ပြဿနာ

အာဂJune 18, 20121min46534

မနက်….
မျက်နှာကို သစ်
စိတ်ကတော့ အသစ်မဖြစ်နိုင်
ပြဿနာတွေနဲ့….။

အဖေကရေးတဲ့ ပုစာ္ဆ
မိသားစု အတိဒုက္ခတွေကြား
အဖြေမှား….ပြဿနာတွေနဲ့…။

အမေ..မေတ္တာစုပ်ချက်တွေကြား
သူရေးတဲ့ မိသားစု ပန်းချီကား လှမှလှပမလား
ဗျာပါက ဆေးရောင်စုံကြား
ပြဿနာတွေနဲ့….။

အချစ်ဆိုတဲ့ တံခါးကိုခေါက်ဖို့
လှေကားထစ် တွေလိုတယ်။
လှေကားထစ် တွေမဆောက်နိုင်တဲ့..ဘဝ
ပြဿနာတွေ နဲ့…။

ည မိုးချူပ်
ခြေထောက်ကိုဆေး
သန့်ရှင်းစွာ အိပ်စက်ခဲ့ပေမဲ့…။
အိပ်မက်တွေထဲ…
ပြဿနာတွေနဲ့

ခင်ဗျား တို့ရော…
မမေးတော့ ပါဘူး
ကျွန်တော် ပဲ ဖြေလိုက်မယ်..
ပြဿနာတွေနဲ့……..။

34 comments

  • စိန်ဗိုက်ဗိုက်

    June 18, 2012 at 5:45 pm

    ကျနော် ဘဒက်ပစ်နဲ ့တူနေတာကော ပြဿနာပဲလားဟင်င်.. 😆
    ပုံ ဘရက်ဗိုက်

    • ကိုရင်စည်သူ

      June 18, 2012 at 9:10 pm

      အူးဗိုက်တို့များ နာ တစ်ခေါက် ဘရက်ပစ်နဲ့ တူတယ်ပြောလိုက်တာနဲ့…
      တားတား မိန်းမ ဂျိုလီကို ပစ်မှားချင်နေတော့တာပဲ… ဟွန့်… 😀 😀

  • Azzurri

    June 18, 2012 at 5:59 pm

    ဟာဗျာ ပြဿနာပဲ …
    လာထား ၁၀

  • Thel Nu Aye

    June 18, 2012 at 6:16 pm

    ဟယ်အကြီးကြီးပဲတော့။ ပြဿနာပြောပါတယ်။

  • MaMa

    June 18, 2012 at 6:21 pm

    အသက်တရာ မနေရ၊ အမှုတစ်ရာ ကြုံရလို့ ဆိုထားတယ် မဟုတ်လား။
    ပြဿနာလောက်ကတော့ ကိစ္စမရှိပါဘူး။
    အေးအေးဆေးဆေး ကျော်လွှားသွားလိုက်ပါ။
    ကိုယ့်ဆီက ကလေးတွေဆိုရင် အခက်အခဲဆိုတာ ကြုံခဲ့/ကြ/နေ/ဦး မှာပဲ။
    ဒီလိုနဲ့ပဲ တစ်နေ့ပြီး တစ်နေ့ ပြီးသွားတာပဲ။
    မနေ့ကထဲမှာ ကျန်မနေခဲ့ကြပါဘူးလို့….
    နောက်ဆုံး သေသောသူ ကြာရင်မေ့ လို့တောင် ဆိုထားတယ် မဟုတ်လား။

  • ဘဲဥ

    June 18, 2012 at 6:56 pm

    ပျောက်သောသူ ရှာရင်တွေ့ ဆိုပေမယ့် ကျနော့်မှာတော့ဗျာ ……
    လာလေရော့ တစ်ဆယ်

  • metallic

    June 18, 2012 at 8:43 pm

    ဟောင်းဟောင်းသွားတဲ့မျက်နှာကြီးကို
    နေ့တိုင်းနေ့တိုင်းပြန်ပြန် သစ်နေရ

  • နေဝန်းနီ

    June 18, 2012 at 8:55 pm

    လူသာလာပါ ပြဿနာခေါ်မလာပါနဲ့ တဲ့ တစ်ချို့အိမ်တွေမှာရေးထားတာလေးပြောပါတယ်…။ တစ်ကယ်တော့ အဲဒါကိုယ်၌ ကကို ပြဿနာဖြစ်နေတာ ဒင်းတို့ မသိပဲကိုး……..။

  • မောင်ပေ

    June 18, 2012 at 9:11 pm

    အကောင်းဆုံးအရက်ဘာလဲဗျ
    မေးတဲ့
    ပေါက်ဖော်ကလေးရေ
    ဒီကိုလာ… ။
    အားပေးသွားပါအိ ကိုအာဂ

