Tell United Nations Human Rights – Online Petition

မြစပဲရိုးJune 18, 20121min49293

Online Petition ကို ဆောက်ပြီးသွားပါပြီ။

http://www.change.org/petitions/tell-united-nations-human-rights-a-better-way-to-help-the-rakhine-people-of-myanmar#

အင်္ဂလိပ်လိုအပြင် မြန်မာ Unicode နဲ့ရော၊ ဇော်ဂျီ Font နဲ့ပါ တင်ထားပါတယ်။

ရခိုင်ဒေသ နဲ့ မြန်မာပြည် ဒီမိုကရေစီ အရေးမှာ ကူညီချင်သူများ ကိုယ့်အမည် ဒါမှမဟုတ် အီးမေးထည့် ပြီး Sign လုပ်လို့ရပါတယ်။

အမည်/ အီးမေး ကို မပေါ်စေချင်ရင် “Display my signature publicly ” ကို uncheck လုပ်လိုက်ပါ။

အားလုံး ကို ကျေးဇူးတင်ပါတယ်။

Signature တစ်သောင်း လို့ မှန်းထားပါတယ်။

ဇူလိုင်လ ၁ရ ရက် မှာပြီးပါမယ်။

တစ်လ အတွင်းမှာ သဘောတူသူ တစ်သောင်း မှ မရရင်လဲ …..  🙁

93 comments

  • ကြည်ဆောင်း

    June 19, 2012 at 3:09 pm

    19.6.2012 ရက်နေ့ ညနေ 3 နာရှ 5 မိနစ်တွင် 111 ယောက် Sign in တွေ့ရပါတယ် ။

  • Nyein Nyein

    June 19, 2012 at 3:45 pm

    အရီးလတ်ရေ……… အပေါ်က Signatures မှာက 112 out of 10000 တဲ့။ အောက်မှာကျတော့ 100 Signatures Reached! လို့ရေးထားတယ်။ ဘယ်ဟာကို အမှန်ယူရမှာလဲဟင်။ ဒါပေမယ့် အခုထိ 100 ကျော်ကျော်လေးပဲရှိသေးတာကိုတော့ အားမလိုအားမရဖြစ်နေပါတယ်။ သူငယ်ချင်းတွေကိုလည်း share ထားတယ်။

  • shwe kyi

    June 19, 2012 at 4:18 pm

    အရီးရေ ရွှေကြည် သူငယ်ချင်းတွေကိုခွင့်တောင်းပြီး ကိုယ့်ဘာသာကိုယ်ပဲသူတို့ကိုယ်စား
    ဒိုင်ခံ sign လုပ်နေပါတယ်။ တချို့က လိုင်းသုံးရတာအဆင်မပြေလို့လေ။
    အရီးရေ မပြည့်ရင်တကယ်မပို့ဘူးလားဟင် လကုန်ရက်အထိပဲစောင့်ပြီးရသလောက်ပို့ရင်ဖြစ်မလားဟင်
    အရမ်းကြာသွားရင် မကောင်းဘူးထင်လို့ပါ။
    ရွှေကြည်ပဲစိတ်လောနေလားသိတော့ပါဘူး။
    ပြောကြည့်ရုံပါနော် အရီးတို့ သဘောပါ။ 😀

  • Ma Ei

    June 19, 2012 at 4:42 pm

    မလတ်ရေ…
    Sign and share လုပ်ထားတယ်နော်…
    ကျေးဇူးလဲတင် ခင်လဲခင်တယ်…
    တက်နှုန်းနှေးလို့
    အားတော့ခပ်လျော့လျော့ရယ်…

    • အရီး Khin Latt

      June 19, 2012 at 8:19 pm

      Of course. I hope It’s OK. Thanks. 🙂

  • MaMa

    June 19, 2012 at 8:15 pm

    ၁၆ ယောက်ကို Share လုပ်ပြီး mail တွေလည်း ထပ်ပို့ထားပါတယ်။
    မိတ်ဆွေတွေကိုပြောပြတော့ သူတို့ကလည်း စိတ်ဝင်စားကြလို့ Link ပေးပါလို့ ပြောကြတယ်။ 🙂

