– မှတ်မှတ်ရရ ကျွန်တော် အသက် (၂၅)နှစ် ပတ်ဝန်းကျင်လောက်တုံးက …

ခဏခဏဖျားနာတော့ … ကိုယ်နေတာကလည်းရွှာ ဆိုခါကျတော့ ဆေးဝါးလည်းကောင်းကောင်း မရှိ၊ ဆရာလည်း
ကောင်းကောင်းမရှိဆိုတော့ ကိုယ့်ထက် အသက်ကြီးတဲ့လူ၊ အတွေ့
အကြုံရှိတဲ့လူတွေရဲ့ စကားတော့ ပိုမှန်မယ် ပိုနှီးစပ်မယ် ထင်လို့
သူတို့ဆီက အကြံအဥာဏ် ကိုတောင်းခံခဲ့ပါတယ်…

ကျွန်တော့်ကို သူတို့က ဘာဆေး ညွှန်းလည်းဆိုတော့..
အနာဂျက်ဆင် ဆေးသောက်လိုက် ပျောက်သွားမယ်ဆိုပြီး
ပြောတော့ ကျွန်တော်လည်း သောက်ရော ရောဂါက သိပ်မကြာခင် ပျောက်သွား တယ်ဗျာ..
ကိုယ်လည်းဒီဆေး နာမည်ကို မှတ်ထားပြီး နောက်ဖျားနာ ကိုက်ခဲ
တာနဲ့ ဒီဆေးကို ဘဲစွဲသောက်တယ်..

ကိုယ့်လိုဘဲ … ဖျားနာတဲ့ လူတွေ တွေ့ရင်လည်း ဒီဆေးကို သောက်ဖို့ သတင်း ထပ်ပေးတယ်ဗျာ…

– နောက်တော့ အသက်လည်း နည်းနည်းကြီး မြို့ကို ကိစ္စတခုနဲ့ သွားတော့ အဲဒီမြို့မှာဘဲ ဖျားပါလေရော…

အဲဒီအခါ သူငယ်ချင်းက ဆေးခန်းခေါ်သွားတယ်..
ဆေးခန်းရောက်တော့ ဆရာဝန်က ရောဂါ အခြေအနေကိုမေးပြီး
ွှအရင်တုံးက ဘာဆေးတွေသောက်ခဲ့လဲ?… စသည်ဖြင့်မေးတော့
ကိုယ်ကလည်း အနာဂျက်ဆင်ဆေးကို စွဲသောက်ခဲ့ကြောင်း ပြောပြ
ကာ …

ထိုအခါဆရာဝန်က ဒါဘယ်သူက ညွှန်းသလဲ..
နားမလည်ဘဲ ဘာဖြစ်လို့ ဒီဆေးကိုသောက်တုံး?…
ဒီဆေးကို သုံးစွဲတာများရင် သွေးဥဖြူ (white blood corporal) ပျက်စီးကုန်မယ်..ဒီသွေးဥဖြူ ပျက်စီးရင် လူကမကြာမကြာ ဖျားနာမယ်၊ ချူချာမယ်၊ သွေးဥဖြူကို
ဖျက်စီးတဲ့ အတွက် အထဲကနေ လူကို တစစီ ဖြည်းဖြည်းချင်း
သိမ်သိမ်မွေ့မွေ့နဲ့ ဖဲ့ချွေနေတာ၊ ဖျက်းစီးနေတာ.. ဒါကိုမင်း မသိဘူး နောက်ဆို မသောက်တော့နဲ့ ဆိုပြီး ပြောတယ်..

အဲဒီဆရာဝန်က.. ဆေးရဲ့ဆိုးကြိုးကို အကြောင်းစုံ စိတ်ရှည်ရှည်းထားပြီး ရှင်းပြပေးတယ်…

တော်တော်ရိုးသားပြီး လူသားတွေရဲ့ အကျိုး၊ လူသားတွေရဲ့
အသက်ကို တန်ဖိုးထားပြီး အမှန်တကယ် သနားညာတာ
ထောက်ထားတတ် အကျိုးလိုလား စိတ်၊
မေတ္တာတရားနဲ့ တော်တော်ပြည့်ဝတဲ့ ဆရာဝန်ပါလား
လို့မြင်မိတယ်..

