချုပ်ခလောက်ဘဲရှိတယ်။
    ကျနော်ဝတ်နေကျ ဘောင်းဘီတို 19ကျပ် မြန်မာငွေနဲ့တွက်ရင် 2500ကျပ်လောက်ဘဲရှိပါတယ်။
    ဒီအဝတ်အထည်အကြောင်းရေးပါအုံးမယ်။
    ဟိုမှာအလုပ်လုပ်နေတဲ့ အနိမ့်ဆုံးနေ့စားတောင်မှ စားဘို့သောက်ဘို့လောက်ငှတာကိုတွေ့ရပါတယ်။
    တိုင်းပြည်တစ်ခု တည်ငြိမ်ဘို့အတွက်က တော့ အဓိကအချက် အနေနဲ့စားကုန်သောက်ကုန်နဲ့အခြေခံသုံးပစ္စည်းဈေးသက်သာဘို့လိုအပ်တယ်လို့ထင်ပါတယ်

    • Thel Nu Aye

      June 19, 2012 at 9:31 am

      လေးပေါက်နာမည်ပြောပြီးထမင်းဝင်စားသွားပါတယ်။ နောက်တခါကြုံရင် ပိုက်ဆံရှင်းလိုက်ပါနော် လေးပေါက်။ ည

  • Moe Z

    June 19, 2012 at 9:42 am

    မစားဘူးလေးပေါက်ရာ.. လုံးဝမစားဘူး
    ကန်စွန်းရွက်ကြော်ကလည်း မည်းနေတာပဲ စိမ်းမှကြိုက်တယ်
    ဟင်းတွေကလည်း အရောင်တင်တွေများပြီး ရဲတောက်နေတယ်
    ဆီကလည်းများသေး ဘာဆီတွေနဲ့ချက်ထားမှန်းမသိ 🙁
    အဲ . .. ဝက်သားသုပ်တော့ ..
    တကယ်မစားရလို့ ရန်လုပ်သွားပါသည် :mrgreen:

  • MaMa

    June 19, 2012 at 9:55 am

    သူတို့ဆီက ထမင်းဆိုင် ဟင်းနဲ့ အခင်းအကျင်းမျိုး ရန်ကုန် တရုတ်တန်းမှာလည်း တော်တော်များများ တွေ့နေရပြီ။
    အဝတ်အထည်တွေ သက်သာတယ်ဆိုတာကတော ကိုယ်တွေ့။
    ဟိုးးး လွန်ခဲ့တဲ့ အနှစ် ၂ဝလောက် သွားကတည်းက ဒီမှာ တန်ဖိုးကြီး ပွဲထိုင်အကျီ င်္ တစ်ထည်ကို ၁၀၀၀ဝ လောက်ပေးရတာ
    သူတို့ဆီမှာ အဲဒီ ၁၀၀၀ဝ နဲ့ ၄ထည် ဝယ်လို့ရတယ်။
    မူဆယ်လမ်းဖွင့်ကာစမို့ သွားတုန်းက အဲဒီလောက် ဝယ်လို့ကောင်းမယ်မထင်တော့ အလည်ပဲဆိုပြီး ပစ္စည်းဝယ်ဖို့ ငွေအပိုမပါသွားဘူး။
    ဟိုရောက်တော့ ဝယ်ရင်း ဝယ်ရင်းနဲ့ ငွေမလောက်တော့ အသိလိုက်ရှာပြီး ငွေချေးဝယ်ရတာ အမှတ်တရပဲ။ 🙂

  • မောင်ပေ

    June 19, 2012 at 10:12 am

    စားစရာအကောင်းစားတွေမြင်ရတော့ ဗိုက်တောင်မှဆာလာတယ်။

  • mamanoyar

    June 19, 2012 at 10:25 am

    ကိုပေါက်ရေ မန်းလေးရောက်ရင် လိုက်ကျွေးရမယ်နော်

  • ဆူး

    June 19, 2012 at 10:26 am

    မြန်မာပြည်မှာလည်း မကြာခင် အဲလို တခါသုံး ခွက်တွေ ခေတ်စားတဲ့ လက်ဖက်ရည်ဆိုင်တွေ ရှိလာလိမ့်မယ်လို့ ယူဆပါတယ်။

