သာသနာနဲ့မညီတဲ့ တရားဟောပိတ်ပင်မှု

ကိုပါႀကီးJune 21, 20121min12910

သာသနာနဲ့မညီတဲ့တရားဟောပိတ်ပင်မှု

ဓမ္မကထိက ဆရာတော်တွေကို တရားဟောခွင့် ပိတ်ပင်တာဟာ ဗုဒ္ဓသာသနာတော်နဲ့ ဆီလျှော်ခြင်း မရှိဘူးလို့ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ က ဇွန်လ ၁၆ ရက်နေ့က မိန့်ကြားလိုက်ပါတယ်။ ဆရာတော် ဦးသုမင်္ဂလဟာ သူ့ရဲ့ (၄၆) နှစ်မြောက်မွေးနေ့အလှူပွဲမှာ အခုလိုမိန့်ကြားလိုက်တာဖြစ်ပါတယ်။တဆက်တည်းမှာလည်း အဲဒီလို တရားဟောခွင့် ပိတ်ပင်တာဟာ နောက်ဆက်တွဲဖြစ်တဲ့ ဒါနကုသိုလ်တွေကို ပိတ်ပင်ရာ ရောက်တယ် ဆိုတာကို လည်း ဆရာတော်က ရှင်းပြခဲ့ပါတယ်။ ဆရာတော်ရဲ့ မွေးနေ့အလှူပွဲကို ဘဒ္ဒန္တ အင်္ဂ ီသ အဂ္ဂမဟာပဏ္ဍိတ တိုင်း ဥက္ကဌ ရွှေကျင်ဆရာတော်နဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟ အပါအဝင် ဆရာတော် သံဃာတော်တွေလည်း ကြွရောက် ချီးမြင့်ခဲ့ကြပါတယ်။ ဆရာတော်ဟာ သူတရားဟောလို့ရတဲ့ ဓမ္မပူဇာတွေကို ပရဟိတ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နေ တာဖြစ်ပြီး မကြာခင်ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက် နေကြရတဲ့သူတွေအတွက် ငွေကျပ် သိန်း ၂ဝ ကိုလည်း မွေးနေ့ အလှူ အဖြစ် လှူဒါန်းခဲ့သလို နောက်ထပ်လည်းလှူဒါန်းမှုတွေပြုလုပ်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်းပါ။

10 comments

  • Kotrue

    June 21, 2012 at 10:04 am

    ကျင့်သုံးနေတဲ့ တရားတွေကပါ ဗုဒ္ဓသာသနာနဲ့ မညီမှတော့ တရားဟောပိတ်တာတင် မကပါဘူး၊ ယနေ့ သာသာနာမှာ ကျင့်သုံးနေမှုများကိုက သာသနာနဲ့ ညီတာ ဘာများရှိကြပါလဲလို့ စဉ်းစားနေပါတယ်။

    တရားတွေလွဲနေရင် အားလုံးလွဲနေမှာပါ။

  • ဇောက် ထိုး

    June 21, 2012 at 11:19 am

    ဒီကိစ္စဟာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို တားမြစ်တဲ့သဘောသက်ရောက်နေသလိုပါပဲ။
    မြန်မာနိုင်ငံမှာ လူသားတွေ ဒီမိုကရေစီ ရပေမယ့် လူသားတွေကိုလမ်းညွှန်ပြသူဆိုတဲ့ တရားအဖွဲ့အစည်းမှာ တော့ ဒီမိုကရေစီနဲ့ မလွယ်ဘူးဆိုတာနဲ့ ပြယုဂ်တခုပါပဲ။
    ဖြစ်သင့်တာကတော့… ကြိုက်တာပြော.. ကြိုက်တာရေး စည်းကမ်းနဲ့ မညီညွတ်ရင် သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အရေးယူဖို့ပါပဲ။

    ဘုရားရဲ့တပည့်ဖြစ်ဖြစ်.. ဒေဝဒတ်ရဲ့သာဝကဖြစ်ဖြစ် အလ္လာအရှင်ရဲ့ နောက်လိုက်ဖြစ်ဖြစ် မည်သူဖြစ်စေ ဥပဒေကိုချိုးဖောက်ရင် ဥပဒေနဲ့ပဲ အရေးယူဖို့ပါ။
    လူသတ်မှုကျူးလွန်သူတစ်ဦးကို မည်သူရဲ့တပည့်သာဝကနောက်လိုက်ဖြစ်ပါစေ.. လူသတ်မှုနဲ့ အရေးယူရမှာပါ။
    ကာယကံမြောက်ကျူးလွန်ခြင်း။။ ဝစီကံမြောက် ဆဲဆိုဆူပူခြင်းကို ကျူးလွန်းခြင်းစတဲ့ ကျူးလွန်မှုတွေကို ကျူးလွန်ရင် ဥပဒေနဲ့အရေးယူရမှာပါ။
    အဲဒီလို မကျူးလွန်သေးရင်.. လူသတ်တာ ကောင်းတယ်လို့ယုံကြည်နေသေးယုံဖြင့် ဥပဒေနဲ့အရေးယူဖို့ မဖြစ်သင့်ပါဘူး။ ယုံကြည်မှုဟာ ကျူးလွန်မှု မဟုတ်ပါဘူး။

