ပေါ့ပေါ့ပါးပါး ပြုံး….

CrystallineJune 18, 20121min23624

ဖတ်ဖူးတဲ့ဟာသလေးတွေပါ.. ခရက်ဒစ်ပေးဖို့ဘယ်စာအုပ်ကဖတ်မိလဲ ဆိုပြန်ရင်လည်း မမှတ်မိတော့ဘူး.. စည်းမျဉ်းစည်းကမ်းဖောက်တဲ့ သဘောဖြစ်နေရင်တော့ဖျက်ပေးပါ လို့ကြိုတင်တောင်းပန်ပါတယ်..

တခါက အသက်ရှည်ကျန်းမာတဲ့ အဖိုး တစ်ယောက်ဆီကို ကျန်းမာရေးစာစောင် တစ်ခုကသွားပြီး အင်တာဗျူးလုပ်ပါသတဲ့…အဖိုးအခုလို အသက်ရှည်ကျန်းမာနေ တာဘာ့ကြောင့်ပါလဲပေါ့… အဖိုးကပြန်ပြောသတဲ့ သူကငယ်စဉ်ကတည်း နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု့ပုံမှန်လုပ်တယ်..စည်းကမ်းနဲ့နေတယ်စားတယ်..အထူးသဖြင့်သေရည်သေရက်ကို လုံးဝရှောင်ကြဉ်ခဲ့ပါတယ်တဲ့..အရက်ကိုလုံးဝ မသောက်ခဲ့ဘူးတဲ့.. အဲဒီအချိန်မှာ အိမ်နောက်ဖေးဘက်ကနေပန်းကန်ကျကွဲသံ၊ ထိုင်ခုံကိုခြေထောက်နဲ့ကန်တဲ့ အသံတွေ ဝုန်းဒိုင်းနဲ့ထွက်လာတယ်တဲ့.. အင်တာဗျူးလာလုပ်တဲ့လူလည်းအလန့်တကြားနဲ့ အဖိုးမျက်နှာကို ကြည့်တာပေါ့..အဖိုးက ပြုံးတုံ့တုံ့နဲ့ ဘာမှမဖြစ်ပါဘူးသားရယ်တဲ့.. အဘရဲ့အဖေပါ…”အဖေကအဲလိုပဲ..အရက်သောက်တိုင်း သွေးဆိုးတာငယ်ငယ် ကတည်းကပဲလို့အဘအမေကပြောဖူးတယ်” တဲ့…
အင်္ဂလိပ်စာစောင်တခုမှာဖတ်ဖူးတာပါ.. ရေးတဲ့သူကိုမသိပေမယ့် ရှပ်ဘဲများ ဖြစ်နေမလားပဲ…. 

နောက်တပုဒ်ကတော့ မြန်မာစာစောင်တခုမှာဖတ်ဖူးတာပါ… စာစောင်နာမည် မမှတ်မိတော့ပါ…
ဆရာမသစ်လေးတစ်ယောက် အတန်းထဲမှာစာစသင်တဲ့နေ့.. အသီးလေးတွေပုံဆွဲပြရင်း ဘာသီးလဲမေးပါတယ်တဲ့.. အဲ..ဆရာမက ဘူးံသီးဆွဲပြပြီးဘာသီးလဲလို့မေးသတဲ့.. ကလေးတွေက -င်တုံးကြီးလို့ဖြေပါတယ်တဲ့..ဆရာမလေးလည်းသူ့ကိုမလေးမစားလုပ်ပါတယ်ဆိုပြီး ဒေါသတွေနဲ့ကျောင်းအုပ်ကြီးကို သွားတိုင်တာပေါ့..ဆရာမအသစ်လေးဆိုတော့ ကျောင်းအုပ်ကြီးကလည်း အရေးတယူနဲ့ အခန်းထိလိုက်လာပြီး ကလေးတွေကိုဆူမယ်ပေါ့.. အခန်းထဲလည်းရောက်ရော.. “မင်းတို့တော်တော်ဆိုးတာပဲ..ဆရာမအသစ်လေး မလေးစားပဲ စိတ်ဆိုးအောင်လုပ်ရလား… ဟင်း..ကြည့်စမ်း..ကျောက်သင်ပုန်းမှာ လဲဘယ်ကောင်လက်ဆော့ပြီး -င်တုံးကြီးပုံဆွဲထားတာလဲ.. သွားဖျက်စမ်း..တော်တော်ဆိုးတဲ့ ကောင်တွေ” ..တဲ့.. တော်တော့ကိုပုံဆွဲကျွမ်းကျင် ပုံရပါတယ်..

