ဟုတ်တယ်ဗျ…။ ကျုပ်ပိုမပြောဘူး..။ ကြွားစရာလည်းမဟုတ်ပါဘူး…။ ဗမာနဲ့ အဆဲက ခွဲခြားလို့မှမရတာ…။ ဗမာလူမျိုးလောက် အဆဲသန်တာ… ထွင်ထွင်ကျည်ကျည်ဆဲတတ်တာ….။ ဘယ်လူမျိုး ကလိုက်လို့မှီိမလဲ…။ ရှိလည်းနဲနဲပေါ့ ….။ ဟုတ်ဘူးလား…။ ဗမာတွေ ပါးစပ်ကိုက ဆဲတာ အရသာတွေ့နေသလိုပဲ….။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့….။ ကျုပ်က ရွာတွေ လှည့်သွားလာခဲ့ဖူးတော့ ဆဲတာလာက်ကတော့ အဆန်းတစ်ကျယ်မဟုတ်တော့ဘူး…။ လူကြီးရှေ့မှာသာ မခုတ်တတ်တဲ့ ကြောင်လိုလုပ်နေတာ ….။ အပေါင်းအသင်းကြားရောက်ရင်ဆဲတာပဲ…။ ယောက်ျားလေးတွေမှဆဲတာလား မဟုတ်ဘူး…။ောင်မလေးတွေလည်း သူတို့အချင်းချင်းကျရင်ဆဲတာပဲ…။ ဆဲတာမှပျစ်ပျစ်နှစ်နှစ်ကိုဆဲတာ…။ မယုံမရှိနဲ့…။ မန္တလေးမှာကျောင်းတက်တုန်းက အနားမှဘယ်သူမှမရှိဘူးဆိုပြီး သူတို့ချည့် လွတ်လွတ်လပ်လပ်ဆဲနေတာ…။ ကျုပ်ကအနား ရောက်သွားတော့ကြားလိုက်ရတာ…။ ကဲ ဆဲတာက တော့ အကြောင်းမဟုတ်ဘူး…။ ဘာလို့ဆဲလဲ…။ မကျေနပ်လို့ အလိုမကျလို့ တစ်ခါတစ်လေကျတော့လည်း ဘာအကြောင်းမှမယ်မယ်ရရ မရှိပဲ ဆဲလိုက်ကြတာရှိတာပဲ…။ သူငယ်ချင်းတစ်ယောက်ရှိတယ်…။ သူ့ကိုသူကို သတိမထားမိပဲဆဲနေတတ်တာ…။ ကြည့်ဦးတွေ့တဲ့သူကိုနှုတ်ဆက်တာတဲ့…။
“ ဟေ့ကောင်ကြီး မသေသေးဘူးလား ငါက မင်းသေသွားပြီမှတ်တာ…။ ချီးမှပဲ ခုမှပေါ်လာတော့တယ်…။”
အဲဒိ ချီးမှပဲဆိုတာ ဆဲလိုက်တာပါ…။ အနားမှာရှိတဲ့ကျုပ်က
“ ဟေ့ကောင် ဆဲလှချည်လား” ဆိုတော့
“ ဟုတ်လား …။ ငါဆဲလိုက်မိလား”တဲ့…။ ကောင်းရော……..။ အဲဒိတော့ ဗမာတွေဟာ မေ့ပြီးတော့လည်း ဆဲတတ်တာပဲ…။ သိသိကြီးနဲ့လည်းဆဲလိုက်တာပဲ…။ တွေ့စ မရင်းနှီးခင်သာ ဟန်ဆောင်ပန်ဆောင်လုပ်ချင်လုပ်နေမယ်…။ လည်ပင်းဖက်ပေါင်းရလောက်အောင် ရင်းနှီးလာပြီဆိုရင် ဆဲခံရပြီသာမှတ်ပေရော့….ပဲ..။ ဗမာတွေ ဘယ်ကတည်းကဆဲတတ်လာသလဲ ဆိုတော့ ကလေးပေါက်စ စကာားပြောတ်ကာစ ကတည်းက အဆဲ နဲ့ စကားပြောတတ်လာတာ…။ သင်ပေးတဲ့သူကလည်း သင်ပေးတယ်…။ ကလေးပေါက်စ မပီကလ ပီကလာနဲ့ ဆဲ တာကို သဘောကျ ကြတယ်လေ…။ မဆဲဖို့ တားမြစ်တဲ့သူလည်း ရှိတော့ရှိပါတယ်..။ ဒါပေမဲ့ ဆဲဖို့ သင်ပေးတဲ့သူက များနေတာကိုး..။ ကလေးကလည်း ဆဲတာကို သဘောကျနေတယ်..။ နားလည် လို့တော့မဟုတ်ဘူး..။ သူ့ကို သင်နေကျ သမရိုးကျ စကားစု တွေမဟုတ်တော့ အထူးအဆန်းလိုပြောကြည့်နေတာ…။ လူကြီးတွေ မိဘတွေက သဘောကမကျတာကိုလည်း သဘောကျနေတာ…။ အဲဒိကတည်းကနေ အဆဲမျိုးစေ့ချလိုက်ကတာပဲ…။ နောက်တော့ တစ်စုံတစ်ခုကို သဘောမကျတိုင်း ဆဲနေမိတော့တာပဲ…။ ပထမတော့ နှုတ်ခမ်းလှုပ်ရုံ ဆဲတယ်..