ငါလဲ ရိုဟင်ဂျာဘဲ မင်းတို ့ဘာပြောချင်လဲ

အောင် လJune 18, 20124min49965

 

ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာနိုင်ငံ

(၁) ၁၉၅၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီအချိန် – နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု ၏ အသံလွှင့်မိန့်ခွန်း တွင်မောင်တောနှင့်ဘူးသီး တောင်မြို့နယ်များတွင်နေထိုင် လျက် ရှိသောပြည်ထောင်စု သားများသည်များသောအားဖြင့် ရိုဟင်ဂျာအမျိုး သားဖြစ်ကြ သည် ပြောကြား ခဲ့သည်။

(၂) နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဦးဗဆွေမှ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့ လူထုအစည်း အဝေး များတွင်ရိုဟင်ဂျာများ သည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်းတိုင်းရင်း သား ကဲ့သို့ တိုင်းရင်းသား လူမျိုး စု တ စု ဖြစ ်ကြောင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ သည်။

(၃) နိုင်ငံတော်ဝန်ကြီးချုပ်ရုံးလက်အောက်နယ်ခြားဒေသအုပ်ချုပ်ရေးရုံး ကြေငြာချက် (ရက်စွဲ – ၂၀.၁၁.၆၁) တွင်မေယုဒေသအတွင်းနေ ထိုင်ကြသူများ ခဲ့သည်တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးများဖြစ် ကြောင်း ပါရှိသည်။ (မေယုဒေသ = ယခုမောင်းတောခရိုင်)

(၄) ၁၉၆၁ မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ မတ်လအထိ မြန်မာ့အသံတိုင်း ရင်းသား လူမျိုးများ ဘာသာ စကားအစီ အစဉ်တွင် တပတ်လျှင် (၁၀) မိနစ်ကျစီ (၃) ကြိမ်၊ ညနေ ၅း၃ဝ နာရီတွင် ရိုဟင်ဂျာ ဘာသာစကားဖြင့် အသံလွှင့်ပေး ခဲ့ပါသည်။ (နှစ်သုံးဆယ် မြန်မာ့  အသံ – ဦးကျော်ငြိမ်း မာတလိ)

(၅) စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉) စာမျက်နှာ ၈၉-၉ဝ တွင် ၁၉၆၄ ခုနှစ်တွင် ရခိုင်တိုင်းမြောက်ပိုင်း   မေယုခရိုင်တွင် လူဦးရေ (၅၀၀၀၀၀) ငါးသိန်းခန့်ရှိပြီး ၇၅%သည် ရိုဟင်ဂျာ လူမျိုးများဖြစ်သည် ဟူ၍ အကျယ် တဝန်းရေးသားဖော်ပြထားသည်။

(၆) ကာကွယ်ရေးဌာနမှထုတ်ဝေသော တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) (၁၈.၇.၆၁) နှင့် (၈.၈.၆၁) နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တို့တွင်မေယု ခရိုင်၊ မောင်းတော၊ ဘူးသီး တောင်၊ ရသေ့တောင် အနောက ်မြောက်မြို့ နယ်များ တွင် အများစုအားဖြင့် ရိုဟင်ဂျာလူမျိုးများ နေ ထိုင် ကြပြီး၊ လူနည်းစုမှာ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီ စသောလူနည်းစုများ စွာပါဝင်နေထိုင် သည့်ခရိုင် ဒေသ တခုဖြစ်ပါသည် ဟူ၍ဖော်ပြပါ ရှိပါသည်။

