ခေတ်စားလာသော ချက်ပေါ်ဖက်ရှင်

နွယ်ပင်June 18, 20121min78052

အခုတစ်လော သင်္ကြန်အပြီးလောက်ကတည်းက တွေ့တွေ့လာရတာက မိန်းကလေးအများစု ချက်ဖော်ပြီး ဝတ်စားလာတာကိုပါ
နောက် ဖက်ရှက်ဆိုင်တော်တော်များများမှာလည်း တိုတိုကားကားနဲ့ ချက်ဖော်ပြီး ဝတ်ရတဲ့ အဝတ်စားတွေလည်း တွေ့လာရတယ်
ကိုယ်တွေက အသက်ကြီးလာလို့လားတော့ မပြောတက်ဘူး ဒီချက်ဖော်စတိုင်ကိုတော့ ကြည့်ရတာ စိတ်ထဲတစ်မျိုးကြီးပဲ
ကဲ MG က ရွာသူားတွေကရော ချက်ဖော်စတိုင်ကို စိတ်ထဲဘယ်လိုနေကြလဲ ပြောကြပါဦး…

52 comments

  • စိန်ဗိုက်ဗိုက်

    June 18, 2012 at 2:34 pm

    ချက်ဖော်တတ်ပြီဆို အိန္ဒိယသွားပြီး ဒန်ဇာ လုပ်လို ့ရဘီပေါ့ဗျာ..

  • amatmin

    June 18, 2012 at 2:40 pm

    အော် ..နွယ်ပင်ရယ်..
    ချက်ကလေးပေါ်တာလောက်ကတော့ ဘာဖြစ်တာမှတ်လို့..
    မြင်ရတာတမျိုးတမည်ဖြစ်နေရတာကိုက အရသာ.
    အပေါ်ဆုံးက ကလေးမလေးမျက်နှာထားကို သဘောကျသဗျ.
    အဲ့ဒါဘယ်သူများလဲဗျ ဟင်င်. 🙂

    • နွယ်ပင်

      June 18, 2012 at 2:54 pm

      ဟုတ်ပါတယ် ကိုမတ်ရယ် ချက်ကလေးပေါ်တာလောက်ကတော့နော် …. ဟိ
      အပေါ်ဆုံးက ကလေးမလေးက မာရီနာ ပါ
      ဒါနဲ့ ကိုမတ်စိတ်ထဲရော ဘယ်လိုနေလဲဟင် … 🙂

      ဂီဂီပြောမှပဲ တင်တာ တစ်ပုံကျန်သွားလို့ ထပ်တင်ထားတယ် … 😀

      • သားဦး၊မြေးဦး

        June 18, 2012 at 10:12 pm

        အောက်ဆုံးတစ်ယောက်က အမဲရောင်ဝတ်ထားလို ့သာ။
        ချက်အတော့်ကို နက်ပုံရတယ်။ဟီးးးး

  • Azzurri

    June 18, 2012 at 2:43 pm

    ကောင်းအိ
    ထောက်ခံအိ
    အားပေးအိ
    ဇဂါးမစပ်
    ဒါအကုန်ပဲလား ဟင်င်င်င်

  • myanmarcitizen

    June 18, 2012 at 2:45 pm

    ဟို်က် ဂယ်ပဲ အပြင်မှာ အဲ့လိုတွေဝတ်နေကြပြီလား။ နောက်ကျနေပြီလားမသိဘူး ပြေးကြည့်အုန်းမှပဲ။ 🙂

    မမလေး၊ ညီမလေးတို့ရေ မော်ဒယ်တွေ၊ မင်းသမီးတွေကတော့ဝတ်ပါစေကွယ် (ဒါမှလဲ စပလွန်စာ ရမှာပေါ့)။ အပြင်မှာတော့ မမလေး၊ ညီမလေးတို့ မဝတ်ကြပါနဲ့လားကွယ်။ mc ကြီးတစ်ယောက် စိတ်မထိန်းနိုင်ဖြစ်သွားမှဖြင့်ကွယ်။

  • ဇိန်ဂွမ်း

    June 18, 2012 at 2:47 pm

    ဂွမ်းဒယ်ဂျ……..မိုက်ပါတယ်…..
    ရှိတာလေးပြချင်နေကြတာ…..ပြပါစေပြပါစေ……..
    ကောင်းလေစွ………ကောင်းလေစွ………
    တောရွှာက…..ကောင်မလေးလို..ကပိုကရိုမလှတာတော့….သေချာ၏……..

