ဘီးစီး( Busy )

zaylayJune 24, 20101min700

ဘီးစီး( Busy ) ”

မနက်ရှစ်နာရီခွဲ တိတိ
ကွန်ပြူတာဖွင့်..
လက်တစ်ဖက်နဲ့ ကော်ဖီဖျော်
နေ့တိုင်းစားတဲ့ ဘီစကစ်ကိုထုတ်..
ရုံးမေးတွေအသာထား..
gtalk လေးအရင်ကလစ်..
” မင်္ဂလာပါ ” ဘာညာနှုတ်ဆက်..
ဒါပေမယ့် ” busy ” လေးတော့ပြထား..
ကိုယ်ပိုင်မေးလေးထပ်စစ်..
( မနေ့ညဆယ့်နှစ်နာရီထိ စစ်ပြီးသား :P)
သူဌေးကို ” Good Morning ”
ရုံးမေးလေးအသာဖွင့် ကျန်တာတွေ မီနီမိုက်
မေးအသစ်မရောက်လည်း..အဟောင်းတွေထပ်ကြည့်..
တောင်တောင် အီအီစာရွက်တွေကိုင်ကြည့်…
ဖုန်းတွေလျှောက်ဆက်..
” Did U received my email? ”
သူဌေးကအပြင်မသွားသေး..
တစ်ဖက်ကလူနဲ့ ပြီးပြီးသား project တွေဆက်ပြော..
သူဌေးကအထွက်..
ညာဘက်လက်က Internet new page ဆီတန်းကနဲ..
ဘလော့ကိုထပ်စစ်..ကျေးဇူးတင်ကြောင်းတွေရေး..
သူများဘလော့တွေ လိုက်စပ်စု..
အို..ဒါနဲ့
နေ့လည်စာ။
ဗိုက်ကလေးကလေး မျက်ခွံလေးကမှေးလို့
တစ်ခါတစ်လေ လက်ထဲကစာရွက်တွေပြုတ်ကျ..
အိမ်သာထဲ ခဏခဏပြေးရ
Urgent လေးတွေ အပျင်းပြေလုပ်..
အလုပ်တွေများသယောင် စိတ်ရှုပ်ပြ..
နဲနဲပွစိပွစိ မကြားတကြားရေရွတ်..
( သူတို့လူမျိုးတွေ သင်ပေးထားတာနော်..:P )
လူအလစ် ရောင်းရင်းတွေတီးခေါက်..
Links လေးတွေ မျှကြ..
ကဗျာတွေ..စာတွေ..စဉ်းစား
ကီးပုတ်အောက်က စာရွက်မှာ မြန်မာလိုအကြမ်းရေး..
ခဲတံလေးနဲ့ စကားလုံးတွေစပ်..
ခံစားချက်ပျောက် ဘာသာပြန်လိုင်းရောက်..
နောက်..
ကော်ဖီချိန်လေး အလပသလာပ လေးနှော..
လခမတိုးလို့ စိတ်ညစ်တဲ့အကြောင်း ဖောင်ဖွဲ့
သူများကုမ္ပဏီ က bonus တွေအကြောင်း
မစားရ ဝကမှန်းပြောကြ
သူဌေးအကြောင်း ၊ သူ့လေဒီအကြောင်း
ကပ်စေးနှဲတာတွေ ပြောကြ..
အော်..ဒါနဲ့ပဲ
ရုံးဆင်းတော့မယ်..
ရောင်းရင်းတွေ နှုတ်ဆက်
File တွေပိတ်..နောက်ဆုံးမှ ” gtalk ” ကိုပိတ်
အော်မေ့လို့
” busy ” sign တောင်မဖြုတ်လိုက်မိဘူး။