သတင်းမီဒီယာ သမားများ ဘယ်နေရာကရပ်တည်မလဲ…

ကျူးကျော်ရပ်ကွက် ကို စည်းကမ်းမဲ့လို့ ဖျက်ခိုင်းတာကို
အဖျက်ခံရတဲ့ သူတွေ နေစရာမရှိတော့ဘူးဆိုပြီး သူတို့ဘဝ ပျက်ပါပြီဆိုပြီး
နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။

မဆလခေတ်ကတည်းက စက်ရုံတွေက အလုပ်မရှိခန့်ထားတဲ့ ပိုလျှံဝန်ထမ်းတွေ
ဖြုတ်ပစ်ခံခဲ့ရတဲ့ အတွက် သူတို့တွေ ဒုက္ခရော်နေပါပြီ ဆိုပြီး
နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။

လမ်းဘေး ကျူးကျော် ဈေးသည်တွေ ပလက်ဖေါင်း ဈေးသည်တွေကို
ဖယ်ရှားရှင်းလင်းရေးတွေ လုပ်တာကြောင့် လမ်းဘေးဈေးသည်တွေ
ဈေးမရောင်းရလို့ စားရမဲ့ သောက်ရမဲ့ ဖြစ်နေပါပြီလို့ ဆိုပြီး
နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။

စည်းကမ်းမဲ့လို့ စည်းကမ်းမရှိလိုု့ အခြားသူတွေကို ဒုက္ခရောက်စေလို့
ကိုယ့်စီးပွါး တခုထည်းကြည့်ပြီးလုပ်ချင်ရာ လုပ်နေသူတွေကို
တရားဥပဒေနဲ့ အညီ အရေးယူမှုတွေကြောင့် အဲဒီလူတွေ ဒုက္ခရောက်နေပြီ ဆိုပြီး
နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။

ဒါကြောင့်ပါ…
မီဒီယာသမားတွေ
ကိုယ်ပြောလိုက်တဲ့ သတင်းဟာ..
ကိုယ်ရေးလိုက်တဲ့သတင်းဟာ..
ကိုယ်ဖွလိုက်တဲ့ အကြောင်းဟာ…
ခံရတဲ့သူတွေဖက်က အမှန် ခံရတာဖြစ်ပေမဲ့ တကယ် တရားဥပဒေနဲ့ညီရဲ့လား…
နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးအတွက် အကျိုးရှိရဲ့လား..ဆိုတာ စဉ်းစားစေချင်တယ် ။

facebook မှ ကူးယူ တင်ပြပါသည် ။

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့.... နှဦေးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....