ဒေါ်အောင်ဆန်းစုကြည်၏နိုဘယ်ငြိမ်းချမ်းရေးဆုလက်ခံရယူသည့် မှတ်တမ်းဓါတ်ပုံ…

နိုဘယ်ဆုလက်ခံရယူရန် ရောက်ရှိလာသောအမေစု...

မြန်မာလူထုခေါင်းဆောင် အမေစု မိန့်ခွန်းပြောကြားနေစဉ်...

 

Kim Aris,son of Myanmar oppsition leader Daw Aung San Suu Kyi..(Center)

 

နော်ဝေ အိမ်ရှေ့မင်းသား၊ ဘုရင်မကြီးနှင့်ဘုရင်ကြီး...

ဓါတ်ပုံ…ဒီမိုဝေယံ မှရယူပါသည်။

သူကြီး၏ ပိုစ့်အား ကူညီအားဖြည့်ခြင်းဖြစ်ပါသည်။ ဇွဲ၊စိတ်ဓါတ်ခိုင်မာစွာနဲ့ ယုံကြည်ချက်အတွက် မိမိရဲ့မိသားစုဘဝကို မြန်မာပြည်သူများအတွက် ရဲရဲဝင့်ဝင့် စွင့်လွှတ်ခဲ့သူ၊။။

မာန်မာန မထား သဘောကြီးတဲ့သူ…အမှန်တရားအတွက် အသက်ပင်စွန့်ဝင်သူ….မြန်မာပြည်သူအများ ထာဝရ လေးစားထိုက်တဲ့သူ….ရှေ့ဆောင်လမ်းပြ မြန်မာပြည်အတွက် အမှောင်ကိုခွင်း အလင်းတွေကို ပေးမဲ့သူ…ကိုယ်ကျိုးမဖက် အများအတွက် ပေးဆပ်တတ်သူ…မြန်မာ့ခေါင်းဆောင်သာမက ကမ္ဘာ့ ခေါင်းဆောင်ဖြစ်ထိုက်သူ…

ကမ္ဘာမှာ မြန်မာဆိုတာ ထင်ပေါ်ကျော်ကြားအောင် စွမ်းဆောင်မည့်သူ…အမေ အသက်ရာကျော်ရှည်ပါစေ… စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည်စုံပါစေ…

 

15 comments

  • ahnyartamar

    June 17, 2012 at 11:29 pm

    ဒေါ်အောင်ဆန်းစုကြည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် မြန်မာ့နိုင်ငံရေးကို အမြန်ဆုံး ထမ်းဆောင်နိုင်ပါစေလို့ စိတ်ရော၊ ကိုယ်ပါ ဆန္ဒပြုပါတယ်။

  • YE YINT HLAING

    June 18, 2012 at 5:00 am

    ပုံကော စာကော စုံသွားပြီမို့ ကိုသုည ရေ၊၊၊ ကျေးဇူးပဲဗျို့ !

  • htoosan

    June 18, 2012 at 7:54 am

    မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ရ နှစ်မြောက်မွေးနေ့ ဖြစ်ကြောင်းနှင့် ILO ညီလာခံတွင် ပြောကြားသော ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ဖတ်လိုပါက
    http://www.thithtoolwin.com/2012/06/ilo_17.html
    တွင်ရှိပါကြောင်း ။

    • Nyein Nyein

      June 18, 2012 at 9:39 am

      မနက်ဖြန်က အမေစုရဲ့မွေးနေ့ဆိုတာ သေချာလားဟင် ကိုထူးဆန်းရေ။ သေချာသိချင်လို့ပါ။ အမေစုတစ်ယောက် ကျန်းကျန်းမာမာနဲ့ ဘေးရန်ကင်း၍ အေးချမ်းပါစေ။ အမေစုက ဗေဒါရောင်လေးဝတ်ထားတာကိုတွေ့ရတာ စိတ်ချမ်းသာစရာပဲနော်။

      • kaung lay

        June 18, 2012 at 11:14 am

        ဟုတ်တယ်ဗျ
        မနက်ဖျန်အမေစုမွေးနေ့ပဲဗျ
        တိုက်ဆိုင်တယ်လို့ပြောရမလား
        အဲ့နေ့ကအဖေများနေ့လားလို့။
        အမေစုကျမ္မာပါစေ။