  • ရွာစားကျော်

    June 18, 2012 at 2:52 pm

    မရှိတာလေးတွေ ပြကြတာပဲ.. ဟဲ ဟဲ
    အဆီမရှိ ဗိုက်ခေါက်မရှိတာကိုလေ
    ပြကြဘာ.. ပြကြဘာ
    အနိစ္စ အနိစ္စ
    အနိတ်ကလေးတွေက စ.
    ရွာသားတွေမှာ သရေတွေကျ အာဟ အာဟ

  • ရွှေမိ

    June 18, 2012 at 3:00 pm

    အရပ်ကတို.ရယ်……..
    ဒီလိုတွေတောင်………ဝတ်နေကြပြီလားရှင်…….
    မြို.ကြီးမရောက်ဖူးတော့….
    မျက်စိသူငယ်နားသူငယ်နဲ.ဆိုတာဒီတခါသဘောပေါက်သွားပါပြီ……
    …….

  • Shwe Tike Soe

    June 18, 2012 at 3:04 pm

    ချက်ဖော်တာမျာ အစမ်းလုပ်လို.အေ ……….. နောက်ဆို သမီးတို. မိမ်းခလေးတွေက ဘာမှမဝတ်ပဲတောင်လျှောက်ချင်တာ.. ခိခိခိ.. အားနာကို ……… အတိုဂျီး အတိုလေး အူးလေး ဖိုးဖိုး တို.ကို……….. ဟိဟိဟိဟိ 😛

  • Nyein Nyein

    June 18, 2012 at 3:05 pm

    သဘောမကျတာတော့အမှန်ပါပဲ။ ကိုယ်လည်း မိန်းကလေးဆိုပေမယ့် အဲလိုတွေဝတ်တာကို အားမပေးသလို၊ ကိုယ်တိုင်လည်းမဝတ်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုဆိုတာကရှိပါသေးတယ်။ မြန်မာ့ယဉ်ကျေးမှုကို မြန်မာလူမျိုးတွေကမှမထိန်းသိမ်းရင် ဘယ်သူတွေက ထိန်းသိမ်းမှာလဲ။ နေရာတကာမှာ ရင်ဖုံး၊ ခါးတိုနဲ့ ထမီဝတ်ရမယ်လို့မဆိုလိုပါဘူး။ သူ့ခေတ်နဲ့ သူ့အခါ ဝတ်သင့်တာကိုလည်း နားလည်လက်ခံပါတယ်။ အဓိက ဖြစ်စေချင်တာက လုံခြုံစွာဝတ်စားစေချင်တာပါ။ ဟိုပေါ်ဒီပေါ်ဝတ်မှ ခေတ်မီတာမဟုတ်ပါဘူး။ ရိုးရိုးယဉ်ယဉ်၊ လုံလုံခြုံခြုံ နဲ့ ခေတ်မီလှပအောင်ဝတ်လို့ရပါတယ်။ ဖုံးဖိသင့်တာကိုဖုံးဖိရမယ်။ မမြင်အပ်တဲ့အရာကို မမြင်အောင်စောင့်ထိန်းသင့်ပါတယ်။ ဟီရိ၊ ဩတပ္ပတရားကို စောင့်ထိန်းသင့်တယ်လို့ထင်ပါတယ်။ အဲဒီ့အကြောင်းကို ပို့စ်တင်ချင်နေတာ။ မနွယ်ပင်ရဲ့ပို့စ်မှာပဲ ဝင်မန့်ရင်း ပြောလိုက်ပါတော့တယ်။ (ပြောချင်တာတွေက အများကြီးရှိသေးတယ်။)

  • Foreign Resident

    June 18, 2012 at 3:05 pm

    ချစ်စရာလေးတွေနော် ။
    ဟဲဟဲ ၊ အဘ ပြန်လာတော့မှာပါကွယ် ။

    • Moe Z

      June 18, 2012 at 3:25 pm

      အန်တီရော … မလိုက်လာဘူးလားဟင် ဘဘ FR :mrgreen:

      • Azzurri

        June 18, 2012 at 4:03 pm

        တယ်လဲ မစ်စရိယ စိတ်များသကိုး ဝဋ်လိုက်တတ်တယ်ကွယ့်

        ခိခုခိခု

        • R Ga

          June 18, 2012 at 4:13 pm

          အစ်ဘ ဖော တို့ကတော့ ကမ္ဘာပတ်ပြီးစားနေတာတောင်…. အစားသောက်မစုံသေးဘူးနဲ့တူတယ်နော့…။ အဟီး…။ မြန်မာစာလေးတွေ မစားရတာကြာလို့နေမှာပေါ့နော့..။

        • Moe Z

          June 19, 2012 at 9:35 am

          မစ္ဆရိယလို့ရေးမှ မှန်ပါတယ်ကွယ် ..

