မုန်း စ ရာ ကောင်း သည့် ဦး- အ ပိုင်း (၂)

aye.kkJune 17, 20121min18820

ကျ မ လည်း အ လို လို နေ ရင်း ပင် ဝမ်း နည်း လာ ပြီး ငို ချင် လာ မိ ခဲ့ ပါ သည် ။
ဦး က ကျ မ အား နေ ကာ မျက် မှန် ပါ လား ဟု မေး ပြီး ၊ အ တူ တူ ဖြစ် သွား ရ အောင် ဟု ပြော ဆို ခါ မျက် မှန် တတ် ခိုင်း လိုက် ပါ သည် ။
ဓါတ် ပုံ ဆ ရာ က ကျ မ အား အ တင်း ရယ် ခိုင်း ရာ ဦး က လည်း သ္မီး ရယ် ပါ ဟု ဆို ၍ အ တင်း ရယ် ခိုင်း ခဲ့ သ ဖြင့် ၊ ဓါတ် ပုံ ဆ ရာ က ။ ကျ မ ပြုံး ရယ် မိ တုန်း ။ ပါး ချိုင့် လေး ပေါ် သွား လျှင် ။ အ မိ အ ရ ဖမ်း ယူ ရိုက် လိုက် ပါ သည် ။

ဓါတ် ပုံ ထွက် လာ သော အ ခါ ၊ ဦး က သ္မီး ရယ် လိုက် လို ့သာ ၊ နေ ကာ မျက် မှန် အောက် က ပါး ချိုင့် လေး နှင့် ပို ချစ် စ ရာ ကောင်း သွား သည် ဟု ပြော ပါ သည် ။ ဓါတ် ပုံ ဆ ရာ က နှစ် ဦး လုံး နေ ကာ မျက် မှန် များ နှင့် ဇီး
ကွ က် ကို အား ကြ လို ့လား ဟု စ နောက် ပါ သေး သည် ။ ဦး က သ င်္ဘော တက် လျှင် အ လွမ်း ပြေ သ္မီး ဓါတ် ပုံ ကြည့် မည် ဟု ပြော ပြ ပါ သည် ။

အ ပြန် တွင် ရေ လည် ဘု ရား ဖူး ရန် ကူး တို ့ ဆိပ် မှ စက် လှေ အား စီး လုံး ငှား ထား သ ဖြင့် မြစ် ပြင် အ လှ အား လှည့် ပတ် ၍ ပြ ပါ သည် ။ ကျ မ က မြစ် ပြင် မှ ရေ အား လက် ဖြင့် ပက် ၍ လှမ်း ဆော့ လျှင် ဦး က
ပင် လယ် နှင့် နီး သ ဖြင့် ငါး ကြီး တွေ ဝင် ရောက် တတ် ကြောင်း ၊ ငါး မန်း များ လည်း ရှိ နိုင် ကြောင်း လက် ချောင်း လေး တွေ ငါး တွတ် ထိုး ပြီး စား မိ သွား နိုင် ကြောင်း ၊ အန္တ ရယ် ရှိ ကြောင်း စိတ် ပူ ကာ ပြော ဆို ပါ သည်။

