မုန်း စ ရာ ကောင်း သည့် ဦး – အ ပိုင်း(၁)

aye.kkJune 17, 20121min22714

ပြော ရ မယ် ဆို ရင် တော့ ကြာ ခဲ့ ပါ ပြီ ။
အစ် မ ဖြစ် သူ မ ကြီး ကျယ် က တော့ ၊ အ ဖေ သ ဘော ကြ တဲ့ သူ ကို ၊ နည်း နည်း မှ လေး တောင် မ ကြိုက် ခြင်း ပင် ဖြစ် ပါ သည် ။

ဓါး စာ ခံ လက် သည် ရှာ ပြီး ၊ ကြား ခံ အ စား ထို းကာ ကျ မ ကို အ ကာ ကွယ် ယူ လေ သည် ။ ကျ မ အ သက် အ နေ ထား နှင့် ဆို တော့ ဦး အ ရွယ် ဖြစ် လေ သည် ။ အစ် မ ဖြစ် သူ မ ကြီး ကျယ် က ကျ မ ထက် အ သက် (၇) နှစ် ကြီး သူ ဖြစ် ၍ ၊ အစ် မ နှင့် ပေး စား မည့် သူ က လည်း ဤ မျှ လောက် ထပ် ကြီး နေ တော့ ၊ ဦး အ ရွယ် လျှင် ဖြစ် ပေ တော့ သည် ။

ဦး က အ ရပ် ပု သည် ညှပ် သည် ။ အစ် မ က အ ရပ် မြင် ့ သည် ။ လက် ညိုး နှင့် လက် ခ လယ် ဖြစ် ၍ ကျ မ က လည်း ၊ အစ် မ အ ပေါ် ကိုယ် ခြင်း စာ မိ ပါ သည် ။ တစ် ခါ တွင်….ကျ မ က အစ် မ ၏ လေ သံ ဖြင့် ဦး ရဲ ့အ ရပ် က ခွေး ပစ် တဲ့ ဒုတ် လောက် ဆို တော့ အစ် မ က ရှက် တာ ပေါ့ …ဟု ပြော ပြ မိ ပါ သည် ။ဦး အ နေ နဲ ့ က ကြိုက် စ ရာ ရှား နေ လို ့ လား ဟု လည်း ….ဦး ဖက် က နေ ခံ စား ရ သ ဖြင့် ၊ ဦး ကို မေး တတ် ပါ သည် ။

အဲ လို မေး လို ့ က တော့ ၊ ဦး က ရယ် ကြဲ ကြဲ နှင့် လုပ် နေ ပြီး လျှင် ဘာ မျှ ပြန် မ ပြော ပါ ။ ခက် သည် က…..အစ် မ ရော ၊ ဦး ကော နှစ် ယောက် စ လုံး က ကျ မ ကို ကြား ခံ တ ခု အ နေ ဖြင့် ထား နေ ခြင်း ပင် ။
တစ် ခါ တစ် ခါ သူ တို ့နှစ် ဦး လုံး က စ နောက် တတ် သေး သည် ။

အစ် မ က ဦး ကို လက် ထပ် ဖို ့ မ ရည် ရွယ် သော် လည်း ၊ ဦး က စာ ပြ အ သင် တော် လွန်း သ ဖြင့် အ လွန် ကြီး မား သည့် ၊ သံ ယော စဉ် ကြိုး တ ခု တော့ တွယ် မိ နေ ကြ သည် ဟု ကျ မ ထင် ပါ သည် ။ အစ် မ က ၊ ဦး ကို မ ချစ် ကြောင်း ပွင့် ပွင့် လင်း လင်း ပြော လျှင် လည်း ဦးက မ တုန် မ လှုပ် ကျောက် ဆစ် ရုပ် ပ မာ သာ….နေ နေ တတ် ပါ သည် ။