        • pan pan

          June 18, 2012 at 1:16 pm

          ၁၉့ရက်နေ့ ဇွန်လက အမေစုမွေးနေ့ပါ
          ၆ရနှစ်မြောက်ပါ

          အမေ့ပုံတွေကြည့်ရတာ ဝမ်းသာလွန်းလို့ ရင်ထဲလည်းတုန်လှုပ်လွန်းလို့ ကြက်သီးတွေထတယ်

      • Thel Nu Aye

        June 18, 2012 at 1:01 pm

        အင်္ဂါသမီးအမေအတွက် မိသားစုနဲ့လဲဆုံ မွေးနေ့မွေးရက်လဲထပ်တူကျတဲ့ထူးခြားတဲ့အမွေးနေ့လေး ပါ။ အမေ့စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နိုင်ငံအကျိုး သည်ပိုးနိုင်ပါစေ။ မွေးနေ့ပေါင်းများစွာ လဲပျော်ရွှင်စွာကျော်ဖြတ်နိုင်ပါစေ။

  • ဗိုလ်စံ ဖဲ

    June 18, 2012 at 8:58 am

    ဘဝရပ်တည်မှုအတွက်
    မယိုင်မလဲ……တည်ကြည်သောစိတ်ထား
    ခိုင်မာသောကျင့်ကြံအား
    စွမ်းပကားများစွာ…ပိုင်ဆိုင်သော
    အမေဒေါ်အောင်ဆန်းစုကြည်
    နောင်နှစ်ပေါင်းများစွာတိုင်အောင်
    မြန်မာပြည်ကြီးအားမေတ္တာရေသွန်းလောင်းနိုင်ပါစေ။

    လေးစားကြည်ညိုမှုများစွာနှင့် ……..

    ဗိုလ်စံဖဲ

  • MTY

    June 18, 2012 at 10:07 am

    ဘယ်သူတွေဘာပြောပြော..မြန်မာထဲကဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ဘဲ
    နိုဘယ်ငြိမ်းချမ်းရေးဆုရသေးတာတော့ဂုဏ်ယူစရာပါ.
    လေးစားဂုဏ်ယူပါတယ်။

  • etone

    June 18, 2012 at 11:33 am

    မြင်ရတာ အရမ်းကို ကျက်သရေရှိတဲ့ ပုံတွေပါပဲ ….. ။
    မြန်မာနိုင်ငံသားတစ်ယောက် ကမာ္ဘ ့နိုင်ငံများ ကြားမှာ … လေးစား အတုယူဖွယ်အဖြစ် ရပ်တည်နိုင်တာ ဝမ်းလည်းသာ ၊ ဂုဏ်လည်းယူမိပါတယ် ။ ….

    သူများ နိုင်ငံယဉ်ကျေးမှု ပေါင်တိုစကတ်တွေကြားထဲ အမေစုရဲ့ ဖက်ရှင် ….( မြန်မာ့ဖက်ရှင်)ကို .. ကမာ္ဘတဝှမ်းလုံး သတိပြုမိလိမ့်မယ် ထင်ပါရဲ့ … ။ မြန်မာ့ ပိုးထည်တွေ ၊ ချိတ်ထည်တွေ နောက်ပိုင်း ကမာ္ဘဖက်ရှင်တစ်ခုလည်း ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ် …. ။ ပြန်တင်ပေးတာ ကျေးဇူးတင်ပါတယ်နော် … မြင်ရတာ မင်္ဂလာရှိလွန်းလို့ပါ 🙂

  • weiwei

    June 18, 2012 at 1:44 pm

    ကျက်သရေရှိလိုက်တာ …
    မိန့်ခွန်းဖတ်ရတာလဲ အနှစ်သာရရှိလိုက်တာ …

  • kyeemite

    June 18, 2012 at 4:16 pm

    ကျေးဇူးပါကိုရင် သုညရေ…
    ကြည့်လိုက်ရတော့ မင်္ဂလာရှိသွားတာပေါ့ဗျာ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 18, 2012 at 4:52 pm

    ကျုပ်လည်းလိုခြင်လိုက်ဒါ

    • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

      June 18, 2012 at 4:56 pm

      လာယူလေ နဘန်ဆု

  • ကြောင်ဝတုတ်

    June 18, 2012 at 5:14 pm

    တိုင်းပြည်အတွက် အသက်(၆၇)နှစ်အရွယ်အထိ ပင်ပင်ပန်းပန်းလုပ်ပေးနေတာတွေအားလုံးအတွက်…
    ကျေးဇူးအထူးပါအမေ…
    အသက်(၅၀)ကျရင် ဘာအလုပ်မှမလုပ်ပဲ အနားယူနိုင်ဖို့ တကိုယ်ကောင်းစိတ်နဲ့ ကြိုးစားနေတဲ့ကိုယ့်ကိုကိုယ်ရှက်မိပါတယ်…
    အမေကျန်းမာပြီး စိတ်သွားတိုင်းကိုယ်ပါပြီး တိုင်းကျိုးပြည်ရာအစွမ်းကုန်ထမ်းဆောင်နိုင်ပါစေ…

    အမေ့ကိုချစ်တဲ့-
    ကြောင်ဝတုတ်

Leave a Reply