– အခုလည်း ပြောချင်တာက အမျှော်အကြောက် ကင်းကင်းနဲ့
အကျိုးလိုလားစိတ်နဲ့ ရိုးရိုးသားသားလေး တွေးမိထားတဲ့ မိမိရဲ့
အမြင်လေးကို ပြောပြကြည့်တာပါ…ငြင်းခုံဖို့ ၊ရန်ဖြစ်ဖို့ သူတစ်ပါးကို ပျက်စီးစေ လိုတဲ့ စိတ်လုံးဝ မပါပါဘူး…

အနာဂျက်ဆင်ဆေး တီထွင်ပေးတဲ့ ဆေးဆရာကို ပျက်စီးစေလိုတဲ့
စော်ကားလိုတဲ့ စိတ်လုံးဝ မပါပါဘူး… လူကိုယ်ကောင်ကြီးအကြောင်းကို ကျွန်တော် ဘာမှ မပြောပါဘူး…
(လူကိုဝေဖန်တာ မဟုတ် မူကိုဝေဖန်ခြင်းသာဖြစ်သည်)

အခုလည်း..ဆေးရဲ့ စွမ်းဆောင်ချက်အာနိသင် စသည့် အားနည်းချက် အားသာချက်ကို လက်တွေ့လောကဘ၀မှာ
အကျိုးတကယ် ရှိမရှိ အဖြေရှာကြည့်ခြင်း မျိုးသာဖြစ်သည်…
ပြောချင်တာ …ဆေးဝါးဟာ (side effect) နည်းလေ ကောင်း
လေဘဲ…နောက် (side effect) လုံးဝမရှိတာ အကောင်းဆုံးဘဲ
ဘုရားတရားဟာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ ဆေးဝါးပါ…
တရားဂုဏ်တော် (၆)ပါးဟာ ဘုရားဖေါ်တဲ့ ဆေးဝါးရဲ့ အရည် အချင်းဘဲ…

-ယခု ဒို့နိုင်ငံက တရားစခန်းတွေမှာ လေ့ကျင့် ပွါးများအားထုတ်
နေတဲ့ ၀ိပဿနာတရား တွေဟာ အနာဂျက်ဆင်ဆေးများ ဖြစ်နေ
မလားလို့ အတွေးဖြစ်မိပါတယ်…

ဘာဖြစ်လို့ ကျွန်တော်ပြောရဲလဲ ဆိုတော့ ကျွန်တော် ကိုယ်တိုင်
အဲဒီဆေးကို စွဲသောက်ခဲ့ ရဖူးလို့ပါဘဲ…

ဒါကမင်း တစ်ယောက်ဘဲဖြစ်တယ် တခြားလူက မင်းလို မဟုတ်ပါ
ဘူးလို့ပြောချင် ပြောမယ်…ဒါထားပါ..ဒါကျွန်တော်ပြော လိုရင်းမဟုတ်ပါဘူး…
ကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရဖူးလို့ …ကိုယ်ပိုင်
အမြင်လေးကိုလွတ်လွတ် လပ်လပ် ပြောကြည့်တာပါ…

– ကနေ့ ကျွန်တော်ကိုယ်တိုင် ကျန်းမာရေး၊ ပညာရေး၊ စီပွါးရေး အစစ အရာရာ ချွတ်ခြုံကြ ပြီး ဆင်းရဲနေရတဲ့ အကြောင်းရင်းကို ကျွန်တော်ရှာကြည့်တော့ အဲ့ဒီ ၀ိပဿနာ အနာဂျက်ဆင်ဆေး စွဲသောက်တဲ့နေ့က စပြီးဖြစ်တာလို့ ကျွန်တော်မြင်တယ်..

သူက လူကိုဘယ်လို ဖျက်စီးနေလို့ မင်းဒီလောက်တောင် မညာမတာ ပြောရတာလဲ?.. ဆိုရင်..ကျွန်တော် ဒီတရားကို အားထုတ်ခါစ သိပ်သဘောမပေါက်ခဲ့သေးပါဘူး..

ဒါပေမဲ့နောက် အကျင့် တခုက လူကိုလွမ်းမိုးလာတော့ တရားစခန်း
တွေမှာ အကြိမ်ရေ တော်တော်များများ အားထုတ်ရင်းနဲ့ တနေ့တော့…တရားစခန်း တခုမှာ…

လူကိုယ်ကောင်စပျောက်ပြီးနာမည်လည်းခေါ်လို့မရ၊ ယောင်္ကျားမိန်းမလည်း ခေါ်လို့မရ၊ ဘာမှ မရှိတဲ နေရာကို ရောက်သွား သလို လုံးရပ်သဏ္ဍာန်ပုံ ဟန်နိမိတ် မတွေ့ရတော့ ဘဲဖြစ်သွား တယ်..အချိန်တော်တော်ကြာကြာလည်း ဖြစ်သွားတယ်…

