ဟာသ ..

ကျွန်တော် ရွာထဲကို ပိုစ့် မတင်ဖြစ်တာ ကြာပါပြီ .. အလုပ်ကိစ္စများနေတာနဲ့ ဖတ်ပဲ ဖတ်ဖြစ်တာ များပါတယ် ..စိတ်မကောင်းစရာ တွေလဲ ကြားရ . ကျွန်တော်လည်း ဓါတ်ပုံပြပွဲ အတွက် စာအုပ်ဖတ်ရင်းနဲ့ ဟာသလေး တွေ့လို့ တင်ပေးလိုက်ပါတယ်နော် ..မြဝတီ မဂ္ဂဇင်းမှာ ပါတာပါ 2010 ဇူလိုင်လ ထုတ် ဖြစ်ပါတယ် .. ဖတ်ပြီးသား ဆိုရင်လည်း ထပ်ဖတ်စေချင်ပါတယ် .. 😀
ကဲ ရေးပါပြီ ..
ဆရာဝန် ဟာသများ

၁။ တစ်ယောက်တစ်မျိုးစီ
ဆရာဝန် ။ ။ ခုတင်ပေါ်ထိုင်ပြီး လေထဲက ဘာတွေကို လှမ်းပြီးယူနေတာလဲ?
စိတ္တဇလူနာ ။ ။ ကောင်းကင်က ကြယ်တွေကို ကစားဖို့လှမ်းယူနေတာပါ ..
ဆရာဝန် ။ ။ ဒီဘက်ကုတင်ကလည်း ပြောပါဦး၊ လေထဲကိုဘာတွေပစ်တင်နေတာလဲ?
ဒုတိယလူနာ ။ ။ ဟိုဘက်ကကောင်က ကြယ်တွေကိုလှမ်းယူနေတော့ ကောင်းကင်ကြီးက ညဘက်ဆိုမှောင်သွားမှာပေါ့ ၊ဒါကြောင့် ကြယ်တွေကို ပြန်ပစ်တင်ပေးနေတာ ..
ဆရာဝန် ။ ။ ကဲ – ဒီတစ်ယောက်ကကော ပါးစပ်က မော်တော်ကား သံ လုပ်ပြီး ကားမောင်းနေတာ ဘယ်သွားမလို့လဲ ?
တတိယလူနာ ။ ။ဟို အရူး နှစ်ကောင်နဲ့ ဝေးရာကို သွားမလု့ိပါ … ။
၂။
ဒါကတော့ ရယ်စရာ မဂ္ဂဇင်း ကပါ ..
သူ့အတွေး၊ သူ့အမြင်
မူလတန်းစာသင်ခန်းတွင်ဖြစ်၏ ။ ဆရာသည် ဘာသာရေးဆိုင်ရာသင်ခန်းစာများကို ကလေးများအား သင်ကြားနေ၏။ ကောင်းမွန်သော ကုလိုလ်အလုပ်ကို လုပ်သူများသည် ကောင်းကင်ဘုံသို့သွားကြရကြောင်း ဆရာက ရှင်းပြရင်း ကျောင်းသားလေး များကိုမေးလိုက်သည် ။
“ဟုတ်ပါပြီ ၊ ဒီလိုဆိုတော့ မင်းတို့အထဲမှာ ကောင်းကင်ဘုံကို သွားချင်တဲ့သူတွေ ရှိရင် လက်ထောင်ကြစမ်း ”
ဒင်နီရယ် မှ လွဲ၍ ကလေး အားလုံးလက်ထောင်သည်။ ဆရာသည် နားမလည်နိုင်စွာဖြင့်
“ ဒင်နီရယ်.. သားက ဘာလို့ ကောင်းကင်ဘုံကို မသွားချင်ရတာလဲ ? ”
ဒင်နီရယ် ကပြန်ဖြေသည် ။ “မေမေမှာထားလို့ပါဆရာ၊ ကျောင်းဆင်းရင် အိမ်ကို တန်းပြန်ခဲ့ရမယ်တဲ့ ”

19 comments

  • ချစ်ရင်ထူးနှစ်

    June 18, 2012 at 12:41 pm

    ရေးနေရင်းကနေ ဘိုဖစ်သွားတယ်မသိပါဘူး .. ကွန်ကြောင့်ဖြစ်မယ်ထင်ပါတယ်..
    နောက်နေ့မှ ထပ်တင်ပေးပါ့မယ်နော် ..
    ခင်တဲ့
    chit

    • mama noyar

      June 18, 2012 at 12:56 pm

      ပြုံးမိပါတယ်

  • mayjuly

    June 18, 2012 at 1:04 pm

    ဟုတ် အားပေးသွားပါတယ်ဗျာ …

    ကို ချစ်ရင်ထူး က နှစ်ယောက်ဖြစ်နေပါတယ်…

    ချစ်ရင်ထူး နှစ် က အလှူ လိုက်တဲ့ တစ်ယောက်လားဟင် …

    • ချစ်ရင်ထူးနှစ်

      June 18, 2012 at 8:44 pm

      ဟုတ်ကဲ့ ခင်ဗျ .. သားက အလှူ တုန်းက လိုက်ခဲ့တဲ့ တစ်ယောက်ပါ.. နာမည်တူ ရှိနေလို့
      ချစ်ရင်ထူး နှစ် လို့ ပြောင်းလိုက်တာပါ .. chityinhtoo374@gmail.com ပါခင်ဗျာ ..

