ဟာသလေးတွေပါ..ဖတ်ကြည့်ပြီးဝေဖန်ပေးကြဦးဗျာ….

khinmintatthuJune 23, 20101min600

သတင်းခေါင်းစဉ်

၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊
၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊
၄။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်
အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊
၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့်
စာအကြောင်းဆွေးနွေး၊
၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု
ကျွမ်းကျင်သူများပြောကြား၊
၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊
၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါက လေကောင်းလေသန့်ရနိုင်၊

ဘီယာအဖြတ်တော်သူ

တစ်ခါတုန်းက မိတ္ထီလာ နည်း ပညာ တက္ကသိုလ် ကြီးမှာပေါ့ သူငယ်ချင်း
သုံးယောက်ရှိတယ် -ကျော်ကြီး ရယ် ၊ ရဲ ကြီးရယ် ၊ မော် ကြီးရယ်တဲ့။
သူတို့က သောက်ဖော် သောက် ဖက် တွေပေါ့ ကွယ်။ သူတို့က အရမ်းချစ်ကြတဲ့အတွက်
သောက် တိုင်းမှာ ညီတူမျှတူ သောက်လေ့ ရှိတယ် တဲ့။တစ်နေ့ ကျောင် း
ပိတ်ချိန် သူတို့ ခွဲသွားရတဲ့အချိန်မှာ……………………….
ကျော်ကြီးတစ်ယောက်ထဲ ဘီယာဆိုင်ထဲ ဝင်လာသည်။ထို့နောက် ဘီယာသုံးခွက် မှာ
ပြီး တစ်ခွက်ပြီးတစ်ခွက် သောက်လေသည်။ထို့နောက် သုံးခွက် ထပ်
မှာသည်။ထိုအခါ စားပွဲ ထိုးက ဘီယာ အေးအေး သောက်ချင် ပါ က တစ် ခါထဲ
သုံးခွက် မှာ ရန် မလို ကြောင်း၊ တစ်ခွက် ကုန် လျှင် နောက်တစ်ခွက် သူငဲ့
ပေးမည် ဖြစ်ကြောင်းပြောလေသည်။ ထို အခါ
ကျော်ကြီး -မင်း ဘာသိလို့လဲ ကွ၊ ငါ့မှာ သူငယ်ချင်း နှစ်ယောက်ရှိသေးတယ်ကွ၊
သူတို့နှစ် ယောက်စာအတွက် ပါ သောက်နေတာ။
နေစဉ်နေတိုင်း ဘိတ် ကြီး သည် ထိုကဲ့သို့ သောက်လေသည်။တစ် လခန့် ကြာသောအခါ
ကျော်ကြီး တစ် ယောက် ဆိုင်ထဲ သို့ ဝင် လာ ကာ ဘီ ယာ နှစ်ခွက် သာ မှာ လေ
သည်။ ထိုအခါ
စားပွဲထိုး- နောင်ကြီး၊ ထူးဆန်းလှချည်လား၊ ခင်ဗျား သူငယ်ချင်း တစ် ယောက်
များ ဆုံး သွားလို့လားဗျာ။အဲဒီလို ဆို ရင် တော့ စိတ် မကောင်း ပါဘူး။
ကျော်ကြီး – ဟာ မဟုတ်တာဗျာ၊ ကျုပ်သူငယ် ချင်းတွေ ဘာမှ မဖြစ်ကြပါဘူး၊
စားပွဲထိုး- ဟင် ဒါဆို ၊ဘာလို့ ဘီယာနှစ်ခွက်ထဲ မှာ တာလဲဗျ။
ကျော်ကြီး -အော် ဒါလား ၊ ကျုပ် က ဘီယာ ဖြတ်လိုက် ပြီဗျ၊ ဒီ နှစ်ခွက် က
ကျုပ်သူငယ်ချင်းတွေ အတွက် သောက် တာ။

မှတ်ချက်။ မေးထဲမှ မျှဝေပေးခြင်းဖြစ်ပါသည်။