ဝေး..ဝေး…သွားပေမဲ့ Far..far…away….

ကြောင့်အဖို့ရာမှာတော့.....
နေ့တနေ့ဖြစ်တည်
ကြယ်တစင်းမွေးဖွား
ပုလဲတလုံးသန့်စင်
အိုင်းစတိုင်းပြောတော့
E = mc2
ထုနဲ့အလင်းမှာ
စွမ်းအင်ရတယ်
စတြာဝဠာရဲ့အစ…
အချစ်တခုရှင်သန်
ကဗျာတပုဒ်ဖန်တီး
ရင်ခုန်သံပဲ့တင်ထပ်
ဘဝ + မျှော်လင့်ချက်
ခံစားချက်နဲ့
လူတယောက်
ကမာ္ဘတခုနိဒါန်း..
နယူတန်ပြောတဲ့
ဆွဲငင်အား
ငါ့အတွက်တော့
ဖြစ်မလာ
ဝေးကွာသွားပေမဲ့
ကျေနပ်စွာ
ငေးနေပါ့မယ်
ပိုတောက်ပလာတဲ့
ကြယ်စင်တပါး…။

25 comments

  • သက်ရောက်မူတိုင်းမှာ
    တူညီသော တန်ပြန်သက်ရောက်မူ့ရှိတယ်ဆိုတဲ့စကား
    မင်းနဲ့ငါ့ကြားမှာ မှားများမှားနေပြီလားအချစ်ရေ

    မင်းရဲ့အချစ်ကို မရသေးတဲ့
    ကြောင်ကြီး

  • စိန်ဗိုက်ဗိုက်

    June 17, 2012 at 11:31 am

    မင်းနဲ ့ငါ
    ကျောခြင်းကပ် ထွက်ခွာခဲ့ပေမဲ့
    ကဘာဂျီးက လုံးနေလေတော့
    ဝမ်းဒေးမတော့
    မျက်နှာချင်းဆိုင်
    ပြန်ဆုံရဦးမှာပါ ကြွက်မရေ..
    ( ကြောင်ဆိုတော့ ကြွက်ကြိုက်တယ်လေ.. )

    • မိုးတိမ်

      June 18, 2012 at 3:24 am

      အဲတော်ကီက ပြတ်သွားတဲ့ ချစ်လေးကိုပြောခဲ့ဘူးသဗျ။
      မင်းခိုက်စိုးဇန်စာအုပ်ထဲ တူပါရဲ ့ (မမှတ်မိတော့ဘူး)
      အဲလိုနဲ့တစ်ချိန်တုန်းက လမ်းခွဲစကားလှလှလေးချွေဘူးပါရဲ ့။
      ခုတော့လဲ အထီးကျန်ဆန်စွာ အားလုံးကို ရန်လိုက်လုပ်
      မဟုတ်တရုတ် ပလုတ်တုတ် မိုးတိမ်ပေါ့။ဟဟဟဟဟဟဟဟဟဟဟ

  • htet way

    June 17, 2012 at 11:48 am

    နယူတန်ပြောတဲ့
    ဆွဲငင်အား
    ငါ့အတွက်တော့
    ဖြစ်မလာ
    ဝေးကွာသွားပေမဲ့
    ကျေနပ်စွာ
    ငေးနေပါ့မယ်
    ပိုတောက်ပလာတဲ့
    ကြယ်စင်တပါး…။
    အားပေးသွားပါတယ်ဆရာ

  • hein latt

    June 17, 2012 at 12:35 pm

    ကြယ်စင်တပါး ကြွေလွင်.သွား…
    အောက်ကငတိ ဆုတောင်း၏…
    ပွိုင့်တွေ တိုးပါစေသတည်း…

  • Crystalline

    June 17, 2012 at 12:39 pm

    ဦးကြောင်ရေးတဲ့ ပို့စ်တွေထဲက တမူထူးခြားလက်ရာလေးကို အားပေးဖတ်ရှု့သွားပါသည်…

    • စိန်ဗိုက်ဗိုက်

      June 17, 2012 at 12:42 pm

      အောင်မယ်..အောင်မယ်..
      အုကြောင်ကို သူငယ်ပြန်ကောင်းအောင် မြှောက်ပေးနေပြန်ဘီ.. 😆

