လူထက်လွန်လူသား အတွက် မွှေးနေ့ ဂုဏ်ပြုကဗျာ မနက်ဖြန်မွေးနေ့

SonnyJune 18, 20121min20931

 

အမေစုမွေးနေ့လက်ဆောင်ကဗျာ 19th June 2012

 

“လူထက်လွန်တဲ့လူသား”

 

အကျယ်ချုပ်

ဟုတ်?

လူကိုသာချုပ်လို့ရ

စိတ်ကတော့ဝေလာဝေး။

အချိန်တွေ

အလကားမထား

“Fear”ဝေလာဝေး။

ရှိပြီးသားစွန့်

လူထက်လွန်တဲ့ လူသား

ဖြစ်နိုင်ရင်

အမေစုရေ

အသက်ငယ်စေလို

လိုအပ်ရင် သား ရဲ့

အသက်သက်တမ်း

တစ်ဝက်လောက်ကမ်းချင်

ပြည်သူတွေချစ်တဲ့ပန်း..မို့

(အမြဲ)လန်းစေလို လို့ပါ။

ချစ်ခြင်းအားဖြင့်….ကိုဆန်နီ..

အမေစု သက် ကျော်ရာကျော်ရှည်ပါစေ။

 

 

 

31 comments

  • shwe kyi

    June 18, 2012 at 1:39 pm

    လူထက်လွန်တဲ့ လူသားမို့
    သက်တန်းကို ကျော်လွန်လို့
    ပြည်သူချစ်တဲ့ အနှိုင်းမဲ့ပန်း
    ခမ်းနာစွာကြွားဝင့် အစဉ်သာပွင့်ပါစေ။

    အန်တီ အသက်ရာကျော်ရှည်ပါစေ။ ကျန်းမာရွင်လန်းပါစေ။

    အရမ်းကို ကောင်းတဲ့ကဗျာလေးပါကိုဆန်နီ။

    • Sonny

      June 19, 2012 at 1:02 pm

      shwe kyi
      ကျေးဇူးတင်လျက်ပါ
      တွေ့ရတာဝမ်းသာပါတယ်
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..

  • may flowers

    June 18, 2012 at 2:01 pm

    မွေးနေ့ရာကျော်နေနိုင်ပါစေ အမေ………….လို့ဆုတောင်းရင်း……………အားပေးဖတ်ရှုသွားပါတယ်။

    • Sonny

      June 19, 2012 at 1:04 pm

      may flowers
      အားပေးမှု့ကိုလေးစားလျက်ပါ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • mayjuly

    June 18, 2012 at 2:15 pm

    အမေ သားတစ်ယောက်တိုး သွားပီပေါ့ …

    ကဗျာလေးကို အားပေးသွားပါတယ်…

    • Sonny

      June 19, 2012 at 1:07 pm

      mayjuly ရေ..
      ဆုံတွေ့ရတာဝမ်းသာပါတယ်
      အမေစု သား ဖြစ်ဖို့ အရည်အချင်း မမှီနိုင်လောက်ပါဘူးခင်ဗျာ
      သူ့သားဖြစ်ဖို့ကတော့ ကိုဆန်နီ disorganized ဖြစ်တာနဲ့တင် အဆူ ခံ နေရမှာ
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

  • နွယ်ပင်

    June 18, 2012 at 2:29 pm

    အမေစုရဲ့ ၆ရနှစ်ပြည့်မွေးနေ့အခါသမယမှစလို့ ကျန်းမာပျော်ရွှင်ပြီး
    သက်တော်ရာကျော်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ….