  • Khin Kha

    June 18, 2012 at 3:09 pm

    အပေါ်ကလို အောက်ကတို ခောတ် ရောက်ပြီ။
    ရှု့စားကြလော့ အမောင်တို့။

    • Shwe Tike Soe

      June 18, 2012 at 3:55 pm

      ဟွန်.သူဟာသူအေးအေး မကြည့်ဘူး သများတို.ကို ဆွဲထည့်သွားတယ်……… ခစ်ခစ်ခစ်

  • ဇောက် ထိုး

    June 18, 2012 at 3:12 pm

    ကြည့်ရတာ ကောင်း၏ အဖြစ်မကောင်းနိုင်

  • eipu

    June 18, 2012 at 4:18 pm

    နောက်ဆိုရင် အိန္ဒိယသူတွေလိုဘဲဝတ်တော့မယ်ထင်တယ်

  • Shwe Ei

    June 18, 2012 at 4:20 pm

    လှတဲ့သူဝတ်ရင် လှပါတယ်။ ချက်မဲကြီးတွေဆိုရင်တော့ တိုတိုဝတ်ချင်ရင်တောင် မပေါ်အောင် သတိထားသင့်တာပေါ့။ မြင်ရသူအပေါင်း အစားအသောက်ပျက်စေလို့လေ။ ချက်မပေါ်ဘဲနဲ့လဲ အဲလောက်နီးနီးတိုတာဝတ်ရင် ကြည့်ကောင်းနေပါသေးတယ်။
    ခေတ်နဲ့လျော်ညီသောဖက်ရှင်အားလုံးသဘောကျသူ
    Shwe Ei 🙂

  • kai

    June 18, 2012 at 4:25 pm

    ကာမကျမ်းတွေ.. မိန်းမကြောင်းတွေ..ရေးတာကမ္ဘာကျော်တဲ့.. အိနိ္ဒယသားတွေမှာ.. အောက်က. မိန်းမကောင်းအင်္ဂါတွေသတ်မှတ်ထားသတဲ့..
    အဲဒီထဲ.. နက်သောချက်ဆိုတာပါတယ်..
    အဲဒါနဲ့.. ကုလားမတွေ.. ချက်ထုတ်ပြထားကြတာပေါ့..
    ဒါကနေ.. ကူးလာတယ်မှတ်ပါတယ်.. 🙂

    မိန်းမကောင်းအင်္ဂ ါ ၆၄ ရပ်

    ယင်းတို ့ကား
    (၁)ခြေလက္ခဏာ ……………………………….. ၁၃ ရပ်
    (၂)ကိုယ်လက္ခဏာ …………………………
    …….. ၁၆ ရပ်
    (၃)စိတ်လက္ခဏာ ……………………………….. ၆ ရပ်
    (၄)လက်ဖဝါးလက္ခဏာ ……………………………… ၉ ရပ်
    (၅)လည်ပင်းလက္ခဏာ ………………………………. ၁ ရပ်
    (၆)အသံလက္ခဏာ ……………………………….. ၃ ရပ်
    (၇)မျက်နှာလက္ခဏာ ……………………………….. ၈ ရပ်
    (၈)သွားလက္ခဏာ ……………………………….. ၁ ရပ်
    (၉)မျက်စေ့လက္ခဏာ ……………………………….. ၄ ရပ်
    (၁၀)ဆံပင်လက္ခဏာ ……………………………….. ၃ ရပ်

