” စဉ်းစားကြစေလိုပါတယ် ( ၃ဝ ) ( ရှင်းကြရအောင် – ၂ ) “

Foreign ResidentJune 17, 20123min21020

” စဉ်းစားကြစေလိုပါတယ် ( ၃ဝ )

( ရှင်းကြရအောင် – ၂ ) “

 

ဒီ Post ကတော့

အဘ ရေးခဲ့တဲ့

” စဉ်းစားကြစေလိုပါတယ် ( ၂၉ )

( ရှင်းကြရအောင် ) “

Post ရဲ့ အဆက်ပါကွယ် ။

 

ဟိုဘက် Post ကလဲ ၊

Comment အရေအတွက် ၊

သိပ် မများလှပေမယ့် ၊

Comment တစ်ခု တစ်ခုချင်းစီ ဟာ ၊

တော်ရိလျှော်ရိ Post တစ်ပုဒ်စာထက် ပိုရှည်နေကြတာကြောင့် ၊

Comment သုံးခုလောက်ဖတ်လိုက်ပြီးရင် ကိုပဲ ၊

အပေါ်ပိုင်းက Post ကော Comment တွေပါမေ့လောက်အောင် ဖြစ်နေလို့ ၊

အဘ ရဲ့ အခု အဖြေကို Comment ထဲသာ ထည့်လိုက်ရင် ၊

ပြန်စာတွေနှင့်ပါ ဆိုရင် ဖတ်မဖြစ်လောက်အောင် ရှည်သွားမှာစိုးလို့ ၊

Post အသစ် ခွဲတင်လိုက်ရပါတယ် ။

 

ခွင့်လွှတ်ပါကွယ် ။

တွဲဖတ်ပေးပါကွယ် ။

တွဲမဖတ်ရင် အကောက်အယူ မှားနိုင်ပါတယ် ။

 

ရိုဟင်ဂျာ အရေးနှင့်ပါတ်သက်ပြီး ၊

အဘ ရဲ့ ဖြေရှင်းလိုပုံလေးကို တင်ပြချင်တာပါ ။

 

ပထမဆုံး ပြီးခဲ့တဲ့ အရေးအခင်းနှင့် ပါတ်သက်ပြီး ။

အဘ လည်း မြန်မာနိုင်ငံသား ဗုဒ္ဓ ဘာသာဝင် တစ်ဦး ပီသစွာပဲ ၊

ရိုဟင်ဂျာတွေအပေါ် အမြင် မကြည်လင်ကြောင်း ပြောကြားလိုပါတယ် ။

အဘတို့ရဲ့ သွေးချင်း ရခိုင်တွေကိုလည်း စာနာမိကြောင်း ပြောလိုပါတယ် ။

 

စာနာမိလို့လဲ ( ပါးစပ်ကြီးနှင့်ပဲ ချစ်တာမဟုတ်ပဲ ) MG ရဲ့

” ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင် ” အစီအစဉ်အတွက်

မနေ့ကပဲ ငွေ ” ငါးသိန်း ” ပေးပို့ လှူဒါန်းပြီးသွားပြီ ဆိုတာ သိစေလိုပါတယ် ။

 

ဟဲဟဲ ၊ လူချစ်မယ့် အပိုင်းတွေ ပြောပြီးသွားပြီ ဆိုတော့ ။

 

အဘ တို့ ဩဇီ မှာတော့ ( ဟဲဟဲ ဆဲခံရတော့မှာပဲ )

Refugee ဆိုပြီး လက်ခံ လိုက်ပြီးရင် အဲဒီ သူကို ၊

 

၁ ။ စားဝတ်နေရေးကို အစိုးရက တာဝန်ယူလိုက်ပါတယ် ။

 

၂ ။ ဩဇီ အများသုံး ဘာသာစကား ( အင်္ဂလိပ်စာ ) ကို အစကနေသင်ပေးတယ် ။

 

၃ ။ အင်္ဂလိပ်စာ အသင့်အတင့် ရလာပြီဆိုရင်

အဲဒီ ဒုက္ခ သည်ရဲ့ အသက် ၊ ဉာဏ်ပညာကိုလိုက်ပြီး

သက်မွေးဝမ်းကြောင်း ( or ) တက္ကသိုလ် ပညာကို ဆက်သင်ပေးတယ် ။

 

၄ ။ အဲလို ပညာသင်နေစဉ်မှာပဲ Australia’s Value ဆိုတဲ့

ဩဇီတွေရဲ့ နေထိုင် တွေးခေါ် တန်ဖိုးထားပုံ ဥပဒေ စတာ တွေကိုပါ

တွဲသင်သွားတယ် ။ လူမှုဆက်ဆံရေး Activity တွေပါ တွဲလုပ်ပေးတယ် ။

 

၅ ။ အဲဒီ ဒုက္ခ သည်ရဲ့ ပင်ရင်း လူမျိုး ပညာတတ်တွေရဲ့ အကူအညီ ကိုပါယူပြီး ၊

အဲဒီ ဒုက္ခ သည် Culture Shock မဖြစ်အောင် ၊

ဩဇီ လူမှုအသိုင်းအဝိုင်း ထဲမှာ ပါဝင် စီးမျောလာနိုင်အောင် ၊

ဩဇီ တွေတန်ဖိုးထားတဲ့အရာကို သူတို့လဲ တန်ဖိုးထားလာအောင် ဆွဲဆောင်တယ် ။

ဩဇီ အသိုင်းအဝိုင်းကလဲ လက်ကမ်းကြိုတယ် ။

 

၆ ။ လူ့အခွင့်အရေး နှင့် တန်းတူညီမျှမှုရှိတယ်ဆိုတာ သေချာရှင်းပြတယ် ။

ဥပဒေ အရလည်း တင်းတင်းကျပ်ကျပ် ကာကွယ်ပေးတယ် ။

ဩဇီ လူများစုကလည်း စံနမူနာပြ လိုက်နာပြတယ် ။

 

ဟိုတစ်ခါ သတင်းစာထဲမှာ ဩဇီ အစိုးရက ၊

အခုမှ ရောက်လာတဲ့ ဒုက္ခသည် အမဲ မွတ်ဆလင်တွေကို ကျတော့ ၊

နေဖို့ လုံးချင်းတိုက်တွေ စီစဉ်ပေးပြီး ၊

ဩဇီ နိုင်ငံသား အဖြူတွေကိုတော့ Hostel လိုင်းခန်းပဲ စီစဉ်ပေးလို့ ၊

အိမ်မရတဲ့ အဖြူ တစ်ကောင် ၊  ပွစိ ပွစိ လုပ်နေသေးတယ် ။

 

