သာသနာနဲ့မညီတဲ့တရားဟောပိတ်ပင်မှု

ဓမ္မကထိက ဆရာတော်တွေကို တရားဟောခွင့် ပိတ်ပင်တာဟာ ဗုဒ္ဓသာသနာတော်နဲ့ ဆီလျှော်ခြင်း မရှိဘူးလို့ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ က ဇွန်လ ၁၆ ရက်နေ့က မိန့်ကြားလိုက်ပါတယ်။ ဆရာတော် ဦးသုမင်္ဂလဟာ သူ့ရဲ့ (၄၆) နှစ်မြောက်မွေးနေ့အလှူပွဲမှာ အခုလိုမိန့်ကြားလိုက်တာဖြစ်ပါတယ်။တဆက်တည်းမှာလည်း အဲဒီလို တရားဟောခွင့် ပိတ်ပင်တာဟာ နောက်ဆက်တွဲဖြစ်တဲ့ ဒါနကုသိုလ်တွေကို ပိတ်ပင်ရာ ရောက်တယ် ဆိုတာကို လည်း ဆရာတော်က ရှင်းပြခဲ့ပါတယ်။ ဆရာတော်ရဲ့ မွေးနေ့အလှူပွဲကို ဘဒ္ဒန္တ အင်္ဂ ီသ အဂ္ဂမဟာပဏ္ဍိတ တိုင်း ဥက္ကဌ ရွှေကျင်ဆရာတော်နဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟ အပါအဝင် ဆရာတော် သံဃာတော်တွေလည်း ကြွရောက် ချီးမြင့်ခဲ့ကြပါတယ်။ ဆရာတော်ဟာ သူတရားဟောလို့ရတဲ့ ဓမ္မပူဇာတွေကို ပရဟိတ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နေ တာဖြစ်ပြီး မကြာခင်ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက် နေကြရတဲ့သူတွေအတွက် ငွေကျပ် သိန်း ၂ဝ ကိုလည်း မွေးနေ့ အလှူ အဖြစ် လှူဒါန်းခဲ့သလို နောက်ထပ်လည်းလှူဒါန်းမှုတွေပြုလုပ်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်းပါ။

About ကိုပါႀကီး

has written 21 post in this Website..