  • chityimhtoo

    June 17, 2012 at 12:57 pm

    E=mc2
    E(etone)=m(milo)+c(C-beer2)
    အောင်မငှဲမလုပ်ပါနဲ့
    Etone ကမိုင်လို တစ်ခွက်နဲ့ စီဘီယာ ၂ခွက်ညီမျှတယ်လို့ဘကြောင်ကကြောနေဒယ်…

    😛 😛

  • Yin Nyine Nway

    June 17, 2012 at 1:56 pm

    E=mc2
    တုံ့ပြန်မှုတိုင်းမှာ တန်ပြန်တုံ့ပြန်မှုချိတည်ဟု
    သင်ပြောခဲ့ပေတီ
    ကျနုပ်မူကား တဘက်သက်ချစ်ခြင်း၌ တန်ပြန်သက်ရောက်မှုမချိတီကို
    တွေ့ချိရပေတီ
    နယူတန်ရေ ခင်ဗျား သီအိုရီ လွဲမှားနေသလားလို့….
    🙁

    • kai

      June 17, 2012 at 2:00 pm

      E=mc2 က..အိုင်စတိုင်းလေ..
      စွမ်းအင်အကြောင်းပြောတာပါ..

      နယူတန်က..

      Newton’s Third Law of Motion:
      III. For every action there is an equal and opposite reaction.

      စာဖတ်သူတွေ အမှတ်မှားမှာစိုးလို့.. ထာက်ပြတာပါနော..။ စိတ်မရှိပါနဲ့..။ 🙂

  • surmi

    June 17, 2012 at 2:04 pm

    သူမေ ့ရက်လျှင်
    ညှိုးသက်နွမ်းခွေ
    နွေနေထိနွမ်း
    ကြွေမည် ့ပန်းပါ
    အထီးကျန်ဆွေး
    ဟိုး ရှေးရှေးလို
    ဝေးဝေးကသာလွမ်းပါမည် ။

  • kyeemite

    June 17, 2012 at 3:58 pm

    E=mc2..ဆိုတာကနေ တဆင့်
    ကကြောင့်ရင်ထဲ နျူကလီးယားဗုံးကွဲ

  • Moe Z

    June 17, 2012 at 4:19 pm

    ဦးကြောင် ဆေးရောမှန်မှန်သောက်ရဲ့လားဟင် ..
    အသက် ၅ဝ ကျော်လေးနဲ့ သူငယ်ပြန်နေတာ သနားပါတယ် .. ကျွတ်စ် .. ကျွတ်စ်

    • pan pan

      June 17, 2012 at 4:51 pm

      အဲလိုမပြောပါနဲ့ကွယ်…
      ဦးကြောင်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်၊
      (တခါတလေတော့လည်း) ခံစားတတ်တဲ့ အသည်းနှလုံး ရှိရှာပေမပေ့ါကွယ်။ 😆

      (မဟုတ်မှလွဲရော..ရှာရာပိုဗာနဲ့များဆိုင်နေမလား 🙄 )

  • pooch

    June 17, 2012 at 4:41 pm

    ရှာရာလေးက လက်ထပ်တော့မယ် ဆိုလို့ ဝမ်းနည်းပက်လက် ရင်ကွဲနာကျနေရှာတာထင်ပါရဲ့။
    စိတ်မကောင်းပါဘူး ဦးကြောင် အချစ်သစ်ကို အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့.. 😆

  • သားဦး၊မြေးဦး

    June 17, 2012 at 6:33 pm

    ဆွဲငင်အားမရှိလေတော့
    နှလုံးသားရပ်ဝန်းနဲ ့ဝေးရာ
    တွန်းကန်အားပေါ့ဗျ

  • marblecommet

    June 17, 2012 at 6:46 pm

    ဦးကြောင်
    မာရီယာလေးကို
    လွမ်းနေတာလား ဟင်…

  • MaMa

    June 17, 2012 at 9:08 pm

    နျူတန်ပြောတဲ့ ကမာ္ဘ့ဆွဲအား မှားကြောင်း သက်သေပြလိုက်နိုင်သော ဦးကြောင်ကို ဂုဏ်ပြုပါတယ်။
    ထို့ကြောင့် ကြောင်ဟာ လူထက်မြတ်သည် လို့ ဆိုပေသကိုးးးးးးးးးးးး 😆

