ကာတွန်းကဏ္ဍအတွက် ဖိတ်ခေါ်ခြင်း

မင်္ဂလာပါ ရွာသူ/သား အပေါင်းတို့ခင်ဗျ

ကျနော် ကာတွန်းကို စိတ်ဝင်စားသူတစ်ယောက်ပါ အချိန်ရရင်လဲ စိတ်ကူးရှိတာလေးတွေ ဆွဲတတ်ပါတယ်။ နောက်စာအရေးသားမှာလဲ သရော်စာဖက်ကို ပိုအားသန်ပါတယ် အဲဒီတော့ ကျနော်ရွာထဲမှာ ကိုယ့်ပတ်ဝင်းကျင်(ဝါ)ကိုယ်သိမှီတဲ့ အပိုင်းလေးတွေကို သရော်စာပုံစံ ကာတွန်းလေးတွေ ရေးဆွဲပီး တင်ချင်ပါတယ်။ ဒီနေရာမှာ ကျနော် တယောက်ထဲ ဆိုရင်ဖြင့် အိုင်ဒီယာပိုင်းမှာ အားနည်းမယ်လို့ ထင်မိပါတယ်။ ဆိုတော့ ရွာသူ/ရွားသားတွေလဲ ဝိုင်းဝန်း အားဖြည့်ပေးမယ် ဆိုရင်ဖြင့် ပိုပီးစည်ပင်မယ်လို့ ယူဆမိပါတယ်။ နောက်တခုက တကွက်ဟာသလေးတွေနဲ့ ရွာသူ/သားတွေရဲ့ တနေ့တာ နွမ်းနယ်မှုတွေကို ပြေပျောက်စေဖို့လဲ ရည်ရွယ်ပါတယ်။ ရွာထဲမှာတော့ ကောမစ်ပိုင်းမှာ ကိုကမ်းဝေးရှိပါတယ် နောက် ကိုအင်ဇာဂီလဲ ရှိပါတယ် ကျနော်ကလဲ အားဖြည့်ပေးမှာပါ။ ဟာသပိုင်းမှာလဲ ရွာထဲမှာ ဦးကြောင်၊ ကိုအောင်ပု၊ ကိုပေ၊ကိုဗိုက် စသဖြင့်ပေါ့ ဟာသဉာဏ်ထက်တဲ့သူတွေလဲ ရှိနေပါတယ် ခင်ဗျ။နောက်ပီး ဟိုနေ့က အန်တီပန်ပန်လဲ မိန့်သွားပါတယ် အိုင်ဒီယာရှိတယ် ကာတွန်းမဆွဲတတ်ဘူးတဲ့….ဆိုတော့ ကျနော် လောလောဆယ်တော့ ဒီလိုအကြံလေး ဖြစ်မိပါတယ် ရွာသူ/သားတွေက အိုင်ဒီယာလေးတွေ ထုတ်ပေး ကျနော်တို့က အတတ်နိူင်ဆုံး အဲဒီအိုင်ဒီယာထဲ ဝင်အောင် ရှဲဒိုးသဘောနဲ့ ဆွဲပေးပါမယ် ပီးရင်ချက်ချင်း မတင်သေးဘဲ မူလပိုင်ရှင်ကို မေးနဲ့ ဆွဲထားတာလေး ပြန်ပို့ပေးမယ် ဒီတော့ သူလဲ သဘောကျမယ် ဆိုရင်ဖြင့် အကောင်းဆုံး အက်ဒစ်လုပ်ပီး စကန်ဖတ် ဂျေပီဂျီနဲ့ ထုတ်ပီး တင်ပေးပါ့မယ်။ ဒီကြားထဲ သဂျီးကြိုက်လို့ သူဒါကို ယူမယ်ဆိုလဲ ပေးပေါ့ ဘာဘဲဖြစ်ဖြစ် ရွာသူ/သားတွေ အကြား ရလေးရှင်းရှစ် ပိုခိုင်လာသလို အမ်ဂျီရဲ့ အင်းမေ့ချ်လဲ ပိုပီးအသက်ဝင် ခိုင်မာလာမယ်လို့ ယူဆမိတယ် ခင်ဗျ…..