    ကိုယ်လက္ခဏာ ၁၆ ရပ်

    ၁။ တက်သစ်စ လရောင်နှင် ့တူသော ကိုယ်ရောင်
    ၂။လင်္ကျာရစ်လည်သောအချက်
    ၃။လင်္ကျာရစ်လည်သောဗွေ
    ၄။ရွှေသောအဆင်း
    ၅။နက်သောချက်
    ၆။ရှည်သောလက်
    ၇။ သိမ်မွေ ့သောအင်္ဂါ
    ၈။ကြီးမြတ်သော သားမြတ်
    ၉။ဆင်ကဲ့သို ့သွားခြင်း
    ၁၀။သိမ်မွေ ့သော ခါးရှိခြင်း
    ၁၁။သိမ်မွေ ့သောအင်္ဂါရှိခြင်း
    ၁၂။ကောင်းသောကိုယ်ရှိခြင်း
    ၁၃။ဖွံ ့သောပေါင်ရှိခြင်း
    ၁၄။ကိုယ်မွေးနည်းခြင်း
    ၁၅။လိပ်ကျောကုန်းကဲ့သို ့အင်္ဂါရှိခြင်း
    ၁၆။ကြာပန်းကဲ့သို ့မွှေးသောကိုယ်နံ ့ရှိခြင်း

    စိတ်လက္ခဏာ ၆ ရပ်

    ၁။ဖြူစင်သောနှလုံးရှိခြင်း
    ၂။ကောင်းသောအကျင့်သီလရှိခြင်း
    ၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
    ၄။ချစ်ခင်နှစ်သက်ခြင်း
    ၅။အရိပ်ခြေသိခြင်း
    ၆။ဖြောင့်မတ်တည်ကြည်ခြင်း

    လည်ပင်းလက္ခဏာ ၁ ရပ်

    ၁။လည်ရေး ၃ ဆင့်ရှိခြင်း

    အသံလက္ခဏာ ၃ရပ်

    ၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
    ၂။အဆိုအမိန် ့နှင့်သာယာသောအသံရှိခြင်း
    ၃။ဥဩသံနှင့်တူသောအသံရှိခြင်း

    မျက်နှာလက္ခဏာ ၈ ရပ်

    ၁။လပြည် ့ဝန်းနှင် ့တူစွာရှိခြင်း
    ၂။ရှည်သောမျက်နှာရှိခြင်း
    ၃။နီသောနှုတ်ခမ်းရှိခြင်း
    ၄။ဖြိုးမောက်သောနှာတံရှိခြင်း
    ၅။ပြည် ့ဖြိုးသောပါးရှိခြင်း
    ၆။မှဲ ့ ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန်
    အလံတိုင် အရေးရှိခြင်း
    ၇။သံတ္တိမည်သောအရေးကဲ ့သို ့ နဖူးပြင်၌ အရေးရှိခြင်း
    ၈။ချွန်သောနှာခေါင်းရှိခြင်း

    သွားလက္ခဏာ ၁ ရပ်

    ၁။ ခရုသင်းပွင့်သစ်စကို လွှနှင် ့ဖြတ်သည် ့အလား
    မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

    မျက်စေ့လက္ခဏာ ၄ ရပ်

    ၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ ့ရှိခြင်း
    ၂။ကြာညိုပန်းနှင် ့တူသောမျက်စေ့ (အချို ့မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
    ၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
    ၄။ပဒုမ္မာကြာကဲ ့သို ့ အချို ့မှာ စိမ်းသောမျက်စေ့ ရှိခြင်း

    ဆံပင်လက္ခဏာ ၃ ရပ်

    ၁။အဖျားကော့သော ဆံပင်ရှိခြင်း
    ၂။ရှည်သော ဆံပင်ရှိခြင်း
    ၃။သိမ်မွေ ့သော ဆံပင်ရှိခြင်း

    ဤကားကောင်းခြင်း ၆၄ ရပ်တည်း

    • Moe Z

      June 18, 2012 at 4:30 pm

      သဂျီးရော အဲဒီအချက်တွေနဲ့ညှိပြီး ရွေးခဲ့တာလားဟင် ???

      • နွယ်ပင်

        June 18, 2012 at 4:41 pm

        အခုခေတ် အဲဒီအချက်တွေနဲ့ ကြည့်ပြီးရွေးရရင်တော့ မိုးဇက်ရေ ဟူးးးးးးးးးးးးးးးး 😀

      • kai

        June 18, 2012 at 4:45 pm

        သချင်္ာမတွက်တတ်တဲ့ခေတ်က.. ရှေးရိုးစွဲတွေရဲ့..” လေထဲဘုရင်ဖြစ်ရင်.”. စိတ်ကူးတွေပါ..
        လက်တွေ့မဆန်ပါကြောင်း..