နောင် အ ခါ တွင် လည်း မှတ် ထား နိုင် ရန် ဟု ဆို ပြီး ပြော ပြ ပါ တော့ သည်။ အ ပြန် ခ ရီး တ လျှောက် တွင် ၊ အစ် မ မ ကြီး ကျယ် အ တွက် စိတ် ထိ ခိုက် ခံ စား ဝမ်း နည်း နေ မှု အား ထုတ် ဖော် ပြော ပြ ပါ သည် ။
ကျ မ မှ လည်း ဦး ကို သ နား သွား ခဲ့ မိ သ ဖြင့် ၊ သ္မီး ကြီး လာ ရင် ဦး ကို ယူ မည် ဟု မ သိ နား လည် စိတ် ဖြင့် ပြော လျှင် ဦး က ရယ် ပါ တော့ သည် ။ အစ် မ မ ကြီး ကျယ် မ ယူ ပါ က ဦး အား သ နား သ ဖြင့် ပြော လိုက် ခြင်း ပင် ဖြစ် ပါ သည် ။ ကိုယ် ပြော သော စ ကား ကို၊ ကိုယ် နား မ လည် ပါ ပဲ ပြော လိုက် မိ ခြင်း သာ ဖြစ် ပါ သည်။ ဦး က အစ် မ ကြီး ကျယ် အား အ လွန် ပင် ချစ် ကြောင်း ၊ ချော ၍ ချစ် သည် ဆို ပါ က မ မှန် ကြောင်း ၊ ရုပ် ရည် က ပြုတ် စား ၍ မ ရ ဟု ပြော ပါ သည် ။ အစ် မ မ ကြီး ကျယ် မှာ သာ မာ န် သူ များ ထက် အ ရပ် ပို မို မြင့် နေ သ ဖြင့် ဦး က လိုက် မှီ အောင် ကု လား မ ခြေ ထောက် ဝယ် တတ် ၍ ရ လျှင် တောင် တတ် ထား ခြင် သည် ဟု ဦး က ပြော ပြ ပါ သည် ။
ဟင်………
အဲ လို ဆို ရင် ……..
ဦး က ကု လား မ ချေ ထောက် ကြီး တတ် ထား မှ တော့ “မုံး စ ရာ ကောင်း တဲ့ ဦး”ဖြစ် သွား မှာ ပေါ့ ဟု ပြော ဆို မိ ပါ သည် ။
အဲ လောက် ချစ် နေ ရင် လည်း သ္မီး အစ် မ ကို ဘယ် သူ နဲ ့ မှ သ ဘော မ တူ ဘူး ။ ဦး က လွဲ ရင် လည်း ဘယ် သူ နဲ ့ မှ မ ပေး စား ဘူး ၊ ယူ တဲ့ သူ ကို လည်း မ ယူ အောင် တား မှာ ပဲ ဟု ၊ တာ ဝန် ယူ သည့် စ ကား မျိုး ဖြင့် ဦး အား နှစ် သိမ့် ပေး မိ ပါ တော့ သည်။

ဦး လည်း အစ် မ မ ကြီး ကျယ် အ ကြောင်း ပြော ပြီး စိတ် ထိ ခိုက် သွား ပါ သည် ။ ပြီး လျှင် သူ ငယ် ချင်း ပိုက် လော့ တစ် ဦး လည်း ဆုံး ၊ အ လွန် ခင် မင် ရင်း နှီး ရ သည့် မိတ် ဆွေ ကောင်း ဖြစ် သူ နိုင် ငံ ကျော် စာ ရေး ဆ ရာ မ ဒေါ် ဝင်း မြင့် နှင့် မြေး ဖြစ် သူ ဖိုး ခွား တို ့ အ ပါ အ ဝင် တစ် ပြိုင် တည်း ဆုံး ပါး သွား ကြ သ ဖြင့် စိတ် ထဲ နာ ကျင် ကြေ ကွဲ ခံ စား ရ မှု ၊ မ နက် အိမ် က ထွက် လာ က တည်း က ၊ စိတ် လေး နေ မှု တို ့ အား ရင် ဖွင့် ပြော ပြ ယင်း နှင့် ပင် ။ အိမ် ပြန် ရောက် လာ ခဲ့ ကြ ပါ သည်။

ဦး က ဒီ နေ ့ တော့ အိမ် ပြန် နား မည် ဟု ပြော ကာ ပြန် သွား လိုက် ပါ သည် ။
နောက် မ နက် တွင် တော့ ပေါက် ချ လာ ပြီး ၊ သ မ္မ တ ရုပ် ရှင် ရုံ ကြီး တွင် ရို မီ ရို နှင့် ဂျူး လီး ယက် တို ့ ရုံ တင် သည် ကြို တင် မှာ ယူ ဝယ် လာ ခဲ့ ရ သည် ။ ကြည့် မှာ လား ဟု မေး လျှင် အစ် မ မ ကြီး ကျယ် က ခ လေး လက် မှတ် အ တွက် ပါ လား ဟု မေး လျှင် မ ပါ လျှင် လိုက် မှာ မှ မ ဟုတ် တာ သိ ပြီး သား ပဲ ဟု ဆို လျှင် ….
ကျ မ က လည်း ဦး က လုပ် ချ ပြန် ပြီး ကု လား မ ခြေ ထောက် ကြီး တတ် မည့် ဦး က…
“မုန်း စ ရာ ကောင်း တဲ့ ဦး” ပါ ပဲ နော် …။
အ ခု လည်း ကြည့် ပါ ဦး…။
သ္မီး ကို စေ တ နာ ရှိ ၍ မ ဟုတ်…။
အစ် မ မ ကြီး ကျယ် မ လိုက် မှာ စိုး ၍ ဝယ် လာ သည် မ ဟုတ် လား ဟု ဦး ကို ပြော မိ ပါ သည် ။