ဆိုတော့ကာ ဒီအစီအစဉ်လေးတွေကိုဖြင့် ရွာသူ/သားတွေ အနေနဲ့

(၁)အကောင်အထည် ဖော်သင့်/မသင့်

(၂)ဖော်ရင်လဲ ဘယ်လိုပုံစံမျိုးလေးတွေနဲ့ သွားမလဲ

(၃)နောက် မေးခွန်းလေးတွေနဲ့ ဆွေးနွေးပေးဖို့

စသဖြင့် တတ်နိူင် သလောက်လေး ဝို်င်းဝင်း အကြံပေးကျပါလို့ ဖိတ်ခေါ်ချင်ပါတယ် ခင်ဗျ……………

ခင်မင်လေးစားစွာဖြင့်

မောင်ရဲစည်

27 comments

  • ကိုရင်မောင်

    June 17, 2012 at 5:56 am

    ဝမ်းသာစရာပါ….
    ကိုရဲစည် ရဲ့ ကာတွန်းလက်ရာ
    နမူနာလေးလဲကြည့်ပါရစေ…

  • water-melon

    June 17, 2012 at 8:30 am

    တားတားတို့လည်း ပါဝင်မည်ဖြစ်ကြောင်း
    တတောင်းကင်း ပေးအပ်ပါကြောင်း
    အဟီ

  • စိန်ဗိုက်ဗိုက်

    June 17, 2012 at 12:01 pm

    အာကိုစိ အိုက်ဒီယာကို ထောက်ပါတယ်..အဲလေ..ထောက်ခံပါတယ်..
    အဲတော့..
    အိုက်ဒီယာ ရှာလိုက်ဦးမယ်..
    ကုန်ကြမ်းရှာဦးမယ်..
    ဘီအီးဖိုးလေးတော့ ပေးဦးဂျ
    ဘီးအီးကစ်ပြီး စဉ်းစားမှ ကုန်ကြမ်းတွေ ထွက်မှာမိုလို ့
    အူးလေးက ဒိုင်ခဲဆွဲပေးပေါ့..

  • kai

    June 17, 2012 at 2:25 pm

    တလခွဲလောက် အချိန်ပေးပြီး.. လုပ်ကြည့်ပါလား..
    အဲဒီထဲက.. လူအကြိုက်ဆုံးကာတွန်းကို.. သတင်းစာထဲပုံနှိပ်ဖေါ်ပြပေးပါမယ်..။

    အခုသတင်းစာအတွက်.. ဟာကျုလီကသာဆီက ယူပါတယ်..။
    တွဲပြီးဖေါ်ပြပေးမှာပါ..။
    ညဏ်ပူဇော်ခ.. ၁ဝလည်းပေးပါ့မယ်..။

      • kai

        June 18, 2012 at 1:34 am

        ဒေါ်လာပါခင်ဗျ..
        ရန်ကုန်အထိ ပို့ပေးနိုင်ပါတယ်..။ 🙂

    • ရဲစည်

      June 17, 2012 at 8:58 pm

      သဂျီးဗျို့
      လောလောဆယ် သုံးချင်ရင်တော့ဖြင့် ကိုကမ်းဝေးဆီမှာ ရှိပါတယ် သူက ပြည်တွင်းဂျာနယ်တွေလဲ ပို့နေတာဆိုတော့
      ဖိတ်ချင်း ဖိတ်ကိုယ့်အိပ်ထဲ ဖိတ်စေချင်ပါတယ် ခင်ည….. 🙂
      ကိုပေလဲ မေးထားပါတယ် ၁ဝက ဘာ ၁ဝလဲ ခင်ည လိုချင်လို့တော့ ဟုတ်ပါဘူး ရရင်တော့ ယူချင်ပါတယ် အာဟိ

  • မောင်ပေ

    June 17, 2012 at 4:28 pm

    အမြန်ဆုံးအကောင်ထည်ဖော်ပါဗျို့
    အိုက်ဒီယာ ရခဲ့လို့ရှိရင် လှမ်းပို့နိုင်ဖို့
    mail address လေးပါ ပေး။

    • ရဲစည်

      June 17, 2012 at 8:35 pm

      ကိုပေရေ
      မေးလ်ကတော့ yeesi24@yahoo ကိုသာပို့လိုက်ပါ။
      ကိုပေ့အတွက်ကတော့ ၁ပုံရပီ လူမြင်ဘူးရင်တော့ တူတူမတူတူ ကယ်ရေကေချာလေး ဆွဲပေးချင်သား 🙂

  • pan pan

    June 17, 2012 at 4:30 pm

    အမငှီး..အန်တီပန်ပန်တဲ့ 😥
    အူးဗိုက်၊ အူးပေတို့ထက် ၁၂နှစ်ခွဲလောက်ငယ်တဲ့ဟာ 😀
    သူများကို အန်တီခေါ်ပြီး သူရို့(အူးဗိုက်၊ အူးပေ)ကိုကျတော့ ကိုတပ်ခေါ်တယ် :angry:

    • စိန်ဗိုက်ဗိုက်

      June 17, 2012 at 4:44 pm

      အန်တီပန်ပန်ခင်ဗျား..
      အမှန်တိုင်းခေါ်တာ ခေါ်ပါစေနော..
      ဒါတွေက ဖုံးကွယ်ထားလို ့မရပါဘူး..