က မ္ဘာ လ ဆန် း ( ၁ ) ရက် နေ ့ အ ထိ ၊ လည်း စောင့် နိုင် သည် ဟု ၊ ဦး က ပြော မြဲ ပင် ဖြစ် ပါ သည် ။ အစ် မ က စိတ် မ ရှည် လျှင် ၊ အောင် သွယ် တော် နှင် ့ညား သွား နိုင် သည် ဟု ၊ ပြော ဆို ကာ စ ပြီး နှစ် ယောက် သား ရယ် မော နေ တတ် ကြ ပါ သည် ။

ကျ မ က ကြား ထဲ က နား မ လည် ၍ ပြန် မေး မိ လျှင် ..
အောင် သွယ် တော် က လည်း ကြား ခံ မ ရှိ ၊ အစ် မ က ဘယ် သူ ့ ကို ပြော တာ လည်း ဟု ဆို မိ ပါ က ၊ အစ် မ က နင့် ကို ပြော တာ ဟု ပြော ပြီး ဦး က လည်း …သ္မီး ကြီး လာ ရင် ယူ လို ့ရ လို ့စ တာ ပါ ဟု ပြော တတ် ပါ သေး သည်။

ဦး က ပြော သာ ပြော ပြီး မျက် စိ မျက် နှာ ပျက် လာ တတ် ကာ နီး ရဲ လာ တတ် ပါ သည် ။ အစ် မ က မ ချစ် မှန်း ….သိ လေ လေ ၊ ဦး ကို ကျ မ က သ နား ကာ ခင် တွယ် လာ လေ လေ ဖြစ် ပါ သည် ။

မိ ဘ တွေ က လည်း ၊ အ ချိန် ဆွဲ နေ သည့် အစ် မ ကို အ မြန် လက် ထပ် စေ ချင် ကြ ပါ သည် ။ ထို အ ခါ အစ် မ က ကြံ ရာ မ ရ ဖြစ် ခါ ၊ ဉာဏ် နီ ဉာဏ် နက် ထုတ် သုံး လာ ပါ သည်။ နောက် ဆုံး တော့ ဦး ဖက် က အ မေ တယောက် သာ ရှိ သ ဖြင့် ၊ လက် ထပ် ဖို ့ အ ရေး ဆော် ဩ ခံ လာ ပါ သည် ။

ဦး က လည်း သင်္ဘော မ တက် ခင် စေ့ စပ် ထား ချင် သည် အ ရင် ဆို ပါ သည် ။ မိ ဘ များ က မ နေ နိုင် ကြ ပါ ၊ နှစ် ဖက် မိ ဘ စေ့ စပ် စ ကား ပြော ဆို ရန် နှင့် ဦး နှင့် အ နေ ပို နီး စပ် အောင် ၊ အ ဖေ က အစ် မ အား (၁) လ တိ တိ ရန် ကုန် မှာ လာ ထား သော အ ခါ ၊ ကျ မ ပါ လိုက် လာ ရ ပါ သည် ။
အစ် မ မ ကြီး ကျယ် က အ ကြီး ကျယ် စိတ် ညစ် ပြီး ၊ ဟန် ဆောင် မျက် နှာ ဖုံး စွတ် ခဲ့ ပါ သည် ။ မူ ယာ မာ ယာ များ ကာ နည်း အ မျိုး ဖြင့် ရှောင် လို ့ရ သ မျှ ရှောင် နေ ပါ တော့ သည်။

အစ် မ နှင့် သွား ရန် နေ ရာ မှန် သ မျှ ၊ အ နီး ကပ် သွား ခါ နီး တွင် အ ရေး ပေါ် ကိ စ္စ ဆင် ခြေ အ မျိုး မျိုး လှည့် ပတ် ခါ ပေး နေ ပါ သည် ။ ဘယ် ကိ စ္စ မ ဆို တ ကယ် တန်း သွား ရ လျှင် ဦး နှင့် ကျ မ သာ ဖြစ် ပါ သည်။ ဦး က တော့ ခ လေး သာ သာ ၊ ကျ မ လက် အား ဆွဲ ခါ နေ ရာ တ ကာ သွား ခဲ့ ရ ပါ သည်။

တ ရက် တွင် ငြင်း မျိုး ပေါင်း စုံ နေ သည့် ၊ အစ် မ မ ကြီး ကျယ် မှာ တ ကယ် အ ကြောင်း ပြ စ ရာ ဂ တိ မ ဖျက် နိုင် ရ တော့ သည့် အ ခါ မျိုး ကျ ရောက် လာ သ ဖြင့် မှ သာ လိုက် မယ် ဟု ပြော ဆို ပါ သည် ။
ပြီး လျှင် မိတ် ကပ် ပါး နီ အ သေ အ ချာ လိမ်း ချယ် ပြီး လုပ် နေ တော့ ၊ ဦး က လည်း ပျော် နေ ပါ သည် ။

အ ပြင် ထွက် ခါ နီး အ လို ကျ မှ ရေ အိမ် တက် ချင် သည် ဟု ဆို ပြီး ဝင် သွား ရာဗိုက် အောင့် သည် ၊ ဟု ပြော ပြီး မ လိုက် နိုင် ဟု ဆို ခါ ငြင်း ပြန် တော့ သည် ။ ဦး က ထုံး စံ အ တိုင်း မျက် နှာ နီ ရဲ ခါ ၊ မျက် လုံး များ ပင် နီ လာ သည် ဟု ထင် ပါ သည်။

နောက် ဆုံး ကျ မ နှင် ့ သွား ရန် ပြော သော အ ခါ ဦး မှာ လက် ခံ ပြီး ၊ စကဒ် ဝတ် ၍ မ သင့် တော် ၊ မိ ဘ မေး လျှင် ဘယ် လို ပြော ရ မှာ လည်း ဟု ဆို သ ဖြင့် ၊ အစ် မ က ၊ ထ မီ ဝတ် ပေး ခါ ၊ ငွေ ကြိုး ခါး ပတ် အ သေ အချာ ချိပ် ပေး လျှက် ခေါ် သွား ခိုင်း ပါ သည် ။

ထ မီ က ရှည် နေ သ ဖြင့် အ ပေါ် သို ့ လုံး ခေါက် ပြီး ၊ ဝတ် ထား ပေး သ ဖြင့် အ ကယ် ၍ ခ လေး က ရေ အိမ် တက် လျှင် ဘယ် လို လုပ် ပေး ရ မှာ လည်း ဟု ပြော ပါ သည် ။ အစ် မ က ထ မီ အား ခါး အ တွင်း သို ့ ဆွဲ သွင်း ခါ တ ဖက် က အ စ ကို ခါး ထဲ သို ့ ပြန် လည် ခေါက် ထည့် ပြီး ခါး ပတ် ဖြင့် ပြန် ချိပ် လိုက် လျှင် ရ ပြီ ဟု ပြော ပါ သည် ။

အစ် မ နေ သော အိမ် က မြို ့ ထဲ ၊ ဦး နေ သည့် နေ ရာ က ဝင် ဒါ မီ ယာ ဖြစ် ၍ စော စော ထွက် လာ ခဲ့ သည် ။ ဒီ ရောက် တော့ အစ် မ က မ လိုက် ပြန် ၊ လွန် စွာ စိတ် ညစ် ပြီး ဘာ လုပ် ရ မယ် မှန်း မ သိ တော့ ဟု ၊ ပြော ခါ ကျ မ အား လက် ဆွဲ လျှက် ၊ မြို့ ထဲ အိမ် မှ ထွက် ခါ သ္မီး ဘယ် သွား ချင် လည်း ၊ သွား ချင်သည့် နေ ရာ ပြော ဦး လိုက် ပို ့ပေး မယ် ၊ ဟု ဆို ကာ ကြင် နာ စွာ ပြော ဆို ပြီး ရင် ဖွင့် ချင် သည် ၊ တစ် နေ ရာ သွား မည် ၊ အ မေ့ ကို မျက် နှာ ပူ သည် ၊ အစ် မ ကြောင့် ညာ ပေါင်း လည်း များ နေ ပြီ ဟု ပြော ပါ သည် ။

သ္မီး က ခ လေး ဆို တော့ ၊ ဦး ရင် ထဲ ဖွင့် ချ ပြော ပြ ချင် သော် လည်း နား လည် မှာ မ ဟုတ် ဟု ပြော ပါ သည်။ ဦး က သူ ငယ် ချင်း ထံ သွား မည် ၊ အဲ ဒီ ဘက် မှာ ရေ လယ် ဘု ရား ရှိ သည် ။
ပင် လယ် ကူး သ င်္ဘော ကြီး တွေ ကျောက် ချ သည့် နေ ရာ ၊ နောင် အ ခါ ဦး လိုက် မယ့် သ င်္ဘော က ဖော ရင်း လိုင်း ၊ ရန် ကုန် ဆိပ် ကမ်း ရေ နည်း ၍ ကမ်း မ ကပ် နိုင် သည့် အ ခါ ၊ ဒီ မှာ ကျောက် ချ ရပ် နား ရ နိုင် သည် ဟု ပြော ပြီး ၊ ကျ မ အား ပြ ချင် သည် ဟု ပြော ခါ ၊ ရေ လယ် ဘု ရား ဘက် သို ့ဦး က လိုက် ပို ့ ခဲ့ ပါ သည်။

သ င်္ဘော စီး ရ သ ဖြင့် ကား က ယူ ၍ မ ရ ၊ ကား ယူ ၍ ရ သည့် နေ ရာ က နဲ နဲ အ လှမ်း ဝေး သည် ၊ ကား တင် ရန် စောင့် လျှင် လည်း ကြာ မည် ၊ အ ပြန် နောက် ကြ က စိတ် ပူ နေ မည် ဟု ပြော ပြီး ၊ ထွက် မည့် သ င်္ဘော အား တိုး ကြပ် ညှပ် ပိတ် သိတ် နေ လျှက် စီး ရ ပါ သည် ။

အ ရေး ထဲ တက် ထ ရက် ရှန် ဟု ခေါ် ဆို သော လုံ ချည် က ကြပ် ပိတ် သိတ် တိုး စီး ရ မှု ကြောင့် လူ ကြား ထဲ တွင် ထ မီ က ကွင်း လုံး အောက် ကို ပုံ လျှက် လျှော ဆင်း ကြ သ လို ပုံ ကျ သွား သ ဖြင့် ၊ ဦး မှာ လူ ကြား ထဲ တွင် မ နည်း ပြန် လည် ဝတ် ပေး ရ သ ဖြင့် စိတ် ဒုက္ခ အ တော် ကြီး မား သွား ရှာ ပါ သည် ။

ထ မီ ဆို တာ ဘယ် လို ဝတ် ပေး ရ မယ် မှန်း မ သိ ၊ ပြော ပြ တုံး က တော့ ငှက် ပျော သီး အ ခွံ နွှာ စား တာ ထက် လွယ် သေး ဟု ဦး က ပြော ပါ သည် ။ အ ခု တ ကယ် လည်း ထ မီ ကျွတ် ရော ၊ ဘယ် လို ပြန် ဝတ် ပေး ရ မှန်း လည်း မ သ်ိ ၊ လူ တွေ ကြား ထဲ ချွေး စော် အ နံ ့က မ ခံ နိုင် ၊ ထ မီ မ ဝတ် ပေး တတ် သ ဖြင့် သေ ချင် စိတ် တောင် ခ ဏ ပေါက် သွား ရ သည် ဟု ပြော ခါ ၊ အစ် မ မ ကြီး ကျယ် အ ကြောင်း ၊ တ လမ်း လုံး တောက် လျှောက် ရင် ဖွင့် ခဲ့ ပါ တော့ သည်။