ဦး…က ၊ တ ကယ် “မုန်း စ ရာ ကောင်း သည့် ဦး ” ပဲ ဟု ၊ ကျ မ က ဆို မိ ပြန် ပါ သည် ။
အစ် မ မ ကြီး ကျယ် က …
က လေး ဘဲ ရှိ သေး တယ် ၊ ပြန် ပြော တတ် နေ ပြီ ဟု ဆို ခါ…
ကျ မ အား မျက် စောင်း တ ချက် ခဲ ၍…..
စ ကား နာ ထိုး မ နေ နဲ ့ ဟု ပြော ပါ တော့ သည် ။
ထို အ ခါ ဦး က လည်း ခ လေး ပဲ ဘာ နား လည် မှာ လည်း ဟု စ ကား စ ဖြတ် ပစ် ၍ ရုပ် ရှင် မ မှီ မှာ စိုး သည် ဟု ဦး က ပြော လျှက် သွား ရ အောင် ဟု ဆို သ ဖြင့် ရုပ် ရှင် ရုံ သို ့ ( ၃) ယောက် သား ၊ ကား လေး ဖြင့် သွား ခဲ့ ကြ ပါ တော့ သည် ။

ရုပ် ရှင် ရုံ ရောက် လျှင်…
ရုပ် ရှင် ကြည့် နေ စဉ် ကွာ စေ့ ၊ နေ ကြာ စေ့ စား ရ အောင် ဟု ပြော ခါ ကျ မ အား မျက် စေ့ တ ဘက် မှိတ် ပြ လျှက် လိုက် ခဲ့ ရန် အ မူ အ ယာ လုပ် ပြ ပြီး ၊ အစ် မ ကြီး ကျယ် အား ခေါ်သွား ချင် သည် ဟု ပြော ခါ ခွင့် တောင်း ပြီး ခ လေး ကြိုက် တဲ့ မုန် ့ ဝယ် စား နိုင် ဘို ့ဟု ဆို ပြီး ပြော ပြ ခါ ၊ ကျ မ လက် ကို ဆွဲ ၍ ဦး က ခေါ် ထုတ် သွား ခဲ့ ပါ သည်။

အစ် မ က လည်း ရေ အိမ် ခ ဏ သွား တက် ပါ သည် ။ ဘာ မှ တော့ မ ဟုတ် ။ အ လှ တ အား ကြိုက် ခါ ။ မိတ် ကပ် ဖုံး တတ် သည့် အစ် မ ကြီး ကျယ် ၏ အ ကျင့် ကို ။ ကျ မ က ကောင်း စွာ သိ ထား ပါ သည် ။

အစ် မ ကြီး ကျယ် က ။ ချွေး လည်း တ အား ထွက် တတ် သူ ဖြစ် ၍ ။၊ မျက် နှာ ချေ တို ့ ပတ် အ မြဲ ဆောင် ထား ရ သူ လည်း ဖြစ် ပါ သည် ။ ဦး က အစ် မ ကြီး ကျယ် အ လစ် ကို ချောင်း နေ ပါ သည် ။ အစ် မ ကြီး ကျယ် နဲ ့ ကျ မ တို ့။ နဲ နဲ မ လှမ်း တ ကမ်း ဝေး သွား သည့် နေ ရာ အ ရောက် တွင် ။ ဦး….က ။ ကျ မ အ နား သို ့ ပြေး ကပ် ပြီး ။ ပါး လေး နား ကပ် ခါ ။ လက် က လေး အုပ် ၍ ။ တိုး တိုး လေး ပြော ဆို ခါ ။ တိုင် ပင် ရိုက် ပါ သည် ။