    • အရီး Khin Latt

      June 19, 2012 at 8:18 pm

      ကျေးကျေးပါ မမ ရေ။ စုပေါင်းအင်အားပေါ့။ 🙂

  • အရီး Khin Latt

    June 19, 2012 at 8:25 pm

    ပြည့်ပြည့် မပြည့်ပြည့် ပို့ မှာပါဘဲ။
    စိတ်မပူကြပါနဲ့။

    ဒါပေမဲ့ ထောက်ခံ တဲ့ လူတွေ များရင် ကိုယ်ပြောတာ ပိုပြီးကောင်းတာပေါ့။
    တစ်ချို့ တစ်သိန်း မှန်း ပြီး ရာဂဏန်း ဘဲ ရတဲ့ Petition တွေ လဲ ရှိတယ်။ 😛

    တစ်သောင်း မရ လဲ စိတ်မကောင်း မဖြစ်ကြပါနဲ့။
    သူတို့ UNHR က သတိပြု မိ ရင်ကို မဆိုးလှပါဘူး။
    ဒါပေမဲ့ ကိုယ့်ဘက်က အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြတာပေါ့။
    အားလုံး ကို ကျေးဇူးပါနော်။ 🙂

  • Shwe Ei

    June 20, 2012 at 12:14 pm

    State ရွေးခိုင်းလို့ စိတ်ထဲမှာ MN ဆိုရင်နီးစပ်တယ်ဆိုပြီးရွေးလိုက်တာဘဲ အရီးရေ။ ဘာလဲတော့ သိဝူး။ ၁၅၁ ကနေ ၁၅၂ ဖြစ်တွားဘီ။ 🙂

  • amatmin

    June 20, 2012 at 4:24 pm

    ကနေ့ထပ်ရှယ်ထားပါကြောင်းလာပြောရင်း
    တပတ်လောက်ပြန်ကြော့ခိုင်းလိုက်ပါ၏..။
    ကြုံရင်ကြုံသလို ဝိုင်းကြော့ရင်ကောင်းမယ်ထင်ပ 🙂

  • aungnng87

    June 20, 2012 at 4:58 pm

    အရီးရေ..တို့လည်းဝင်ပြီး sign လုပ်သွားပါတယ်နော်။ အောင်မြင်လားမအောင်မြင်လားတော့မသိဘူး။ ကိုယ်တွေလည်း ရခိုင်တွေနဲ့ တသွေးတည်းတသားတည်းဖြစ်ကြောင်း..သက်သေပြသွားပါတယ်။

  • Lwin Aung

    June 20, 2012 at 5:31 pm

    I have already signed. Thanks to Ayi Khin Latt.
    Thai newspapers ( The nation is the worst ).

  • ကြည်ဆောင်း

    June 21, 2012 at 9:08 am

    21.6.2012 မနက် 9 နာရီ 10 မိနစ် 175 out of 10,000

  • Swal Taw Ywet

    June 21, 2012 at 11:51 am

    Dear Ah Yee Latt,
    Thanks for your trying hard.
    I already signed In and invited to my FB friends.
    Hoping for the best.
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • ma haw

    June 21, 2012 at 11:57 am

    ဖေးဘုတ်မှာပါထပ်ရှယ်ပေးထားပါတယ် ကျွန်တော်ကိုယ်တိုင်ကလဲရခိုင်ဖြစ်နေတဲ့အတွက် အကောင့်ထဲမှာရခိုင်တွေပေါပါတယ်
    ဒါမဲ့ တနေ့ကို ဆယ့်ခြောက်ယောက်
    ပဲ အက်လို့ပဲရတယ်လို့ သတိပေးစာတက်လာလို့ အားမရဘူုးဗျာ
    အရီးလတ် စိတ်ကူုးပြည့်ပါစေ

  • ကိုလတ်…………..
    ဝင်လို်က်ပါပြီ။.
    လုပ်သင့်သော လိုအပ်သော ကိစ္စတစ်ခုအတွက် ပါဝင်လိုက်ပါတယ်။
    စာရေးချင်တာဘယ်လိုရေးရမယ်မသိ။
    လမ်းပြပါအုံး………………………………………………………..