      • pan pan

        June 18, 2012 at 10:44 pm

        တော်သေးတယ် ၃၇၆မဟုတ်လို့ 😆 ဟီဟိ
        ထပ်တင်ပေးဦး ချစ်ရင်ထူးနှစ်ရေ့
        ရယ်ရလို့ သဘောကြပါကြောင်း 🙂

        • ချစ်ရင်ထူးနှစ်

          June 19, 2012 at 9:34 am

          ပန်ပန် ရယ် .. သားက ခိုင်းစေ ရုံပါပဲနော် 🙂
          ပြောရက်လိုက်တာအေ..

  • မမ အညာသူ

    June 18, 2012 at 1:52 pm

    အဟက်….
    ကိုကိုချစ်ရင်ထူးရေ အားပေးနေပါတယ်နော်…….
    ညာ

    • ချစ်ရင်ထူးနှစ်

      June 18, 2012 at 8:54 pm

      ကျေးဇူးတင်ပါတယ် ခင်ဗျာ .. ကျွန်တော် ကိုယ်တိုင် ရေးနိုင်အောင် ကြိုးစားပါ့မယ် ..
      မမ အညာသူ.. အညာ ဘယ်နားကလဲ မသိဘူးနော်.. သူငယ်ချင်းထဲ အညာက ရှိလို့ပါ.

      • ကိုရင်စည်သူ

        June 18, 2012 at 10:43 pm

        စပြီ… အဲ့မှာ ဇာတ်လမ်းစတာပဲ… 😀 😀 😀
        ဦးဦး ချစ်ရင်ထူးနှုစ်ချင့်… တားတား အညာကပဲ…
        အစိပါ ဝါးလို့ရတဲ့ အသီးသီးတဲ့ ဘက်ကပါချင့်…
        ကြုံရင် ဝင်လာလည်လို့ ရပါတ်ချင့်… အဟီး.. 😛 😛

  • may flowers

    June 18, 2012 at 1:59 pm

    အားပေး ဖတ်ရှု ရယ်မောသွားပါကြောင်း………..။

  • Thel Nu Aye

    June 18, 2012 at 3:30 pm

    ထပ်မျှော်နေပါတယ်။ စိတ်ဖိစီးတာတွေကနေ ခဏကင်းကွာသွားလို့ ကျေးဇူးတင်ပါတယ်။

  • မောင်ပေ

    June 18, 2012 at 8:50 pm

    တစ်ဝက်ဘဲ ရီရသေးတယ်
    ဆက်တင်မှ ဆက်ဖတ်ပြီး ဆက်ရီမယ်ဗျို ့

  • ချစ်ရင်ထူးနှစ်

    June 18, 2012 at 9:04 pm

    နှစ်ခု ရေးထားတာလေ နှစ်ခါ ရီပေါ့လို့ .. နောက်တယ်နော် လေးလေးပေ ကလည်း .. ဟိဟိ.

  • ညလေး

    June 18, 2012 at 10:37 pm

    နှစ်ခုလုံးကို …အားပါးတ၇ရီသွားပါတယ်…..
    ကောင်လေးချစ်ရင်ထူးရယ်…..
    နောက်နှောင်ကြရင်လဲ……ဒီလိုထူးထူးထွေထွေရီစရာလေးတွေ………
    တင်ပေးစေချင်တယ်……
    ချဉ်နေတာလေး…..နဲနဲချိုသွားအောင်လို.ပါ….

  • Aung

    June 18, 2012 at 11:30 pm

    ရင်မောရတာတွေ စိတ်တိုရတာတွေ ကြားက
    ဒီပို့စ် လေးဖတ်ပြီး စိတ်ကြည်သွားရတဲ့ အတွက်
    ကျေးဇူးပါ

  • kaung lay

    June 19, 2012 at 9:31 am

    ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးး(ကောင်လေးရယ်နေပါသည်)

    • ချစ်ရင်ထူးနှစ်

      June 19, 2012 at 9:39 am

      ဟဲ့ .. နင်က ဘယ်ကနေ ရောက်လာတာတုန်း.. ကောင်လေး .. ပုံကတော့ စတုတ္ထမြန်မာ နိုင်ငံတော်ကို တည်ထောင်သူ ပုံနဲ့ .

  • Nyein Nyein

    June 19, 2012 at 9:56 am

    ကိုချစ်ရင်ထူးရေ…. အသက်ရှည်အောင်လုပ်ပေးလို့ကျေးဇူးပါနော်။ နောင်လည်း ဆက်တင်ပေးပါဦး။

Leave a Reply