        ပိုပြီးရှုပ်ရှုပ်ထွေးထွေးတွေ.. ဖတ်ချင်ရင်.. ကာလီဒါသစာတွေ..ဖတ်စေချင်ကြောင်း.. 🙂

    • ဘဲဥ

      June 18, 2012 at 4:35 pm

      ဗျိုး တဂျီးး နံပါတ်၅ က ဘာလို့ အနက်ရောင်ခြယ်ထားတာလဲဟင်
      ဇဂါးမစပ်
      သူ့နေရာနဲ့သူတော့ ကြည့်ကောင်းပါတယ်ဗျ :mrgreen:

    • Azzurri

      June 18, 2012 at 4:36 pm

      ပုသောအရပ်မပါဝူးလားဂျာ.

      သနားထှာ
      😛

    • Davit

      June 18, 2012 at 4:47 pm

      တဂျီးရေ….တဂျီး…..
      ဒါဆို တင်ဂျာဝင့်ဂျော်ရေးက မိန်းမကောင်းမိန်းမမြတ်ထဲမှာပါတာပေါ့နော်……

      သူကဒီထဲကတစ်ချက်နဲ့ညီတယ်ရေ….
      “ကိုယ်လက္ခဏာ ၁၆ ရပ် —- နံပါတ် ၈ )

    • ကြောင်ဝတုတ်

      June 18, 2012 at 5:02 pm

      အဲဒီအချက်တွေအားလုံးကို သေချာဖတ်ပြီးတော့ ပုံဖော်ကြည့်လိုက်ရင်…
      တုတ်တုတ်ခိုင်ခိုင်နဲ့ ထွားထွားကြိုင်းကြိုင်းမိန်းကလေးပုံပေါ်လာလိမ့်မယ်…
      မင်းကြီးကြိုက်ပေ့ါ…
      အခုအချိန်တော့ ဒါနဲ့ညှိလို့မရလောက်တောပါဘူး…

      စိတ်ကူးဖြင့်ပုံဖော်သူ-
      ကြောင်ဝတုတ်

      • Davit

        June 18, 2012 at 5:10 pm

        အော်…..အရေးထဲမယ်…..သူက စိတ်ကူးနဲ့တောင် ဖမ်းပြီးပုံဖေါ်ပစ်လိုက်သေးတယ် …… ထွက်လိုက်တဲ့အကြံ…. 🙂

      • Mလုလင်

        June 18, 2012 at 8:18 pm

        စိတ်ကူးနဲ့ မှန်း ပြီး ပုံဖော်နိုင်တဲ့ အတွက် ချီးဂျူးဘာဒယ် ..။

  • Ko out of...

    June 18, 2012 at 4:48 pm

    shwe tike soe ပြောတာ မှန်တယ် ချက်ကိုဘဲ အထူးအဆန်းထင်နေတယ်..

    ဥပမာ နေ့ခင်းကြောင်တောင် တအားပူတဲ့ အချိန်မှာ..ယောင်္ကျားလေးကျတော့ စွပ်ကျယ် လက်ပြတ်တွေနဲ့

    နေတာ ချက်တွေလည်းပေါ်…တချို့များဆိုရင် အပေါ်တပိုင်း အင်္ကျီတောင်မပါဘူး..ဒါကျတော့ မိန်းမတွေ ဘာမှ မပြောပါဘူး…

    မိန်းမတွေ ချက်လေးပေါ်တာ ရိုင်းတယ်လို့ ကျွန်တော်မထင်ပါကြောင်း… အမြင်စိမ်းနေသေးလို့ပါ…

    သူတို့က ရိုင်းတယ်လို့ပြောတာ စိတ်ထဲမှာတော့ ခုလု ခုလု ဖြစ်နေတယ်..ဟီးဟီး…

  • ဇိန်ဂွမ်း

    June 18, 2012 at 4:49 pm

    သဂျီးရယ်……ဒီအချက်တွေကြည်.ရွှေးမယ်ဆိုရင်တော့……….
    နောက်ဆုံး……..လူမဟုတ်တော့တာသေချာတယ်နော်……
    တင်စားထားတာကတော့………တရိတ်ဆန်ပေါင်း…..
    .သောင်းခြောက်ထောင်ထက်မနဲတော့ဝူး………
    ဟူး……

  • Crystalline

    June 18, 2012 at 4:58 pm

    နက်သောချက်ဆိုရင်တော့ “ပွင့်”ကတော့သေချာတယ်..နက်လွန်လွန်းလို့..