ရ ။ သင့်တော်သလို အလုပ်အကိုင် စီစဉ်ပေးပြီး ၊

ဥပဒေကို လိုက်နာရင် ဩဇီ အစိုးရက အပြည့်အဝ ကာကွယ်ပေးထားတယ် ။

အနာဂါတ် ဟာလည်း ဖူလုံပြည့်စုံ နေမယ် ဆိုတဲ့ ၊

မက်လုံး Incentive ကိုလည်း ခိုင်ခိုင်မာမာလေး ပြထားတယ် ။

 

ဒါတွေကတော့ ၊

ဩဇီ အစိုးရက သူ့ဆီရောက်လာတဲ့ ဒုက္ခသည်တွေကို ၊

ဆက်ဆံ သိမ်းသွင်းပုံလေးတွေပါ ။

 

အဲလောက် စံနစ်တကျ သိမ်းသွင်းတာတောင်မှ ၊

ဒုက္ခသည် စရောက်လာတဲ့ 1st Generation ကသိပ်အံမဝင်ပါဘူး ။

ဒါပေမယ့် သူတို့ရဲ့ သားသမီး 2nd Generation တွေကတော့ ၊

ဩဇီ အဖြူတွေနှင့် တစ်သားတည်း ဖြစ်သွားတာပဲ ။

 

အဘ တို့ရပ်ကွက်ထဲမှာပဲ ၊

မွတ်ဆလင် အမဲ ကောင်လေးနှင့် ခရစ်ယာန် အဖြူမလေး ၊

သမီးရည်းစားဖြစ် လက်ချင်းချိတ်ပြီး တွဲသွားနေတာ အများကြီးပဲ ။

 

အဖြူတွေလဲ လူမျိုး ဘာသာခွဲခြားချင်တဲ့စိတ် ရှိခဲ့ရင်တောင် ၊

ဥပဒေက တင်းတင်းကျပ်ကျပ် ကာကွယ်ထားတဲ့ အတွက် ၊

ဘာတခွန်းမှ မကြိုက်ကြောင်း မပြရဲ မပြောရဲပါဘူး ။

 

ယဉ်ကျေးတဲ့ လူမျိုး ဖြစ်သွားပြီဖြစ်တဲ့အတွက် ၊

လူအများကြားထဲမှာ လူမျိုး ဘာသာခွဲခြားတဲ့ စကားပြောမိရင် ၊

သေချာပေါက် ( သေချာပေါက် ) ဘေးမှာရှိတဲ့ လူတွေက ၊

ပြောတဲ့သူကို ဝိုင်း ကန့်ကွက်ကြတာပါပဲ ။

အားမနာကြ ။ မကြောက်ကြ ပါဘူး ။

 

ကလေး ဘဝ ကတည်းက ဒီမိုကရေစီ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊

သေသေချာချာ စိမ့်ဝင်နေအောင် သင်ထားပြီးသားဖြစ်တဲ့အတွက် ၊

လူမျိုး ဘာသာခွဲခြားတဲ့ စကားပြောလိုက်မိတာနှင့် ၊

အဖြူတွေ ကိုယ်နှိုက်က အရိုင်းအစိုင်းကောင် ဆိုပြီး ဝိုင်းကြည့်လိုက်ကြတာပဲ ။

ပြောမိတဲ့သူခမျာ တောင်းပန်ရင် တောင်းပန် ၊ မတောင်းပန်ရင် ၊

အဲဒီလူတွေကြားထဲ ဆက်နေလို့ မရတဲ့အတွက် ထွက်သွားရတာပါပဲ ။

 

အဲဒါတွေကတော့ ၊ အဘ ကိုယ်တွေ့ ၊

ယဉ်ကျေး ဖွံ့ဖြိုး ပြီးတဲ့ နိုင်ငံတွေရဲ့ ဆွဲဆောင်ပုံတွေပါပဲ ။

 

မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေမှာတော့ ၊

တိုက်ရိုက် သုံးဖို့ အဆင် မပြေနိုင်လောက်သေးပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ ။

 

၁ ။

ငယ်ငယ်ထဲက စာတွေထဲမှာ လူတွေက အရမ်းတော်ပြီး ၊

သယံဇာတတွေက သုံးမကုန်အောင် ပေါကြွယ်ဝတယ်လို့ သင်ထားပေမယ့် ၊

တကယ့် တကယ် မှာတော့ ကမာ္ဘ အဆင်းရဲဆုံး စာရင်းဝင် ၊

ရွှေ နိုင်ငံကြီး ဟာ မွဲတေနေလို့ပါ ။

 

အဲဒါတောင်မှ အားမရနိုင်သေးပဲ ပို မွဲသွားစေမယ့် ၊

နောက်ထပ် လူမျိုး ဘာသာ အဓိကရုဏ်း တစ်ခု ၊

ထပ် မဖြစ်အောင် ကြိုးစားကြရအောင် ။

 

၂ ။

ပြည်ပ အကူအညီဆိုတာလဲ ပြည့်စုံတဲ့အထိ အများကြီး မရနိုင်ပါဘူး ။

အမေရိကန်ကြီး ကိုယ်နှိုက်ကလည်း ခပ်မွဲမွဲ ဖြစ်နေပါပြီ ။

သိပ်မျှော်လင့်မနေပါနှင့် ။ ကိုယ်ရှိမှ ကိုယ်စားရမှာပါ ။

 

၃ ။

ပြည်တွင်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာ အရည်အတွက်ကလည်း ၊

သန်းဂဏန်း နားနီးနေပြီဖြစ်တဲ့အတွက် ၊

ပြဿနာကို ပို နက်ရှိုင်းစေပါတယ် ။

 