    ဆူး တို့က အဖွဲ့နဲ့ သွားတာ ဆိုတော့ ကျွှေးတဲ့ နေရာ စားပလိုက်တာပဲ ညနေဘက် စားဖို့ သောက်ဖို့ ဆိုင် ထွက်မရှာရတော့ အဲလို ရှိမှန်းတောင် မသိဘူး။

    အဲဒီ ဘက်ကို နောက်မှ အေးဆေး သွားကြည့်ချင်သေးတယ်။

  • water-melon

    June 19, 2012 at 10:40 am

    ဟာဂျာ
    တိုက်တိုက်ဆိုင်ဆိုင်ဗျာ
    ဗိုက်ဆာနေတာအတော်ဘဲ
    လေးပေါက်ရေ တစ်ခါထဲဝင်စားပြီဗျို့

  • surmi

    June 19, 2012 at 10:56 am

    တော်တော်ဆိုးတဲ ့ဘိုးတော်ကြီး
    ဒီမှာ ဗိုက်ဆာနေပါတယ်ဆိုမှ
    နောက်တခါတကယ် ကြွေး

  • ညလေး

    June 19, 2012 at 11:20 am

    အမ်း…….ငါးချဉ်စပ်…….ရှလွတ်……
    အမုန်းဆွဲသွားပြီလေးပေါက်ရယ်………
    ပြီးတော့…ထက်အောင်…စားသောက်ဆိုင်ရဲ.မျက်နှာချင်းဆိုင်မှာ..ညနေဆိုအကြော်သည်လေးရှိတယ်…….
    အရမ်းကောင်းတာ…..ပဲကောက်ညင်းကြော်…ဘူးသီးကြော်…..အကုန်ကောင်းတယ်………
    ပြောရင်းနဲ..ဗိုက်ဆာလာပြီ…..

  • mihninlay

    June 19, 2012 at 11:49 am

    ဒီတခါမူဆယ်သွားရင်လေးပေါက်ပြောတဲ့ဆိုင်သွားစားအုံးမယ်
    ဒီနေ ့ဟင်းမကောင်းတာနဲ ့တော့အတော်ပဲဒီဟင်းတွေကိုမြင်ယောင်ပြီးစားရမယ်

  • မယ်နှင်းရေ ဓါတ်ပုံထဲက အတိုင်းဆိုရှာလို့ရမှာပါနော်။
    သွားစားရင်ပြောခဲ့နော် အင်တာနက်ထဲမှာ ပါလို့ လာစားတာလို့။
    ဒါမှ ဆိုင်ရှင်ဝမ်းသာသွားမှာ။

  • mocho

    June 19, 2012 at 1:13 pm

    ဪ ဒွက်ခ ….. ဗိုက်ဆာနေတဲ့ အချိန်မှ ဝင်ဖက်မိတယ်။
    ကိုယ့် နိုင်ငံမှာ က အခြေခံ စားကုန်တွေ ရဲ့ ဈေးနှုန်းက ဝင်ငွေထက်နဲ့ အချိုး ချ ကြည့် ရင် အတော် များနေတယ်။ အဲဒါ ပြည်သူ လူထု အတွက် အဓိက ထိခိုက်စေတဲ့ အချက်ပဲ။

  • ဟုတ်ပ မို့ချိုရေ
    အခြေခံစားကုန်သက်သာမှ အောက်ခြေလူတန်းစားက အဆင်ပြေမှာ။
    ကျနော်တို့အပါအဝင်ပေ့ါ.။

  • TTNU

    June 19, 2012 at 2:42 pm

    ကိုပေါက်ရေ…
    ခရီးသွားရင်းမာမီလည်းဗမာဆိုင်ရှာစားရတာအမောပဲ။
    တံတားမကျော်ခင်ဒီဘက်ကမ်းက ရှမ်းသုတ်လည်း သိပ်စားကောင်းပါတယ်။

  • Khin Kha

    June 19, 2012 at 3:28 pm

    ကိုပေါက်ရေးတဲ့ ဆိုင်တွေမှတ်ထားပြီး ရောက်ရင်သွားစားမယ်ဗျာ။
    ပြောသလိုမကောင်းရင်တော့နော်—။မန်းရောက်ရင် အလျော်ပြန်ကျွေးရမယ်။

