ပြန်မလာပါနဲ့

ရှောင်ခွာချင်လို့

မောင်ထွက်သွားတာ

ကျွန်မ မတားပါဘူး။

ချင်းစိမ်းနဲ့ မိသလင်

သူကြင်မှ ကိုယ်ကြင်မို့

နောက်တစ်ယောက်ကို ချစ်မိရင်

ကျွန်မအပြစ် မဟုတ်ဘူးနော်။

မောင်နဲ့ပတ်သက်ရင်

ဒဏ်ရာရခဲ့တဲ့ ကျွန်မနှလုံးသား

ထုသားပေသားကျနေလို့

ခံစားချက်တွေလည်း မဲ့ခဲ့ပါပြီ။

ဘယ်လိုလဲမောင်…

နောင်ကျဉ်နေပြီလား…

ကျွန်မလိုချစ်မယ့်သူ

ကျွန်မလို ကြင်နာမယ့်သူ

နောက်တစ်ယောက်ရော ရှိရဲ့လား…။

ပြန်မလာပါနဲ့မောင်

မောင်ခင်းခဲ့တဲ့ မောင့်လမ်း

ရဲရဲသာဆက်နင်းပါ

မောင့်နောင်တ

ကျွန်မမျှော်လင့်ထားတာ

အစောကြီးကတည်းကပါ။

မောင်လမ်းထွင်မှ

လမ်းပြင်ခဲ့တဲ့ကျွန်မ

မောင်တစ်ယောက်ပျော်ပါစေလို့

ရိုးသားစွာ ဆုတောင်းနေပါမယ်…။   ။

 

**လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရေးခဲ့တဲ့ကဗျာလေးကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။

 

28 comments

  • Moe Z

    June 18, 2012 at 4:25 pm

    ဟုတ်တာပေါ့ မမွန်မွန်ရဲ့ မနေချင်လို့သွားတာများသွားပါစေ ..
    ဘာကိစ္စခံစားနေရမှာတုန်း .. အဲလိုမျိုးကဗျာတွေများများရေးပေး
    အသည်းကွဲတယ်ဆိုပြီး တိုက်ပေါ်ကခုန်ချတဲ့သူတွေကိုတော့ အံ့ဩမိပါရဲ့ ..
    (အဟီး .. သူများကဗျာမှာ ကဗျာမဆန်တဲ့ကွန်မန့်) :mrgreen:

  • ဇိန်ဂွမ်း

    June 18, 2012 at 4:29 pm

    ခိုက်သွားပြီအရမ်းပဲ….မမွန်ရယ်……..
    သူထွင်တဲ.လမ်း……သူ.လက်လှမ်းရာ……ပါသွားပါစေတော့….
    ကိုယ်လဲအေးရာအေးကြောင်း………နောက်တစ်လမ်းပြောင်း…..
    ကောင်းလိုက်တာ……အားအကြီးကြိးပေးသွားပါတယ်…..မမွန်

  • Azzurri

    June 18, 2012 at 4:34 pm

    အေး
    ပြန်မလာတော့ဘူး

    နာဝယ်ပေးထားတဲ့ ကယ်ဗင်ကလိုင်း ၁လုံး ဂူချီ၁လက်
    ရိုက်ဒါ ၂ထည် ရှိဆေဲးဒိုး ၄ဗူး စာတိုက်ကနေပြန်ပို့လိုက်ပါ

    ဒက်ဂလောက်.

  • may flowers

    June 18, 2012 at 4:42 pm

    ကောင်းလိုက်တဲ့ ကဗျာလေး……………… မွန်မွန်ရေ..ခံစားဖတ်ရှုသွားပါတယ်နော်။

  • amatmin

    June 18, 2012 at 4:56 pm

    အွန်…ဒေါ်မွန်မွန် ဆောင်ပုဒ်ထဲကလိုဆို..
    ဘဝခရီးတိုတိုလေးအတွင်းမှာ..
    ခင်ဗျားချစ်တဲ့သူတွေကို ကိုယ့်ရဲ့ မေတ္တာတရားကို ပြသဖို့ အတွက်ဆို..
    သူက ခင်ဗျားဆီကို ပြန်လာမှ ဖြစ်မှာမဟုတ်လား ဟင်င်. 😛

    • Moe Z

      June 18, 2012 at 5:04 pm

      အဟမ်း.. မမွန်မွန်ရေ ဖြေပေးလိုက်ပါဦး
      နောက်မှပြန်လာမယ် . . . 😀

    • မွန်မွန်

      June 18, 2012 at 5:27 pm

      ဟုတ်ကဲ့…မွန်မွန်က ကိုယ့်ရဲ့မေတ္တာတရားကို မဖုံးကွယ်ခဲ့ပါဘူး။ ချစ်ပြခဲ့တယ်လေ။ (ကဗျာထဲမှာ ပြောပါတယ်) အဲဒါကိုမှ သူက တန်ဖိုးမထားဘဲ သူ့လမ်းသူ ရွေးသွားမှတော့ သွားပါစေပေါ့။ နောင်တရပြီးမှ ပြန်လာတာကိုတော့ လက်ခံဖို့ မစဉ်းစားမိသေးဘူး။ 🙂
      ပြန်မလာလည်း ဖြစ်ပါတယ်။ 😛