၄ ။

ပြည်တွင်းနေ မြန်မာနိုင်ငံသားတွေ ( ရိုဟင်ဂျာတွေ အပါအဝင် ) ဟာ ၊

ဒီမိုကရေစီ လူ့အခွင့်အရေး နှင့် တရားမျှတမှု စံနှုန်းတွေ ၊

နိုင်ငံတကာ ယဉ်ကျေးမှု စံနှုန်းတွေနှင့် အသားမကျသေးတဲ့အတွက် ၊

ချက်ချင်းကြီး ဆောင်ရွက်လို့ မအောင်မြင်နိုင်ပါဘူး ။

 

၅ ။

အမေစု ပြောတဲ့ Rule of Law တရားမျှတတဲ့ ဥပဒေ မစိုးမိုးသေးတဲ့အတွက် ၊

နယ်ခြားကို လုံခြုံအောင် မစောက်ရှောက်နိုင်သေးတဲ့အတွက် ၊

ဒီမိုကရေစီကို ပြောင်းခါစ အစိုးရကိုလည်း ယုံကြည်မှု နည်းနေသေးတဲ့အတွက် ၊

အခက်အခဲတွေကို အများကြီး တွေ့ရမှာပါ ။

 

ဒါပေမယ့် အဘ မဝံ့မရဲလေး တင်ပြချင်တာကတော့ ၊

အမေစု ၊ ဦးသိန်းစိန် ၊ တပ်မတော် နှင့် ဘာသာရေး ခေါင်းဆောင်တွေ ၊

ဖြစ်နိုင်ရင် ပြည်နယ် ၊ အိမ်နီးချင်းနိုင်ငံ နှင့် UN, NGO က ခေါင်းဆောင်တွေ ၊

တွေ့ဆုံညှိနှိုင်းကြပြီး ၊ ပွင့်ပွင့်လင်းလင်း ဟန်ဆောင်မှု မပါပဲ ။

 

” ဒို့ နိုင်ငံဟာ လက်ရှိမှာ မွဲနေလို့ ၊ အတိအကျ လိုက်နာဖို့ ခဲယဉ်းနေပေမယ့် ၊

ငါတို့ သွားနေတဲ့ ဦးတည်နေတဲ့ လမ်းကြောင်းဟာ

( အပေါ်မှာ အဘ ပြောခဲ့တဲ့ အခြေအနေမျိုး ဖြစ်ထွန်းလာဖို့ ) သွားနေပါတယ် ” လို့

ရင်ပါတ်ကြီးကိုဖွင့်ပြီး ကြေငြာပစ်လိုက်ရင် ၊

တောကြို အုံကြားအထိ နားလည်အောင် ရှင်းပြနိုင်ခဲ့ရင် ၊

 

အခုဖြစ်ပေါ်နေတဲ့ လူမျိုး ဘာသာ ပြဿနာဟာ ၊

တစ်ဝက်လောက် ပြေလည်သွားမယ် ထင်ပါတယ် ။

 

အဓိက အချက်လေးတွေ ပြန်ကောက်ရရင်တော့ ၊

ပညာရေး ၊ တရားမျှတတဲ့ ဥပဒေ ၊ မျှော်လင့်ချက် မက်လုံး ၊ ပါ ။

 

 

ပညာရေး က ရင့်ကျက်မှု သည်းခံမှုကို ပေးပါတယ် ။

တရားမျှတတဲ့ ဥပဒေ က ယုံကြည်မှုကို ပေးပါတယ် ။

မျှော်လင့်ချက် မက်လုံး က လမ်းမှန်ကိုလျှောက်ဖို့ ၊

လမ်းမှားကိုမလျှောက်ဖို့ တွန်းအားကိုပေးပါတယ် ။

 

 

အဘ ဒီလိုပြောမိတဲ့အတွက် ၊

ရိုဟင်ဂျာက မင်း –င် ချသွားလိမ့်မယ် ။

မင်း နှမ အမ သမီး အမေ ကိုပါ မွတ်ဆလင်နှင့် ၊

ပေးစားလိုက်ပါလားလို့ ပြောရင်လည်း ခံရတော့မှာပဲ ။

 

အကုန်လုံး ထပ်တူ မဟုတ်ရင်တောင် ၊

သဘော ညီတာလေး ၁ ချက် ၂ ချက် လောက် ပဲဖြစ်ဖြစ် ဆွဲသုံးလိုရအောင် ၊

တင်ပြပေးတယ်လို့ ပဲ မှတ်ပါကွယ် ။

 

တော်သေးပြီ ။

 

ဝိုင်းဆဲမှာကို မသိလောက်အောင် မတုံးတဲ့ ။

 

အဘ Foreign Resident ။

20 comments

  • ဆူး

    June 17, 2012 at 9:08 am

    ဝိုင်းဆဲမှာ မကြောက်ဘူး ဆိုရင်တော့ အရှေ့မှာ မန်းတဲ့ လူမရှိသေးရင် ဆူး အရင် ဆုံး ပါပဲ လို့သာ သတ်မှတ်လိုက်တော့..

    ရိုဟင်ဂျာတွေကို လုံးဝ လက်မခံချင်ပါဘူး။
    ရိုဟင်ဂျာတွေကို လုံးဝ လက်မခံချင်ပါဘူး။
    ရိုဟင်ဂျာတွေကို လုံးဝ လက်မခံချင်ပါဘူး။

    မြန်မာမြေ တလက်မတောင် မပေးချင်ပါဘူး။
    မြန်မာမြေ တလက်မတောင် မပေးချင်ပါဘူး။
    မြန်မာမြေ တလက်မတောင် မပေးချင်ပါဘူး။

    နိုင်ငံသား ဖြစ်ခွင့်လည်း မပေးနိုင်ပါဘူး။
    နိုင်ငံသား ဖြစ်ခွင့်လည်း မပေးနိုင်ပါဘူး။
    နိုင်ငံသား ဖြစ်ခွင့်လည်း မပေးနိုင်ပါဘူး။

    ဘယ်လို အကြောင်းကြောင့် ဖြစ်ဖြစ်ပါ ပြည်ပ မှာ နှစ်ရှည်လများ အလုပ်လုပ်ပြီး နေတဲ့ မြန်မာတိုင်း နိုင်ငံသား မဖြစ်သွားကြပါဘူး။