သဘောတရားကိုသာမှတ်မိပြီး မူရင်းရေးသားသူရဲ့ အရေးအသားအတိအကျ ကိုမမှတ်မိတဲ့အတွက်..အမှားပါရင်ခွင့်လွှတ်ပါ..

စိတ်ညစ်နေတဲ့
Crystalline

24 comments

  • Davit

    June 18, 2012 at 5:29 pm

    -င်တုန်းကြီးပုံ မြောင်းတကာ ဦးလေးဆွဲထားတာပါဗျို့…….. 😉

    • စိန်ဗိုက်ဗိုက်

      June 18, 2012 at 5:33 pm

      အဲဒီကျောင်းဆရာမကို သဂျီးက သူ ့ပုံနှိပ်ဂျာနယ်မှာ ပင်တိုင် ကာတွန်းဆွဲပေးဖို ့ ရီကွက်စ် လုပ်ပါသတဲ့ဗျာ..

  • htoosan

    June 18, 2012 at 5:40 pm

    ပိုစ်ဖတ်ပြီ ပြုံးမိသလို စိတ်ညစ်တဲ့သူက ရေးနိုင်သားဘဲဆိုပြီး ထပ် ပြုံးမိပါကြောင်း ။

  • Thel Nu Aye

    June 18, 2012 at 6:21 pm

    တွေးတွေးပြီးရီသွားပါကြောင်း။

    • Crystalline

      June 18, 2012 at 9:38 pm

      အစ်ကိုရေ..စိတ်ညစ်နေတယ်ဆိုတာကတော့တကယ်ပါ… စိတ်ညစ်လွန်းလို့စိတ်ပြေလက်ပျောက် online တက်ပြီး တွေ့သမျှစာထိုင်ဖတ်နေတယ်. ယခုပို့စ်တိုလေးကတော့ ကိုချစ်ရင်ထူးနှစ်တို့ ကိုရင်စည်သူတို့တင်ထားတဲ့ ဟာသလေးတွေကိုဖတ်မိရင်း ညီမဖတ်ခဲ့ပြုံးခဲ့တာလေးကိုပြန်သတိယလို့ ဝေငှလိုက်တာပါ…

      • ကိုရင်စည်သူ

        June 18, 2012 at 9:49 pm

        ဘာမှ ချိတ်မညစ်နဲ့ အလင်းလေးရဲ့… အရမ်းစိတ်ညစ်ရင်
        ဘရက်ပစ်၊ ဘက်ခမ်းနဲ့ ဂျွန်စော သုံးရုပ်စပ်ထားတဲ့
        ကိုရင့်ကို အမြန်ဆုံး သတိရလိုက်.. 😆 😆
        စာတွေ အရမ်းထိုင်ဖတ်တော့ မျက်လုံးတွေ ကိုက်ကုန်တော့မှာပဲ…
        စိုးတယ်.. စိုးရိမ်မိနေတယ်… မွှား.. မွှား… 😳 😳

  • ဘဲဥ

    June 18, 2012 at 6:59 pm

    အဟီးးဟီးးး ပဂျီကျော် ဆရာမလေးပေါ့နော် 😀

  • ko win

    June 18, 2012 at 7:42 pm

    -င်တုံးကြီး ဟာသမှာ ကျွန်တော်ဖတ်ဖူးတာကတော့ ဘူးသီးမဟုတ်ဘဲပန်းသီးဖြစ်ပါတယ်။ နိုင်ငံခြားဟာသစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့တာဖြစ်ပါတယ်။
    (တစ်မျိုးမထင်နဲ့နော် cry…)