  • awra-cho

    June 18, 2012 at 5:05 pm

    ကောင်းလှောင့်တေး ကောင်းလှောင့်တေး၊ လှလို့ဖော်တာဖော်ပါစေ နော၊ မည်းမည်းကြီးဆို ဘယ်သူကြည့်ချင်မ လဲနော၊ ဘယ်နားအများဆုံးတွေ့နိုင်မလဲ ဟင်။ ရန်ကုန်ရောက်မှ တနေကုန် သွားထိုင်ကြည့် အုံးမယ်နော

  • Thel Nu Aye

    June 18, 2012 at 6:00 pm

    အဆီမရှိဗိုက်ခေါက်မရှိတော့လဲ ကြွားနိုင်တာပေါ့အေ။ ကြွားကြပါကြွားကြပါ။

  • water-melon

    June 18, 2012 at 6:14 pm

    ဘာဖော်ဖော်ဟေ့
    ဘာဖော်ဖော်ဟေ့
    ကောင်းတယ်ကောင်းတယ်
    အဟီ သူတို့လေးတွေတောင် ချက်ဖော်ကုန်ပြီ
    ချက်ပြီးတော့ ဘယ်ဖော်မလဲမသိ
    တွေးရင်နဲ့ ဂလု ဂလု

  • ကိုရင်မောင်

    June 18, 2012 at 6:51 pm

    နွယ်ပင်ရေ ဒီခေတ်မှာချက်လောက်ပေါ်တာတော်သေးတာပေါ့
    တရုတ်ပြည်မှာ တရုတ်မတွေဝတ်တဲ့ဘောင်းဘီက ထိုင်လိုက်ယင်ဖင်သုံးပုံတပုံလောက်အပြင်ထွက်နေတယ်
    ဘောင်းဘီဂွတို တွေဝတ်တယ်ထင်တာဘဲ…..

    • metallic

      June 18, 2012 at 8:11 pm

      ဘောင်းဘီဂွတို????
      ခွိခွိ…
      ကွင်းကွင်းကွက်ကွက် မြင်သွားပြီ

  • AKKO

    June 18, 2012 at 8:05 pm

    ဖက်ရှင်ဆိုပေမယ့် ရာသီဥတု ၊ နေရာဒေသနဲ့လိုက်ပြီး ဝတ်ဆင်ရတာမျိုးဖြစ်တာအပြင် ကိုယ့်ရဲ့ သွင်ပြင်ပေါ်မှလည်း မူတည်နေပါသေးတယ် ။ မြန်မာမ အများစုက ခါးတုတ်ပြီး အဆီတွေတင်နေတတ်ကြတယ် ဒါကြောင့် ချက်ပေါ်ဖက်ရှင်နဲ့ သိပ်လိုက်မယ် မထင်ဘူး ။

  • မောင်ပေ

    June 18, 2012 at 8:12 pm

    အပေါ်က ပုံတွေထဲက အားလုံးကို ကြိုက်တယ်ဗျာ ။
    နောက်ထပ် ဘာတွေထပ်ဖော်ပြဦးမှာလဲ..
    ကြည့်ဦးမှာ..

  • ကိုရင်စည်သူ

    June 18, 2012 at 10:33 pm

    နွယ်ပင်ရေ.. ဆရာအကြည်တော် ဝတ္ထုထဲမှာတော့
    ချက်တောကို လက်တော်နဲ့ သုံးချက် ပတ်လိုက်တာ
    ကလေးရသွားတယ်ဆိုပဲ… 😀 😀
    ကိုရင်ကတော့ မိန်းမဆိုရင် မျက်ဆံနက်နက်နဲ့ ချက်တော်တော်နက်နက်ဆို
    ပိုပြီး စိတ်ဝင်စားတယ်… အဟိ… 😆 😆
    သဂျီးပြောတဲ့အချက်နဲ့ ကိုက်မှ မိန်းမကောင်းရမယ်ဆိုရင်တော့
    ကိုရင်တော့ နောက်တစ်သက်တောင် မိန်းမရဦးမယ်မထင်ဘူး… ဟူးးးးးးး ;( 🙁