    အခွန်ကလေး ပုံမှန်ဆောင်နေကြရတဲ့ သူတွေ အများကြီးပါ။

    နိုင်ငံမဲ့ လူတန်းစားကို နိုင်ငံမရှိ လူအဖြစ်သာ သတ်မှတ်သင့်ပါတယ်။

    ဘင်္ဂလားဒေရှ် က သတင်းထုတ်ပြတ် တဲ့ အထဲမှာ သူတို့ လက်မခံနိုင်သလို လက်နက်ထောက်ပံ့ပေးတဲ့ အဖွဲ့ ရှိနေပါတယ် သူတို့ မြန်မာ အစိုးရ အတွက် စုံစမ်းပေးနေတယ် လို့ ထုတ်ပြောသွားပါတယ်။
    မြွေပွေး ကို ခါးပိုက် ပိုက်ပြီး ကိုယ့် ဘယ်တော့ ပေါက်မလဲ စောင့်ကြည့်ပြီး နေရမှာတော့ မလိုလားဘူး။
    အဲဒီလိုသာ စောင့်ကြည့်ရမယ် ဆိုရင် မြန်မာ ပြည်သားတွေ ဘယ်တော့ အေးအေးချမ်းချမ်း အိပ်စက်ရပါတော့မလဲ။
    ည အချိန် လူခြေတိတ်မှ ကမ်းနား အနီးဆုံး အိမ်တွေကို မီးရှို့ပြီး သင်္ဘောစီး ထွက်ပြေးတာ လွတ်သွားတယ် ဆိုတာ တော်ယုံ အတင့်ရဲမှု မဟုတ်ပါဘူး။

    နိုင်ငံသားဖြစ်ခွင့် လုံးဝ မပေးသင့်တဲ့ လူတွေလို့ပဲ မြင်ပါတယ်။

    • ဆူး

      June 17, 2012 at 9:12 am

      အဘ ရေ စိတ်တော့ မရှိပါနဲ့.. စိတ်ထဲ သည်းမခံနိုင်လွန်းလို့..

    • Foreign Resident

      June 17, 2012 at 9:26 am

      အဲဒါ ဆိုရင်လဲ မြန်မာပြည်ထဲ လက်ရှိ ရောက်နေပြီးသား ၊
      ရိုဟင်ဂျာ တစ်သန်းနှင့် စစ်ဖြစ်ဖို့သာ ပြင်လိုက်ပေတော့ ၊
      မ ဆူးရေ ။

      ရိုဟင်ဂျာ တစ်သန်းကို အပြတ်ရှင်းရမယ့် စစ်ပွဲဖြစ်နေတော့ကာ ၊
      မြန်မာ ၊ ရခိုင် တစ်သိန်းလောက်လည်း အသေခံဖို့ Ready ဖြစ်ပြီလား ။
      တိုင်းပြည်ကြီးလည်း ခုထက် ပိုမွဲတေသွားဖို့ရော Ready ဖြစ်ပြီလား ။

      စိတ်ချပါ ၊ စစ်ဖြစ်လာရင်တော့ ၊
      အဘ လည်း မြန်မာ ၊ ရခိုင် ဘက်က ရပ်မှာပါ ။

      • ဆူး

        June 17, 2012 at 11:47 am

        မြန်မာနဲ့ ရခိုင်ဘက်က ရပ်တည်မယ်ဆိုတော့ ရေကြောင်းကျွမ်းကျင်တဲ့ အဘ ပင်လယ်ဘက်ကို တာဝန်ယူပြီး ရေထဲက မီးရှို့ဖို့ ကမ်းကပ်လာတဲ့ ကောင်တွေကို ဖမ်းစီးပြီး စစ်ခုံရုံးတင်ပေးပါ။

      • ရဲစည်

        June 17, 2012 at 11:21 pm

        စစ်ဖြစ်စရာ မလိုပါဘူး အဘရဲ့
        အဒီ တသန်းလုံးကို ခွဲခွဲပီး Refugee လက်ခံတဲ့ ဩဇီကို ပို့ပေးလိုက်ပါ့မယ်။ ဒါပေမဲ့ အဘတို့ ကျနော်တို့ အဆင့်လောက်နဲ့တော့ ကုန်ကျစရိတ် ဒေါ်လာငါးသန်းမတည်လဲ ဩဇီအစိုးရက လက်ခံမှာ မဟုတ်ဘူး “သူတို့လက်ခံနိူင်လောက်အောင် တဦးဦး တဖွဲ့ဖွဲ့ရဲ့ တွန်းအားလေးတော့ လိုတယ်လေ” 🙂 🙂

        “စိတ်ချပါ ၊ စစ်ဖြစ်လာရင်တော့ ၊
        အဘ လည်း မြန်မာ ၊ ရခိုင် ဘက်က ရပ်မှာပါ ” ………………………………………………………………..ဒီစကားကို ထောက်ခံပါတယ် အဘ။ စိတ်ချပါတယ် ခင်ည အဘ ရခိုင်ဘက်ကနေ မရပ်ရင် အဘကို အမ်ဂျီက လူတွေ အရင်ခဲနဲ့ ဝိုင်းထုမှာလေ ဟဲဟဲ 🙁 😀
        အဲ…….အလံဖြူလေးကိုင်ပီး မတ်တပ်တော့ ဝင်ရပ်ယုံ မရပ်ပါနဲ့ အဘ ဝင်တိုက်မယ် ဆိုရင်လဲ အေကေ၄ရတို့၊အမ်အေ စီးရီးတို့က ၆ပေါင်အထက်လေးတယ် အဘ နည်းနည်းဒိုက်ပြန်ထိုးထားအုံး တော်ကြာ လက်မောင်းပြုတ်နေအုံးမယ်… 🙂 ” နပျိုသန်လှ နအို ပေါင်ကြိုးသလောက်” ဆိုတာက ဒီကိစ္စတွေမှာ အကျုံးမဝင်ဘူး ခင်ည… 🙂
        အသက်ကြီးလို့ သေခါနီးရင်တောင် နောက်က အတွေ့အကြုံ မပြည့်သေးတဲ့ ကျနော်တို့လူငယ်လေးတွေကို အတွေးအများကြီးပွားအောင် စကားလုံးအကြီးကြီးတွေနဲ့ မကျပ်ခဲ့ပါနဲ့ဗျာ ……..ကြောက်လို့ 🙁 🙁
        ………………………………………………………………………………………………………………………..
        အဲကျန်သေးလို့ အဲဩဇီက မူဆလင်တွေက အခုကိစ္စမှာ သူတို့လဲ သူတို့အမျိုးတွေ ထောက်ပံ့ဖို့ အဘနဲ့ လူကြုံ သိန်း၅၀ဝ ထည့်ပေးလိုက်တယ်ဆိုလား မသျှိုနဲ့နော် အဘ………ဟဲဟဲ နောက်ထှာ 🙂

