မင်းအတွက်သာ

အချိုကြိုက်တဲ့မင်းကိုမှ
ကိုယ်က ဆေးခါးတွေတိုက်ခဲ့မိတာပါ
ဒါပေမယ့်ရည်ရွယ်ချက်က
မင်းနှလုံးသား ကျန်းမာနေဖို့ပါ

မင်းအတွက်တော့
ကိုယ့်ရဲ့ဂရုဏာဒေါသောစကားတွေက
ခါးသီးလွန်းနေမှာပါ

ဒါပေမယ့် ….. အဲဒီစကားတွေမှာ
မာယာတွေမပါဘူး … အဆိပ်တွေမရှိဘူး ..
ထောင်ချောက်တွေလည်း ဆင်မထားခဲ့ပါဘူးကလေးရယ် ..

ပြီးပြည့်စုံတဲ့ဘ၀တစ်ခုဖြစ်ဖို့
မင်းရဲ့ဟာကွက်လေးတစ်ခုကို
ထောက်ပြ ဖြည့်ပြခဲ့ရုံပါ

ကိုယ့်အတွက်ရလဒ်က
မင်းအမုန်းတွေပဲဖြစ်ခဲ့ပေမယ့် …
အန္တရာယ်တွေကို … မင်း ရှောင်နိုင်ခဲ့ရင်
ကိုယ်ကျေနပ်နေပါ့မယ် …..

မင်းနားလည်တတ်တဲ့ တစ်နေ့မှာ
ခါးသီးတဲ့စကားတွေနောက်က
ကိုယ့်စေတနာကို မြင်သာလာမှာပါ ..
အဲဒီတစ်နေ့ကျရင် . ကိုယ်ဟာ ……

About SoeLin

Soe Lin has written 5 post in this Website..