  • Ma Ei

    June 19, 2012 at 3:35 pm

    ကိုပေါက်ရေ…
    2000 ခုနှစ်လောက် OD Tour နဲ့ အဲ့ဒီဘက် သွားခဲ့တာ…
    မနက်သွား ညပြန် တစ်ရက်လည်ခဲ့ရတယ်…
    ရေတံခွန်၊ဆည်၊အရိပ်မထွက်ဘုရား၊ရွှေလီဈေး တွေလည်ခဲ့တယ်…
    ဂိုက်တရုတ်မလေးနဲ့ သွားကြတာဆိုတော့ သူပို့တဲ့ဆိုင်က တရုတ်ဆိုင်
    မဝင်ခင် ဘေးဆိုင်က ဗမာဆိုင်ဖြစ်နေတာနဲ့ ကျမတို့က
    ဒီဘက်ဆိုင်မှာစားမယ်ပြောဝင်စားကြတာ…
    ဈေးသက်သာတာလဲ အမှန်ဘဲ ဝယ်ကောင်းတယ်…
    ဂဏန်းပေါင်းစက်တစ်လုံးကိုင်သွားပြီး ရောင်းဈေးတွေ
    သူနှိပ်ပြ ကိုယ်နိပ်ပြနဲ့ အရောင်းအဝယ်ဖြစ်ရော…
    ထပ်သွားချင်မိပြန်ပါပြီ…

  • kyeemite

    June 19, 2012 at 3:58 pm

    တရုတ်လိုခေါ်လိုက်အုံးမယ်…အိုဘယ့်..´ကောက်ပို´
    ခရီးသွားချင်စိတ်များတဖွားဖွား ဖြစ်ပေါ်လာအောင်ရေးနိုင် ရိုက်နိုင်ပါပေရဲ့..
    အေးလေ..အင်တာနက်စာရေးဆရာကြီးပေကိုးးး..(ဂျာနယ်ထဲဓါတ်ပုံကြီးကိုပြူးလို့)
    လေးစားပါတယ်ဗျာ…
    ခင်တဲ့..

  • မမ အညာသူ

    June 19, 2012 at 4:30 pm

    ညာဗိုက်ဆာနေပါတယ်ဆို……..ညာ့ကိုမြူဆွယ်တယ်
    ဂလု…………:PP

  • ကိုခင်ခရေ ဆိုင်မှားမဝင်အောင် ကျနော်ကို ဂိုက်အဖြစ်ခေါ်သွားလို်က်ပါလားဗျာ။
    ကိုမိုက်ရေ မန်းလေးမလာသေးဘူးလား။
    ထမင်းဆိုင်လေးကို ပို့ပေးချင်လို့ပါ။
    မာမီရေ ကျနော်တို့က မြန်မာဟင်းတော့နေ့တိုင်းစားနိုင်ပေမယ့် သူများဟင်းတော့လဲမစားနိုင်ပြန်ပါဘူး။
    မယ်အိရေ အင်းလေးက ပုံတွေ ကြိုက်တယ်။
    ကျနော်သွားတုံးက တိမ်တွေ မအိပုံထဲကလောက်မလှဘူး။

  • awra-cho

    June 19, 2012 at 5:04 pm

    ဓါတ်ပုံမမြင်ရ ဘူးဗျို့။connection က စိတ်ကုန်တယ်ဟေ့၊

  • သားဦး၊မြေးဦး

    June 19, 2012 at 7:10 pm

    ကိုပေါက်ပြောတဲ့ KBZ ဘဏ်ရှေ ့က လဘက်ရည်ဆိုင်က Heart Rock လားမသိဘူးဗျ။မေ့နေလို ့။

  • အရီး Khin Latt

    June 19, 2012 at 8:41 pm

    ကိုပေါက်ကြီး

    စားစရာ ပုံတင်မဟုတ် စာနဲ့ အကျအနရေးပြထားသမို့ သွားရည်တမြားမြား နဲ့ ဖတ်သွားပါတယ်။
    မယုံရင် ထောင်ထားတဲ့ လက်မ ကိုကြည့်။သွားရည်တွေနဲ့။

    ကျုပ် အထင် မြန်မာဟင်းတွေ က ဆီအရမ်းများတယ်။
    ရှမ်းစာလေးတွေ က ကျမ်းမာရေး လဲညီ၊ စားလို့လဲကောင်း။