    • အရီး Khin Latt

      June 22, 2012 at 3:29 pm

      ကိုပေါက်ကြီး
      ကျေးဇူးပါဗျား။
      ဘယ်လို စာရေးချင်တာလဲ။
      ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းပါ့မယ်။

      ပူးပေါင်းပါဝင်သူ အားလုံး ကို တကယ်ဘဲ ကျေးဇူး တင်ပါတယ်။ 🙂

  • Don Juan Ronald

    June 24, 2012 at 9:54 pm

    ထိုင် ဝမ် မှ တရုတ် ကြီး လည်း ဆိုင်း လိုက် ပါ ပြီ ၊

    အ ရင် ကျောင်း နေ တုံး က ၊ ရ ခိုင် မှ သူ ငယ် ချင်း များ စွာ ရှိ ခဲ့ ဘူး သည် ။

    FB မှာ လည်း ရှဲ လိုက် ပါ ပြီး ။

    အောင် မြင် ပါ စေ Carry on !

    ကျေး ဇူး တင် ပါ သည် ။

  • Lwin Aung

    June 26, 2012 at 11:41 am

    I shared my friends. It must success.

  • laypai

    June 28, 2012 at 5:12 pm

    လုပ်ကြ ပါအုံး
    Signatures
    243 out of 10,000 တဲ့ June 28, 2012. 5:09PM မှာ။
    တစ်သောင်း မှန်း တာ တစ်ထောင် တောင် မပြည့် သေးဘူး ဖြစ်နေတယ်။

  • ဦးဦးပါလေရာ

    June 28, 2012 at 6:01 pm

    ဒါကတော့ email မပေးချင်လို့ နည်းနေတာပါ..။
    ဘာပဲဖြစ်ဖြစ် ဒီလှုပ်ရှားမှု့မှာ ပါဝင်ရလို့ ကျုပ်တော့ ဂုဏ်ယူမိပါတယ်။
    ကိုယ်လုပ်ရမယ့်ကိစ္စတခုကို လုပ်ဖြစ်လိုက်သလို ကျေနပ်မှု့မျိုးလဲ ခံစားမိပါတယ်။
    ဦးဆောင်တဲ့ အရီးလတ် ကိုလဲ ချီးကျူးကျေးဇူးတင်ပါတယ်။

  • အရီး Khin Latt

    June 29, 2012 at 3:21 am

    ကျေးဇူးပါဘဲ ကိုပါ ရေ။
    အများဆန္ဒကို ထုတ်ဖော်ရာမှာ ဒါမျိုး က လဲ နည်းတနည်း ဆိုတာ သိ လိုက်နိုင်ရင် ဘဲ လုပ်ရကျိုး နပ်ပါတယ်။ 🙂
    ကျွန်မ ကတော့ တစ်လ ပြည့်ချိန် ဘယ်လောက် ဖြစ်ဖြစ် ပို့လိုက်မှာပါဘဲ။
    တကယ်တော့ သူတို့ (UNHR) လဲ မသိတာ မဟုတ်ပါဘူး။
    တမင် အကဲစမ်း နေတာ လို့ ထင်တာပါဘဲ။

    စည်းလုံးခြင်း ကို ပြသ ပေးသူ အားလုံး ကို တကယ် ဘဲ လေးစားပါတယ်။
    အများ အတွက် ကို ကိုယ်နဲ့ မဆိုင်သလို မနေဘဲ အများ က ပါဝင် လုပ်ဆောင်ပေးတာ တဖြေးဖြေးတော့ အကျင့် ရလာကြမှာပါ။
    အချိန်တော့ နဲနဲ ယူရမှာပါ။ 🙂

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 10:38 pm

    အရီးရေ ..
    ခုမှ သားလည်း ကြည့်မိသဗျ ..
    ဆိုင်း လုပ်တာတော့ ရသေးဘူး ..
    ရုံးရောက်မှပဲ ကိုးနတ်ရှင် မြန်မြန်နဲ့ ဆိုင်းလုပ်လိုက်တော့မယ် ..
    သားရဲ့ ဖေ့ဘွတ်ခ်နဲ့ အီးမေးလ်ကလည်း ရှဲလိုက်ပါ့မယ် အရီးရေ …
    သားကြည့်တဲ့ အချိန်မှာတော့ ၂၅ဝ ပဲ ရှိပါကြောင်း …