  • Uncle Lay

    June 19, 2012 at 9:11 am

    ဗမာမလေးတွေလည်း မိုက်တွင်း နက်/မနက် ကြော်ငြာတာနေမှာပေါ့..။
    —— အပေါ်ဆုံးတစ်ယောက် တော်တော် မိုက်တွင်းနက်ပါလား….ဟေ။

  • မမ အညာသူ

    June 19, 2012 at 9:38 am

    ဒီလိုဝတ်စားဆင်ရင်မှုဟာဘယ်လိုမှအမြင်မတော်ပါဘူး…….
    ဘာလို.လဲဆိုတော့အရမ်းရင်ကျေးသိမ်မွေ့ပါတယ်လို.ကမ္ဘာကသတ်မှတ်ထားတဲ့မြန်မာနိုင်ငံမလို.ပေါ့…
    ခေတ်မမှီဘူးပဲပြောပြောညာကတော့အဲလိုdesignတွေကိုအားမပေးပါဘူး…..
    မြန်မာရိုးရာယဉ်ကျေးမှု့ကိုထိန်းသိမ်းနိုင်ကျပါစေ………

    • Nyein Nyein

      June 19, 2012 at 10:57 am

      မမ အညာသူရေ……… မမကိုအပြည့်အဝထောက်ခံပါတယ်နော်။

  • kaung lay

    June 19, 2012 at 9:41 am

    ကောင်လေးတွေချက်ပြုက်ဝတ်တာကိုအားကြလို့
    သူတို့လဲလှမလားဆိုပြီးတော့ချက်ပေါဝတ်တာနေမှာပေါ့။

  • pan pan

    June 19, 2012 at 10:48 am

    လှတယ်ထင်လို့ဝတ်ကြတာ ဝတ်ပေ့ါ
    အဲ့…ဗိုက်ခေါက်အလိပ်လိုက်နဲ့ဝတ်ရင်တော့ မြင်ရတဲ့လူ တယ်စိတ်ချမ်းသာမှာမဟုတ်ဘူး

    ဖက်ရှင်ကတော့ အသက်အရွယ်နဲ့မဆိုင်ဘူးတဲ့
    ‘လန်းပါတယ်’တဲ့ (ဦးဦးဂျက်ဆရာ-ဆရာဂျက်ကွမ်းခြံကုန်းအပြောအရ) :mrgreen:

  • a me

    June 19, 2012 at 5:20 pm

    အတိုတွေ ဘာတွေတော့ တစ်ခါတလေ ဝတ်တယ် ရိုင်းရိုင်းစိုင်းစိုင်း ကြီးတော့ မဟုတ်ဘူးပေါ့
    ချက်ဖောတို့ဘာတို့တော့ဝတ်တာ မဘကြိုက်ပါဘူး လူမြင်လည်း မတင်တည်ဘူးလေ ကိုယ်နေတဲ့ တိုင်းပြည်နဲ့
    ယဉ်ကျေးမှုကို လည်း ကြည့်ရမယ်လေ

    • ကိုရင်စည်သူ

      June 19, 2012 at 5:31 pm

      ဘာရို့ တခါတလေ အတိုတွေ ဝတ်နေတာလဲ…
      မီလေးနေတဲ့ ဒေသက ဆိုင်ကယ်တွေဘာတွေ မောင်းတော့
      ကိုရင် သိပ်စိတ်မချဘူးရယ်…. 😳
      ဝတ်ရဘူးနော်… ဝတ်ရဝူး…
      နောက်တခါ ဝတ်ရင် အန်တီနဲ့ တိုင်ပြောပလိုက်မယ်… 👿
      စိုးတယ်.. စိုးမိတယ်.. စိုးရိမ်ခဲ့မိတယ်… 😉

  • သော်ကြီး

    June 19, 2012 at 9:20 pm

    ခေတ်နဲ့ အညီ လိုက်လျောညီထွေစွာ ဝတ်ဆင်ပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်းထိန်းသိမ်းကြပါလို့ ။

  • mamanoyar

    June 20, 2012 at 4:25 pm

    ဘယ်ဖက်ရှင်ဘယ်လောက်ပေါ်ပေါ် မြန်မာ့ရိုးရာ ဝတ်စုံလေးလို
    ကျက်သရေမရှိတာတော့ အမှန်ပဲ

Leave a Reply