သ င်္ဘော စီး ပြီး မ ရ သေး ၊ ကား က တစ် ဆင့် ပြန် စီး ရ သည် ။ လူ ချွေး နံ ့တွေ က မ ခံ နိုင် ခေါင်း တောင် မူး သည် ဟု ပြော ပါ သည် ။
ရေ လယ် ဘု ရား သွား မည့် ကူး တို ့ဆိပ် အ ရောက် တွင် ၊ ဦး ခေါင်း မူး သ ဖြင့် ထ မင်း ဆိုင် ၌ ခ ဏ ဝင် နား ပါ သည် ။ သူ ဖြစ် နေ ၍ မ ရ ဟု ဦး က ပြော ပါ သည် ၊ ကျ မ က ပါ နေ သ ဖြင့် စိတ် တင်း ပြီး နေ နေ ရှာ ပါ သည် ။ ကျောက် တန်း ရှိ သူ ငယ် ချင်း ရှိ သ လား သိ ချင် နေ သ ဖြင့် ၊ ဦး က သူ ့ မိတ် ဆွေ အား ရှာ ပြီး မေး ကြည့် နေ ပါ သည် ။ ဦး ၏ သူ ငယ် ချင်း မှာ သည် နေ ့သူ ၏ လေ ယာဉ် ခ ရီး စဉ် ဖ လိုက် ရှိ သ ဖြင့် ၊ မ နက် (၅) နာ ရီ အ စော ကြီး ထဲ က ထွက် ခွါ သွား သည် ဟု ပြော နေ သံ ကို ၊ ကျ မ က ကြား သိ လိုက် ရ ပါ သည်။

ဦး ပြော ပြ မှ သာ သူ ငယ် ချင်း ဖြစ် သူ က ၊ တွဲ ဘက် က ပ္ပ တိန် လေ ယာဉ် မှူး ဖြစ် နေ မှန်း သိ ခဲ ့ ရ ပါ သည် ။ ပြော ပြီး မ ကြာ ပါ ချေ လေ ယာဉ် ပျက် ကြ သည့် သ တင်း ဆိုး အား ကြား သိ လိုက် ကြ ရ ပါ သည်။ တိုက် ဆိုင် လွန်း လေ စွ…….ပေ တ ကား။

ဦး ၏ သူ ငယ် ချင်း ဖြစ် သူ က ပ္ပ တိန် ဝင်း မြင့် နှင့် စာ ရေး ဆရာ မ ဒေါ် ဝင်း မြင့် ၊ မြေး ဖြစ် သူ ဖိုး ခွါး တို ့ ပါ ဆုံး သွား ပြီး ၊ ရန် ကုန် မှ လေ ယာဉ် တက် ပြီး ၊ ဘာ မျှ မ ကြာ လိုက် တ ညင် နား တွင် ပျက် ကြ သွား ခြင်း ပင် ဖြစ် ပါ သည်။ ဦး က ပြော ပါ သည် မ နက် အိမ် က စ ထွက် က တည်း က စိတ် လေး နေ သည် ။ အစ် မ လည်း ဒီ ပုံ အ တိုင်း ဆို လျှင် စေ့ စပ် ကိစ္စ …ဟု ဆို ခါ ၊ ဆက် မ ပြော နိုင် တော့ ပဲ လည် ချောင်း အ သံ ပါ ပျောက် သွား ပါ သည်။

ဒီ ခ ရီး လာ မိ ခဲ့ ခြင်း ကို က ပင် ၊ ဦး ကို သံ ယော ဇဉ် အ လွန် ပင် ဖြစ် တွယ် စ ရာ အ ကြောင်း ပေါ် ပေါက် ခဲ့ ရ ပါ သည်။ နာ ရေး သ တင်း ကြား လိုက် ရ ခြင်း အ တွက် ၎င်း ၊ အစ် မ နှင့် စေ့ စပ် လက် ထပ် ကိ စ္စ အ ဆင် မ ပြေ သည့် ကြား ထဲ မှ ပင် ၊ ကျ မ ကို ရေ လယ် ဘု ရား အား မ ရောက် ရောက် အောင် ပို ့ပေး ခဲ့ ၍ လည်း ဖြစ် ပါ သည် ။

