ကြောင့်အဖို့ရာမှာတော့.....

နေ့တနေ့ဖြစ်တည်
ကြယ်တစင်းမွေးဖွား
ပုလဲတလုံးသန့်စင်
အိုင်းစတိုင်းပြောတော့
E = mc2
ထုနဲ့အလင်းမှာ
စွမ်းအင်ရတယ်
စတြာဝဠာရဲ့အစ…
အချစ်တခုရှင်သန်
ကဗျာတပုဒ်ဖန်တီး
ရင်ခုန်သံပဲ့တင်ထပ်
ဘဝ + မျှော်လင့်ချက်
ခံစားချက်နဲ့
လူတယောက်
ကမ္ဘာတခုနိဒါန်း..
နယူတန်ပြောတဲ့
ဆွဲငင်အား
ငါ့အတွက်တော့
ဖြစ်မလာ
ဝေးကွာသွားပေမဲ့
ကျေနပ်စွာ
ငေးနေပါ့မယ်
ပိုတောက်ပလာတဲ့
ကြယ်စင်တပါး…။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး