ဒီတစ်ခါတော့ စဉ်းစားမိတာတွေ ရေးထည့်လိုက်ပါတယ် လူတွေ စည်းကမ်းမရှိတဲ့ အကြောင်းလေးပေါ့ ကောင်းတဲ့ဘက်ကပဲ လှည့်တွေးလိုက်ပါတယ် လူတွေ စည်းကမ်းမရှိတဲ့ အကြောင်းပြောလို့ ကျုပ်မပါဘူး မထင်နဲ့ အဲဒီထဲမှာ ကျုပ်လဲ အပါအ၀င်ပဲ

မြန်မာလူမျိုးတွေက သခင်မျိုး ပီသလွန်းတယ်လေ လမ်းသွားရင် အမှိုက်ပစ်စရာရှိရင်တော့ ဘယ်နားနားကျကျ ပစ်ချခဲ့တယ်

အဲဒီအမှိုက်ကို ဘယ်သူသိမ်းသိမ်းပေါ့ ကွမ်းဝါးတဲ့သူတွေကလဲ အဒီလိုပဲ ကွမ်းသွေးကို တွေ့တဲ့နေရာမှာ ထွေးခဲ့ကြတယ် အဲဒီကွမ်းသွေး ဘယ်သူ ရှင်းရှင်းပေါ့ ဆေးလိပ်သောက်တဲ့သူတွေကလဲ လူကြားသူကြားမှာတောင် အမိန့်သားထိုင်ပြီး ဆေးလိပ်သောက်တယ် ဘေးက ကလေေးတွ လူကြီးတွေ အမျိုးသမီးတွေ ဆေးလိပ်ငွေ့ကြောင့် စိတ်ဒုက္ခရောက်နိုင်တာတွေ ထည့်မတွက်ကြဘူး ကျွန်တွေကြားထဲရောက်နေတဲ့ သခင်လို ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူသောက်ချင်တဲ့ ဆေးလိပ်ကိုသာ သောက်လိုက်တယ်။

အဲဒါကြောင့် မြန်မာလူမျိုးတွေက သခင်စိတ်ပီသလွန်းတယ်လို့ ပြောချင်တာ ဗိုလ်ချုပ်တို့ ခေတ်တုန်းကတော့ အင်္ဂလိပ်လက်အောက်မှာ ကျွန်စိတ်မပေါက်ပဲ သခင်စိတ်ပေါက်အောင် နာမည်ရဲ့ရှေ့က သခင်ဆိုတဲ့ ၀ိသေသတွေ ထည့်ခဲ့ကြပေမယ့်လို့ သူတို့က ပြည်သူပြည်သားတွေအတွက် အသက်ပေးပြီးတောင် သခင့်တာဝန်ထမ်းခဲ့ကြတယ် ။

အခုလူတွေက ရှေ့မှာ သခင်ဆိုတဲ့ ၀ိသေသတွေမထည့်ကြပေမယ် သူတို့ကိုယ်တိုင်ကလွဲရင် ကျန်တဲ့သူတွေကို ကျွန်လို သဘောထားတက်ခဲ့ကြတယ်လေ ဥပမာဗျာ မြို့တစ်မြို့ရဲ့ ရပ်ကွက်ထဲမှာ ရေမြောင်းက အမှိုက်တွေပိတ်ပြီး ရေလျှံနေတယ် အဲဒါကို စည်ပင်က လာမရှင်းသ၍ သူတို့ ဒီအတိုင်းပဲ ကြည့်နေကြတယ် အဲဒီရေတွေနဲ့ မြောင်းကို ပိတ်စေတဲ့ အမှိုက်တွေက ဘယ်သူပစ်လို့ ဘယ်သူတွေသုံးလို့ ရောက်လာတဲ့ အမှိုက်တွေ ရေတွေလဲဆိုတာ သူတို့ စဉ်းစားမိကြရဲ့လား မသိဘူးဗျာ့ .. ကျုပ်ကိုယ်တိုင်လဲ ပြောသာပြောရတာ အဲဒီလိုရပ်ကွက်ထဲရောက်နေရင် အဲဒါတွေ ရှင်းဖြစ်မလား မရှင်းဖြစ်မလားဆိုတာ မသေချာဘူးဗျာ့ … မြန်မာနိုင်ငံကြီးကတော့ ဘယ်လိုပဲ နည်းပညာတွေ တိုးတက်လာမယ်ပြောပြော အဲဒီလိုလူတွေ ကိုယ့်အသိစိတ်နဲ့ကို တာဝန်တွေ ယူချင်စိတ် မရှိသ၍တော့ တိုးတက်လာဖို့ဆိုတာ စဉ်းစားလို့ မဖြစ်သေးဘူးဗျာ့နော်..

တွေးမိသမျှလေးကို ရေးကြည့်ရပါတယ်

အမှားတွေ ပါရင်လဲ အများဒကာကလဲ ခွင့်လွှတ်နိုင်ကြပါစေဗျာ..

About သုနောင် မန်း

သုနောင် မန်း has written 7 post in this Website..