  • nature

    June 18, 2012 at 5:13 pm

    စိုင်းထီးစိုင်သီချင်းလေးဆိုပြလိုက်ပေါ့။
    …မနေချင်ရင်သွားပေါ့မတားပါဘူး။ လူဆိုတာမာနနဲ့ပါ… 🙂

  • စိန်ဗိုက်ဗိုက်

    June 18, 2012 at 6:28 pm

    ပြန်လာရင်လဲ အနဲဆုံး တောက်တဲ့ တစ်ကောင်လောက်မိမှ ပြန်လာပါ.

  • water-melon

    June 18, 2012 at 6:36 pm

    ပြန်မလာနဲ့ဆိုတော့လဲ ပြန်မလာတော့ပါဘူး မွန်လေးရယ်
    ခယောင်းလမ်းကို ကိုယ်တစ်ယောက်ထဲ လျှောက်လှမ်းပါရစေ
    အရမ်းသတိရခဲ့ပါတယ်
    အဟီ 😀

  • နေဝန်းနီ

    June 18, 2012 at 7:05 pm

    အော်……… သူလေးမှာ လည်း အတိတ်က ဒါဏ်ရာ လေးနဲ့ကိုး…။ ဘာပဲဖြစ်ဖြစ် မေ့ပစ်လိုက်တာအကောင်းဆုံးပါကွယ်…. ။ နောက်ထပ် ဒီဒဏ်ရာမျိုးနဲ့ ဝေးပါစေနော်…။

  • ဘဲဥ

    June 18, 2012 at 7:11 pm

    အယ် သူလေးကလည်း ဇွတ်ကြီးကိုနှင်နေတာဘဲနော်
    ဒီမှာ ကိုယ့်နှလုံးသားကို သူ့ရှေ့မှာ ဖြန့်ခင်းပေးထားပါတယ်နော်
    ကြိုက်သလိုသာ နင်းလျှောက်သွားပါကွာ ဒဏ်ရာဗရဗွနဲ့ ကျန်နေခဲ့ပါစေ
    သူလေးအတွက် ပေးဆပ်ချင်နေတာပါ

  • မောင်ပေ

    June 18, 2012 at 8:20 pm

    အော်…မင်းသိင်္ခ ပြောခဲ့သလိုပါဘဲလားကွယ် ။
    “လက်စားချေခြင်းသည် ချိုမြိန်ခြင်း ဖြစ်သည်” ဆိုသလို
    မလုပ်လိုက်ကြဘာနဲ ့…။

  • ကိုရင်စည်သူ

    June 18, 2012 at 9:14 pm

    မလာပါနဲ့..
    ငစည်လျှောက်မယ့် ဘဝခရီးကြမ်းတယ်
    ကြုံတွေ့မယ် အခက်အခဲ ဒုက္ခကျောက်ဆောင်
    မိုးရင်ဆိုင်ဖို့ ခက်မယ်… … မလာခဲ့နဲ့…
    (မျိုးကြီးသီချင်း ဟစ်သွားပါသည်။) 😳

  • ဟောသီချင်းသံလေး ကြားလိုက်သလိုပဲ။

    ဒီတစ်ညတော့မင်းရင်ခွင်မှာ မှေးစက်ပါရစေကွယ်
    အချစ်ရယ် တံခါးဖွင့်တော့ကွယ်တဲ့
    နောင်တ တရားတွေနဲ့ပြန်လာသူကို
    ပြန်ပါဆို…………………….
    မင်းနှင်ရက်သလား
    ပြန်မလာနဲ့လို့ဆိုသူရေ…………………………………….

  • kaung lay

    June 19, 2012 at 9:19 am

    သူမနေချင်တာက
    သူ့မကြောင့်လား(သူမကမနေစေချင်တဲ့ပုံစံပြနေလို့လား)

  • မွန်မွန်

    June 19, 2012 at 9:31 am

    🙂
    သွားပြီဆိုမှတော့ ပြန်ကိုမလာခဲ့နဲ့တော့..ရွေးပြီးသားလမ်းကိုပဲ ဆက်လျှောက်လိုက်တော့…ဒဏ်ရာဆိုတာ ပျောက်သွားရင်တောင် အမာရွတ်ကျန်ခဲ့တာပဲ… အမာရွတ်ပါပျောက်ဖို့ဆိုရင်တော့ တော်တော်အချိန်ပေးရမှာ..နေပါစေတော့…

    • Moe Z

      June 19, 2012 at 9:58 am

      take a look at me now ……. (Moe Z) 😀

  • mamanoyar

    June 19, 2012 at 10:02 am

    ကြိုက်တယ် “ချင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်မို့”

