လိပ်ပြာ ပုံ

ဟိုး ရှေးရှေးတုန်းက ….

တရုတ် အဖိုးကြီးနဲ့ အဖွားကြီး လင်မယားနှစ်ယောက်ရှိသတဲ့….

အဲဒီ တရုတ် အဖိုးကြီးနဲ့ အဖွားကြီးက ခဏခဏ ရန်ဖြစ်ကြပါသတဲ့….

တစ်ယောက် ကို တစ်ယောက ်သိပ်ချစ်ကြပေမယ့် မတည့်ကြဘူး။ တစ်ယောက် တခုခု လုပ်ရင် ကျန်တဲ့ တစ်ယောက် က အပြစ်လိုက်ရှာပြီး ပြောနေရော… တစ်ယောက် အောင် မြင်ရင် ကျန်တဲ့ တစ်ယောက်က မနာလို ဖြစ်ပြန်ရော..

တရုတ်အဖိုးကြီးက ပန်းချီဆရာလေ….

တရုတ်အဖိုးကြီးရဲ့ ပန်းချီလက်ရာတွေ ကို အဖွားကြီးက တစ်စက်လေးမှ အကောာင်းမပြောခဲ့ဘူး..

တစ်နေ့ကျတော့ တရုတ်အဖိုးကြီးရဲ့ လက်ရာ ပန်းချီ ကားတွေ ထဲက လိပ်ပြာ ပုံ က အရမ်း လူကြိုက်များပြီး ရောင်းအားကောင်းလာတော့ သူတို့ လင်မယား နှစ်ယောက် နေ့ချင်း ညချင်း ချမ်းသာ သွားကြတယ်။

အဲဒီမှာ တစ်ခါမှ အဖိုးကြီး ရဲ့ ပန်းချီ လက်ရာကို အကောင်းမပြောခဲ့ တဲ့ အဖွားကြီးက အဖိုးကြီးရဲ့ လိပ်ပြာပုံ ဆွဲနည်းကို အရမ်းသိချင်လာတယ်။

တစ်နေ့ တစ်နေ့ကို အဖိုးကြီး ဆွဲတဲ့ လိပ်ပြာပုံ ပန်းချီကားအရေအတွက် က လဲ အများကြီး ဆိုတော့….. အဖွားကြီးက အရမ်းကို စိတ်ဝင်စားတာပေါ့။

အဖိုးကြီးကို မေးလဲ မမေးချင် . သိကလဲ သိချင်ဆိုတော့ …. အဖိုးကြီး မသိအောင် ပန်းချီဆွဲနည်းကို ချောင်းကြည့်တော့တာပေါ့

အဲဒီမှာ အဖွားကြီးက အဖိုးကြီးရဲ့ လိပ်ပြာပုံ ဆွဲနည်းကို တွေ့သွားပြီး အရမ်းအားကျသွားသတဲ့ ဒီလောက်တော့ ငါလဲ ဆွဲတတ်တာပေါ့…. ဆိုပြီး အားကျမခံ လိပ်ပြာပုံလိုက်ဆွဲပါလေရော….

အဖိုးကြီး အောင် မြင် တဲ့ အတိုင်း သူလဲ အောင် မြင် ရမယ်ပေါ့…..

သူက အဖိုးကြီး ဆီက  လိပ်ပြာပုံဆွဲနည်းကို သိသွားပြီဆိုတော့ အဖိုးကြီးဆွဲနည်းအတိုင်း သေသေချာချာ  လိုက်ဆွဲတာပေါ့….

ဒါပေမယ့် အဖွားကြီးက ကံမကောင်းဘူးဗျ…. သူ့ပုံတွေ ရောင်းမထွတ်ဘူး ဖြစ်သွားတယ်။

အဖွားကြီး ဆွဲတဲ့ လိပ်ပြာပုံတွေ က ခေါင်းမှ မပါတာ….. ဘယ်ရောင်းထွတ်ပါ့မလဲ….

အဖိုးကြီးရဲ့ လိပ်ပြာ ပုံဆွဲနည်းက ဒီလိုဗျ…..

ပန်းချီဆွဲဖို့ ဆေးရည်တွေ ကို ဖျော်ထားပြီး ဆေးရည်ပေါ် အရင် ထိုင်ချလိုက်တယ် ပြီးတော့မှ….

ပန်းချီ စာရွတ်ပေါ်ကို ပြန်ပြီ ထိုင်ချ လိုက်ရော …..   အဲတော့ လိပ်ပြာ ပုံလေး ထွတ်သွားရော……

 

အပျော်သဘော သတ်သတ်ပါ…

 

ရွာသူရွာသား အားလုံး အမှားပါရင် ခွင့်လွှတ်ကြပါ………..

