တကယ်တော့ မစပ်စုကျွန်မမေဖလားဝါးဆီမှာ ရေးစရာဖြစ်ရပ်မှန်ဇာတ်လမ်းတော်တော်

 များများရှိပေမဲ့ တကယ်တန်းချရေးကြည့်တော့  ထင်သလောက် ပါးစပ်ကပြောပြရသ

လောက်မလွယ်တာမို့  ရေးလိုက်၊ ဖျက်လိုက်နဲ့ လုံးလယ်လိုက်ပြီး  ဖြစ်ရပ်မှန်ပေမဲ့ စာ

တစ်ပုဒ် ၊ ပိုစ့်တစ်ပုဒ်ဖြစ်ဖို့ တော်တော်လေးကြိုးစားရေးရပါတယ်။ တစ်ချို့စာရေးသူတွေ

ဟာ စာဖတ်သူတွေကို စိတ်ဝင်စားအောင်ရေးနိုင်တာကို ကျွန်မတော်တော်လေးအံ့ဩ

ချီးကျူးမိပါတယ်။

 

ကဲ   ခုကျွန်မပြောပြ၊ ရေးပြချင်တဲ့အကြောင်းလေးကတော့ ကျွန်မတို့ငယ်ငယ်အိပ်ရာ

ဝင်ပုံပြင်တွေပမာအမြဲနားထောင်ခဲ့ရဘူးတဲ့ အကြောင်းအရာလေးတစ်ခုပါ။ ကျွန်မတို့

ငယ်ငယ်က ကျွန်မအမေကြီး (အမေ့ရဲ့အမေ) ရောကျွန်မအမေပါမကြာခဏပြောပြတတ်

တဲ့သရဲဦးထိပ်နီရဲ့အကြောင်းလေးပါ။ များသောအားဖြင့်ကျွန်မတို့အတွက် သရဲဆိုတာ

 ကြောက် စရာ၊ လန့်စရာအကောင်အဖြစ်သာ သိထားကြတာပါ။ ဒီသရဲထိပ်နီကတော့

 အဲလို သဲအမျိုးအစားမှာမပါရှာတဲ့ သရဲတစ်ကောင်အကြောင်းပါ။ ဒီလိုပါ…………..

ကျွန်မတို့အဖွားရဲ့ အမေတွေလက်ထက်တုံးက ရွာမှာဦးထိပ်နီဆိုတဲ့   လူပျိုကြီးတစ်

ယောက်ရှိခဲ့ပါတယ်တဲ့။ အဲဒီဦးထိပ်နီဟာ အိမ်ထောင်လဲမပြုပဲ မိအို၊ဘအိုကြီးတွေကိုပဲ

လုပ်ကျွေးယင်း မိဘတွေကွယ်လွန်ချိန်မှာတော့ အသက် ၅ဝ ကျော်လူပျိုကြီးဘဝနဲ့သာ

အေးအေးဆေးဆေးတစ်ဦးထဲသာနေထိုင်ခဲ့ပါတယ်။ အနှီ ဦးထိပ်နီဟာ ဘုရားတရား

လည်း အလွန်ကိုင်းရှိုင်းရှာပါတယ်တဲ့ ။ ရပ်ရေး၊ ရွာရေးနဲ့ သာရေးနာရေးပါမကျန် ဦး

ဆောင်ဦးရွက်ပြုပြီး လုပ်ကိုင်ပါဝင်တတ်တာကြောင့် လူချစ်လူခင်လည်းများရှာပါတယ်။

ရွာဦးကျောင်းဆရာတော်ကတောင် “ဒီဒကာ သေရင်နတ်ပြည်ရောက်မှာကွ” လို့ဟော

ပြောရတဲ့အထိတောင် ဦးထိပ်နီဟာ ဘုရား၊ တရားအလုပ်တွေကို လုပ်ကိုင်ခဲ့ရှာသူပါ။

လပြည့်၊လကွယ် ရောက်ရင်လည်း နေမကောင်းထိုင်မသာ ဖြစ်တဲ့အချိန်မျိုးမှအပ ဦး

ထိပ်နီ သီတင်းသီလမစောင့်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲတဲ့။ အဲလို ဦးထိပ်နီဟာ