    • Crystalline

      June 18, 2012 at 9:45 pm

      မထင်ပါဘူး…ကျေးဇူးပါ…အဲဒါကြောင့်လည်းညီမက ကြိုပြီးစကားခံထားတာပါ… ညီမဖတ်မိတာက တော့ မြန်မာစာအုပ်တခုထဲမှာပါ… ညီမ Gourd နဲ့ Apple လောက်တော့ခွဲသိပါတယ်… 😀

  • မောင်ပေ

    June 18, 2012 at 8:08 pm

    ခရစ်လေး ညစ်တယ်ကြားရလို ့၊ ကိုပေ လဲ မပျော်နိုင် ဖြစ်သွားရပါဘီကွယ် ။

  • ကိုရင်စည်သူ

    June 18, 2012 at 9:07 pm

    သလင်းကျောက်လေးဆိုတော့… ကိုရင်က ကဗျာဆန်ဆန်
    အလင်းလေးလို့ ခေါ်မယ်နော့… 😳 😳
    အလင်းလေး ပို့စ် ခရက်ဒစ်မပေးလဲ ဖျက်စရာ့လား..
    ဒီက မော့ကြီးတွေက ကိုရင်နဲ့ အရမ်းရင်းနှီးဒါ… ဟီးးး
    သူရို့က ရုပ်ချောသဘောကောင်းပီးသားတွေ….
    ကိုရင့်လိုပဲ.. နော့နော့…။ 😛
    အလင်းလေးစိတ်ညစ်နေတိုင်း ရွာထဲက ကိုရင်တို့လို
    ချစ်တတ်တဲ့ နှူဘားဂိုဏ်သားတွေရှိတယ်…
    များများဖောပေးလေ.. စိတ်ညစ်ပြေလေးပဲ.. 😉

    • Crystalline

      June 18, 2012 at 10:41 pm

      နှူဘာဂိုဏ်းတည်ထောင်တဲ့ အစပထမနေ့တွေကိုမမှီလိုက်လို့ ဂိုဏ်းအကြောင်း ပြည့်ပြည့်စုံစုံမသိခဲ့ရသော်ညားလည်းပဲ..ဂိုဏ်းသားတွေလို့ကြွေးကြော်ထားတဲ့ ဦးဦးလေးတွေရဲ့ ဇာတိသရုပ်ကို တဖြည်းဖြည်းနဲ့ ရေးရေးလေး သဘောပေါက်လာပြီးဖြစ်ပါကြောင်း. 😀

    • Crystalline

      June 18, 2012 at 10:42 pm

      နှူဘာဂိုဏ်းတည်ထောင်တဲ့ အစပထမနေ့တွေကိုမမှီလိုက်လို့ ဂိုဏ်းအကြောင်း ပြည့်ပြည့်စုံစုံမသိခဲ့ရသော်ငြားလည်းပဲ..ဂိုဏ်းသားတွေလို့ကြွေးကြော်ထားတဲ့ ဦးဦးလေးတွေရဲ့ ဇာတိသရုပ်ကို တဖြည်းဖြည်းနဲ့ ရေးရေးလေး သဘောပေါက်လာပြီးဖြစ်ပါကြောင်း. 😀

  • ဇိန်ဂွမ်း

    June 18, 2012 at 9:57 pm

    Crystalline ရယ်ညစ်နေတဲ.သူရေးပေမယ်…….
    အလစ်ယူပေါ့ပေါ့လေးပြုံးသွားပါတယ်……
    နောက်မှတ်ထားရမယ်…….သများရှေ. ဘူးသီးပုံမဆွဲမိလေအောင်လို….
    သများနောက်တော့……အဟိဟိ

  • ကိုရင်မောင်

    June 19, 2012 at 4:27 am

    ကဲ..တို့ရွာထဲက ကာတွန်းဆရာမြင်ရင်
    ကာတွန်းဆွဲချင်စိတ်ဖြစ်လာနိုင်တယ်နော့..
    အားပေးသွားပါတယ်….
    Crystalline လေးရေ….

