အင်ကြင်းကျောက်…………….ဆိုဘဲ အမှတ်တစ်

1 ကျောက်မျက် ပြခန်းမှာတွေ့ရတဲ့ အင်ကြင်းကျောက်(ကျယ်ဂေါင်ဘက်ခြမ်း)
2 အချောက်ိုင်ထားတဲ့ အင်ကြင်းကျောက် ပြားကြီး
3 ရောင်းရင် ပိုက်ပိုက်ရမှာတွေကို လမ်းချထားတယ်
4 ကျောက်တုံးကြီးကို အချောကိုင်ပြီး တုံးပေါ်တင်ထားတယ်

 

5 ရောင်းဘို့ ခင်းထားတဲ့ အချောကိုင်ပြီးသားအင်ကြင်းကျောက်

 

6 အတော်ကြီးတဲ့ကျောက်ပြားကြီးကို တင်ထားတာပါ
7 အထိန်းအမှတ်ကျောက်တိုင် ရေးထားတဲ့စာကတော့ ကျနော်လဲမဖတ်တတ်ဘူးနော်
8 အတော်ကိုစုံတဲ့ဆိုင်ခန်းလေး အားလုံးတန်ဘိုးတွက်ကြည့်မယ်ဆိုရင် မနည်းလောက်ဘူး
9 ကျနော်သာဆိုရင် ဒီသစ်ခေါင်းပေါက်ကြီးလွှင့်ပစ်မိမှာအမှန်
10 သတိူု့ကတော့ ဒီလိုကျောက်တုံးတွေကို အလှဆင်လို့ ရောင်းကြဝယ်ကြ
11 ဆိုင်လေးရဲ့ အခင်းအကျင်း
12 ြုမင်ရတာ ကြက်သီးထစရာဗျာ
13 သူတို့ကဒီကျောက်တွေကို တခမ်းတနားရောင်းတာပါ
14 သစ်ပင်ကဖြစ်တဲ့ကျောက်နဲ့ ရေထဲကခရုခွံ
15 ဒွီပုံလေးကတော့ ရိုက်သာ ရိုက်ခဲ့တာ ကျနော်လဲဘာမှန်းမသိဘူး

“အင်ကြင်းကျောက်လို့ခေါ်ပါသတဲ့…………………..”

 

ဟိုအရင်လေးငါးနှစ်လောက်က မတွေ့တာကြာတဲ့မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့

မာကြောင်းသာကြောင်းမေးကြရင်း သူက “အင်ကြင်းကျောက်”အရောင်းအဝယ်လုပ်နေတယ်

လို့ပြောတေ့ာ ဒီအခေါ်အဝေါ်လေးကနားထဲမှာခပ်ဆန်းဆန်း။

ပြောလို့နားထောင်ထားလိုက်တယ် သူဘာဆိုလိုချင်မှန်းမသိ.။

2010ပထမတစ်ခေါက်ရောက်တော့ ကျောက်မျက်တန်းတစ်လျောက်နဲ့သူတောင်ဘက်က အပြမှာ

ဒီလိုအင်ကြင်းကျောက်ဆိုင်လေးတွေတွေ့ခဲ့ရပါတယ်။

အဲဒီကနေတောင်ဘက်ကိုဆက်သွားတော့ ခြံဝန်းထဲမှာ ယာယီတဲလေးတွေနဲ့ အင်ကြင်းကျောက်တွေကို

အချောက်ိုင်နေကြတဲ့ မြန်မာလုပ်သားတွေကိုတွေ့ရပါတယ်။

အဲဒီတုန်းက ကင်မရာမရှိသေးတော့ကြည့်ရုံဘဲကြည့်ခဲ့ရပါတယ်.။

ဒီတစ်ခေါက်သွားတေ့ာအဲဒီနားမှာ ကားပြင်တဲ့နေရာဖြစ်နေပါတယ်။

ကျယ်ခေါင်ထဲမှာ အင်ကြင်းကျောက်ရောင်းတဲ့ဆိုင်လေးတွေ တွေ့ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်ပါဘူး။