 

 

27 comments

  • ညလေး

    June 18, 2012 at 10:45 pm

    ဪဘာများလဲလို……..ဒီနေ….ရွှာထဲက ကိုကိုရွှေဉာဏ်ရှင်တို……
    အစွမ်းပြတဲ.နေ.များလားနော်…….
    အားပေးရင်းလက်မသေးသေးလေးထောင်သွားပါေဂျင်း…….

  • may flowers

    June 18, 2012 at 11:00 pm

    ဟေ..ဂလိုကြီးဆွဲတာလား..ဟဟဟဟဟဟဟဟဟဟဟဟဟဟ။

  • ရွှေ မင်း သား

    June 18, 2012 at 11:13 pm

    ဟုတ်တယ်။
    တကယ် လိုက်ဆွဲနေကြမလား မသိဘူး။ ဟိဟိ
    ဘာရယ်မဟုတ်ဘူး ။
    ဒီည ပေါ့ပေါ့ ပါးပါးလေးတွေ ဖတ်ပြီး ရေးချင်စိတ်လေးပေါက်လာတာနဲ့ ရေးလိုက်တာ..

  • မောင်ပေ

    June 19, 2012 at 1:02 am

    computer ရှေ့ , or
    နေ့စဉ် အထိုင်များသူတိုင်းအားလုံး အတွက်
    သတင်းကောင်း

  • Shwe Tike Soe

    June 19, 2012 at 9:06 am

    အော် ငါ့သယ်ရင်းက တော့ လုပ်ချလိုက်ပီ ………ဟဟဟဟဟဟဟဟဟဟဟဟဟဟ မင်းလဲ အဲလိုဆွဲတယ်မို.လား ဟင်းဟင်း မှန်မှန်ပြောနော်……
    ရီရသကွာ………. ဟိုဒင်းလေးထောင်သွားတယ်နော်……လက်မ………ဟိဟိ

    • Azzurri

      June 19, 2012 at 9:08 am

      အူးလေး ဟိုဒင်းထောင်ရင် သများ သားရေပင်နဲ့ ပစ်ချင်ဒယ်…
      လက်မပြောပါဒယ်…
      အာဟိ…

  • kaung lay

    June 19, 2012 at 9:09 am

    အဲ့လိုဆွဲရင်ရလားဗျာ
    ကောင်လေးလည်းဆွဲကြည့်ရဦးမယ်ဗျ။

  • မမ အညာသူ

    June 19, 2012 at 9:12 am

    ခစ်ခစ်………………:P

  • လူ ဟား

    June 19, 2012 at 9:29 am

    အဟိ.. အဖွားကြီးသနားပါတယ် …. သူ့ လိပ်ပျာက ခေါင်းပြတ်ကြီးတဲ့နော်.. အဲဒါကြောင့် ပြောဒါ မတူရင် မတုနဲ့ဆိုတာ… ရွာသူများ မှတ်သားကြလေကုန်…

  • hein latt

    June 19, 2012 at 9:31 am

    ဟိုက်ရှားပါး…….ရွှေညာဏ်တော်စူးရောက်ပါပေ့…….
    နာဒို.လဲဆွဲပီး ရောင်းရမယ်……။ဟိဟိ……….။

  • ရဲစည်

    June 19, 2012 at 10:14 am

    ဪ ဒါ့ပုံဆြာရယ်
    လိပ်ပြာပုံဆိုလို့ ဆြာ့ မျက်နှာစာအုပ်ထဲက ပုံလေးတွေလားလို့ ခုဒေါ့
    အင်း……
    အလုပ်ရှုပ်တဲ့အချိန် ဒီလို ဟာသတွေကလဲ တတတ်တအားပါဗျို့ အားပေးသွားတယ်
    အော်ကြီးဟစ်ကျယ်တော့ မထောင်ရဲဘူး ….သားရေပင်းနဲ့ ပစ်မဲ့သူတွေ ရှိတယ်… 🙂

  • နွယ်ပင်

    June 19, 2012 at 10:22 am

    ဟီးးးးးးးးးးး မိုက်တယ်ဟ ဒီလိပ်ပြာပုံဆွဲနည်းက ဟိဟိ …. 😀

  • mayjuly

    June 19, 2012 at 10:46 am

    ဟားးးး ခုမှပဲ စိတ်ပျော်ရွှင်မှုရတော့တယ် …ရှဲရှဲ
    အဖွားကြီးလိပ်ပြာပုံ ကို ခေါင်းဘယ်လိုတတ်မလဲ သိချင်လိုက်ဒါ … 😛