  • pan pan

    June 18, 2012 at 9:56 pm

    တနေ့တနေ့ ပြဿနာပေါင်းသောင်းခြောက်ထောင်
    တစ်ခုမပြီးသေးဘူး နောက်တစ်ခုထပ်ပေါ်တာပဲ
    လူ့ဘဝ ပူမှုရယ်တဲ့ ဆယ်ကုဋေ
    အသက်တစ်ရာမနေရ အမှုတစ်ရာပွေရပါတယ် (တစ်ပင်တည်းနွယ်တဲ့)ကိုအာဂရယ် :mrgreen:

  • ညလေး

    June 18, 2012 at 10:29 pm

    ပြဿနာ…..ပြဿနာ.လာမယ်ဆိုရင်လည်း…..အကုန်လာတော့
    …..တစ်နေ.ဆယ် မျိုးနှုန်းနဲ.တော့မနှိပ်စက်ပါနဲ…….
    အသက်ထွက်တော့မယ်…..

  • may flowers

    June 18, 2012 at 10:56 pm

    ကြုံတတ်တဲ့ ကြုံလည်းကြုံနေရတဲ့ မိသားစုပြဿနာတွေပေါ့………..။ဟုတ်ပါရဲ့ လူတိုင်းလူတိုင်းပြဿနာ

    တွေနဲ့………။

  • အိပ်မက်ထဲမှာ မရသေးတဲ့ မိန်းမနဲ့
    ရောက်မလာသေးတဲ့သားက ကျနော်ကို မေးတယ်
    အဖေသားကို လူတန်းစေ့အောင်ထားမှာလားတဲ့
    ဟူး ပြဿနာဘဲ

  • ကြောင်ဝတုတ်

    June 19, 2012 at 3:35 am

    ဘုန်းကြီးဝတ်ရင်း တရားရလာရှာတယ်ထင်ပါ့

    • R Ga

      June 19, 2012 at 4:15 pm

      တရားက ရနေတာ မွေးကတည်းကပဲ..ကိုဖက်ရေ..။ ဘုန်းကြီးဝတ်လိုက်တော့ ပိုလို့တောင်ရသွားသေးတယ်။ ဖြစ်ပြီးပျက်နေတာလူ ဘဝ ပဲလေ။

  • kaung lay

    June 19, 2012 at 9:14 am

    အဲ့ပြဿနာတွေပြေလည်သွားတဲ့အဆုံးမှာ
    အပြုံးတွေနဲ့ပျော်စရာဘဝကိုခံစားရမှာပေါ့
    ပြဿနာကိုပြေလည်အောင်သာဖြေရှင်းရမှာပေါ့ဗျ။

    • R Ga

      June 19, 2012 at 4:18 pm

      ဟုတ်ကဲ့ ပြဿနာကို ဖြေရှင်းရင်း ပြဿနာတွေချည်းပြည့်နေတော့ခက်ပ

  • amatmin

    June 19, 2012 at 9:24 am

    ပြဿနာတွေကို..ပြဿနာလို့ မြင်နေတာကိုက .
    ပြဿနာစစ်စစ်ဖြစ်နေတတ်တာကိုး..
    ပြဿနာတန်ဘိုး ငွေတစ်ဆယ်တိုးသဗျ. 😉

    • Thel Nu Aye

      June 19, 2012 at 9:42 am

      ပြဿနာပိုင်ရှင် နှစ်ကျပ်တိုး တဲ့။

      • R Ga

        June 19, 2012 at 4:22 pm

        ဟေးးးးး ၂ကျပ်ကြီးများတောင်ရလိုက်ပြီ မန့်သူအားလုံးကို လုံးဝ လေးစားပါတယ်။ နောက်များမှာလည်း win to win အနေနဲ့ မန့်သူ ၁ဝ ပိုင်ရှင် ၂ကျပ် ဆိုတော့ အရမ်းကောင်းပ..။

  • Shwe Tike Soe

    June 19, 2012 at 10:21 am

    ဟယ် အသဲ ရယ် ဟတ်ထ်စ် ကို ထိစ် သွားစ် တာစ် ပဲ ဟယ်….. သူသိပ်ရေးတတ်တာပဲ………ခိခိခိ 😛

  • hein latt

    June 19, 2012 at 10:23 am

    ဟိုက်…..တဂယ့်ပြာသနတ်တွေဂိုး…..
    အိမ်း(စ်)….ရွာသူရွာသားအပေါင်းတို…..
    ပြာသနတ်ကို…ပြာသနတ်ဟု မြင်တက်သူကား..ပြာသနတ်ကောင်ပေတည်း….
    တရားရကြကုန်လော့……။:mrgreen:

    • amatmin

      June 19, 2012 at 10:27 am

      ကိုဟိန်းလတ်ရေ..
      ပုံလေးတွေပေါ်ချင်ရင် စာကြောင်းနဲ့ သင်္ကေတကြားမှာ
      စပေ့ ၂ / ၃ ချက်လောက်ခြားပေးထားလိုက်ပါ.. 🙂

  • hein latt

    June 19, 2012 at 10:24 am

    ဟိုက်…ပုံလဲပေါ်ဝူး….

    • mayjuly

      June 19, 2012 at 10:34 am

      အဲဒါပြသနာ ပဲ လေ … 😀

  • လူ ဟား

    June 19, 2012 at 12:10 pm

    အော်..လက်စသတ်တော့.. ပြဿနာ အစ .. R Ga ဆီကကိုး… ပေး ၁ဝ ဒါပဲ…

  • YE YINT HLAING

    June 19, 2012 at 1:17 pm

    ဟိုက်! အဲဒါမှ ပြသ၁နာပဲ ! အိမ်သာက တက်ပီးနေပြီ ! တစ်ရှူး လည်းမရှိ ! ရေပိုက် ကလည်း ပြင်တုန်း တဲ့ဗျိုး ! ထူးပါဘူး ၊၊၊၊ ကို့လက်ညိုး နဲ့ကိုပဲ ရှင်းတော့မယ် ! ရှလွတ် !

  • marblecommet

    June 19, 2012 at 2:12 pm

    ဦးဇင်းရေ့
    တစ်ခါတစ်ခါ
    ဘွမှာ နေရထိုင်ရတာ
    ပြသနာလေးနည်းနည်းရှိမှ
    အရသာရှိသလို မခံစားမိဘူးလား…..
    …..
    ဟိဟိ
    ပြသနာကို မီးခွက်ထွန်းရှာထားသူ…..
    ငကမ်း…..

  • surmi

    June 19, 2012 at 2:35 pm

    မောင်ရင်ကပြဿနာကို ပြဿနာလို ့မြင်တာကိုး
    ရဲစခန်းနဲ ့ တရားရုံးကကောင်တွေကတော ့ ပြဿနာဆိုသိပ်ကြိုက်

  • မမ အညာသူ

    June 19, 2012 at 2:38 pm

    ဟာ
    ကွိုင်ပဲ….
    ဗိုက်ဆာလာပြန်ပီ………ဟီးးးးးးးးး

  • Novy

    June 19, 2012 at 4:35 pm

    ပြဿနာတွေကတော့ မပြောပါနဲ့
    ဆိုးလိုက်တဲ့ jun လို့တောင်ပြောချင်တယ်

  • ba gyi

    June 19, 2012 at 5:12 pm

    R Ga ရေ ပြဿနာဆိုတာလေ လူတိုင်းနဲ့မဝေး၊
    တစ်ကယ်တော့သေးသေးကလေးလို့ထင်ရင် သေးတာပဲ
    ကြီးတယ်ထင်ရင်ကြီးလာတာပါပဲ။
    အဖြေဆိုတဲ့ဝေါဟာရ ဖြေရှင်းတာမှ ရ လို့
    အဲဒါပြဿနာ မှ စ တာမဟုတ်လားကွယ်။
    တရုတ်တွေက- ပြဿနာကို အခွင့်အရေး နဲ့ အခွင့်အလမ်းလို့မြင်ကြ
    အင်္ဂလိပ်ကတော့ -အဖြေမထုတ်ရသေးသောပုစ္စာလို့ပြော၊
    တို့မြန်မာကတော့လေ ပြဿနာဆိုတာ စိတ်ညစ်စရာ။ ကိုင်းအဲဒါကွာတာပါ။
    ဆရာလုပ်တာမဟုတ်ပါကွယ်— သည်အတိုင်းလေးလက်တွေ့ခံယူဖြေရှင်းနိုင်ရင်၊အခက်ခဲတွေကိုခေါင်းအေးအေးနဲ့ အပြုံးမပျက်ဖြေရှင်း
    ကျော်လွှားသွါးမှာပါဗျား။

  • maung khinmin

    June 20, 2012 at 8:55 pm

    ကျုပ်တို ့မှာလဲ…ခင်ဗျားလိုပ…
    ပုထုဇဉ်မှန်ရင်…..ပြသာနာဆိုတာ….ရှိကြစမြဲပါ့….

Leave a Reply