ရိုက်ဘို့အဆင်မပြောတာ လဲ ပါပါတယ်။

ရူ့ခင်းတွေဘာတွေသာ ရိုက်လို့ကောင်းတာ ဆိုင်တွေရိုက်ဘို့ဆိုတာက သူတို့မနှစ်သက်မှာစိုးလို့ပါ။

အဲဒါနဲ့တစ်ရက်မှာတော့ ခြင်္သေ့ရုပ်ကြီးကို ရိုက်ချင်တာနဲ့ ရွှေလီဘက်ကို အသွား

အင်ကြင်းကျောက်တွေကို အချောကိုင်ပြီးရောင်းတဲ့ဆိုင်လေးတွေကို တွေ့ရပါတယ်။

ဒါနဲ့ဘဲ ဘာသာပြန်ုလို့လွဲစရာမရှိတဲ့ နိုင်ငံတကာ ဘာသာစကားသုံးလို့ဆိုင်ရှင်ကိုတောင်းပန်ပြီးရိုက်တော့

လှပသောအသွင်ရှိတဲ့ပုံတွေကိုရပါတယ်။

သူတို့တွေကဒီအင်ကြင်းကျောက်တွေကို အိမ်မှာအလှဆင်ဘို့အတွက်ဈေးကြီးပေးလို့ဝယ်ကြပါတယ်.

ဒီကျောက်တွေဘယ်ကလာသလဲဆိုတာတော့…………….

 

ကိုပေါက်လမ်းသလားနေသည်

(19-6-2012)

16 comments

  • etone

    June 21, 2012 at 9:07 am

    လေးပေါက်ရေ.. အင်ကြင်းကျောက်က အဖိုးတန်မှန်း တစ်ခါမှ မသိခဲ့ဖူးဘူး ..
    အင်ကြင်းကျောက်ဆိုတာ … အင်ကြင်းပင်ကနေ … နှစ်တွေ ရာချီကြာမှ မြေထုဖိအားကြောင့် ဖြစ်လာတယ်လို့တော့ ကြားဖူးတယ် .. ဗဟုသုတတော့ မရှိပါဘူး … ။
    ဒီနိုင်ငံမှာ တွေ့ဖူးရတဲ့ အင်ကြင်းကျောက်က အပိုင်းစလေးတွေများတယ် … သူများနိုင်ငံမှာတော့ ပင်စည်လုံးလိုက်ကို … ကျောက်ဖြစ်နေတာဆိုတော့ …… တမင်သက်သက်များ .. ဖန်တီးယူထားတာလားလို့ ..သံသယဝင်မိပါတယ် ။

  • Ma Ei

    June 21, 2012 at 9:12 am

    အဲ့ဒီအင်ကြင်းကျောက်တွေလဲ
    ကျမတို့ဘက်ကကျောက်တွေဖြစ်မှာနော်…
    ကိုပေါက်ရေးတဲ့ post ဖတ်ပြီး သူတို့ဘက်မှာရှိနေတာတွေ
    ဒီဘက်က ယူသွားတာတွေလိုချည်းမြင်နေတော့တယ်…

  • ကျနော်လဲအစက ဒီလောက်အဖိုးတန်မယ်မထင်မိခဲ့ဘူး။
    အဖိုးတန်တယ်ဆိုတာက ဈေးနည်းတာ များတာကို မဆိုလိုပါဘူး။
    စီးပွားရေးလုပ်ငန်းတစ်ခု အသွင်ဆောင်တာကို ပြောတာပါ။

  • သူတို့ဟာလဲပါနိုင်ပါတယ်။
    မူဆယ်မြို့အရှေ့ဘက် ကတောင်ကြောတွေက သူတို့နဲ့ကျနော့်တို့ပိုင်နက်ခြင်းကပ်နေတာကိုး။
    သူတို့နည်းနည်းကျနော်တို့များများ

  • မောင်ပေ

    June 21, 2012 at 9:22 am

    ပုံတွေကြည့်ရင်း စာလေးတွေ ဖတ်ရင်း မျက်ရည်လည်လာတယ်ဗျာ။

  • ဆူး

    June 21, 2012 at 10:37 am

    သူ့ဈေးကွက်နဲ့ သူကတော့ ဟုတ်နေတာပဲနော်.. သပ်သပ်ရပ်ရပ် နဲ့ ဆိုင်ပေါ်ရောက်သွားရင် တန်ဖိုးက အလိုလိုကို ခုန်တက်သွားတော့တာပဲ။

