ကိုယ့်အတွေးနဲ့ ကိုယ် (ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကား)

ကထူးဆန္းJune 17, 20121min14015

ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံမှာ အဝေးရောက်မြန်မာတွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းသွားတဲ့ စကားလေးပါ ။ ကြိုက်သလိုသာ အတွေးနယ်ချဲ့ ကုန်ပါလော့။

တက်ရောက်လာသူတွေကို လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံရဲ့ကျေးဇူးကို လေးစားဖို့ အခုလိုတိုက်တွန်းသွားတာပါ။

“ကိုယ့်ဘက်က ကိုယ်နေတတ်မှလည်း တဘက်ကနေပြီးတော့ မှန်မှန်ကန်ကန် တုံ့ပြန်မှာ။ အဲတော့ ကျွန်မကနေပြီးတော့ အမြဲသတိပေးပါတယ်။ ကျွန်မတို့ဟာ ဧည့်သည်တွေဖြစ်တယ်။ ဧည့်သည်တွေဖြစ်တဲ့အခါကျတော့ အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ရဲ့ အကြိုက်ကိုနားလည်ရမယ်။ ကိုယ်ကနားလည်မှုရှိရမယ်။ ကိုယ်က ဧည့်သည်ကိုး၊ ဒါပေမဲ့ အိမ်ရှင်တွေကလည်း ကိုယ်ကနေပြီးတော့ နေတတ်လို့ရှိရင် ကိုယ့်အပေါ်မှာ ပိုပြီးတော့ ကောင်းလာမယ်။ ကိုယ့်အပေါ်အမြင်ပိုပြီးတော့ မှန်လာမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ကိုယ်ကဧည့်သည်ဖြစ်တယ်။ ဒီအိမ်ရှင်ပေါ်မှာ ကျေးဇူးတရားနဲ့ ဆက်ဆံစေချင်တယ်။ အဲဒီလိုဆက်ဆံခြင်းဟာ ကိုယ့်ရဲ့လူသားသိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်။ ကိုယ့်နိုင်ငံရဲ့သိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်”

credit to
http://www.thithtoolwin.com/2012/06/blog-post_8880.html

15 comments

  • ahnyartamar

    June 17, 2012 at 11:38 pm

    ဧည့်သည်လိုမနေပဲ အိမ်ရှင်ဟန်ရှိနေတဲ့ လူတွေကို စိတ်ပြန်လည်လာအောင် ဒေါ်စုက သာသာထိုးထိုး သတိပေးလိုက်တာပါ။

  • ဦးဦးပါလေရာ

    June 17, 2012 at 11:45 pm

    (ဧည့်သည်တွေဖြစ်တဲ့အခါကျတော့ အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ရဲ့ အကြိုက်ကိုနားလည်ရမယ်။..)

    ဒါလောက်ဆိုရင်တော့ အရင် မကျေမနပ်ဖြစ်နေသူတွေလဲ လက်ခံနိုင်သွားလောက်ပါတယ်..။

  • padonmar

    June 18, 2012 at 12:44 am

    အရီးလတ်ရဲ့ အေလီယန်အီးတီလေးလို နေရမယ်ပေါ့။

    • htoosan

      June 18, 2012 at 6:44 am

      ကျွန်တော်တို့ အရီးလတ် ကအရင်ပြောတာပေါ့နော်….. 😀

  • YE YINT HLAING

    June 18, 2012 at 4:46 am

    အမေစု ပြောသမျှ စကားတွေ ဟာ တော်တည့်ကောင်းမွန် နေတာချည်းပဲ !

  • htoosan

    June 18, 2012 at 7:50 am

    မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ရ နှစ်မြောက်မွေးနေ့ ဖြစ်ကြောင်းနှင့် ILO ညီလာခံတွင် ပြောကြားသော ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ဖတ်လိုပါက
    http://www.thithtoolwin.com/2012/06/ilo_17.html
    တွင်ရှိပါကြောင်း ။

  • MaMa

    June 18, 2012 at 8:32 am

    အမေစုက စည်းလုံးကြပါ ဆိုတဲ့ စကားကိုလည်း အထူးအလေးပေးပြီး ပြောနေပြီ။
    လိုက်နာကြဖို့လည်း တိုက်တွန်းနေပါတယ်။
    ပြည်သူလူထုအနေဖြင့်လည်း အမေစုပြောစကားကို လိုက်နာကျင့်သုံးခြင်းဖြင့်
    အမေစုကို ချစ်ကြောင်း ပြသသင့်ကြပါတယ်။ 🙂

  • Wai Phyoe

    June 18, 2012 at 9:11 am

    ကောင်းတယ်ဗျာ ဒေါ်စုပြောတဲ့ speech တွေထဲမှာအကြိုက်ဆုံးပဲ
    စင်ကာပူသွားပြီးအဆင့်မရှိ ပန်နစူးလား မှာ ကွမ်းသွေးတပစ်ပစ်ထွေးတဲ့ကောင်တွေ
    ပန်းခြံနားသွားပြီး မတ်တတ်ရပ်သေးပန်းတဲ့အကောင်တွေ………………..ကြားတယ်ပာုတ်
    ဒေါ်စု က ယဉ်ယဉ်ကျေးကျေးပြောသွားတာ ဆိုလိုရင်းကတော့ဒါပဲ ကြားလား……………….
    စည်းကမ်းမရှိတဲ့အကောင်တွေ..နာတို့အမေပြောသွားတာတောင် နည်းသေး…………..