        ဪစကားအတင်းစပ်
        ဒီလကုန်ရင် ရခိုင်မှာ ဟောပြောပွဲလေး လုပ်ဖို့ ကျနော်လဲ ရန်ကုန်ရောက်မယ်ဗျို့ အဘရဲ့ ရခိုင်အပေါ်ထားတဲ့ စေတနာတွေကို လူငယ်လေးတွေ သိအောင် အဲဒီပွဲမှာ အဘလဲဝင်ပြီး ဟောပြောပေးဖို့ ဖိတ်ရင် ငြင်းမှာလားလို့
        အဲကျ လာခေါ်ရင် ရူးချင်ယောင်မဆောင်ရဘူးနော် အဘ… အဘအတွက်လဲ အချိန်သိပ်မရှိတော့တာမို့ ခုကြုံတုန်း ကိုယ့်အတွေးအခေါ် အယူအဆတွေ ဖြစ်ချင်တာတွေကို လက်တွေ့ကျကျ အများရှေ့ချပြ လုပ်ကိုင်သင့်ပီမို့ တိုက်တွန်းလိုက်ရပါကြောင်း…..

        မှတ်ချက် အနီမပေးသူတွေ ရိုဟင်ဂျာ နဲ့အမျိုးတော်ပါစေတော်.. 🙁 မူရင်း Azzurri

  • surmi

    June 17, 2012 at 9:26 am

    လောလောဆယ်ဆယ်လမ်းမှာဆိုတော ့ဖတ်ပဲဖတ်သွားတယ်
    ညမှပြန်လာခဲ့ မယ်။
    သူများပြောတာနားထောင်လိုက်ဦးမယ်အဘရေ ။

  • chityimhtoo

    June 17, 2012 at 9:57 am

    ဒါဆိုရင်တော့
    ၁။ဒီကောင်တွေကိုနေရာကောင်းကောင်းပေးရမယ်..သူတို့အိမ်ထဲမှာ တုတ်၊ဓါး၊လက်နက်၊ဓါတ်ဆီပုလင်း
    ထည့်ထားဘို့အဆင်ပြေအောင်လုပ်ပေးရမယ်။ဒါမှတိုင်းရင်းသားတွေကို ချတဲ့အခါအဆင်ပြေအောင်တစ်
    ခါထဲစီစဉ်ပေးတာအကောင်းဆုံး။
    ၂။အစားကောင်းကောင်းကျွေးရမယ်..ဘာလို့လည်းဆိုတော့သူတို့အားရှိမှ
    တိုင်းရင်းသားတွေကိုများများရိုက်နိုင်မှာလေ။ဒါလည်းလူတွေအော်နေကျတဲ့..
    လူသားချင်းစာနာပြီးကုသိုလ်ရတာဘဲ။
    ၃။ဖေါက်ခွဲရေးနည်းပညာတွေသင်ပေးရမယ်…ဒါမှသူတို့ တိုင်းရင်းသားတွေကိုမြန်မြန်မျိုးပြုတ်အောင်လုပ်
    နိုင်မှာ…
    ကဲ….မြန်မာနိုင်ငံမှာနေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်လည်းကန့်ကွက်ပါတယ်။ဘာလို့လည်း
    ဆိုတော့ ကျွန်တော်တို့နိုင်ငံကဝန်ထမ်းဆိုတာ သူများနိုင်ငံနဲ့မတူလို့ပါဘဲ။ခုတောင် ၁သန်း..နောက်ဆို ??

  • gwa toe

    June 17, 2012 at 11:28 am

    သူကြီးပို့ ကို ဖတ်လိုက် တာလေ ဘာ ပြန် ပြောရမှန်းတော မသိတော့ဘူး အရမ်း ကိုကောင်း နေတယ် သူ့ နိုင်ငံနဲ့ ကိုယ် နိုင်ငံ မတူတဲ့ အချက် ကလေးတွေကို ခဲါပြ သွားတာ လေး တွေ ဒါပေမယ် သူကြီးလဲ ဩ ဇီ မရောက်ခင် ကဆို ကျွန်တော် တို့ လိုစိတ်ကလေးတွေတော ရှိပေ မပေါ့နော် သူတိုလဲသူတို့အမျိုးကိုချစ်သလိုဘဲ ကိုယ် လဲဘဲ ကိုယ် လူမျိုးကိုချစ်တာပါဘဲကိုယ် လူမျိုးနဲ့ ကိုယ် နိုင်ငံ ကိုယ်နိုင်ငံတော်ကဥပဒေ တွေကို ဘယ်လူမျိုးမဆို လိုက်နာရမှာပဲ မလိုက်နာ တဲ့ လူမျိုးတွေကကိုကော သူကြီးကဘယ်လိုစဉ်းပေးမလဲ နှစ်လုံးပြူးဘဲထုပ်သုံမလား ထောင်ထဲထည်မလား နေရာတနေရာ ခွဲပေးမလား ဝိုင်းကူပြီးစဉ်းစား ပေးရတော့မယ်

  • Shwe Phyu

    June 17, 2012 at 11:49 am

    Dear Aba,
    Since you are in OZ, hope you watch 4 corners, current affairs etc. and see how some of the white people disgust their Govt about asylum seekers boats arrival, putting those refugees under OZ households, wasting such a lot of money of the tax payers etc, etc…Yes, you can see young white girls with muslim men but at the end of the day, those white girls and generations will only become muslims. You can’t deny that and also most of the white people know that too. That’s why Gillard Govt said NO to Sharia law though OZ is bulding as a multicultural nation. But you will never know in future when muslims populations is more than 50%. Looks at France now…Multiculturalism will not work especially with the Islam. (If you know one point from Korean, it says you are not to be trusted if you are not muslim). That why, you can see why Chiniese can be all over the world without any problem and why muslims are all over the world with the problem (in certain counties, even they are same muslims – (sheik & sunni). Anyway, for Myanmar, we (all the races/all the parties and of course the Govt) must stand strong together and NOT ACCEPT those Rohingya. Why do you thin that Bangladeshi FM opened up that well plotted terrorist attack by Rohingya??? Do you really think they are worried about Myanmar???? Wouldn’t they know before that those terrorist were planning all along staying inside their country??? Why only she opened now??? Aba, that’s very very smart move. Now she can clearly say why they could not accept the Rohingya. Where is our Govt plan? Have we seen any smart idea or action from the Govt yet? We have to let the Govt know that we stand together to support the Govt and of course, like you said Daw Su and all other national parties to stand together. By the way, Daw Su did mention the violence but she never mention Rohingya…So, we all should realize by now what she implies.