    • Sonny

      June 19, 2012 at 1:09 pm

      နွယ်ပင် ရေ..
      ဆုတောင်းတိုင်း အမေစု ပြည့်ပါစေသား
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • TTNU

    June 18, 2012 at 2:32 pm

    လူသားတစ်ယောက် သက်တမ်းပိုကြာကြာနေရအောင်
    မိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ ချစ်သူခင်သူတွေက နှစ်တွေ လတွေ ပေးလို့ရသလားလို့
    တရားဟောတဲ့ဘုန်းတော်ကြီးကမေးတော့ ကျမ ရယ်မိတယ်။
    မရနှိုင်တာ။ မေးစရာမဟုတ်ပါရက်နဲ့လို့လေ။ ဘုန်းကြီးကတော့ သူများဘာမှလုပ်ပေးလို့
    မရဘူး၊ ကိုယ်ကျင့်မှ ကိုယ်အားထုတ်မှ ဆိုတဲ့ သဘောတရားပြောပြတာပါ။

    ဒါပေမဲ့ SUU ကို နိုဘယ်ဆုယူဖို့ သွားလှုပ်ရှားဟောပြောနေပုံတွေ
    ပင်ပန်းနွမ်းနယ်နေပုံလေးတွေ မြင်ရတော့ သားကိုပြောမိတယ်။
    ” SUU ကို နောက်ထပ် ၁ဝနှစ်လောက် ငယ်စေချင်လိုက်တာကွယ်။ အမေ့သက်တမ်းထဲက
    (၁ဝ)နှစ်လောက်ပေးလို့ရရင် ပေးလိုက်စမ်းချင်တယ်၊ အမေ အသက်(၇ဝ) ကျော်သွားလည်း
    နေရသလောက်ပဲနေမယ်ကွာ၊ ရပါတယ်” လို့။

    တရားနာတုန်းက ဘုန်းကြီးပြောတာကို ရယ်မိတဲ့ကျမ
    အခုငိုချင်လိုက်တာ။ သက်တမ်းတိုးအောင်မျှပေးချင်လို့ပါ။

    ကဗျာလှလှလေးစပ်ပေးတဲ့ ကိုဆန်နီရေ.. ကျေးဇူးတင်ပါတယ်။

    • Sonny

      June 19, 2012 at 1:12 pm

      ွွှှTTNu ရေ…
      THANK U FOR ALL THE THOUGHTS YOU SHARED.
      WITH LOVE,
      SONNY

  • စိန်ဗိုက်ဗိုက်

    June 18, 2012 at 2:36 pm

    အွန်လိုင်းမှာ ပို ့စ်ကဒ်လေးတွေ တင်ထားကြတာတော့ တွေ ့မိသဗျာ..
    ပြည်သူတွေချစ်တဲ့ပန်း..မို့
    (အမြဲ)လန်းစေချင်သဖြင့်
    အန်တီစု သက်တော်ရာကျော် ရှည်ပါစေခင်ဗျား..

    • htoosan

      June 18, 2012 at 5:17 pm

      အမေစု မွေးနေ့အတွက် ရွာက ပန်းချီဆွဲတတ်သူများက ပန်းချီ ၊ ကဗျာ ဆရာ/မ များက ကဗျာများ ။ ကာတွန်း နဲ့ ဓါတ်ပုံ ဆရာ/မ များ ကလည်း ကိုယ်ပိုင်ရာသန်ရာလေးတွေ သူကြီးဆီ ဝိုင်းပို့ပြီး ရွာ့ မွေးနေ့ဆုတောင်း အနေနဲ့ သူကြီးက ပိုစ်တင်ပေးနိုင်ရင်ကောင်းမှာ။
      လေဘဲ ရတဲ့ကျွန်တော်ကတော့ လေတိုက်လိုက်ပြီ ကိုှဗိုက်ရေ ..

    • Sonny

      June 19, 2012 at 1:14 pm

      စိန်ဗိုက်ဗိုက် ရေ..
      ပိုစ်ကဒ်လေးတွေ
      ဘယ်နားများတင်ထားလည်းကြည့်ပါရစေ
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

  • Thel Nu Aye

    June 18, 2012 at 3:15 pm

    မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာဖြတ်ကျော်နိုင်ပါစေ။

    • Sonny

      June 19, 2012 at 1:15 pm

      ွှThel Nu
      ကျေးဇူးတင်တယ်နော်
      သဲနုလည်းပျော်ပါစေ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • water-melon