(၇) ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ (၈.၇.၆၁) ပြောကြားသောမိန့်ခွန်းတွင် “ကျွန်ုပ်တို့ ဒီခရိုင်မှာနေထိုင်တဲ့လူတွေကို ရိုဟင်ဂျာ လို့ခေါ်ပါ တယ်။ မေယုခရိုင်၏ အနောက်ဘက်တွင် ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) ရှိပြီး မွတ်ဆလင် များနေကြပါတယ်။ အနောက်ဘက်မှာနေသူများကို ပါကစ္စတန်ဟုခေါ်ပြီး၊   မြန်မာပြည် မှာရှိသူများကို ရိုဟင်ဂျာလို့ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန်နယ်စပ် တခုတည်း မှာ သာ လူမျိုးတမျိုး တိုင်းပြည်ခြား၍ နေကြသည်မဟုတ်၊ တရုတ်နှင့် ဆက်စပ် နေသော နယ်စပ်တွင်လည်း ဤသို့လူမျိုးချင်း ဆက်စပ်နေကြသည်။ ဥပမာ – ကချင်မှာ လီဆူး၊ အီကော၊ လဝ စသည့်လူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း ၎င်းလူမျိုးများ ရှိသည်။ ထို  နည်းတူ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း တိုင် ဆိုသော ရှမ်းလူမျိုး များရှိကြပါသည်။ မြန်မာပြည်တွင် မွန်၊ ကရင်၊ မလေးရှိသလို ယိုးဒယား ဘက်တွင်လည်း ထိုလူမျိုးများ ရှိကြပါ သည်။ အိန္ဒိယ-မြန်မာနယ်စပ်တွင်လည်း ချင်း၊ လီရှော၊ နာဂလူမျိုးများ မြန်မာနိုင်ငံထဲမှာရှိသကဲ့သို့ အိန္ဒိယနိုင်ငံ မှာလည်းရှိကြသည်။ အဲဒီ တော့ ဒီနေ့ဒီအချိန်ကစပြီး ကျွန်တော်ပွင့်ပွင့် လင်းလင်းပြောချင် တယ်။   မေယုခရိုင်ကို ပြည်ထောင်စုထဲမှာရှိတဲ့ လူနည်းစုတစုလို့သဘောထားမယ်။ အဲဒီတော့အရင်တုန်းက ကျွန်တော် တို့မှားခဲ့တာတွေရှိရင် ခင်ဗျားတို့အားလုံးမေ့ကြ၊ ဒီအချိန်ကစပြီး ခင်ဗျားတို့ မေယု ခရိုင်က လူတွေဟာ တို့ဗမာပြည်ထောင် စုသား၊ တို့ဗမာပြည်ထောင်စု ထဲက လူမျိုးစုတစုလို့သဘောထားကြပါ။ “ စသည်ဖြင့် အကျယ် တဝန့်ပြောကြားခဲ့သည်။

(၈) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနမှ ၁၉၇၈ ခုနှစ်ထုတ်မြန်မာနိုင်ငံအထက်တန်း ပထဝီဝင်ဖတ်စာအုပ်၊ စာမျက်နှာ ၈၆ တွင်တိုင်း ရင်း သားလူမျိုးများပြန့်နှံ့နေထိုင်ကြပုံပြရာမှာ ရခိုင်မြောက်ပိုင်းဒေသကို ရိုဟင်ဂျာ များနေ ထိုင် ရာဒေသအဖြစ်ပြသထားပါသည်။

(၉) ရန်ကုန်တက္ကသိုလ်တွင် ရိုဟင်ဂျာကျောင်းသား၊ ကျောင်းသူအသင်း အဖွဲ့လည်း ထူထောင်ခွင့်လျှောက်ထားခဲ့ရာ ၃.၁၂.၅၉ ရက်စွဲပါ မှတ်ပုံတင်အမှတ် ၁၁၂/၅၉ ဖြင့် “This is to certify that Rangoon University Rohingya Student Association is one of the Registered Associations of the University of Rangoon for the academic year 1959-1960” ဟူ၍မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။

(၁၀) ၁၉၆ဝ ပြည့်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ရိုဟင်ဂျာရိုးရာ ယဥ ် ကျေး မှုပြပွဲကို သိမ်ဖြူအားကစားပြိုင်ဝင်းအတွင်းကျင်းပပေးခဲ့ရာ ရိုဟင်ဂျာ ယဉ်ကျေး မှုပြပွဲ တခုဖြစ်သော ကျင် ပွဲကိုပြသခွင့်ရရှိခဲ့ပါသည်။

(၁၁) မြန်မာအသံ (၂၅) နှစ်မြောက်ငွေရတုသဘင်အဖြစ် ၁၉၇၁ ဖေဖော်ဝါရီလတွင် သော တ ရှင်မဂ္ဂဇင်းကိုထုတ်ဝေခဲ့ရာ စာမျက်နှာ ၅၅ တွင် ၁၉၄ရ ခုနှစ်မှစ၍ တိုင်းရင်း သား ဘာသာစကားအဖြစ်စတင်အသံလွှင့်ခွင့်ပြုသည့်ရက်စွဲများကိုဖော်ပြရာတွင်၁၉၄ရတင် ရှမ်း နှင့်ကချင်ဘာသာ၊ ၁၉၄၉ တွင်စကောကရင်နှင့် ပိုးကရင်ဘာသာ၊ ၁၉၅၉ ခုနှစ် တွင် ချင်း ဘာသာ၊ ၁၉၆၁ တွင် မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့်ကယား ဘာသာတို့ အသံ လွှင့်ခဲ့ကြောင်းဖော်ပြထားသည်။ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာ ဘာသာတို့ဖြင့် အသံ လွှင့်ခွင့်ကို ၁၅.၅.၆၁ နေ့မှစ၍ခွင့်ပြုခဲ့ပြီး ၁.၁၀.၆၅ နေ့တွင် ရပ်ဆိုင်း ခဲ့သည်။