ကျ မ က လည်း ….ဦး ၏ ဆ န္ဒ အား သိ လိုက် ရ လျှင် ။
“ဟင်” ဟု …နှုတ် မှ လွှတ် က နဲ ထွက် သွား မိ ရ ခါ ။
ဦး က လည်း “မုန်း စ ရာ ကောင်း တဲ့ ဦး” ပဲ ဟု ပြော လိုုက် မိ ပါ သည် ။

ရုပ် ရှင် ကြည့် စဉ် အစ် မ ကြီး ကျယ် ၏ လက် က လေး ကိုင် ခွင့် ရ ရေး အ တွက် ။ ကျ မ နှင့် နှစ် ကိုယ့် တ စိတ် လုပ် ခါ ဉာဏ် ဆင် ပြီး နေ ကြာ စေ့ အား လှမ်း ယူ လျှင် ။ ကျ မ လက် နှိုက် သည့် အ ခါ ဦး က သူ ့ လက် ဖြင့် လှမ်း နှိုက် ယူ ပြီး ၊ အစ် မ ကြီး ကျယ် ၏ လက် က လေး အား ကိုင် ခွင့် ရ နိုင် ရေး ။ ကြို တင် တိုင် ပင် ကိုက် ထား သည့် အ တိုင်း လုပ် ဆောင် ရန် ။ ညှိ နှိုင်း တိုင် ပင် ကိုက် ထား မှု ပဲ ဖြစ် ပါ တော့ သည်။

အစ် မ ကြီး ကျယ် က တော့ တိုင် ပင် ယူ ထား ကြ လိမ့် မည် ကို မ ရိပ် စား မိ ပါ။
အ ထူး တန်း ခုံ လက် မှတ် ဖြစ် ဤ အဲ ယား ကွန်း က အား ကောင်း လှ စွာ အေး စိမ့် ၍ နေ ပါ သည်။ ဦး က လည်း အစ် မ ကြီး ကျယ် အား ချွေး ထွက် သန် ၍ အ ထူး တန်း အ ကောင်း ဆုံး ထိုင် ခုံ နေ ရာ လက် မှတ် များ အား ဖြတ် ထား ပေး ခြင်း ဖြစ် သည် ဟု ပြော ပြ ပါ သည်။

ရုပ် ရှင် ကြည့် နေ စဉ် ဦး က မြန် မာ လို ပြန် ပြော ပြ လိုက် လုပ် နေ လျှင် ၊ ကျ မ က အ ဖေ ဝယ် ထား ပေး သည့် ရှိတ် စ ပီး ယား ရေး သား ထား သည့် က မ္ဘာ ကျော် ပုံ ပြင် ဝ ထ္ထုု အား ဖတ် ဘူး ထား သည့် အ တွက် ၊ ဘာ သာ ပြန် စာ ရေး သူ က တော် လွန်း သ ဖြင့် မူ ရင်း အ တိုင်း တ ခွန်း မ ကြံ ဇတ် ဝင် ခန်း တို ့အား ကြို တင် ကာ ပင် စီ ကာ ပတ် ကုံး ပြော ပြ နိုင် ခဲ့ သ ဖြင့် ၊ ဦး က…… ကျ မ အား လက် ဖျား ခါ လျှက် ။ သ္မီးက အ ရမ်း တော် သည် ဟု ပြော ပြီး ချီး မွမ်း ထော ပ နာ ပြု ပါ လိုက် သည် ။
အစ် မ ကြီး ကျယ် က ။ ဦးှ ဖက် သို ့မျက် နှာ တစ် ချက် လှမ်း ကြည့် လိုက် ရင်း ။
သူ က မှတ် တတ် တဲ့ ဉာဏ် အား ကောင်း သည် ။ စိတ် ဝင် စား တာ လည်း ပါ မည် ဟု ဦး ကို ပြော ပြ ပါ သည်။