    June 18, 2012 at 6:22 pm

    အမေစု
    နောက်နှစ်ပေါင်းများစွာ ကျန်းမာချမ်းသာပါစေ
    မြေးတွေနဲ့အတူတူနေနိုင်ပါစေလို့
    ဆုတောင်းပေးပါတယ်

    • Sonny

      June 19, 2012 at 1:16 pm

      ွှ့Thank u watermelon
      With love,
      Ko Sonny

  • MaMa

    June 18, 2012 at 6:33 pm

    လူထက်လွန် လူသား ဆိုတဲ့ ခေါင်းစဉ်လေး ဖတ်ပြီး ထိုက်တန်စွာ ခေါ်ဆိုတယ်လို့ မှတ်ယူပါတယ်။

    (ပြည်သူတွေချစ်တဲ့ပန်း..မို့
    (အမြဲ)လန်းစေလို လို့ပါ။)
    ဆိုတဲ့ ဆန္ဒကတော့ အားလုံးရဲ့ ရင်ထဲက ဆန္ဒလေးကို ဖော်ထုတ်ပြလိုက်သလိုပါပဲ။
    🙂

    • Sonny

      June 19, 2012 at 1:19 pm

      မမရေ..
      တကယ့် superwoman ပါ နော်
      တိုင်းပြည်အတွက် ဆိုတဲ့ စေတနာတွေ
      အမေစု မှာ အပြည့်ရှိပါတယ်
      တကယ်ဆို အရွယ် အရ..ပင်ပန်းရှာမယ်ထင်ပါတယ်
      အေးလေ…အမေစု အတွက် ဖေးကူကြရင်း ….
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • ဝေးလွင့်တိမ်

    June 18, 2012 at 7:07 pm

    အန်တီ အောင်ဆန်းစုကြည် ကျန်းမာပါစေဗျာ ။ အဖေ့စကားကိုမြေဝယ်မကျနားထောင်ပြီး ဖြစ်အောင်လုပ်တဲ့သမီးလိမ်မာလေး … ။ ဗိုလ်ချုပ်က ရခိုင်ကအပြန်မှာ အညာဒေသမှာ စင်ပေါ်တက်ပြီးပြောသွားလိုက်တာ ဘာတဲ့ “ ရခိုင်နဲ့မြွေပွေးအတူတွေ့ရင် ရခိုင်ကိုအရင်သတ်ပါ .. မြွေပွေးကိုနောက်မှသတ်ပါ ´´ တဲ့ .. ။ ကျွန်တော်တို့ရခိုင်တွေ မျိုးမပြုတ်သေးသရွေ့တော့ ဒုက္ခတွေရင်စီးခံရင်း အမျိုးချစ်ပြလိုက်ဦးမယ်ဗျာ … ။ ရခိုင်လူမျိုးပျောက်တဲ့နေ့ ၊ မြန်မာနိုင်ငံရဲ့ အနောက်တံခါးကြီးကျိုးတဲ့နေ့ ၊ အန်တီစုချစ်တဲ့ မြန်မာနိုင်ငံ အေးချမ်းစွာသူ့ကျွန်ဘဝရောက်ပြီလို့သာမှတ်လိုက်ပြီတော့ဗျို့ ။ ဘာပဲဖြစ်ဖြစ် စွမ်းဆောင်မှုတွေအတွက်လေးစားပါတယ် ။ အနစ်နာခံခဲ့မှုတွေအတွက် ဂုဏ်ယူပါတယ် ။ကျန်းမာပါစေ ။

  • padonmar

    June 18, 2012 at 8:24 pm

    လေဒဏ်နေဒဏ် မိုးသက်မုန်တိုင်းဒဏ်ကြံ့ကြံ့ခံနိုင်တဲ့ ပြည်သူချစ်သောပန်း ဒေါ်စုအတွက်

    ရာသီဥတုဒဏ်ခံနိုင်ရည်ရှိတဲ့ ပန်းမျိုးစိတ်သစ်ကလေးများတွေ့ခဲ့ရင် ပန်းကလေးနာမည်ကို “စု”လို့ ပေးချင်ပါတယ်။

