ဟိုတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိခဲ့တယ် သားလုပ်သူက သူငယ်ချင်းတွေနဲ့ ရှောက်လည်နေပြီး အလုပ်လဲ မလုပ် နဲ့ အမြဲတန်းရှောက်သွားနေတာ ဖအေကပြောလဲမရဘူး ဘယ်သွားလဲ မေးရင် မိတ်ဆွေတွေစီ မိတ်ဆွေတွေစီနဲ့ပြောလွန်းတော့ ဖအေက သူ့သားကို မိတ်ဆွေအကြောင်း ပြချင်တာနဲ့ မင်းမှာ မိတ်ဆွေတွေ တော်တော်များနေပြီလားလို့ မေးတယ် သားကလဲ အများကြီးရှိတာပေါ့လို့ ပြောတယ် အဖေ့မှာရော မရှိဘူးလားလို့ မေးတယ် ငါ့မှာတော့ မင်းလို အများကြီး မရှိဘူး တစ်ယောက်နဲ့ တစ်ခြမ်းပဲ ရှိတယ်လို့ ဖြေတယ်..

မင်းရဲ့ မိတ်ဆွေတွေကို စမ်းသပ်ရအောင်လို့ ဖအေက ပြောတယ် သူတို့နှစ် သူပုန်လိုလို ဓားပြလိုလိုနဲ့ မျက်နှာဖုံးတွေ ဖုံးပြီး မြင်းစီးပြီး သားရဲ့ သူငယ်ချင်းတွေအိမ်သွားကြတယ် ဟိုရောက်တော့ ဟာ သူငယ်ချင်း မင်းဘာဖြစ်လာတာလဲလို့ သားသူငယ်ချင်းက မေးတယ် တို့သားအဖနှစ်ယောက် ရာဇ၀တ်မှုဖြစ်လာလို့ ပြေးလာတာ မင်းအိမ်မှာ ခဏခိုလို့ ရမလားလို့ မေးတော့ သူငယ်ချင်းက ဟာ မဖြစ်ဘူး ဘေးအိမ်က မင်းမှုထမ်းကွ ငါတို့ပါ အမှုပတ်လိမ့်မယ် ဒီပြင်နေရာကို မြန်မြန်သွားလို့ နှင်လွှတ်လိုက်တယ် အဲဒီလိုနဲ့ တစ်အိမ်ပြီးတစ်အိမ် ၀င်လာတာ သားရဲ့ သူငယ်ချင်းတွေက တစ်ယောက်မှ လက်မခံကြဘူး ဖအေက ပြောတယ် သားရေ မင်းသူငယ်ချင်းတွေတော့ ကုန်ပြီး အဖေ့ မိတ်ဆွေစီ သွားကြတာပေါ့ကွာလို့ ပြောပြီး အိမ်တစ်အိမ်ကို သွားတယ် ဟိုရောက်ောတ့ ဟာသူငယ်ချင်း ဘာဖြစ်လာတာလဲ မင်းက ဆိုတော့ ငါ့တို့ ရာဇ၀တ်မှုဖြစ်လာလို့ သူငယ်ချင်းရေ အဲဒါ မင်းလာပုန်းတာ မဖြစ်လွန်းလို့ပါ မင်းကိုတော့ ဒုက္ခ မပေးချင်ပါဘူးလို့ပြောတော့ ဟာသူငယ်ချင်း မပူနဲ့ ငါတာဝန်ယူတယ် ဒီမှာနေလို့တော့ မဖြစ်ဘူး ဒီပြင်နေရာကို ငါလိုက်ပို့မယ် မင်းတို့မှာ သုံးစရာ ပိုက်ဆံရောပါကြရဲ့လား

မပါဘူးသူငယ်ချင်းဆိုတော့ အဲဒါလဲ မပူနဲ့ ငါပေးလိုက်မယ်လို့ ဖအေရဲ့ မိတ်ဆွေကပြောတယ် ထမင်းလေးဘာလေး စားကြဦး ပြီးရင် လုံခြုံတဲ့ နေရာ ငါလိုက်ပို့မယ်လိုပြောတယ် အဲဒီတော့ ဖအေက နေပါစေသူငယ်ချင်းရာ ငါမင်းကို ဒုက္ခ မပေးတော့ပါဘူး တို့ဘာသာ သွားပါတော့မယ်

နောက်မှပဲ မင်းစီလာတော့မယ်ဆိုတော့ အေးကွာ ငါ စိတ်မကောင်းဘူး သုံးစရာ ပိုက်ဆံလေးတော့ ယူသွားကွာနော်..

အဲဒါနဲ့ သားအဖနှစ်ယောက် အဲဒီအိမ်က ထွက်လာတယ် အိမ်ရှင်ကတော့ အိမ်ပေါက်ဝကနေ သူတို့ အဝေးကြီး ရောက်တဲ့ထိ လိုက်ကြည့်နေတယ် အဲဒါကို သားက လှည့်ကြည့်တော့ ဖအေက ပြောတယ် အဲဒါ အဖေ့သူငယ်ချင်း တစ်ခြမ်းကွလို့ ပြောတယ်

နောက်တစ်ယောက်စီ သွားကြတာပါ့လို့ ပြောပြီး ရွာတစ်ရွာကို မြင်းစီးပြီး သွားကြတယ် အဲဒီမှာ ဖအေရဲ့ မိတ်ဆွေအိမ်နဲ့ နီးလာတော့ အိမ်ရှင်က မြင်းတွေပြေးလာတာ မြင်တော့ ကြည့်လိုက်တယ် ဟာ ငါ့မိတ်ဆွေနဲ့ တူလိုက်တာဆိုပြီး လမ်းထွက်စောင့်နေတယ် အိမ်ရှေ့ရောက်လို့ မိတ်ဆွေမှန်း သေချာတော့ ဟာ သူငယ်ချင်း ဘာဖြစ်လာတာလဲ လို့ မေးတော့ ရာဇ၀တ်မှုဖြစ်လာလို့လဲ ဖြေလိုက်ရော

ဟာ အဲလိုဆိုရင် အိမ်ထဲ မြန်မြန်ဝင် ငါ အပြင်ဘက် ဓားကိုင်စောင့်နေမယ်လို့ ပြောလိုက်တယ် အဲဒါကို ဖအေက သူ့သားကို ပြောလိုက်တယ် အဲဒါ င့ါမိတ်ဆွေ တစ်ယောက်ကွလို့ ပြောလိုက်တယ်။

စာဖတ်သူအားလုံး မိတ်ဆွေ အယောက်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ…

About သုနောင် မန်း

သုနောင် မန်း has written 7 post in this Website..