Arthritis အဆစ်နာ

khinmintatthuJune 24, 20101min410

“လေးဘက်နာ” ကို ဖတ်ရာကနေ မေးလာတာတွေရှိလို့ အဆစ်နာကို ထပ်ဖြည့်လိုက်ပါတယ်။ အဆစ်နာ အမျိုးပေါင်း ၂၀ဝ ရှိတယ်။ အကြီး-အငယ်၊ အရွယ်မရွေး၊ ကျား-မ မရွေး ဖြစ်တယ်။ တကိုယ်လုံးအနှံ့ ဖြစ်တယ်။ Osteoarthritis အဆစ်ကို အသုံးချတာ များရာကနေ ကြာတော့ ပွန်းပဲ့ ဟောင်းနွမ်းရာကနေဖြစ်တာမျိုး။ Rhumatoid arthritis ခုခံအားစနစ်ကြောင့် ဖြစ်တယ်။ Juvenile arthritis ကလေးတွေမှာဖြစ်တာ ဆိုပြီး သုံးမျိုးခွဲနိုင်တယ်။ (က) ဆေးပေးကုသနည်း အဓိက စားဆေး လေးမျိုးရှိတယ်။ (၁) Analgesics အနာသက်သာဆေး။ Aspirin, Paracetemol, Ibuprofen တို့ဖြစ်တယ်။ Aspirin နဲ့ Ibuprofen က အရောင်ကျတာမှာ ပိုကောင်းတယ်။ ပိုပြင်းတဲ့ အနာသက်သောဆေးတွေက Codeine နဲ့ Diamorphine တို့ဖြစ်တယ်။ (၂) Anti-inflammatory medicines အရောင်ကျဆေး။ Non-steroidal anti-inflammatory drugs (NSAIDs) Ibuprofen, Indomethacin, Naproxen, Fenbufen, Piroxicam, Diclofenac နဲ့ Osteoarthritis အတွက်ပေးတဲ့ ဆေးသစ် Cox-2 inhibitors တွေ ဖြစ်တယ်။ (၃) Steroids (စတီရွိုက်)ဆေး။ ကိုယ်ထဲကနေ အလိုလိုထုတ်ပေးနေတဲ့ cortisone သဘာဝဟော်မုန်းဖြစ်ပြီး၊ အရောင်ကျစေတယ်။ သတိထားရမှာက ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်။ တခြားဆေးနဲ့မတိုးမှ သုံးတာကောင်းတယ်။ Disease-modifying medicines (DMARDs) ခုခံအားကြောင်ဖြစ်တဲ့ Rhumatoid arthritis နဲ့ Juvenile arthritis အဆစ်နာမျိုးအတွက် သုံးတယ်။ Methotrexate, Sulfasalazine, Gold (sodium aurothiomalate), Penicillamine နဲ့ Azathioprine တွေဖြစ်တယ်။ (၄) Biologic response modifiers (BRMS) ဆေးတွေက ဆေးသစ်တွေဖြစ်တယ်။ အလွန်ဆိုးတဲ့ Rheumatoid arthritis အဆစ်နာကိုသာပေးရာကနေ အခု တခြားအဆစ်နာတာကိုပါ ပေးလာတယ်။ အဆစ်ပျက်စီးမှာကို ကာကွယ်နိုင်လို့ ဖြစ်တယ်။ Etanercept, Infliximab နဲ့ Adalimumab ဖြစ်တယ်။ ဆေးဈေးကြီးတယ်။ ထိုးရ-သွင်းရတယ်။ ဆေး အချိုးအဆ၊ တခါသောက် ဘယ်လောက်၊ ဘယ်လောက်ကြာကြာ၊ အစာနဲ့နီး-ဝေး၊ ဘေးထွက်ဆိုးကျိုး၊ ဆိုတာတွေ သိထားပါ။ ဘေးထွက်ဆိုးကျိုးတွေက တယောက်နဲ့တယောက်၊ ဆေးတမျိုးနဲ့တမျိုး မတူဘူး။ (ခ) Physiotherapy (ဖီဇီယို-သာရာဖီ) အကြောကုနည်း Electrotherapy လျှပ်စစ်သုံးကုတာ၊ Massage နှိပ်နယ်တာ၊ Acupuncture အပ်စိုက်တာတွေပါတယ်။ Hydrotherapy ရေနဲ့ကုနည်း၊ Occupational therapy အလုပ်အကိုင်မပျက်အောင်ကုသပေးနည်း။ (ဂ) Surgery for arthritis ခွဲစိတ်ကုသနည်း ရောင်နေတဲ့ အဆစ်ဖုံးကို ထုတ်တာ။ နာနေတဲ့ အရွတ်အဖုံးကို ထုတ်တာ။ အရွတ်ကို ပြုပြင်တာ၊ အနာသက်သာအောင် အရိုးထုတ်ပြစ်တာ၊ အာရုံကြောဖြတ်ပေးတာ၊ အဆစ်တုထည့်ပေးတာ စသဖြင့် နည်းတွေပါတယ်။ (ဃ) Complementary therapies တခြားနည်း • Acupuncture အပ်စိုက်ကုသနည်း၊ • Alexander technique ဘယ်လိုရပ်၊ ဘယ်လိုထိုင် ပညာပေးတာ၊ • Aromatherapy ပန်း၊ အပင်တွေကရတဲ့ အဆီသုံး ကုတာ။ • Herbalism အပင်တွေကရတဲ့ပစ္စည်းတွေသုံးကုတာ။ • Homeopathy (ဟိုမီယိုပသီ) နည်း။ • Osteopathy ကိုင်တွယ်နှိပ်နယ်ပေးတာ။ Osteoporosis နဲ့ ရောင်နေတဲ့ အဆစ်မျိုး မသုံးသင့်ပါ။ • Reflexology ခြေထောက်ကို နှိပ်ပေးနည်း။ • Yoga (ရောဂ) နည်း ကိုယ်-စိတ် လျှော့နည်း၊ အသက်ရှူနည်း၊ • အရိုး-အဆစ် အထူးကုဆရာတွေကနေ ရောဂါရှိလျက် နေတတ်၊ စားတတ်၊ သွားလာတတ်အောင်၊ စိတ်ပိုင်းမှာပါ ထားတတ်အောင်လည်း ကူညီပေးကြသေးတယ်။

Dr. တင့်ဆွေ ရေးသားထားသည်များကို တစ်ဆင့်ပြန်လည် ဖော်ပြလိုက်သည်။