(၁၂) ၁၉၆ဝ ခုနှစ် ပြည်ထောင်စုနေ့တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြပွဲကို အောင်ဆန်း အားကစားကွင်းတွင် နိုင်ငံတော်မှကျင်းပခဲ့ရာ ရိုဟင်ဂျာရိုးရာကျင်ပွဲခေါင်းစဉ်ဖြင့် တခမ်း တနား ကျင်းပခွင့်ပြုခဲ့သည်။

(၁၃) ၂၀.၁၁.၆ဝ နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် နယ်ခြားဒေသအုပ်ချုပ်ရေးရုံးမှ နယ်ခြား ဒေသအုပ်ချုပ်ရေးအရာရှိ ရခိုင်တိုင်းမင်းကြီးနှင့်အဖွဲ့ဝင်များ မေယုနယ်ခြား ခရိုင်သို့ ရောက်ရှိခဲ့ကြရာ ရိုဟင်ဂျာများမှလှိုက်လှဲစွာ ကြိုဆိုကြကြောင်း၊ သူရသတ္တိရှိ သူများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို မြတ်နိုးလိုလားပြီး သစ္စာရှိသောစိတ်ဝင်စားဖွယ် ပြည်ထောင်စု၏လူမျိုးတမျိုးဖြစ်ကြောင်းဖော်ပြခဲ့သည့်အပြင်မြန်မာ့အသံ(ရေဒီယို  အစအ စဉ်) မှလည်း ထိုအကြောင်းအရာကိုထုတ်လွှင့်ခဲ့သည်။

(၁၄) ၁၈.၇.၆၁ ရက်နေ့ထုတ် တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) စာစောင်တွင် “မေယုနယ်မှလေ ဘယ်လိုအခြေရှိပါလိမ့်” ခေါင်းစဉ်ဖြင့်ရေးသားခဲ့သည်။ ထိုဒေသ၏ လူအများစုသည် ရိုဟင်ဂျာဖြစ်ကြောင်းရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။

(၁၅) ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးနှင့်စိတ်ဓါတ်ရေးရာညွှန်ကြားရေးမှူးရုံး ၁၉၆၁ ခုနှစ်တွင်ထုတ်ဝေခဲ့သော တပ်မတော်ခေတ်ရေးစာစောင် (၂) စောင်အနက် ၈.၈.၆၁ နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တွင် “ပျောက်ဆုံးနေသော ညီအစ်ကိုတစ်ဦးကို ရှာတွေ့သည့်ပမာနှယ်” ခေါင်းစဉ်ဖြင့် ဘူးသီးတောင်၊ မောင်းတောတွင် ရိုဟင်ဂျာလူမျိုး ၉၇% ရှိကြောင်းရေးသားခဲ့သည်။

65 comments

  • Pagoosar

    June 19, 2012 at 10:04 pm

    ag la= 5 min swe(they r sout chee sar)
    (. ||. || out. ten. ||)

  • nigimi77

    June 19, 2012 at 10:19 pm

    ကျုပ် အမြင် ပေါ့နော

    ရေထမ်းတယ် ချီးကြုံးတဲ့ လူတွေကပေါ့

    ဆားနဲ ့ ထမင်းစားတယ်…. နဲနဲ ကြာလာတော့ ချမ်းသာလာကြတယ်..

    =====================

    ဝမ်းနည်းစရာပါ……………

    ရေထမ်းတဲ့ မြန်မာနိုင်ငံသားတွေ ရှိတယ်

    ချီးကြုံးတဲ့ မြန်မာနိုင်ငံသားတွေရှိတယ်

    ငပိနဲ ့ ထမင်းစားတယ်

    နဲနဲကြာလာတော့ ………… ဘာတွေဖြစ်လာကြသလဲဟင်င်င်င်င်င်င်င် ?????

    သို ့သော်လည်း စနေနံ ပါတီက စနေနံ ပါတီဝင်ကြီးက ပြောရှာပါတယ်….

    “မသေမချင်းမှတ်ထား” ဆိုပဲ…..

    ဟုတ်ကဲ့ အူးလေး……. သေခါနီးမှ “မသေမချင်းမှတ်ထား” ခိုင်းတဲ့ အူးလေးက

    အဲဒီ အချိန်က (ကုလား(ဝါ) ကူးလာ(ဝါ)ဘင်္ဂလီ(ဝါ) မွတ်စ်(ဝါ) ကမန်း(ဝါ) ဘာဘာညာညာ)

    ဘယ်ချောင် (ဂျောင်) ရောက်နေတယ် ဆိုတာလေး တဆိတ်လောက်…..