  • kaung lay

    June 19, 2012 at 9:17 am

    အသက်ရှည်ကျန်းမာတဲ့ အဖိုး တစ်ယောက်ကတော့
    အရက်မသောက်လို့တဲ့
    သူ့အဖေကြတော့အရက်သောက်ပေမဲ့
    သူ့ထက်ပိုသက်ရှည်တယ်တဲ့
    ဘာကြောင့်ပါလိမ့်
    စဉ်းစားစမ်း စဉ်းစားစမ်း

  • ရဲစည်

    June 19, 2012 at 10:16 am

    အားပေးသွားပါတယ် ကျောက်တုံးမမရယ်…
    ဒီဖက်က _င်တုံးကြီးဆွဲတဲ့ ဆြာမကို ဟိုဘက်မှာ လိပ်ပြာပုံ သွားဆွဲခိုင်းရင် ဘယ်လိုနေမယ် မသိ
    အာဟိ…

    • နွေဦး

      June 19, 2012 at 2:05 pm

      လိပ်ပြာပုံက အသီးမဟုတ်ဘူးလေ ။ဆွဲချင်တာက အသီးပုံ ဆိုတော့ သရက်သီးပုံ စောင်းလျှားသီးပုံ မဆွဲမိရင် ကောင်းမယ်..။

  • လူ ဟား

    June 19, 2012 at 1:08 pm

    ူဟား…မိဘီဟေ့… အဲဒါ လိပ်ပြာဆွဲတဲ့ ရွှေမင်းသား လက်ချက်ပဲ ဖြစ်ရမယ်…။

  • mayjuly

    June 19, 2012 at 1:17 pm

    အဲ ဆရာမကို လိပ်ပြာပုံခေါင်း တတ်ခိုင်းရင် အဆင်ပြေမယ်ထင်တယ်.. 😀

  • mihninlay

    June 19, 2012 at 2:24 pm

    နောက်တတ်မှန်းမသိတဲ့ကောင်လေးကိုအဘွားကြီးတစ်ယောက်ကမေးတယ်တဲ့
    ငါ့တူရယ်အဘွားကမျက်စိမှုန်လို ့ပါဒီပြုံးနေတဲ့ပုံလေးအောက်ကဘာတဲ့လဲမေးတော့
    (ကျွန်တော်ပုဆိုးရောင်းသည်)တဲ့ ဒါဖြင့်မဲ့နေတဲ့ပုံလေးအောက်ကရောဆိုတာ့
    (ကျွန်တော်ထမိန်ရောင်းသည်) 😛

  • နွယ်ပင်

    June 19, 2012 at 2:41 pm

    ဘာပဲပြောပြော ဒီဘက်က အသီးပုံဆွဲတဲ့ ဆရာမရော ဟိုဖက်က လိပ်ပြာပုံဆွဲတဲ့ လူကြီးရော
    နှစ်ယောက်လုံးတော်တယ် … 😛

  • ba gyi

    June 19, 2012 at 3:45 pm

    ပေါ့ပေါ့ပါးပါးပြုံးပါဆိုလို့ ၊ ရေတောင်မသောက်ပဲပြုံးလိုက်ပါတယ်ဗျို့။
    ယမကာလုင်များ အတွက်၊အဖိုးဂျီးအင်တာဗျူးက မိုက်ထြွာ ဗျား —–။

  • a me

    June 19, 2012 at 5:23 pm

    ရှင်ဘဲ မဟုတ်ပါဘူး ရှင်ပဲဖြစ်နေမလားပါ ဟိဟိ နောက်တာပါ စိတ်မဆိုးကျေးနော်

Leave a Reply