  • စိန်ဗိုက်ဗိုက်

    June 17, 2012 at 11:54 am

    အဘားတို ့ ဘောထားလေးတွေ ကြိုက်ပါတယ်..
    တခြား ပညာရှင်တို ့ရဲ့ ဘောထားလေးတွေလဲ စောင့်နေပါ့မယ်..
    ဒါပေသိ..

    မမေ့ဖို ့က..

    ဒီကောင်တွေဟာ Refugee မဟုတ်ဘူး.
    ဒုက္ခသယ်တွေ…
    အကုန်လုံး ဒုက္ခဖြစ်အောင် ဒုက္ခတွေ သယ်လာတဲ့ ဒုက္ခသည်တွေ
    အဲဒါလေးတော့ မေ့ကြနဲ ့
    ပြီးမှ ဆက်လုပ် ဟုတ်စ်..

    (ရွာထဲက မိတ်ချွေများကို မချိုလိုပါ.. နယ်စပ်က ဒုက္ခတွေသယ်လာတဲ့ ဒိုဟင်ဂျာတွေကိုသာ ဆိုလိုပါသည် )
    ကိန်

  • အူးလေး

    June 17, 2012 at 12:17 pm

    ဒုက္ခ သယ်လာသူများကို အလိုမရှိ
    ဒုတ်ခ သယ်လာသူများကို အလိုမရှိ
    ဒွတ်ခ သယ်လာသူများကို အလိုမရှိ
    ဒါဗြဲ ။

  • may flowers

    June 17, 2012 at 12:24 pm

    ဒုက္ခသယ်ဆိုပြီး ဒုက္ခသယ်လိုနေလို့လား။ ရိုင်းရိုင်းပြောရရင် ထမင်းကျွေးတဲ့ လက်ကိုပြန်ကိုက်တဲ့ခွေးလို

    ရိုဟင်ဂျာတွေကို လက်ခံမထားသင့်ပါဘူး။ လက်မခံချင်ပေမဲ့လည်း……………လည်းပေါ့လေ သတ်ပစ်လို့

    လည်းမရ မောင်းထုတ်လို့လည်းမရ ဆိုတော့ကာ တကယ့်ဗြဟ္မာကြီးဦးဂေါင်းလိုဖြစ်နေတာတော့ အသေ

    အချာပါပဲ။

  • Azzurri

    June 17, 2012 at 12:35 pm

    လွယ်ပါတယ်လေ ..
    ရောစ့် ..
    လက်ခံစေချင်သူက သူရို့အိမ်ခေါ်သွားလိုက်ပေါ့။
    အလွယ်လေးရယ်.။