အချိန် နေရာဒေသလည်းပျောက်..”ပညတ်ပျောက်..ပရမတ်ရောက်ပရမတ်ပျောက်… နိဗာန်ရောက် ” လို့ကြားထားတော့
ဟာ..ဒီပျောက်နေတဲ့ နေရာက.. ဘာလဲ???..လူကြီးတွေ
ပြောပြောနေတဲ့ နိဗာန် ဆိုတာ ဘာမှ မရှိဘူးဆိုတာ ဒါဘဲထင်တယ်လို့ အကြိမ်ကြိမ် စဉ်းစားပြီး နောက်ဆုံးတော့
လမ်းညွှန်ပေးတဲ့ ဆရာထံ တရားလျှောက်တော့ ဒကာဟာ ပါရမီ ရင့်သန်လို့ အခုလိုမြင်ရတာ အဲဒီ အငြိမ်းဓါတ်ကို မကြာမကြာ ၀င်စားနော်..ဒါလွတ်မြောက်မှု ၀ိမုတ္တိရသဘဲ လို့ပြောတယ်…
ဒီဘ၀မှာတော့ အပါယ် ပိတ်ပြီ.. နောက်ဆက်အားထုတ်ရင် လုံးဝ ကိစ္စပြီးမယ် ..မပြီးသေးလည်း စိတ်ချရပြီဆိုပြီး ဆုံးဖြတ်ချက်ချပေး လိုက်တယ်……

အဲဒီအချိန်ကနေစပြီး… နောက်ဘယ်လိုအခက်အခဲ ဒုက္ခရောက်ရောက် ကျွန်တော်လည်း ဒီပျောက်နေတဲ့ သုညကိုဘဲ
ကြည့်နေမိတော့တယ်..ဒါကျွန်တော် ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ တစိတ်တပိုင်းပါဘဲ…

အဲဒီနောက်ပိုင်းမှာ…ကျွန်တော်ဟာ…ဘာတခုမှ
မလုပ်ချင်တော့ဘဲ လူ့လောကမှာ နေပြီး လူတွေကို အပြစ်မြင်လာတယ်လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေတော့တယ်…

နောက်ဆုံး တောထွက် ချင်စိတ်တောင်ပေါက်လာတယ်..ကိုယ်
သဘောပေါက်ထားတဲ့သဘေားတရားကလည်း…သူမရှိ၊ငါမရှိ
ယောင်္ကျားမရှိ၊ မိန်းမမရှိ လောကမှာဘာမှမဟုတ်ပါဘူး..

နောက်ဆုံးတော့ ဓါတ်သဘော၊ပရမတ်သဘော ..နောက်ဆုံး
လုံးရပ်သဏ္ဍာန်ပုံ ဟန်နိမိတ်လည်း မတွေ့ရ၊ နာမည်လည်းခေါ်လို့ မရ ကိုယ့်ကိုယ်ကိုလည်း ဘာမှမသိတော့ ..

ဘာမှ မသိတော့ ဘာမှ မလိုချင်..ဘာမှ မလို
ချင်တော့ ဘာမှ မလုပ်ချင်ဘဲ ကျွန်တော်ဟာ လူဖြစ်ပြီး လူ့တာဝန်
လည်းမကျေ၊ မိဘဆရာနှင့် ဇနီးမယား၊သားသမီး အပေါ်လည်း တာဝန် မကျေ အစစ အရာရာ ငါဟာ တန်ဖိုးမဲ့တဲ့လူ…ဘာမှ အလုပ်မလုပ်ချင်တော့တဲ့လူ၊ အလုပ်လုပ်နေရတာရင်တောင်မှ ရည်ရွှယ်ချက် ပန်းတိုင်း မရှိတဲ့ လူ၊ အနာဂတ် ပျောက်နေတဲ့ လူ၊ ကိုယ်က မရှိတော့ ကိုယ်ကိုယ်ကို အားကိုးချင်တဲ့
စိတ်လည်းမရှိ(အတ္တဟိ အတ္တနော နာထော)ဆိုတဲ့ ဘုရားစကားနဲ့လည်း လွှဲချော် အော်..လောက ကြီးဟာ ဘာမှ
မဟုတ်ဘူး လို့အတွေးဝင်ပြီး ..အချိန်ပြည့် သုည
နဲ့ဘဲနေချင်တော့တယ်..

ဒါကြောင့် ဘာမှတန်ဖိုးမရှိတဲ့ …
သုညကို အချိန်ရရင် ရသလို ဘ၀ရဲ့ အချိန်တွေကို ဒီမှာဘဲ
ရင်းနှီးမြုပ်နှံရင်း၊ ပေးဆပ်ရင်းနဲ့ အခုလို အစစအရာရာဆင်းရဲနေရ
ပါကြောင်း..ဒါကြောင့်” အနာဂျက်ဆင်ဆေးဝါးပမာ ၀ိပဿာနာ”
ကို သောက်သင့် မသင့်ကိုယ်ပိုင်ဥာဏ်ဖြင့် ချင့်ချိန်ကြကာ
ဆုံးဖြတ်ပါလော?….

About Ko out of...

Ko out of... has written 91 post in this Website..