အ မှတ် တ ရ ဟု ပြော ဆို ပြီး ၊ ကျ မ ပု ခုံး အား သိုင်း ဖက် ထား ခါ ကျောက် ဆောင် ပေါ် တွင် ထိုင် လျှက် အ မှတ် တ ရ ဓါတ် ပုံ အ ရိုက် ခံ စဉ် ၊ ကျ မ က ဦး ကို မျက် မှန် ချွတ် ထား ပါ လား ဟု ပြော လျှင် ၊ ဦး က မျက် မှန် ကို လုံး ဝ ချွတ် ခိုင်း ၍ မ ချွတ် ပါ ၊ ခ လေး ဆို တော့ ကျ မ က အ တင်း ယူ ပြီး ဦး ၏ မျက် မှန် ကို ဆွဲ ယူ ၍ ချွတ် မိ ပါ သည် ။ ဦး က လည်း ကျ မ လက် ထဲ က မျက် မှန် ကို ၊ အ တင်း ပြန် လု ယင်း နှင့် မှ ပင် ၊ ဦး က လက် ကိုင် ပု ဝါ စ ဖြင့် မျက် ရည် ဖမ်း သုတ် လိုက် တော့ မှ သာ ကျ မ က သ ဘော ပေါ က် သွား မိ ပါ သည် ။
မျက် မှန် ကြီး ကွယ် ပြီး ဦး ငို နေ သည် ကို လည်း သိ လိုက် ရ ပါ တော့ သည်။။

14 comments

  • memeseku

    June 17, 2012 at 10:37 am

    ဖတ် ရတာ ရင်မော စရာ ပါ လား.. အန်တီ အေးရေ
    နောက် ဘာ ဖြစ် မလဲ သိ ချင် လိုက ်တာ
    ဆက် ပါ ဦ း.. 🙂

  • pooch

    June 17, 2012 at 5:32 pm

    စိတ်ဝင်စားစရာပဲ အန်တီအေး ။ ဆက်ပါအုန်းနော်။

  • ဆူး

    June 17, 2012 at 5:47 pm

    နောက် အပိုင်းတွေ စောင့်ဖတ်နေမယ်နော်။
    ဖတ်လို့လည်း ကောင်းပါတယ်။

  • aye.kk

    June 17, 2012 at 8:01 pm

    အပိုင်း(၂)
    အခုပဲတင်လိုက် ပါတယ် ။။

  • may flowers

    June 17, 2012 at 8:15 pm

    အားပေးသွားပါတယ်နော်..အပိုင်း-၂ ကိုဆက်ဖတ်လိုက်ဦးမယ်။

  • MaMa

    June 17, 2012 at 8:52 pm

    မအေးရေ-
    ကလေးအရွယ်ဆိုတော့လဲ လူကြီးတွေကြားထဲမှာ ကလေးလိုလို လူကြီးလိုလို လိုက်နေရတာ စိတ်မပျက်ဘူးလား။
    အမကို ချစ်တဲ့စိတ်နဲ့ စိတ်ရှည်ဇွဲရှိတာကတော့ ချီးကျူးစရာပဲ။
    နောက်အပိုင်းကို ပြေးလိုက်ဦးမယ်။

  • မောင်ပေ

    June 17, 2012 at 9:09 pm

    “ဦး” ကို အားကျလိုက်တာဗျာ ။
    မချော၂ယောက် ကိုယ်တစ်ယောက် ဆိုသလို..

  • ဆူး

    June 18, 2012 at 8:50 am

    ဒီပိုစ်လေးမှာ အမှတ် မထင် မေးခွန်းလေး ၂ခု တွေ့မိတယ်။

    သမီး ၊ မကြီးကျယ် ၊ ဦး
    သမီး = အသက် ဘယ်လောက်လဲ
    မကြီးကျယ် = အသက် (သမီး အသက် + ရနှစ်)
    ဦး = မကြီးကျယ် ထက် ကြီးတယ်။
    ကိန်းသေ တခုတော့ လိုတယ်။
    သချာင်္ တော်တဲ့ သူတွေ တွက်ကြည့်ကြ.. ဆူး တော့ ဖုန်းဆက်ပြီးပဲ မေးလိုက်တော့တယ်။ ဟိဟိ