    အဟတ် အဟတ်။။။

  • Oo Oo

    June 17, 2012 at 1:38 pm

    ကျနော့်အမြင်ကိုပြောရရင်..အရှုံးထဲကအမြတ်ထွက်အောင်
    ယခုအချိန်ဟာ ရိုဟင်ဂျာအမည်ခံ ဘင်ဂါလီတို့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို အသုံးချပြီး ရိုဟင်ဂျာအန္တရယ်ကို ပြတ်ပြတ်သားသား
    ဖြေရှင်းဖို့ အခွင့်အရေးတစ်ခုရလာတာပါပဲ…ဒီအခွင့်အရေးကို ကျနော်တို့ မိမိရရအသုံးချဖို့လိုပါတယ်။
    အချုို့ နိုင်ငံတွေ့က လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးကို တွင်တွင်အော်နေကြပေမယ့်
    မျက်မှောက်ကမ္ဘာမှာ မည်သည့်နိုင်ငံမဆို ကိုယ်တိုင်ပြသာနာကြုံတွေ့ဖြေရှင်းရပြီဆိုရင် ကိုယ့်အမျိုးသားရေးရဲ့အကျိုးစီးပွါးကိုသာ
    ဦးစားပေးကာကွယ်နေကြတာပါ။ဘယ်သူမှ အမျိုးသားရေးအကျိုးစီးပွါးကိုအထိခိုက်အပျက်စီးခံပြီး လူ့အခွင့်အရေး ကိုဦးစာမပေးခဲ့ကြပါဘူး
    ချမ်းသာပြီးတဲ့နိုင်ငံကြီးတွေအနေနဲ့ လူမြင်ကောင်းအောင် (မိမိတို့ဖြေရှင်းမယ်လို့ယုံကြည်ရတဲ့) ကိစ္စတချို့မှာလူ့အခွင့်အရေးကိုရှေ့တန်းတင်
    ပြီးလုပ်ပြတတ်ကြတာပါ။ ကျနော်တို့လိုကမ္ဘာအဆင်းရဲဆုံးစာရင်းဝင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ သူတို့လူမြင်ကောင်းအောင်လုပ်ပြဖို့ဆိုတာက
    အန ္တရယ်အလွန်များပြီး မိုက်ရူးရဲဆန်လွန်းရာကျပါလိမ့်မယ်။
    အခုဖြစ်နေတဲ့ ဘင်ဂါလီမူစလင်အရေးမှာ သူတို့နဲ့မျိုးနွယ်တူ ဘာသာတူ ဓလေ့တူဖြစ်တဲ့ဘဂ်လားဒေ့(ရှ်)နိုင်ငံကတောင် သူ့ရဲ့ကိုယ်ကျိုး
    စီးပွါးကိုကာကွယ်တဲ့အနေနဲ့ ပြန်ဝင်လာမယ်ရိုဟင်ဂျာဒုက္ခသည်တွေကို လုံးဝလက်မခံနိုင်ပါဘူးလို စောလျင်စွာနဲ့ အကြောက်အကန်သတင်း
    ထုတ်ပြန်ခဲ့တာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ကဲ…ဆင်းရဲနိုင်ငံစာရင်းဝင်တာ ချင်းအတူတူ သူတို့အမျိုး ဘင်္ဂလားဒေ့(ရှင်္)နိုင်ငံက
    တောင်တာဝန်မယူခဲ့တာကို ဘာမှမဆိုင် ဘယ်လိုမှဆက်စပ်လို့မရတဲ့ ကျနော်တို့မြန်မာနိုင်ငံက တာဝန်ယူလက်ခံထားမယ်ဆိုရင် ကိုယ့်သေတွင်း
    ကိုယ်တူးနေသလို အင်မတန်မိုက်မဲရာ ကျပါလိမ့်မယ်။
    ဒီလောက်များနေတဲ့လူဦးရေကို မျိုတုန်းသတ်ဖြတ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး .. ဖြစ်နိုင်သည်တိုင်အောင် ကျနော်တို့ရဲ့
    လက်တွေသွေးစွန်းသွားပါလိမ့်မယ် ကိုယ်ဖက်ကလည်းထိခိုက်နစ်နာမှုတွေနဲ့ပေးဆပ်ရမှာပါ။ဒါကြောင့်ဒီနည်းလမ်းကိုရှောင်လွဲတဲ့နေနဲ့ပိုကောင်း
    မွန်တဲ့နည်းလမ်းကိုရှာရပါလိမ့်မယ်၊
    ဥပမာအနေနဲ့ပြောရရင်..
    ရိုဟင်ဂျာအားလုံးကို ကမ့် သွင့်ထားပြီး။။။
    ဒီရိုဟင်ဂျာဆိုသူတွေဟာ နယ်စပ်ဖြကျော်ဝင်ရောက်လာသူတွေဖြစ်လို့ ဆင်းရဲတဲ့မြန်မာနိုင်ငံအနေနဲ့
    တာဝန်ယူလက်ခံထားဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အကြောင်း ကမာ္ဘကိုကြေငြာထားဖို့လိုအပ်ပါတယ်။လူသားချင်းစာနာထောက်ထားတတ်
    သောနိုင်ငံများအနေနဲ့ဖြစ်စေ မျုးိးနွယ်တူနိုင်ငံတခုခုကဖြစ်စေ အခြားသောဘာသာ ဓလေ့တူသောနိုင်ငံတခုခုကဖြစ်စေ ရိုဟင်ဂျာဒုက္ခသည်များ
    ကို လက်ခံခေါ်ယူမယ်ဆိုလျှင် ဝမ်းသာအားရစွာဖြင့် အပြည့်အဝ ပူပေါင်းကူညီသွားမှဖြစ်ပါတယ်လို့ ကမာ္ဘကိုကြေငြာထားသင့်ပါတယ်။
    ဆင်းရဲတဲ့မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ထက်ပိုပြီး တာဝန်ယူလက်ခံထားဖို့အဖြစ်နိုင်ကြောင်း ကိုလည်းထည့်သအသိပေးထားရမှာဖြစ်ပါတယ်။
    တစ်နှစ်နောက်ပိုင်းအထိ လက်ခံမယ့်သူမရှိခဲ့ရင်တော့ မလွဲမရှောင်သာ ပင်လယ်ထဲမျောချပေးလိုက်ရရင်လဲကိုယ့်အလွန်မရှိတော့ဘူးပေါ့.. 😛
    ( လူသားချင်းတော့စာနာပါ၏ (သိုသော်) အမျိုးသာသနာပျက်စီးသွားမည့်အရေးကို ပိုပြီးစာနာရပါ၏ )

  • အဂျစ်

    June 17, 2012 at 1:41 pm

    နိုင်ငံရေးကိုခံစားချက်နဲ့သာလုပ်ရရင် သက်ချင်တဲ့လူတွေအများကြီးပါ ၊ အမှန်တရားမှန်းသိပေမဲ့လဲ ပုထုဇဉ်ဆိုတော့ ကြေင်နှစ်ကောင် ကိုက်လဲ ကိုယ့်ကြောင်ဘက်ကဝင်ပါရမှာပဲ အဘရေ ၊( တရားသမားလေသံဖြင့် ဝန်ခံသွားပါကြောင်း )

  • Foreign Resident

    June 17, 2012 at 2:30 pm

    အင်း Shwe Phyu ရယ်
    ထောက်ပြထားတဲ့ အောက်က ၃ ချက်စလုံး မှန်ပါတယ် ။
    အဘ လက်ခံပါတယ် ။

    ( 1 ) ” the white people disgust their Govt about asylum seekers boats arrival,
    putting those refugees under OZ households,
    wasting such a lot of money of the tax payers ”
    အမှန်တော့ ဩဇီ နှင့် မြန်မာ က ဘဝတူတွေပါ ။
    မြန်မာ မှာက ရိုဟင်ဂျာတွေက နယ်ခြားက ကူးလာတယ် ။
    ဩဇီ မှာက မွတ်ဆလင် ခိုးဝင်တွေ အင်ဒိုဘက်ကနေ လှေနှင့်လာတယ် ။
    နှစ်နိုင်ငံလုံးက မွတ်ဆလင် ခိုးဝင်တွေကြောင့် ဒုက္ခရောက်နေတာတော့ အမှန်ပဲ ။
    ဩဇီ က နဲနဲ ပိုချမ်းသာလို့သာ ပုံ မပျက်သေးတာ ။

    ( 2 ) ” at the end of the day,
    those white girls and generations will only become Muslims
    You can’t deny that and
    also most of the white people know that too ”
    အဲဒါလည်း အများအားဖြင့် မှန်တာပဲ ။

    ( 3 ) ” That why, you can see why Chinese can be
    all over the world without any problem and
    why Muslims are all over the world with the problem ”
    တရုတ်တွေက သူတို့ မဟာယာန ဗုဒ္ဓဘာသာကို စွန့်ပြီး ၊
    မြန်မာတွေရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာထဲကို တောင် ပြောင်းယူလိုက်သေး ။