      ၄စားစွာဖြင့်
      မောင်မောင်ဗိုက်

  • ko win

    June 17, 2012 at 7:02 pm

    ကောင်းပါတယ် ကိုရဲစည်။ အိုင်ဒီယာရှိရင်လည်း ပေးတာပေါ့။ mail addလေးသာမစပါခင်ဗျ။

    • ရဲစည်

      June 17, 2012 at 9:00 pm

      ကိုအနိူင်ရေ
      အပေါ်မှာ မေးလ် လိပ်စာလေး ပေးထားပါတယ်။ ပို့တဲ့ အချိန် ရွာနာမည်လေး တွဲပို့စေချင်ပါတယ်။
      ကျေးကျေးပါ

  • padonmar

    June 17, 2012 at 7:04 pm

    အခုရေးကြတဲ့ ပို့စ်တွေကိုဖတ်ပြီး ရဲစည်စိတ်ထဲ ပေါ်တဲ့ ကာတွန်းလေးဆွဲပေးရင်ကော။
    အဲဒါကိုမှ ပို့စ်ပိုင်ရှင်က ကာတွန်းလေးပါထပ်တင်။သို့မဟုတ် မူရင်းပို့စ်ကို link ပေးပြီး အသစ်တင်။
    ဥပမာ မနောရဲ့ အထူးကားတို့၊ကြောင်ကြီးရဲ့ ကြေးမုံဂျီးနဲ့ကြောင်ဂျီးကိုက်ကြတဲ့အကြောင်းတို့ ဆိုပါစို့။

    စကားအတင်းစပ်
    ရဲစည်ကို green rose ရဲ့ ဘယ်လိုတောင်းတောင်းမပေးဘူးမှာ အန်တီ မန့်ထားတာ ဖတ်ကြည့်အုံးနော်။

    • ရဲစည်

      June 17, 2012 at 8:31 pm

      ဟုတ်အန်တီ ပဒုမ္မာ ကျနော်လဲ တချို့တလေတော့ စိတ်ကူးရှိတာ ဆွဲထားပါတယ် ၄၊၅ ပုံလောက်ရပါပီ နီးစပ်တာလေးတွေပေါ့ လင့်ခ်ပေးပီး တင်ပေးပါ့မယ် ကျနော်ကြီးဘဲ ဆိုတော့လဲ မစိုပြေလို့ ရွာသူ/သားတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ချင်လို့ပါ……

      “ဥပမာ မနောရဲ့ အထူးကားတို့၊ကြောင်ကြီးရဲ့ ကြေးမုံဂျီးနဲ့ကြောင်ဂျီးကိုက်ကြတဲ့အကြောင်းတို့ ဆိုပါစို့။”
      ဒါလဲ အိုင်ဒီယာဘဲနော်….. 🙂 မှတ်ထားလိုက်ပီ

  • Shwe Tike Soe

    June 17, 2012 at 7:26 pm

    တားတားရဲပါမယ်………..အူးရဲချီ………….. 😀

  • ကိုရင်စည်သူ

    June 17, 2012 at 9:13 pm

    ကာတွန်းကဏ္ဍဆိုရင်တော့ ကျနော်ကတော့ ကိုကမ်းကြီးကို
    အထူး recommend ပေးပါတယ်ခင်ဗျာ.. သူဆွဲတဲ့ ကာတွန်းပုံတွေက
    လက်ရှိ ဂျာနယ်တွေမှာ ပါနေသလို၊
    လက်ရာလည်း အထူးကောင်းမွန်ပြီး အတွေးလည်း ကောင်းတဲ့
    ကာတွန်းဆရာပါ။ သူသာ ဒီကဏ္ဍထဲ ပါပါစေလို့ မျှော်လင့်ပါတယ်…
    ကျနော်ကတော့ အမာခံ ပရိသတ်တစ်ယောက်အဖြစ် သတ်မှတ်ပေးပါ။
    ကိုရဲစည်… 🙂 🙂