  • etone

    June 18, 2012 at 10:38 am

    အန်တီအေးရေ …
    ဇာတ်လမ်းလေးကို စဖတ်ကတည်းက .. စိတ်နှစ်ပြီး ရင်တထိတ်ထိတ်နဲ့ …. ဘယ်တော့များ ဗွေဖောက်လေမလဲလို့ .. စိတ်ပူရင်း .. ဖတ်ဖတ်သွားတာ …. ဒုတိယပိုင်းထိကူးသွားတယ် … ဒုတိယပိုင်းမှာ လိုက်ဖတ်ပါဦးမယ် …. ။

    ကြိုးချင်းထား ၊ ကြိုးချင်းထိ ၊ အိုးချင်းထား .. အိုးချင်းထိဆိုသလိုများ ဖြစ်လေမလားရယ်လို့ … သိချင်စိတ်ပြင်းပြခဲ့ပါတယ် … ။ ဟိုခေတ်က သမီးမိန်းကလေးမွေးလျှင် … ညီမချင်းအဖော်ထည့်ပေးတာမျိုး … တူရီးတွေ အဖော်အဖြစ်နေပေးတာမျိုး ခေတ်စားသလိုပဲနော် …. ။
    အရင်ခေတ်က မိဘတွေက ပေးစားတာမျိုးခေတ်စားသလို …. ပေးစားလျှင်လည်း မိမိသဘောအတိုင်း လက်ခံခွင့် ၊ ငြင်းပယ်ခွင့်မရှိတာတွေ တွေ့ရတယ် … ။

    အန်တီရေ ..ပို့စ်နဲ့ မဆိုင်ပေမယ့် … တွေးမိတာလေးတစ်ခု ဝင်ရှည်လိုက်ဦးမယ် … ။
    အရင်ခေတ်က သားသမီးတွေက မိဘရဲ့ အရိပ်ကို အပြည့်ဝ ခိုလှုံကြတာ များမယ်ထင်တယ်နော် … ။ ငှက်တပင်ကေ ာင်းလျှင် ငှက်တသောင်းနားနိုင်တဲ့ ခေတ်ဆိုတော့ … အသက်အရွယ် အတော်တန်သည်အထိ အပြင်ထွက်အလုပ်လုပ်ကြတာထက် ၊ အိမ်မှု ကိစ္စတွေလောက်သာ ပိုအားသန်သလိုပါပဲ … အိမ်က အဒေါ်တွေလည်း … အဲ့ဒီခေတ်က အဲ့လိုနေခဲ့လို့ … မှန်း ကြည့်တာ … ။
    ကိုယ့်လုပ်အားမရှိပဲ … နားနေသူဖြစ်တာကြောင့် ၊ တနည်းအားဖြင့် မိဘလုပ်စာ ထိုင်စားနေတာကြောင့် .. မိဘရဲ့ .. အာဏာသက်ရောက်မှု မြင့်မားနေတာမျိုးလည်း ဖြစ်နိုင်တယ် ..လိမ္မာတာလည်း ပါမှာပေါ့လေ … ။ ဒီတော့ ကိုယ့်ဆန္ဒထက် မိဘဆန္ဒကို မလွန်ဆန်နိုင်တာက များတယ် … ။ သဘောလည်း မကျ .. လွန်လည်း မလွန်နိုင်တော့ …. ကြားခံလူကိုပဲ …အသုံးချခဲ့တယ်လို့ မြင်မိပါတယ် … ။

    ဒုတိယပိုင်းကိုပြေးပြီနော် .. ဟီး 😛

  • ကြောင်ကြီး

    June 18, 2012 at 10:40 am

    ကြောင်ကြီးနဲ့ ရှာရာပိုဗာဂလေးတို့လည်း အဲလိုဗဲ အသက်ချင်း အရပ်ချင်း ကွာဂျဒယ်။ ဒီဂျားဓဲ ကြေးမုံဂျီးက ဝင်နှောက်လိုက်သေး…။ လွယ်ဗာဘူးဗျာ မနာလိုဝန်တိုသူများဒဲ့ လောကဂျီးထဲ လုပ်ကိုင်စားသောက်ရဒါ။