    ဒါပေမယ့် အဘ ပြဿနာတက်နေတာက ။
    ” we ( all the races / all the parties and of course the Govt )
    must stand strong together and NOT ACCEPT those Rohingya ”
    အဲဒီ့ အပိုင်းပါ ။
    ဒီ ရိုဟင်ဂျာ တစ်သန်း ကို လက်မခံဘူး ဆိုတဲ့အထိ ဟုတ်ပါပြီ ။
    ဘာဆက်လုပ်ကြမလဲဟင် ။
    အပေါ်မှာ may flowers ပြောထားသလို ဖြစ်နေတာလေ ။
    ” သတ်ပစ်လို့ လည်းမရ မောင်းထုတ်လို့လည်းမရ ဆိုတော့ကာ
    တကယ့် ဗြဟ္မာကြီး ဦးဂေါင်းလို ဖြစ်နေတာ ”

    ဒါမှ မဟုတ် ၊ အပေါ်မှာ Oo Oo ပြောထားသလို ၊
    ” ဆင်းရဲတဲ့မြန်မာနိုင်ငံအနေနဲ့
    တစ်နှစ်ထက်ပိုပြီး တာဝန်ယူလက်ခံထားဖို့ မဖြစ်နိုင်ကြောင်း
    ကိုလည်းထည့်သွင်း အသိပေးထားရမှာဖြစ်ပါတယ်။
    တစ်နှစ်နောက်ပိုင်းအထိ လက်ခံမယ့်သူမရှိခဲ့ရင်တော့
    မလွဲမရှောင်သာ ပင်လယ်ထဲ မျောချပေးလိုက်ရရင်လဲ
    ကိုယ့်အလွန်မရှိတော့ဘူးပေါ့.. 😛 ”

    သောက်ကျိုးနဲ
    ” မလွဲမရှောင်သာ ” ဆိုတဲ့ စကားလေးတောင် ပါသေး ။ 😛

    အဲဒီ ရိုဟင်ဂျာ တစ်သန်း ကလည်း ၊
    သူတို့ကို အဲလိုလုပ်မှာကို ငြိမ်ငြိမ်လေး လည်စင်းပေးပါ့မလားကွယ် ။

    အင်း ၊ ဒုက္ခ ၊ ဒုက္ခ ။
    ယိုးဒယားက Black Squad လို ဘိန်းမှောင်ခိုတွေကို ၊
    မိမိသဘောနှင့် မိမိ ဥပဒေ အပြင်က လိုက်ရှင်းတဲ့ အဖွဲ့မျိုးများ ၊
    ဖွဲ့စေချင်လို့လားကွယ် ။ ဒုက္ခ ၊ ဒုက္ခ ။

    • Shwe Phyu

      June 17, 2012 at 6:52 pm

      Dear Aba,

      The Govt have to work with UN and UN to arrange them where they originated or send them to the third country. They know how to work (For example: Segregate certain ethnic refugees from Myanmar to US/AUS/some EUROPEAN countires). If I am not wrong, UNHCR has cetain criterias and the number of people a third party country can accept. Keeping them in the camp or a year or two are not option as even inside Myanmar there are people who can not afford 2 proper meals a day and the Govt (I mean Myanmar) is under over 10 billion debt. If Myanmar Govt is still not sure what to do, like other comments,…………….. You know what that means, Aba.

  • Pagoosar

    June 17, 2012 at 3:43 pm

    ယိုးဒယားက Black Squad လို ဘိန်းမှောင်ခိုတွေကို ၊
    မိမိသဘောနှင့် မိမိ ဥပဒေ အပြင်က လိုက်ရှင်းတဲ့ အဖွဲ့မျိုးများ ၊
    ဖွဲ့စေချင်လို့လားကွယ် ။……(Yes)

  • သားဦး၊မြေးဦး

    June 17, 2012 at 8:26 pm

    “””ကလေး ဘဝ ကတည်းက ဒီမိုကရေစီ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊
    သေသေချာချာ စိမ့်ဝင်နေအောင် သင်ထားပြီးသားဖြစ်တဲ့အတွက် ၊
    လူမျိုး ဘာသာခွဲခြားတဲ့ စကားပြောလိုက်မိတာနှင့် ၊
    အဖြူတွေ ကိုယ်နှိုက်က အရိုင်းအစိုင်းကောင် ဆိုပြီး ဝိုင်းကြည့်လိုက်ကြတာပဲ ။
    ပြောမိတဲ့သူခမျာ တောင်းပန်ရင် တောင်းပန် ၊ မတောင်းပန်ရင် ၊
    အဲဒီလူတွေကြားထဲ ဆက်နေလို့ မရတဲ့အတွက် ထွက်သွားရတာပါပဲ ။”””

  • ကိုရင်စည်သူ

    June 17, 2012 at 8:56 pm

    အဘရေ.. ကျွန်တော်တို့က ရိုဟင်ဂျာတွေကို ဒုက္ခသည်လည်း မပေးချင်ဘူး၊ နိုင်ငံသားလည်း မပေးချင်ဘူး။
    ကိုယ့်နိုင်ငံမှာလည်း သိန်းချီပြီးရောက်နေပြီ။ နှင်ထုတ်တော့လည်း ဘယ်ကမှ
    လက်မခံကြဘူး၊ ပစ်သတ်ရင်လည်း စစ်ဖြစ်ရဦးမယ်… ဆိုတော့…. ဒီတော့…
    နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ အချီကြီးဝင်ရင် ရခိုင်ပြည်တိုးတက်စေတဲ့ လုပ်ငန်းတွေမှာ အဲ့ကောင်တွေကို
    ထည့်သုံးမယ်လေ… အသက်အန်ဒရယ်များတဲ့ အကြမ်းပတမ်းလုပ်ရတဲ့နေရာတွေ
    ပြီးတော့ လေဘာကတ်လေးတွေထုတ်ပေးလိုက်။ တစ်မြို့နဲ့တစ်မြို့သွားချင်
    လဝကခွင့်ပြုချက်အမိန့်ရမှ သွားရမယ်ပေါ့…။
    ဥပမာအားဖြင့် မဲဆောက်က မြန်မာအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေ
    လုပ်ထားတဲ့ပုံမျိုးလေ… မြွေမသေ တုတ်မကျိုးပုံစံမျိုးပေါ့။ ။
    ကျွန်တော်ကတော့ ပြသနာတစ်ခုက အပြတ်ရှင်းလိုက်တာထက်
    ပလန်လေးချပြီး တဖြည်းဖြည်းရှင်းထုတ်တဲ့ နည်းလမ်းကို ကြိုက်တယ်… အဘရေ…

Leave a Reply