  • MaMa

    June 17, 2012 at 9:54 pm

    ကာတွန်းကိုကြိုက်တယ်။
    အားပေးမယ်။
    အိုင်ဒီယာတော့ မလာသေးဘူး။
    သူများတွေ ဆွဲပြမှ …
    ဟိုလိုလုပ်ပါလား။
    ဒီလို လုပ်ပါလား။
    ငါလည်း မလုပ်တတ်ဘူး လို့ ပြောရမယ့်ကိန်း 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 18, 2012 at 12:32 am

    အရမ်းဝမ်းနဲဒယ်ဗျာ
    ကျနော်ဟာ ကျနော်ထင်တာထက် ပိုကျပ်မပြေ့သူ ဆိုဒါ ( ဝီစကီနှင့်ရောသော soda မဟုတ်ဘာ )
    ဒီပို့စ်ကို ဖတ်ပြီးမှ သိရဘာဒေါ့ဒယ်
    ကျနော် နောက်ဆို ဘယ်ဒေါ့မှ ဆပ်ဖျဲဖျဲ မလုပ်တော့ပါဘူး

  • marblecommet

    June 18, 2012 at 12:33 am

    ကျနော်လည်း ပရိုအဆင့်မဟုတ်ပါဘူးဗျာ..
    ဝါသနာအရဆွဲဖြစ်နေတာပါ……
    အတွေးရတဲ့အခါလည်းဖြစ်…
    လက်ကလည်း လိုက်နေတဲ့အခါမျိုးဆိုရင်
    ဆွဲပါဦးမယ်ဗျာ…..

  • etone

    June 18, 2012 at 9:40 am

    ဒီအကြံလေးကောင်းပါတယ် …..
    သူများတွေ ဆွဲသူများတွေ တွေးကြတာပဲ … ထိုင်ကြည့်မယ့် ပရိတ်သတ်လုပ်ပါမယ် … ဟီး 😛
    ကိုယ်တိုင်က ကာတွန်းလည်းမဆွဲတတ် …. သရော်စာလည်း မရေးတတ်ဆိုတော့လေ … 🙁

  • ကြောင်ကြီး

    June 18, 2012 at 10:32 am

    ဂလိုဆိုရင်… ကြောင်ဒဂေါင် မိုးပြိုမှာစိုးလို့ ပက်လက်လှန်ပီး အပေါ်ကို ခြေလက်လေးချောင်း ဟိုဟာဗာပါရင် စုစုပေါင်း ငါးချောင်းထောင်နေဒယ် (မှတ်ချက်။ အမြီးဖျစ်သီ)။ ဘေးဃကြောင်က မြေမျိုမှာရော မကြောက်ဘူးလားလို့မေဒေါ့ အဲဒါအတွက် ကြောက်စရာမလိုဘူး၊ ဘာလို့လတည်းဆိုဒေါ့ သတ္တဝါဒိုင်းဂ မြေကြီးကို ဖိနင်းထားဂျတယ်လို့ဖြေ…။ အဲဒီကြောင်ပြင်ညာရှိကို သဂျီးပုံတူခေါင်ပေါင်းနဲ့ဗာနဲ့ အကျအနဆွဲ၊ ကွန်ဆာဗေးတစ် မြန်မာပြည်ကို ကဲတင်မည့် ရုပ်ကြမ်းဝါဒီ ဇိမ်ဘုံးဂျီးလူထွက် ဂဇက်ရွာသဂျီးဦးခိုင်ရဲ့ သရုပ်သကန်ပေါ့ဗျာ..။ 😮

  • kaung lay

    June 18, 2012 at 12:03 pm

    ဝမ်းသာပါတယ်ဗျာ
    ကာတွန်းကိုမရေးတက်ပေမဲ့
    ကာတွန်းဖတ်ရတာကိုသဘောကြတယ်
    ပြောချင်တဲ့အကြောင်းရာကိုတစ်ကွက်ထဲနဲ့
    ထိမိအောင်ပြတက်တာကိုပိုပြီးသဘောကြမိတာပါဗျာ။

  • ရွာစားကျော်

    June 18, 2012 at 1:24 pm

    ရွာသားတို့ရဲ့ ကိုယ်တိုင်ရေး ကာတွန်းလက်ရာများကို
    စောင့်စားအားပေးပါမည်ခင်ဗျားးး

  • mamanoyar

    June 23, 2012 at 8:08 pm

    ကြိုဆိုပါတယ်ရှင် ကိုရဲစည်ရဲ့ကာတွန်း လက်ရာလေးစောင့်နေတယ်နော်

  • maung khinmin

    June 23, 2012 at 9:38 pm

    အားပေးပါတယ်ဗျာ….
    ဘာပဲဖြစ်၂လုပ်ဖြစ်အောင်သာဆက်လုပ်ကြပါ..

Leave a Reply