  • laypai

    June 21, 2012 at 10:42 am

    ဆြာပေါက် ရေ။
    မြစ်ဆုံဆည် လုပ်ငန်းခွင် ကနေ ရသွားတဲ့ အင်ကြင်းမြစ်ဆုံ ကြီး ရော မတွေ့ခဲ့ ဘူးလား။

    ပြောသံ ကြားတာတော့ အင်ကြင်း ပင် တပင် လုံး ရဲ့ အမြစ်ဆုံ ကြီး တဲ့၊ အတော် လှတယ် ဆို ပဲ။
    အဲဒါ ကြီး ကို သူတို့ ရဲ့ ပြတိုက် မှာ ထားဖို့ သယ်သွားတယ် ဆို ပဲ။

  • ကိုရင်မောင်

    June 21, 2012 at 11:08 am

    တို့နိုင်ငံကတန်ဘိုးရှိရှားပါးကျောက်တွေ…
    အများအားဖြင့် တရားဝင်မဟုတ်ဘဲ တရုတ်နိုင်ငံရောက်သွားတဲ့ အင်ကြင်းကျောက်တွေ
    နှမြောဘို့ကောင်းလိုက်ပါဘိ…..

  • ဘဲဥ

    June 21, 2012 at 11:16 am

    ကုန်ဘီ ကုန်ဘီ သများတို့ဆီဂဟာဒွေ

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 11:54 am

    အင်ကြင်းကျောက်
    ဖင်ချင်းပေါက်
    သင်ရင်းဂေါက်
    တစ်ပုလင်းသောက်
    ချက်ချင်းမှောက်

  • ကိုလပြည့်ရေ မတွေ့ခဲ့ရဘူးဗျ။
    ဒီတစ်ခေါက် က လျောက်သွားလို့ မကောင်းဘူး အဆင်မပြေဘူး။
    အဲတော့ ကိုယ်နီးစပ်ရာလေးဘဲလက်ဆော့ခဲ့ရတာ။
    ရသလောက်မှတ်တမ်းလေးပေါ့။

  • sat zaw

    June 21, 2012 at 12:50 pm

    17 ပုန်က အင်ကျင်ပင်ကို ့ပိုးထိုးရင်ကျောက်ဖြစ်သွာဒါ အဲဒါကမှာပို ဈေတန်ဒါ ဗျာ။
    အင်ကျင်ပိုး ကဈေတန်ဒါ ကျောက်ကသိပ်မတန်ဘူး ဗျ။

  • TTNU

    June 21, 2012 at 1:47 pm

    ကိုပေါက်ရေ…
    ဖတ်ဖူးတဲ့ ကဗျာလေးတင်ပေးလိုက်တယ်။ စာရေးဆရာတော့မမှတ်မိတော့ဘူး။
    အားနာပါတယ်။ Credit ပေးပါတယ်နော်။

    အင်ကြင်း

    အပင်ကိုခုတ်မလား
    အမြစ်ကပါနှုတ်ပစ်မလား
    ခုတ်ချင်ခုတ်
    နှုတ်ချင်နှုတ်
    ကြာရင် အပင်ဘဝကကျောက်တုံးကျောက်ခဲဖြစ်မှာပဲ။

    ကျောက်တုုံးကျောက်ခဲဆိုပြီးအထင်သေးသလား
    သံမဏိတုံးနဲ့ထုကြည့်ပါ
    မီးပွင့်လာမှာပဲ။

    အပွင့်ပွင့်ပြီဆိုရင်လည်း
    နွေအပူဒဏ်အောက်မှာမှ

    အရောင်ကိုကြည့်ဦးမလား
    တစ်တောလုံးတစ်တောင်လုံး
    ရဲရဲနီတဲ့ အပွင့်မျိုး။

    မေတ္တာဖြင့်
    မာမီ

Leave a Reply