  • Nyein Nyein

    June 18, 2012 at 11:07 am

    အန်တီအေးရေ ………. ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုဖြစ်မလဲဆိုပြီး စိတ်ဝင်စားစွာနဲ့ ဖတ်လိုက်ရပါတယ်။ ဒါနဲ့
    ဇာတ်လမ်းထဲက သမီးရဲ့ အသက်က ဘယ်လောက်လဲဟင်။ အသက်တွက်လို့ရအောင်လို့ပါ။ ဒုတိယပိုင်းဆီကို အပြေးလေးသွားလိုက်ဦးမယ် အန်တီအေးရေ……………

  • ကြောင်ဝတုတ်

    June 18, 2012 at 1:23 pm

    ဦး က အ ရပ် ပု သည် ညှပ် သည် ။ အစ် မ က အ ရပ် မြင် ့ သည် ။ လက် ညိုး နှင့် လက် ခ လယ် ဖြစ် ၍ ကျ မ က လည်း ၊ အစ် မ အ ပေါ် ကိုယ် ခြင်း စာ မိ ပါ သည် ။ တစ် ခါ တွင်….ကျ မ က အစ် မ ၏ လေ သံ ဖြင့် ဦး ရဲ ့အ ရပ် က ခွေး ပစ် တဲ့ ဒုတ် လောက် ဆို တော့ အစ် မ က ရှက် တာ ပေါ့ …ဟု ပြော ပြ မိ ပါ သည်

    ဒီဇာတ်ကားရိုက်မယ်ဆိုရင် ရွာထဲမှာ မင်းသားရှိပြီးသားနော်…
    ဇာတ်ကားနာမည်ကိုတော့ဖြင့် အရွယ်လွန်အချစ်လို့ ပေးချင်ပါတယ်….
    ဇာတ်ဝင်တေးကိုတော့ဖြင့် ကိုညီထွဋ်ရဲ့ အရွယ်လွန်အချစ် သီချင်းလေးပဲသုံးရင်ကောင်းမလားပေါ့…
    အခုအချိန်ကနေစပြီး မင်းသမီးလျှောက်လွှာများလက်ခံနေပါပြီ…
    မင်းသမီးမှာ အရပ် ၅ပေ ၆လက်မခန့်ရှိရပါမယ်… အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်လေးဖြစ်ရပါမယ်…ဟိ

    သိပ်ချစ်မိနေတယ်… ကလေးရယ်…
    မင်းတို့ရဲ့အကြောင်းကို သေချာမသိ…
    ကိုယ့်အတွက်ကြောင့် အနှောက်အယှက်ဖြစ်မလား…
    အပေါင်းအသင်းကြားဟားတိုက်ရယ်မလား….
    ဖွင့်ပြောဖို့ ပါးစပ်ကကိုမထွက်ဘူး….
    သိပ်ချစ်မိနေတယ်… ကလေးရယ်…

    ဒါရိုက်တာ-
    ကြောင်ဝတုတ်

  • bluerose

    June 18, 2012 at 3:22 pm

    ဖတ်လို့ကောင်းပါတယ်
    သမီးအသက်လေးသိချင်ပါတယ်အန်တီရေ
    ဒုတိယအပိုင်းလေးသွားအားပေးလိုက်အုံးမယ်နော်

  • နွယ်ပင်

    June 18, 2012 at 3:40 pm

    ဇာတ်လမ်းထဲမှာ နစ်မြောရင်း ဘာဖြစ်မလဲ ဘာဖြစ်မလဲဆိုပြီး
    ဖတ်လာတာ အောက်ဆုံးရောက်သွားတာတောင် မသိလိုက်အောင်ပါဘဲ အန်တီအေးရယ်
    ဒုတိယပိုင်းကို သွားဖတ်လိုက်ပါဦးမယ် ………….

Leave a Reply