ပုံ ပြင် တွေ ကို ကျ မ က တော့ စိတ် မ ဝင် စား ဘူး ။ ကိုင် ရို လ က္ခ ဏာ ဘာ သာ ရပ် သာ ကို ပဲ တ စိုက် မတ် မတ် စိတ် ဝင် စား သည် ဟု ဆို ခါ ဦး ကို ရှင်း ပြ ပြော ဆို ပါ သည် ။ ကျ မ ထိုင် ခုံ လက် တင် သည့် နေ ရာ တွင် ဦး က သူ ့ လက် ကို တင် ထား ယင်း နှင့် နေ ကြာ စေ့ ယူ စား ပါ သည် ။ အစ် မ ကြီး ကျယ် က လည်း နေ ကြာ စေ့ ယူ စား လျှင် လက် ခြင်း ဆုံ ပြီး ထိ မိ ကြ ပါ သည် ။

ကျ မ က သူ တို ့ နှစ် ယောက် အ ကြား တွင် ပေး ထိုင် ထား သ ဖြင့် ၊ ဦး က ကျ မ ပု ခုံး နှင့် တိုး ဖိ ကပ် လျှက် အစ် မ ကြီး ကျယ် ၏ လက် က လေး အား ကိုင် ခွင့် ရ ရန် ကြိုး စား နေ ပါ သည်။ ရုပ် ရှင် က လည်း မြင် ကွင်း ကျယ် ဆေး ရောင် စုံ (နိုင် ငံ ခြား) မှ တင် သွင်း သော ဇတ် ကား ကောင်း ဖြစ် နေ ၍ အစ် မ ကြီး ကျယ် က သ တိ မ မူ မိ ပါ..။

နောက် တော့ အစ် မ က နေ ကြာ စေ့ နှိုက် စား တိုင်း လက် ခြင်း ထိ ဆုံ နေ သ ဖြင် ့ စိတ် တို လာ ပါ သည် ။ ကိုယ့် ခုံ ကိုယ် ပုံ စား ကြ တော့ ဟု ပြော ခါ ဦး ထံ မှ နေ ကြာ စေ့ ထုတ် အား ပေး ရန် တောင်း ယူ ပါ သည်။
ဦး က……။
အစ် မ မ ကြီး ကျယ် အား….။
လက် က လေး ထိ တာ တောင် ။ ကပ် စေး နဲ နေ ရ သ လား ဟု ပြော တော့ မှ ပင် ။ အစ် မ ကြီး ကျယ် က ။ တည့် တည့် ကြီး ရိပ် မိ သွား ပါ တော့ သည် ။
ကျ မ အား လည်း ။ တစ် စိမ်း ဖက် က နေ အ လို တူ အ လို ပါ ဟု ပြော ပါ တော့ သည် ။

အစ် မ ရင်း ဖက် က တော့ မ ပါ ၊ တ စိမ်း ဖက် ပါ သည် ။
ကျား ကြောက် လို ့ ရှင် ကြီး ကိုး…။ရှင် ကြီး ကျား ထက် ဆိုး ဟု ပြော ခါ အ ပြစ် တင် ပါ တော့ သည်။
ထို နေ ့ က လည်း အ ကြောင်း မ ရှိ ၊ အ ကြောင်း ရှာ ပြီး စိတ် ကောက် သူ က အစ် မ မ ကြီး ကျယ် ပင် ဖြစ် တော့ သည် ။
စေ့ စပ် လက် ထပ် ရေး ကိစ္စ က မ ဖြစ် ၊ နောက် တ ခေါက် သ င်္ဘော က ပြန် လာ မှ သာ ထပ် မံ ကြိုး စား မည် ဟု ဦး က အ ဖေ့ အား ဆို ပါ တော့ သည်။။