    အတို့အမြှုပ် လေးတွေ ကို ပို လွမ်းတယ်ဗျို့။
    ဈေးနှုန်း နှိုင်းယှဉ်ချက် တွေ ကတော့ မပြောတော့ဘူး။

    ပုံလေးတွေ အတွက်ရော သွားရည်ကျ “စာ” တွေ အတွက်ရော ကျေးဇူးပါ။ 🙂

  • မိုး မင်းသား

    June 19, 2012 at 9:16 pm

    ကိုပေါက်……

    လဖ္ဘက်ရည်သောက်…ထမင်းစားတဲ ့…..ကျွေးချင်ကျွေး…..မကျွေးရင်တွေ ့မယ်……

    ကျနော်ကဗ်ိုက်ဆာနေတာဗျ……………..

    ကျနော်လည်း…ဝင်စားသွားတယ်ဗိူ ့ ့…….

    မြိန်လိုက်တာ…..ကိုပေါက်ရေ……

    စားပြီးလို ့…ပြန်တော ့မယ်နော်….

    တာတာ ့…..

  • pan pan

    June 19, 2012 at 9:40 pm

    ”’ထမင်းအသင့်အတင့် ဟင်းကတော့ ကြိုက်သလောက်ထည့်စား မြန်မာငွေ1500။
    တန်ပါ၏။”’
    လေးပေါက်…အဲ့ဆိုင်က ပြောင်းပြန်ကြီးနော်
    ဒီမှာဆို ထမင်းကအဝစား၊ ဟင်းကတစ်ခါပဲပေးတာ

    လေးလေးတော့ မြို့တကာ နယ်အနှံသွား၊ ဓါတ်ပုံတွေရိုက်ရုံတင်မက အစားပါစုံအောင်စားရတာပဲ
    ကုသိုလ်ထူးပ့ါ 🙂

  • ဟုတ်တယ် ပန်ပန်ရေ သူတို့ဆီက ထမင်းတော့ နည်းနည်းဘဲထည့်တယ်။
    ဟင်းကတော့ တစ်ခါတည်း ကြိုက်သလောက်ထည့်သွား ထပ်ထည့်လို့တော့ မရဘူး။
    မိုးမင်းသား
    ကြိုက်သလောက်စား ကျသလောက်ရှင်း………….ဒါဗြဲ။
    ကိုလတ်ကြီး ပြောတာ ဟုတ်တယ်ဗျာ။
    ရှမ်းစာလေးတွေက ဆီလျော့ချက်ထားတော့ အအီပြေတယ်။
    ကျနော်ကြိုက်တာက ပဲပုတ်နည်းနည်းထည့်ထောင်းထားတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်ဘဲ။
    အတို့အမြုတ်နဲ့အရမ်းလိုက်။
    အစားအသောက်တွေကြိုက်ရင်း ကျနော်လဲဖက်တီးပုတ်ကြီးဖြစ်နေသပေါ့။

    သားမြေး ဦးဦး ကိုကို ညီညီရေ
    ကျနော်ပြောတဲ့ဆိုင်လေးက တောင်ကြီးလက်ဖက်ရည်ဆိုင်တဲ့။
    ပေါက်စီရော ဝက်သားပေါင်းရော ဆေးဘဲဥပါကောင်းတယ်။
    လက်ဖက်ရည်ကလဲ မန်းလေးသားအကြိုက်ဘဲ။

  • ကြောင်ကြီး

    June 20, 2012 at 8:47 am

    အစားပေါဒေါ့ ခရီးသွားတွေအတွက် နတ်ပြည်၊ အကောင်ပလောင်တွေအတွက်တော့ ငရဲပြည်ဗဲဗျို့..။ ကြောင်ကြီးဂဒေါ့ အကုသိုလ်မဖြစ်အောင် လူသားပဲစားဂျင်ဒယ်..။ ပစ္စည်းမှန် ဈေးမှန်လေးဒွေ ရှာထားပေးဗာ..။

  • အဲဒါဆို မောင်ပေနဲ့ ကိုစိန်သော့တို့ကိုဆက်သွယ်ပါ ကိုကြောင်ကြီး သူ့မှာအမှန်အကန်လေးတွေရှိတယ်။

Leave a Reply