  • ko khin kha

    June 21, 2012 at 12:41 pm

    ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ ကိုတရားဟောခွင့်ပိတ်ထားတယ်လို့ကြားရတယ်။
    ဘုရားဟောထဲမှာရှိတဲ့ တရားကိုဟောလို့ ပိတ်တာဆိုရင် မဟနရဲ့ဆုံးဖြတ်ချက် အယူမှားလို့ဆိုနိုင်တယ်။
    မဟနတွေက တခါတရံမင်းအကြိုက်ထက် ဘုရားအဟောနဲ့ကိုက်ညီမှု့ရှိမရှိ အဓိကဆန်းစစ်နိုင်ဖို့လိုတယ် လို့ထင်မိပါတယ်။

  • Passing By

    June 22, 2012 at 1:48 pm

    မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ် .. ဒါကြောင့်ပိတ်ပင်တာပါ။
    ဗုဒ္ဓ ဘုရားရှင်ရဲ့ ဟောကြားချက်တွေကတော့ လူတိုင်းအတွက်ဖြစ်ပါတယ် .. ဘယ်ဘာသာနေနေယူသုံးလို့ရပါတယ်။ ဗုဒ္ဓဘုရားရှင် ကိုယ်တိုင်ကိုးကွယ်တာ ဗုဒ္ဓဘာသာ လုံးဝမဟုတ်ပါဘူး။ ဘုရားရှင်ဟာ ဘာသာမဲ့ ဖြစ်ဖို့များပါတယ် .. ။ ကျွန်တော် သူ့ကိုလေးစားပါတယ်။ ဒါကြောင့် သူ့လမ်းစဉ်လိုက်ဖို့စိတ်ကူးရှိပါတယ် ..

    မြန်မာနိုင်ငံရဲ့ဝါဒအရ ဉာဏ်ထက်မြတ်တဲ့ဆရာတော်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် တိုးတက်ဖို့ နေရာတော့ လုံးဝမဟုတ်သေးပါဘူး။ ဒီလိုနှုန်းနဲ့ ဆက်သွားရင် မြန်မာနိုင်ငံဟာ နောက်ပေါက် ကလေးတွေကို အားကိုးဖို့ဘဲကျန်တော့သလိုပါဘဲ။ နောက်ကလေးတွေတက်လာဖို့က ၁ဝ နှစ်လောက်တော့ကြာဦးမှာ .. ဒါကြောင့် .. အရမ်းကို အစွမ်းထက်တဲ့တရားရှိတယ် ဆိုရင် နိုင်ငံခြားမှာ ဟောကြားဖို့ တောင်းပန်ပါရစေ။ မြန်မာနိုင်ငံမှာ ဟောကြားရင် အခန့်မသင့် ထောင်ထဲလည်းရောက်နိုင်ပြီး ကျွန်တော်တို့လည်း နားထောင်မရ ဖြစ်သွားပါလိမ့်မယ်။ စွန့်ဦးတည်ထွင် ချင်သူတွေ အတွက် ရေကောင်းမြေကောင်းရှိတဲ့နေရာ မှာ ပန်းပျိုးသင့်တယ်လို့ထင်ပါတယ် .. !

    • kai

      June 22, 2012 at 3:09 pm

      မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့နိုင်ငံမဟုတ်ပါဘူး..
      ထေရဝါဒဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ နိုင်ငံပါ..။
      အခြေခံဥပဒေထဲ.. ပြဌာန်းထားခြင်း..ဘယ်တုံးကမှမရှိသလို.. နောင်လည်း ပြနိုင်မယ်မထင်ပါဘူး.
      ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်မယ်ဆိုပြီး.. ဦးနုက..ဘာသာရေးကိုနိုင်ငံရေးနဲ့ရောပြီး( ရှေးနှစ်၁၀၀ဝ ကထုံးစံအတိုင်း) မဲဆွယ်ပွဲမှာ.. လုပ်ချလို်က်တာ… ပြည်တွင်းစစ်ကြီးထဖြစ်တာလို့တောင် ပြောလို့ရပါတယ်..