 သေဆုံးချိန်မှာတော့ သနားစရာလူမသိ၊ သူမသိ မိမိအိမ်လေးထဲမှာ တစ်ဦးထဲ

ကွယ်လွန်သွားခဲ့ရှာပါတယ်။ ဦးထိပ်နီကွယ်လွန်ပြီး နောက်တစ်နေ့မှသာ ရွာထဲကဖိုး

ပြူးဆိုတဲ့ ကောင်လေးဟာဦးထိပ်နီဆီကို ကိစ္စတစ်ခုနဲ့ သွားရောက်ချိန်မှာတော့ အိပ်ရာ

ထဲမှာ အသက်ပျောက်နေရှာတဲ့ဦးထိပ်နီကို တွေ့ရတာပါ။

ဦးထိပ်နီကွယ်လွန်သွားချိန်မှာတော့ ရွာရှိလူအကုန်လုံးက ဦးထိပ်နီကောင်းရာဘဝကို

ရောက်ရှိသွားပြီလို့ အားလုံးယုံကြည်ထင်မှတ်ကြပါတယ်တဲ့။ ဘုရားတရားမြဲတဲ့ဦးထိပ်နီ၊

မိဘတွေကိုလုပ်ကျွေးပြုစုပြီးအိမ်ထောင်တောင်မပြုခဲ့ရှာတဲ့ဦးထိပ်နီ၊ ရပ်ရေးရွာရေးမှာ

အမြဲတက်ကြွပါဝင်လှုတ်ရှားခဲ့ရှာတဲ့ဦးထိပ်နီ၊ စိတ်နှလုံးအေးချမ်းလှတဲ့ဦးထိပ်နီ ဒီလိုလူ

မျိုးမှ ကောင်းရာဘုံဘဝမရောက်ရင် ဘယ်လိုလူမျိုးရောက်မှာလည်းလို့တောင်ပြောယူ

ရတဲ့ အထိတောင်ဦးထိပ်နီကိုလူတွေချစ်ခင်ခဲ့ကြတာပါတဲ့။  ဒါပေမဲ့ ဦးထိပ်နီကွယ်လွန်

ပြီး နှစ်ပါတ်လောက်အကြာမှာတော့ ကျွန်မတို့အဘွား( အမေကြီးရဲ့အမေ) အိမ်မက်

မက်ပါတယ်။ အိမ်မက်ထဲမှာ ဦးထိပ်နီက ညှိးနွမ်းနေတဲ့ မျက်နှာနဲ့ အမေကြီးရဲ့အမေကို

စကားပြောပါတယ်တဲ့။

“ ဖွားရှင်……ဖွားရှင်………ငါနင်တို့အိမ်နောက်က လက်ခုပ်ပင်ကြီးမှာ  ခုနေနေတာ”

လို့ ပြောပါတယ်။ အဘွားက တစ်အံ့တစ်ဩနဲ့

“ဦးထိပ်နီက  ဘာလို့ကျွန်မတို့  အိမ်နောက်က လက်ခုပ်ပင်ကြီးမှာ နေမှာလဲ”

လို့  ပြန်မေးတော့..ဦးထိပ်နီက ညှိးငယ်တဲ့ မျက်နှာနဲ့ ဘာမှပြန်မပြောတော့ပဲ လက်ခုပ်

ပင်ကြီး ပေါ်ကိုတက်သွားတာ မြင်လိုက်ရပါတယ်တဲ့။ ဒါပေမဲ့ အဘွားလည်းအိမ်မက်ကို်

မေ့မေ့ပျောက်ပျောက်နဲ့ နေခဲ့ပြီးသတိမထားမိခဲ့ပါဘူးတဲ့။ အဲလိုနဲ့နေလာလိုက်တာ

ညဘက်အပေါ့အပါးထသွားတတ်တဲ့ အဘွားဟာ တစ်နေ့လပြည့်ညတစ်ညမှာ လသာ

သာနဲ့ အပေါ့သွားဖို့အိမ်အပြင်ဘက်ကို ဆင်းလာခဲ့ပါတယ်တဲ့။ တောရွာတွေမှာက အိမ်

နဲ့  အိမ်သာဟာ တော်တော်ဝေးဝေးမှာခွာပြီးဆောက်ထားကြတာပါ။ ဒါနဲ့အသွားတုန်းက

အဘွားဟာ ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ကာ ဘာမှဂရုမပြုမိပဲ သွားခဲ့ပေမဲ့အပြန်မှာတော့

ရုတ်တရက် လွန်ခဲ့တဲ့နှစ်ရက်လောက်ကမက်ခဲ့တဲ့ အိမ်မက်ကိုလည်းသတိရလာတာ

ကြောင့် အိမ်ရဲ့ညာဘက်အနောက်နားလောက်မှာရှိတဲ့ လက်ခုပ်ပင်ကြီးကို အကြည့်

ရောက်သွားချိန်မှာတော့ လက်ခုပ်ပင်ရဲ့ ဂွဆုံပေါ်မှာ ကြီးမားတဲ့လူသဏ္ဍန်လိုလိုနဲ့ အရိပ်

တစ်ခုကို မသဲမကွဲတွေ့ရတော့တာပါ။ အဖွားလည်းရုတ်တရက်ဆိုတော့ ကြောင်ပြီး

ကြည့်နေမိစဉ်မှာပဲ မီးလုံးလိုလို၊ မီးခွက်လိုလိုနဲ့ အလင်းရောင်တစ်ခုကိုမြင်ရတာပါပဲတဲ့။

အဲလို မြင်ရချိန်မှာတော့ သတ္တိရှင်အဘွားလည်းဆက်မကြည့်ရဲတော့ပဲ အိမ်ပေါ်ကိုအ

ပြေးတက်လာခဲ့ပါတော့တယ်။

 

About may flowers

may flowers has written 61 post in this Website..