  • ကြည်ဆောင်း

    June 18, 2012 at 9:27 am

    ပညာပြည့်ဝ နှလုံးလှသော် ဆိုတဲ့ စကားလေးဟာ အမေစု ကို ရည် ညွှန်းထားတဲ့အတိုင်း ကွက်တိပါ။

  • etone

    June 18, 2012 at 9:54 am

    ဧည့်သည်ဖြစ်ပြီး …အ ိမ်ရှင်ဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ နိုင်ငံသားတွေကို … သတိပေးတာလို့ မြင်မိပါတယ် … ။ အကြောင်းအမျိုးမျိုးကြောင့် … ဧည့်သည်အဖြစ် ဆက်ရှိနေစေဦးတော့ … နေထိုင်ပြုမူပုံမှန်ဖို့ လမ်းကြောင်းပေးထားသလိုလည်း မြင်မိပါတယ် … ။ ကိုယ့်ဘက်က အနေမှန်မှသာ … အိမ်ရှင်ရဲ့ … နိမ့်ချဆက်ဆံခြင်းတွေ ၊ မတရားပြုလုပ်မှုတွေ မခံရမှာဖြစ်ကြောင်း … တဖက်လှည့်နဲ့ … အိမ်ရှင်အရေးစိတ်ပူပေးတာထက် … ဧည့်သည်အရေး စိတ်ပူပေးနေတာလို့ပဲ .. မြင်မိပါတယ် … 🙂

  • ဆူး

    June 18, 2012 at 10:42 am

    ဧည့်သည်တွေ မီးရှို့လို့.. အိမ်ရှင်တွေ ထွက်ပြေးရတဲ့ ဘဝ က ကင်းဝေး ကြပါစေ။

    • ghost

      June 18, 2012 at 11:52 am

      မလိုချင်ပဲ ရနေတာ…….” ဒုက္ခ ”
      လိုချင်လျက် မရနိုင်တာ… ” သုခ ”
      စိမ့်ဝင်လာတာ…..”ရိုဟင်ဂျာ “

  • လူ ဟား

    June 18, 2012 at 2:53 pm

    ကဲ.. ရိုဟင်ဂျာတွေ… အမေစုပြောသွားတာ .. ကြားတယ်နော်…

  • Thel Nu Aye

    June 18, 2012 at 3:29 pm

    ပညာရှိများပြောလိုက်ရင်တခွန်းပဲ။ ဒါပေမဲ့အားလုံးကိုထိတယ်ဆိုတာဒါမျိုးပဲနော်။ ဧည့်သည်အားလုံး မှတ်သားထားသင့်ပါတယ်။

  • အရီး Khin Latt

    June 18, 2012 at 3:55 pm

    ကထူးဆန်းရေ
    ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားတိုင်းက ပညာဉာဏ် မှာ မေတ္တာ ပေါင်းပြီး ပြောထားတာမှန်း သိသာပါတယ်။
    သူ့စကားတွေ၊ မိန့်ခွန်းတွေ ကို အများကြီး ထပ်ပြီး နားထောင်ချင်ပါတယ်။
    ကမ္ဘာ က ကို အလေးအနက်ထား နားထောင်ရတဲ့ ကျွန်မတို့ နိုင်ငံ ရဲ့ ပညာရှိ စကားပြောတတ်သူ ရဲ့ ပါးစပ်ပိတ်ထားခံခဲ့ရ တဲ့ အချိန်တွေ ကို နှမြောလိုက်တာ။ 🙁

    ဝင်စွတ် ရရင် အိမ်ရှင်ဘဲ ဖြစ်ဖြစ်၊ ဧည့်သည် ဘဲ ဖြစ်ဖြစ် အချိန်တန်ရင် တကဲ့ အိမ် အစစ် ရှိရာကို ပြန်ရစမြဲ။
    ခဏ နေရတဲ့ အချိန်လေး အတွင်း မှာ ဘာလို့များ လူသားချင်း စာနာတတ်မှု တွေ၊ အကြင်နာတွေ မပေးနိုင်ကြသလဲ။
    ငါစွဲ တွေ၊ အယူအဆစွဲ တွေ နဲ့ လူသတ်ပွဲများကို ကျင်းပချင် နေကြ သလဲ။
    အားလုံးဟာ တစ်ချိန်တော့ ထားခဲ့ရမှာပါ။

Leave a Reply