      နောက်တခုက.. ဗုဒ္ဓဘာသာ..သာသနာက.. ကိုးကွယ်ရာမရှိပါဘူး..။ ဗုဒ္ဓဆီမှာ.. ဆုတောင်းလို့လည်း… ဆုလဘ်ပြန်မပေးနို်င်ပါဘူး..။
      ကိုယ်တိုင်ကျင့်မှရတာပါ..
      စေတီ.. ဆင်းတုထုကိုးကွယ်တယ်ဆိုတာ.. ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး.. နှစ်၃၀ဝလောက်ကမှ..စခဲ့တာတဲ့..
      ဗုဒ္ဓကို်ယ်တော်တိုင်ကတော့..သံယုတ္တနိကာယ်၊ ဝက္ကလိသုတ်. ဗုဒ္ဓက ဝက္ကလိသုတ်မှာ “အို ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်၏။” ဟောကြားခဲ့ဖူးတယ်..

      ပြောရရင်.. ဂေါတမဗုဒ္ဓကိုယ်တော်တိုင်က..Freethinker ဖြစ်တယ်လို့ထင်ပါတယ်..
      တချို့အနောက်နိုင်ငံသားတွေက..Great Philosopher လို့လည်းခေါ်ကြတယ်..။

      မြန်မာတွေရဲ့.. ရှေးစွန်းစွဲ ကွန်ဆာဗေးတစ်အစွန်းရောက်တွေကတော့.. ၉၅ရာခိုင်နှုန်းလောက်ရှိမယ်လို့ထင်တယ်..
      သူတို့က.. လစ်ဘရယ်နဲ့ဘက်မညှိပဲ.. အစွန်းနင်း… ဆွဲဆွဲချနေတော့ကာ.. တိုင်းပြည်ဟာ.. ဘာနိုင်ငံရေးစနစ်နဲ့..လုပ်လုပ်.. တိုးတက်လာမယ်မထင်မိပါဘူး..
      ဆိုတော့..
      ကျိန်စာလို့ပဲ.. ပြောချင်ပါတယ်..
      နှစ် ၁၀၀ဝ ကျိန်စာပါ…။ :mrgreen:

    • mggwa

      June 22, 2012 at 3:32 pm

      realman ဆိုသူကတော့ ရှာရှာဖွေဖွေ သူမို့လို့ ရေးတတ်ပလေ။
      ဘာတဲ့ . . .
      “အမည်ခံထေရဝါဒမှ တကယ့်ထေရဝါဒဗုဒ္ဓဘာသာသို့” တဲ့
      http://myanmargazette.net/67522/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen
      အဲဒီ Link မှာရှိတယ်။

      သူက အဲဒီလို ရှာဖွေ ရေးထားတော့ ဦးနုသိရင် စိတ်ကောင်းမလား။
      စိတ်မကောင်းလဲ တတ်နိုင်ပါဘူး။
      နဂိုကတည်းက ကောင်းမှ မကောင်းတာ။

  • နွေဦး

    June 22, 2012 at 3:44 pm

    မယူတတ်ရင် ဆရာတော်ဟောတဲ့တရားထဲက ဒယ်အိုးထဲကို ကိုယ်တိုင်ရောက်သွားလိမ့်မယ် ။
    တရားတော်တွေဟာ အချိန်အခါအရ နာယူခံယူသူတွေရဲ့ ခံယူ နားလည်မှုပေါ် မူတည်တယ် ။
    မြတ်စွာဘုရားရှင်လက်ထက်တော် ကထဲက နာယူသူတွေပေါ်မူတည်လို့ တရားကို ခွဲခြား ဟောဆိုတော်မူပါတယ် ။
    တရားနာသူတွေက ဘာသာ သာသနာ ရေးကို နိုင်ငံရေးနဲ့ တွဲတွေးတဲ့အခါ ဆိုလိုရင်းတွေလွဲမှား ငရဲ သွားကြရမှာ ။
    ဒါကို ဆရာတော် သံဃာတော် အရှင်မြတ်တို့က တရားနာသူတို့အရေး စိတ်မအေးရလို့ ရှေ့ရေးကိုတွေးပြီး တားမြစ်တော်မူတာဖြစ်မှာပါ ။
    သာသနာ့အရေး သံသရာ ရေးမို့ သေသေခြာခြာတွေးပြီးမှ ရေးကြ ဝေဖန် ကြစေလိုပါတယ် ။
    ဟို ရှေးစကားရှိရဲ့…ဘုန်းကြီးအမှု ရွာပါတ် မဖြစ်စေလိုပါ ။

  • သားဦး၊မြေးဦး

    June 23, 2012 at 9:22 am

    သူကြီးစကား ကိုးကား အဲလေ ကူးချပြီးတော့

    မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့နိုင်ငံမဟုတ်ပါဘူး..
    ထေရဝါဒဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ နိုင်ငံပါ..။

    ဟီးးးးးးး

  • snow white

    July 10, 2012 at 11:31 am

    ဗုဒ္ဓဘာသာ ထွန်းလင်းတောက်ပသော နိုင်ငံဖြစ်ပါစေ လို့ဆုတောင်းပါတယ်

Leave a Reply