  • water-melon

    June 19, 2012 at 11:26 am

    ကလေးနဲ့လူကြီးဆို လိပ်ပြာအကြီးအသေးကွာမှာပေါ့နော်
    ကိုပေဆို လိပ်ပြာခေါင်းက အကြီးကြီးထွက်လောက်တယ်
    အဟီ
    စမ်းကြည့်မယ်
    ဟယ် လိပ်ပြာက ခေါင်းတိုနေတယ်

  • Mလုလင်

    June 19, 2012 at 11:45 am

    ကိုယ်တိုင်ဆွဲ ပုံတူ လေးများ တင်ပေးလို့ ရနိုင်မလား ဗျ …. တောင်းဆိုကြည့်ဒါဘာ …။

    • ရွှေ မင်း သား

      June 19, 2012 at 1:00 pm

      လိပ်ပြာပုံ ဆွဲနည်းကို ပေးပြီး သားဖြစ်တဲ့အတွက် Mလုလင် ကိုယ်တိုင်ဘဲ ဆွဲ ပြီး လိပ်ပြာပုံလေး တင်ပေးလိုက်ပါ ခင်ဗျာ….. ခိခိ…
      စောင့်နေမယ်နော်……
      လိပ်ပြာပုံလေးတွေ ဒပုံ ရိုက်ပြီး တင်ပေးလိုက်ပေါ့။

  • နွေဦး

    June 19, 2012 at 2:41 pm

    ဒါ့ကြောင့် ဆောင်းတွင်းမှာ လိပ်ပြာတွေ ခေါင်းသေးတာကိုး..

  • Thel Nu Aye

    June 19, 2012 at 3:11 pm

    Crystalline ရဲ့ ဆရာမ
    ရွှေမင်းသားရဲ့ တရုတ်အဖိုးကြီး

    အင်းရွာထဲမှာ ပန်းချီကျော်တွေတော်တော်များလာပြီ။ ရဲစည်ရဲ့ ကာတွန်းပြပွဲကို အကုန်ဝင်ခိုင်းလိုက်လို့ ကတေ့ာရှယ်ပဲ။ ဟီဟိ

  • kyeemite

    June 19, 2012 at 3:31 pm

    ကရင်ချစ်ရင်ထူး-၂
    လိပ်ပြာဓါတ်ပုံပြပွဲလုပ်ပါဗျို့..
    ————————–
    ကိုရင်ရဲစည်ကလည်း…လိပ်ပြာပုံ ပန်းချီပြိုင်ပွဲဖိတ်ဗျာ..
    ခေါင်းမပါတဲ့လိပ်ပြာကသပ်သပ်ပေါ့…ဟီးပျော်စရာကြီး..

  • Wai Phyoe

    June 19, 2012 at 3:33 pm

    ကျွန်တော်ကတော့ လောင်ချာပုံပဲဆွဲမယ်ဗျာ

  • a me

    June 19, 2012 at 5:09 pm

    ဟာ ပေါက်ကရတွေ မပြောပါနဲ့ ရွာသားရယ်

  • ကြောင်ဝတုတ်

    June 19, 2012 at 6:16 pm

    နွယ်ပင်ရေ
    ကြောင်ဝတုတ်ဂိုဏ်းက လိပ်ပြာပုံကဘယ်လိုဆွဲလဲ
    လာမေးနေတယ်
    ဘယ်လိုဖြေရမလဲဗျို့

  • နွေဦး

    June 20, 2012 at 10:22 am

    သိပြီ ရွှေမင်းသားရေ..
    အဖွားကြီး လိပ်ပြာ ခေါင်းမပါတာ “စုတ်တံ” မပါလို့ကိုး…။
    တကယ်ဆို အဖွားကြီးက လိပ်ပြာပုံမဆွဲဘဲ ဒီလင့်ထဲက
    http://blog.kopeter.com/2012/06/topless-artist-on-thailands-got-talent.html
    ယိုးဒယားမလေးလို ရှိတာလေးသုံးပြီးဆွဲရမှာဗျ…..။
    ဒါပေမဲ့ သူ့ ကြက်ဥကျော်နဲ့ အဆင်ပြေပါ့မလားနော်…

  • snow white

    July 4, 2012 at 7:32 pm

    မိုက်တယ်လိပ်ပြာပုံဆွဲနည်းက ဘယ်ကနေအဖိုးကြီးသင်လာလည်းမသိဘူး ။။

    • ရွှေ မင်း သား

      July 4, 2012 at 8:40 pm

      ဘယ်လိုပြောရမလဲ ဟင်…..
      အဲဒီ အဖိုးကြီး ဘယ်ကသင်လာလဲ ဆိုတာ ကျနော်တောင် မစဉ်းစားမိဘူး။

Leave a Reply