20 comments

  • may flowers

    June 17, 2012 at 8:16 pm

    စိတ်ဝင်စားစရာကောင်းလာပြီ။ အပိုင်း-၃ ကိုမျှော်နေမှာမို့ မြန်မြန်လေးနော်။

  • aye.kk

    June 17, 2012 at 8:18 pm

    ဆူး,..
    တင် လိုက် ပြီ နော်။။

  • pan pan

    June 17, 2012 at 8:48 pm

    ဒါနဲ့အန်တီရေ
    ကောင်မလေး(ကလေးမလေး)က ကလေးအရွယ်ဆိုတော့ အသက်ဘယ်လောက်ရှိပြီလဲဟင်
    ဦးလေးဆိုသူက ၁၄နှစ်လောက်သူ့ထက်ကြီးမယ်
    အစ်မလုပ်သူက ရနှစ်လောက်ကြီးတယ်..ဆိုတော့…
    ကလေးမလေးက ၁ဝနှစ်သာသာလောက်ဖြစ်မလားပဲ 🙄
    ဒါဆို ဦးလေးဆိုသူကတော့ ၂၅ဝန်းကျင်လောက်ပဲရှိမှာပေ့ါနော်
    အသက်လေးတွေသိချင်ပါတယ် အန်တီရှင့်
    ပန်ပန်က တခါတလေ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့အသက်ကို မှန်းတာက အကျင့်ဖြစ်နေလို့ပါ
    ဒါမှ ဇာတ်ကောင်က သူဘယ်လိုတွေးလဲ၊ ဘယ်လိုစရိုက်လဲလို့ ထပ်တွေးလို့လွယ်တာကိုး
    ပြီးတော့ ခုဇာတ်လမ်းမှာလည်း အသက်အရွယ်လေးကိုပါ ထည့်ရေးထားလို့ ပိုသိချင်သွားလို့ပါ
    အပိုင်း(၃)ကို မျှော်နေပါတယ် 🙂

    • aye.kk

      June 17, 2012 at 8:55 pm

      ကောင်မလေးက(၁၁)နှစ်ကျော်ပါ။

      • Nyein Nyein

        June 18, 2012 at 11:11 am

        ဪ…………….. အရီးလတ်က ဒီမှာ အသက်ပြောပြထားတာပဲ။ ငြိမ်းက မသိဘဲ အပိုင်း(၁) မှာ မေးထားသေးတယ်။ ဇာတ်လမ်းလေး ပြတ်သွားမှာစိုးလို့ အပိုင်း(၃) ကိုအရင်သွားလိုက်ဦးမယ် အရီးလတ်ရေ…………………..

        • Nyein Nyein

          June 18, 2012 at 11:13 am

          အန်တီအေးရေ တောင်းပန်ပါတယ်။ အရီးလတ်ရဲ့ online petition နဲ့ ဟိုဘက်ကူး ဒီဘက်ကူးနဲ့ဆိုတော့ နာမည်မှားသွားတယ်။ တောင်းပန်ပါတယ်နော်………………

        • အရီး Khin Latt

          June 18, 2012 at 3:33 pm

          ငြိမ်းငြိမ်း
          အရီးလတ် ကတော့ အဲဒီ အသက်မှာ မိန်းကလေးကျောင်း မှာ ယောကျာင်္းပုံစံဖမ်းပြီး မိန်းကလေး တွေ ကိုဘဲ စိတ်ဝင်စားပါ၏။ 😀 😉

        • Nyein Nyein

          June 18, 2012 at 3:41 pm

          အရီးလတ်ရေ………. ဝါသနာချင်းတူတယ်ပဲပြောရမလား။ ဟဲဟဲ…….. မိန်းကလေးတွေကကို လိုက်နေတော့ ခက်တာပဲ။ 😳 (မိန်းကလေးမှန်းသိသော်လည်းပေါ့။ 🙄 )

    • ဆူး

      June 18, 2012 at 8:59 am

      မနေ့က အပိုင်း ၁ မှာ အသက် ဘယ်လောက် လဲ မှန်း ဆိုတာ တက်မသွားပဲ ဖြစ်နေလို့ ဒီမနက် နိပ်လိုက်မှ တက်သွားတယ်။
      ဒီမှာက ဖြေပြီးနေပြီ။ နောက်ကျသွားတယ်။

  • မောင်ပေ

    June 17, 2012 at 8:48 pm

    ကျုပ်အတွက်တော့ “ အားကျစရာကောင်းတဲ့ ဦး ပါဘဲ ”