    (ခါတော်မီ အူတော်မူကြသော အူးယီးတော်များသို ့)

  • kai

    June 20, 2012 at 5:37 am

    0111001001101111011010000110100101101110011001110111100101100001

    rohingya ဆိုတာကို.. ဘိုင်နရီနဲ့ရေးရင်.. အပေါ်က ၁နဲ့ဝတန်းထွက်လာတယ်..
    ဒါလေးနဲ့များဗျာ..

    ဒေါသ..မောဟ..မာန်..မာနတွေဖြစ်နေကြတာ..
    အနိစ္စ… :mrgreen:

  • ဦးဦးပါလေရာ

    June 20, 2012 at 8:48 am

    တချို့ ပိုစ့်တွေဟာ နည်းနည်းပါးပါး အာသာပြေဆဲပြီးရင်လဲ
    နောက်ထဲဝင်သွားပြီး ပြန်ထွက်မလာတာပိုကောင်းတယ်။

    ဒီလို သန်ရာသန်ရာ ဝိုင်းပြော ဝိုင်းဆဲလို့လဲ ကောင်းကျိုးတခုမှ ထွက်မလာပါဘူး…။
    ရိုဟင်ဂျာတွေကို ဘယ်လိုပဲ လက်မခံနိုင်ပါဘူးလို့ ဝိုင်းပြောပြော
    (အဲလိုပြောတဲ့ထဲမှာ ကျုပ်လဲ ထိပ်ဆုံးကပါတယ်နော်..)
    လက်တွေ့မှာ ရိုဟင်ဂျာတွေကို အပြတ်ဖယ်ရှားဘို့လဲ မဖြစ်နိုင်ပါဘူး..။

    ရိုဟင်ဂျာတွေဘက်ကလဲ သူတို့ရဲ့ရပ်တည်မှု့ကို ဘယ်လိုအကြောင်းပြပြ
    (အခုမှတော့) အမျိုးချစ်တဲ့ မြန်မာတိုင်းရင်းသားတွေက လက်ခံနို်င်တော့မှာမဟုတ်ပါဘူ…။

    အဲဒီတော့ လက်တွေ့အကောင်းဆုံး ဖြစ်နိုင်တဲ့အဖြေက-
    ဘယ်လို မတည့်အတူနေနည်းလမ်း ကို အသုံးပြုရမလဲဆိုတာပဲ ဖြစ်မယ်ထင်တယ်။

  • လူလေး

    June 20, 2012 at 12:29 pm

    အားမရပါသဖြင့် ထပ်၍တဖန် ရေးသည်—-
    မှတ်ထားကြပါ မွတ်မွတ်စ် အပေါင်းတို့
    ဤ နိုင်ငံသည်ကား ဗုဒ္ဓဘာသာ နိုင်ငံပေတည်း
    အစ္စလာမ် နိုင်ငံ မဟုတ်ချေ
    သိပ်ဟောင်နေလျှင် သင်တို့ အတွက် နေစရာမြေရှားပါးလာလိမ့်မည်
    ကိုယ့်ဒုက္ခ ကိုယ်မမြင်တတ်လျှင် သင်တို့ အတွက် ဝမ်းနည်းဖွယ် အဖြစ်မျိုး
    ထာဝရ ကြုံတွေ့နေရမည်မှာလည်း သေချာနေပေတော့သဖြင့်
    ဟောင်နေသည့် အပေါက်များ ယ္ခု အချိန်မှစ ပိတ်ကြပါလေကုန်လော့ ။
    ( သင်တို့ ကြောက်ရွံ့နေသော စကားပုံ အသက်ဝင်စပြုနေသည်ကို မသိကြပါလော)

  • အောင် လ

    June 20, 2012 at 12:47 pm

    ဘာ စကားပုံလဲ ပြောစမ်း ခွေးပါးစပ်။

  • စစ်ကဲ

    June 20, 2012 at 1:03 pm

    အားလုံးဘဲ ဒီလိုပိုစ့်မျုးိတွေကို ဥပက္ခာပြုထားလိုက်ရင် မကောင်းဘူးလား။
    ဒါမျိုးတွေနဲ့ ဖက်ပြိုင်ပြောဖို့ မတန်ဘူးလို့ သဘောထားလိုက်ကြပါလား။
    ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့အရေးကြီးပါတယ်။
    သူ့ဘဝနဲ့သူ၊ သူပြုတဲ့ကံ သူ့ဘာသာခံသွားကြမှာပေ့ါ။

Leave a Reply