  • MaMa

    June 19, 2012 at 10:19 am

    ဖတ်ဖူးတဲ့ ဝတ္ထုလေးတစ်ပုဒ် ပြန်ပြောပြမယ်။
    ကောင်မလေးက သူ့ချစ်သူ ကောင်လေးကို စိတ်ခုပြီး လမ်းခွဲကြဖို့ ပြောတယ်။
    ဘယ်လိုမှ ပြန်ချော့ပေမယ့်မရတဲ့အဆုံး ကောင်လေးက ချစ်သူဘဝ စာရင်းရှင်းဖို့ ချိန်းတွေ့တယ်။
    နှစ်ယောက်အတူ
    စားခဲ့
    သွားခဲ့
    ရုပ်ရှင်ကြည့်ခဲ့တဲ့ ကုန်ကျစရိတ် ကို တစ်ယောက်စာ ပြန်တောင်းတယ်။
    ကောင်မလေး ပြန်ပေးမယ်လို့ ပြောတယ်။
    နောက်ထပ် သူ့ကျောင်းလခတွေ သွင်းပေးထားရတဲ့ စရိတ်စာရင်းပြတယ်။
    ကောင်မလေးက သူတစ်လချင်းစီ ခွဲဆပ်ပေးမယ်လု့ိပြောတယ်။
    နောက် ကောင်မလေးမိဘတွေ ငွေလိုလို့ မှာတုန်းက သူပို့ပေးထားတဲ့ငွေစာရင်းကိုပြတယ်။
    ကောင်မလေး ချုံးပွဲချငိုတယ်။
    (အကြမ်းလောက်ပဲ မှတ်မိတော့လို့)
    အဲဒီအကြောင်းကို သားသမီးတွေ ရလာတော့ ချစ်သူသက်တမ်းမှာ စာရင်းဇယားရှိဖို့။
    လိုအပ်ရင် ချစ်သူကို ကြွေးနဲ့ သိမ်းနိုင်ဖို့ဆိုပြီး ဇာတ်လမ်းလေးကို အဆုံးသတ်ထားတယ်။
    သူ့ဇာတ်လမ်းမှာတော့ ကောင်လေးက ကောင်မလေးကို ပြန်လာစေချင်တာကို ပြန်လာအောင် လုပ်နိုင်လိုု်က်တယ်။ 😀

    • မွန်မွန်

      June 19, 2012 at 10:37 am

      တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အဲဒီအကြောင်းပြောဖြစ်တယ်။ မွန်မွန်ကတော့ သူငယ်ချင်းတွေနဲ့ပဲ သွားတာများတော့ သိပ်မသိဘူး။ (သူငယ်ချင်းတွေကတော့ ရှင်းမယ်ဆိုရင် အားမနာ လျှာမကျိုးပဲ) သူငယ်ချင်းရည်းစားတွေကတော့ ပိုက်ဆံကို သိပ်မခွဲခြားသလိုပဲ..တွေ့ရသလောက်ကတော့ပေါ့.။ ကိုယ်လိုရင် သူပေး၊ သူလိုရင် ကိုယ်ပေး။ ယောက်ျားလေးကတော့ ပိုကုန်တာပေါ့နော်…။

  • မမ အညာသူ

    June 19, 2012 at 1:59 pm

    နင်ထားရစ်ခဲ့ပြီပဲ………..ပြန်မလာပါနှင့်
    နင်ပြန်လာတယ်နော်……ဝမ်းနည်းပါတယ်……ညာကကြေားခိုင်းသွားပြီဆိုရင်
    ပြန်လှည့်မကြည့်တက်ဘူး
    မွန်ရေကဗျာလေးကတယ်ပဲကောင်းပါတယ်………

  • mayjuly

    June 19, 2012 at 2:11 pm

    မနေချင်လို့ ထွက်သွားတာ ..ပြန်လာဖို့ မစဉ်းစားနဲ့ …
    မင်းအတွက် ငါ ပြန်လမ်း မဖောက်ထားဘူးးး
    သွားဂျောက်ထဲ ….

  • etone

    June 19, 2012 at 2:25 pm

    မမွန်မွန်ရေ ..
    အနားမှာ မနေချင်တဲ့ လူကို ဆွဲထားတာထက် ..
    လွှတ်ပေးလိုက်တာ ၊ လွတ်လပ်ခွင့်ပေးလိုက်တာ
    သူအတွက်ရော ကိုယ့်အတွက်ပါ
    အကောင်းဆုံး ဖြေရှင်းနည်းလို့ ထင်ပါတယ် ……….. ။

  • a me

    June 19, 2012 at 5:27 pm

    ကောင်းပါတယ် ကဗျာက သူကြင်မှလည်း ကိုယ်ကြင်နိုင်မှာလေ

  • maung khinmin

    June 21, 2012 at 7:28 pm

    အချစ်ကြောင့်…ပူလောင်
    အချစ်ကြောင့်…အေးမြ
    အချစ်ကြောင့်…သံသယဝင်
    ဒါ…သံယောဇဉ်ပေါ့…………

Leave a Reply