    • ဆူး

      June 18, 2012 at 9:02 am

      အဲဒီ ဦးလေးက နဖောင် မပြူးဘူး ဆိုလား.. ဟဲဟဲ

      • မောင်ပေ

        June 18, 2012 at 12:04 pm

        အူးပေ့ နဖူးက ကျယ်ပြန့်တာကွဲ့။
        ကဗျာဆြာကမ်းရဲ့ခေးလို
        အလှပဂေး အပျိုလေးတွေအတွက်ပါကွယ်။

  • MaMa

    June 17, 2012 at 9:00 pm

    ဖြစ်ရပ်မှန်ကိုယ်တွေ့ဇာတ်လမ်းမို့ ဟာကွက်မရှိဘူးပေ့ါ။
    ကြည့်ရတာတော့ ကိုရီးယားဇာတ်လမ်းတွဲလို အပိုင်းတွေ များမယ့်ပုံပေါ်တယ်။ 😀

  • pooch

    June 17, 2012 at 9:02 pm

    အမကလည်း အလှပဂေးဆိုတော့ အတော်လေး ကို မာနကြီးတယ်နော်။
    စောင့်ဖတ်နေပါတယ် အန်တီအေး။

  • ကိုရင်စည်သူ

    June 17, 2012 at 9:02 pm

    တားလည်း ဦးဖြစ်ချင်တယ်… 😳

    • ကြောင်ကြီး

      June 18, 2012 at 10:46 am

      ဦးဖြစ်ချင်တယ်….လား
      သယ်..ငါဒူးနဲ့တိုက်လိုက်ရ
      ဖူးသွားဒေါ့မှာဗဲ
      ရူးသလိုလိုဒေါ့မလုပ်နဲ့
      ဗူးဆိုငါဂသိပ်မုန်း…။

  • etone

    June 18, 2012 at 10:56 am

    အန်တီအေးရေ .. ဒုတိယပိုင်းဖတ်ပြီးတော့လည်း … ဇာတ်လမ်းက .. တတိယပိုင်းကို ကူးသွားပြန်တယ် .. သိချင်ဇောနဲ့ တထိုင်တည်း လိုက်ဖတ်ဦးမယ် … ။

    ဒါနဲ့ အန်တီရေ …. ကောင်မလေးက ၁၁ နှစ်ဆိုတော့ စကောစက အရွယ်လို့ပြောရမယ်ထင်တယ်နော် ။
    ရှေးခေတ်က မြန်မာအမျိုးသမီးတွေ … လူကြီးဆန်ကြသလားလို့လေ …. ။ လူဖြစ်မြန်တာကတော့ ဒီခေတ်ပေမယ့် … လူကြီးဆန်တာတော့ .. အရင်ခေတ်ကမြန်တယ်လို့မြင်မိပါတယ် … ။အဖွားတွေ ခေတ်တုန်းကတော့ .. ဆယ့်လေးနှစ် ဆယ့်ငါးနှစ်ဆို ..ယောကျာ်းပေးစားနေကြပြီမို့လို့ပါ ။

    တတိယပိုင်းကို ပြေးပါပြီ .. ဟီး 😛

  • ကြောင်ဝတုတ်

    June 18, 2012 at 1:28 pm

    မင်းအနားက လိပ်ပြာတွေနဲ့လဲ….
    အပြိုင်နွဲဖို့ တို့ကအရွယ်လွန်…
    စိတ်ကမရဲပဲ ချစ်တော့အလွန်အကျွံ စိတ်ကူးနဲ့ ရူးရုံပေါ့ကွယ်….

  • bluerose

    June 18, 2012 at 3:31 pm

    အရမ်းကောင်းပါတယ်အန်တီရေ
    တတိယပိုင်းလေးပြေးဖတ်လိုက်ပါအုံးမယ်
    အားပေးနေမယ်နော်

  • နွယ်ပင်

    June 18, 2012 at 3:45 pm

    ဇာတ်လမ်းက ကောင်းလာပြီ ဒါနဲ့ပဲ အပိုင်း (3) ကို တစ်ခါတည်း
    တန်းပြီးကူးလိုက်တော့မယ် အန်တီအေးရေ …

Leave a Reply