  • မောင်ပေ

    June 17, 2012 at 9:26 pm

    တိုက်ဆိုင်လိုက်တာ
    ကျုပ်ဖုန်း ringtone က
    “ ငါ ဝရံတာ တံခါးဖွင့်… အပြင်ကိုမျှော်ကြည့်တော့
    လေထုထဲက..အရှုံးရှိုက်သံများ… ငါ့နားထဲစီးဆင်း… ငိုသံတွေဘယ်ဆီက…
    မာယာပြုစား နွံနစ်သောချစ်သူများ… ”

  • ရဲစည်

    June 17, 2012 at 10:26 pm

    ညတညဖြစ်သည်
    ပုလင်းတစ်လုံးဆွဲထုတ်
    ခွက်တစ်လုံးသန့်စင်
    သော်တာဆွေပြောတဲ့
    Limit=Mq2(man x quantity2)
    ခွက်နဲ့ပုလင်းမှာ
    အမူးစွမ်းအင်ရတယ်
    သတ္တလောကရဲ့အစ
    အရက်သမားတစ်ယောက်ရှင်သန်
    ရာဇဝင်တခုဖန်တီး
    အသည်းတွေ အထပ်ထပ်ကြွေ
    အရက်+အကြွေး
    သောက်ထားချက်နဲ့
    ငမိုက်သားတယောက်
    သူ့ဘဝနိဂုံး….
    ဘုရားဒကာပြောတော့
    အရက်ကမစွဲဘူး
    အပီးထွက်သွားပေမဲ့
    ကျေနပ်စွာ
    အားကျနေပါ့မယ်
    ပိုတောက်ပလာမဲ့
    ကြောင်ကြီးလက်သစ်….။

    အသည်းကွဲရင် အဲလိုလဲ ဖြစ်တတ်သမို့ သူများနဲ့မတူအောင် မန့်ထှာ 🙂 🙂

  • ကိုရင်စည်သူ

    June 17, 2012 at 11:47 pm

    တကယ်တော့ ရွာသူားများ အူးကြောင်ကို အမှတ်မှားနေတာပါ။
    ကိုရင့် ဝီလ်ပါဝါအရ… အူးကြောင်ဟာ ဒူးမချောင်သေးတဲ့
    သုံးဆယ်စွန်းစွန်းသာ ရှိသေးတဲ့ လူပျိုတစ်ယောက်ပါ။ 😳
    အူကြောင်တော့ ကျေးမုံလေးရဲ့ ဆွဲငင်အားမှာ
    နှလုံးတုန် ရင်ခုန် ဒူးချောင် အမြီးထောင်သွားပီထင်ပါ့… 😆 😆

  • YE YINT HLAING

    June 18, 2012 at 5:54 am

    ဝေးကွာ သွားပေမဲ့ ကျေနပ်စွာ ငေးနေပါ့မယ် ပွင့် လေးရယ်၊ တကယ်တော့၊၊၊ ဖြစ်နိုင်ရင်လေ၊၊၊ ကိုကြောင် တနေကုန်ထိုင်ပီး တစိမ့်စိမ့် ကြည့်ချင်တယ် ၊

  • ba gyi

    June 18, 2012 at 10:32 am

    လေဟာနယ်ကျော်သွါးတော့ စွဲငင်အားလည်းမတတ်နိုင်တော့ဘူး
    သည်လိုနဲ့ တို့ကိုကြောင်ဂျီး ကြယ်ကလေးကိုလွမ်း ဖလမ်း ဖလမ်းပေါ့ ကွယ်—-၊
    နီးချင် ရင်တော့ ကိုကြောင်ဂျီး ဒုန်း စီးပြီးသာလိုက်သွါးပေရော့ ဗျား ။
    နောက်ရှိုလေ လေဟာနယ်မကျော်ခင် အမိဖမ်းထားပါဗျို့။

  • maung khinmin

    June 21, 2012 at 7:44 pm

    ဟုတ်ပါရဲ့….ကြယ်ဆိုတာ
    ငေးယုံမှ..တပါး
    တပ်မက်မှုနဲ့..ပြေးငုံထားလို ့မှမရပဲ..နော

Leave a Reply