  • ဆူး

    June 30, 2012 at 2:28 pm

    253 ပဲ ရှိပါသေးကြောင်း.. မြန်မြန် ဆန်ဆန် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

  • အရီးခင်လတ်

    July 7, 2012 at 2:57 am

    Kyi Lwin ရှင့်
    ကျေးဇူး အထူးတင်ရှိပါတယ်။
    လေးစားစွာဖြင့် 🙂

  • Thekka

    July 10, 2012 at 3:58 pm

    အများအတွက် ကိုယ်မဆိုင်သလို နေတဲ့အကျင့်ကို ပြင်ချင်လို့ ဝင်ပြီး sign up လုပ်ထားပါတယ်ရှင်။ သူငယ်ချင်းတွေကိုလည်း ရှယ်လိုက်ပါမယ်။

  • ရွာစားကျော်

    July 16, 2012 at 1:22 pm

    အရမ်းကို နောက်ကျနေမှကို sign up လုပ်ဖြစ်တော့တယ်.. ခွင့်လွှတ်ပါဗျာ
    327 ယောက်ပဲ ရှိသေးပါလား..

  • Aung

    July 16, 2012 at 8:04 pm

    zip code ဘယ်လိုဖြည့်ရမလဲ?
    state ဘယ်လိုဖြည့်ရမလဲ?

  • Aung

    July 16, 2012 at 9:12 pm

    ကျွန်တော် ဆိုင်းတာ အယ်ရာဘဲ ပြနေတယ် ဘယ်နားမှားလည်း မသိဘူး

    • အရီးခင်လတ်

      July 17, 2012 at 3:45 am

      မောင်အောင် ရေ ဆူး ရဲ့ မှတ်ချက်လေးအတိုင်း လုပ်ကြည့်ပါလား။
      ကျေးဇူးပါကွယ်။

      ဆူး says:
      ဆူး ရေးတာတော့ အဆင်ပြေသား.. နာမည် နဲ့ အီးမေး ထည့်တယ်။ ရန်ကုန် ဆိုတာ ထည့်လိုက်တယ်။
      ဘာမှ ထပ်ပြီး မတောင်းဘူး။
      ဖေ့ဘွတ်ကနေပြီး အင်ဗိုက်ဖို့ အတွက် စာမျက်နှာလေး ကျလာတယ်။ အင်ဗိုက် လုပ်နေတယ်။
      ပြီးတော့ ကွန်မန့် အနေနဲ့ စာရေးပြီးတောင် ထားခဲ့သေးတယ်။

  • အရီးခင်လတ်

    July 17, 2012 at 3:48 am

    သူကြီး ရှင့်

    မနက်ဖြန် ည ဆိုရင် ဒါကို ဖြုတ် လိုက်လို့ ရပါပြီ။
    ထိပ်မှာ တင်ပေးထားလို့ ကျေးဇူးအလွန်တင်ရှိပါတယ်။

    သုံးရာ ကျော် ဆိုလည်း မဆိုးပါဘူး။
    ဒါမျိုး က အစ ဘဲ ရှိပါသေးတယ်။
    နောက် ထပ်ကြိုးစားကြသေးတာပေါ့။

    အားလုံး ကို လဲ ကျေးဇူးတင်ပါတယ်။ 🙂

  • shwe kyi

    July 17, 2012 at 9:48 am

    အရီးရေ အမြဲဝင်ကြည့်ဖြစ်ပါတယ်။ အားမလိုအားမရလဲဖြစ်ရတယ်။ ရွှေကြည်သူငယ်ချင်းတွေအားလုံးတော့ ကုန်ပြီ အားလုံးတက်တက်ကြွကြွ လက်မှတ်ထိုုးကြပါတယ်။ သုံးရာကျော်တောင်ဆိုတော့ တော်ပါသေးတယ်။
    အရီးကိုလည်းကျေးဇူးတင်ပါတယ်။ ရွှေကြည်တို့ဆန္ဒလေးကိုထုတ်ဖော်ခွင့်လေးကိုဖန်တီးပေးလို့လေ။

Leave a Reply