။ နောက် အသံထွက်ဆဲတယ်…။ သူ့ဒေါသ အတိုင်းအတာမြင့်လေ….. အသံပိုကျယ်ကျယ် ဆဲလေပဲ…။ တောရွာတွေမှာနေတဲ့ တောသူတောင်သားတွေက ပိုဆိုးသေးတယ်…။ မနက်မိုးလင်းကတည်း ဆဲလိုက်ကတမိုးကိုမွှန်လို့…။ အချင်းချင်းလို ဖြစ်နေကုန်တော့ ရှောင်စရာလည်းမလိုတော့ဘူးလေ…….။ ယောက်ျားလေးတွေကလည်း မိန်းကလေးတွေရှေ့ မရှောင်ဘူး…။ မိန်းကလေးတွေကလည်း ယောက်ျားလေးတွေရှေ့ မရှောင်နိုင်ဘူး…။ လွတ်လွတ်လပ်လပ် ဆဲကြတာပဲ…။ တစ်ခါတစ်ရံ ဧည့်သည် လာတဲ့အချိန်လောက်ပဲ ရှောင်ကြတာ…။ ဒါတောင် မသိချင်ယောင်ဆောင်ပြီး ဆဲပြီးမှ ကန့်တော့ လုပ်ချင်လုပ်သေးတာ….။ တစ်ကယ်တော့ ဆဲတာကို အကျင့်ပါနေကြတာပါ…။ ဘယ်သူ့ဘယ်သူက မှ မတားမြစ်ကြပါဘူး…။ လူတိုင်းဆဲနေကြတာဆိုတော့ အဆန်းတစ်ကြယ်လည်း မဖြစ်ကြပါဘူး…။ ရိုးနေပါပြီ…။ မြို့မှာနေဖူးတဲ့သူက သာ ဟန်ဆောင်ပန်ဆောင်နဲ့ ဆဲတာ ရှက်သလိုလို ရွံ့  သလိုလို ဖြစ်နေကြတာ…။ မြို့ မှာကော ဆဲတဲ့သူမရှိဘူးလား ….။ ရှိတာပါပဲ…။ တောမှာလိုတော့ ခပ်ရိုင်းရိုင်း မဆဲကြဖူးပေါ့…။ အဲ လင်မယားချင်း ရန်ဖြစ်ရင်တော့ ရှိတာအကုန်ထုတ်ဆဲတော့တာပဲ…။ နေ၀န်းနီ သူငယ်ချင်းကတော့ ပြောဖူးတယ်…။ ဆဲတာဟာ ဆင်းရဲတာနဲ့ ဒွန့်တွဲနေသတဲ့…။ ချမ်းသာတဲ့ သူထက် ဆင်းရဲတဲ့သူကပို ဆဲသတဲ့ …။ ဘာလို့လဲဆို သူတို့ မှာ မကျေနပ်ချက်တွေ အလိုမကျမှုတွေ ပိုဖြစ်လို့တဲ့…။ ကျေနပ်မှုတွေ အလိုကျမှုတွေ များလာရင် လူတွေ ဟ ဆဲတာ လျော့ ကျသွားသတဲ့…။ ဟုတ်မဟုတ်တော့မသိဘူးနော်…။
နေ၀န်းနီတွေ့ဘူးတာကတော့ ဗမာတွေဟာ ချစ်ရင်လည်း အဆဲလေးနဲ့ ….။ နှုတ်ဆက်တတ်တာကိုပါ….။ ကျေနပ်ရင်လည်းဆဲတာပါပဲ…။ အဲ လေသံလေးတော့ ပြောင်းသွားတာပေါ့….။ အဲဒိဆဲတာကိုက ဘယ်နှစ်ရာစုလောက်ကတည်းက အမြစ်တွယ်နေမှန်းမသိတာ….။ သေချာတာကတော့ ဆဲရုံကလွဲပြီး တစ်ခြားမတတ်နိုင်လို့ လုပ်စရာမရှိလို့ ဆဲနေကြတာလို့ပြောရမယ်နဲ့တူရဲ့…။ နေ့စဉ်ပုံမှန်လုပ်နေကျ သမရိုးကျ အလုပ်ထက်ပိုပြီး လုပ်စရာ ကိုင်စရာမရှိ ပြီးတော့ လ္ဘက်ရည်ဆိုင် ဘီယာဆိုမှာ အချိန်ကုန်…။ လမ်းဘေး ဇယ်တော်ခုံ ဘိလိယက်ခုံမှာ အချိန်ဖြုန်းနဲ့ ဒီထက်နဲနဲ ဆိုးတာက နှစ်လုံး သုံးလုံး ထိုးးရင်း မကျေနပ်တာ အဆင်ပြေတာ ကိုထင်သလိုဖြစ်မလာတိုင်းဆဲနေကြတော့တာ….။ အလုပ်လား ….။ရန်ကုန်မန္တလေး မြို့ကြီးတွေမှာ အချိန်လုပြီးလုပ်နေကရတာပါဗျာ …။ နယ်မှာ လာကြည့် လက်ဆွဲပြမယ်…။ အလုပ်တွေ လုပ်စရာမရှိလို့ အချိန်တွေ ပိုနေတဲ့သူတွေ….။ အဲဒိတော့ မကျေနပ်တိုင်း လေတိုက်တိုင်း ဆဲနေကြတဆန်းသလား …။ တစ်ခြားဘာ မှမှ မလုပ်နိုင်တဲ့ဟာ ဆဲတာနဲ့ပဲ အနိုင်ယူလိုက်တာပေါ့….။ ဗမာစကားလည်း ရှိသား “ အောက်ကသာရောက်နေတာ ….. ငါ့ -ီး က တစ်ပြားမှမလျာ့ဘူး” ဆိုတာလိုပဲ….။ အဲဒိတော့ …………
ဗမာာမှန်ရင်………………

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010