    ကျန်းကျန်းမာမာနဲ့ သက်တော်ရာကျော်ရှည်ပါစေ။

    • Sonny

      June 19, 2012 at 1:22 pm

      Hi.padonmar
      So the new specie of flower will be
      Su Padonmar? Because you will have found out?
      With love,
      Sonny

  • AKKO

    June 18, 2012 at 8:30 pm

    အမေစုရဲ့ ယခုနှစ်မွေးနေ့မှသည် အသက်ရာကျော်ရှည်ပါစေ ။
    ကျန်းမာပြီး ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင် နိုင်ပါစေ ။

    • Sonny

      June 19, 2012 at 1:23 pm

      ်ွှ့Thnak u..AKKO
      with love
      Sonny

  • အရီး Khin Latt

    June 18, 2012 at 8:35 pm

    ပြည်သူတွေ အတွက် ပေးဆပ်ထားသူကို ပြန်ပြီး ပေးဆပ်ထားတဲ့ စာလုံးလေးတွေကို ခံစားပြီး ဖတ်သွားပါတယ် ကိုဆန်နီ ရှင့်။

    ဒေါ်အောင်ဆန်းစုကြည် ကို/က ချစ်သော ပြည်သူ များရဲ့ ပို့သတဲ့ ဆုတောင်း မေတ္တာ နဲ့ သူမ သည် အသက်ရှည်ရှည် အနာကင်းကင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာ ရှိပါစေ။

    သူမ ချစ်သော တိုင်းပြည် နဲ့ ပြည်သူ များ ရဲ့ အနာဂါတ်ကို လှပအောင် သူမရဲ့ အနှိုင်းမဲ့ မေတ္တာ နဲ့ ပိုမိုပြီး စိတ်တိုင်းကျ ပျိုးထောင်နိုင်ပါစေ။

    လှပတဲ့ ကဗျာလေး အတွက် ကျေးဇူးတင်ပါတယ်ရှင်။ 🙂

    • Sonny

      June 19, 2012 at 1:24 pm

      အရီးလေး…
      ဖတ်သွားတယ်
      ကျေးဇူးနော်
      ချုစ်ခြင်းအားဖြင့်…ကိုဆန်နီ

  • မောင်ပေ

    June 18, 2012 at 8:46 pm

    ဟက်ပီ ဘက်ဒေး အမေစု
    အမေစု ရဲ ့၆ရနှစ်မြောက် ကျရောက်တဲ့မွေးနေ ့မှသည်..
    နောင်နှစ်ပေါင်းများစွာ..
    ကျန်းမာပျော်ရွှင်စွာနဲ ့
    စိတ်သွားတိုင်းကိုယ်ပါ
    လိုအင်ဆန္ဒအားလုံး ပြည့်ဝပါစေ ။

    • Sonny

      June 19, 2012 at 1:26 pm

      မောင်ပေ…
      မင်ဂလာနော်.ဏေဂေါင်းလား
      ဘောဘွဲတွေကော နားထားတယ်ထင်တယ်
      Let’s wish her a very happy birthday.
      with love,
      sonny

  • etone

    June 19, 2012 at 2:36 pm

    အမေစုရေ …..ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖြစ်ပါစေ ……
    အခက်ခဲများစွာကို အလွယ်တကူကျော်လွှားနိုင်မယ့်စိတ်ဓါတ် ၊ မယိုင်မလဲ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓါတ်တွေနဲ့ .. အရာရာကိုအောင်မြင်နိုင်ပါစေ ။ သာယာနွေးထွေးတဲ့ နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေလို ့… ဆုတောင်းပေးလိုက်ပါတယ် ။

    ကိုဆန်နီရေ .. အမေစုမွေးနေ့ ပို့စ်တင်ပြီး ဂုဏ်ပြုတာ … ကျေးဇူးပါ ။ ဝမ်းလည်းသာမိပါတယ် ။ 🙂

  • maung khinmin

    June 21, 2012 at 7:33 pm

    ရင်ဘတ်ချင်းထပ်တူကျစွာ….ခံစားအားပေးသွားပါတယ်

Leave a Reply