မုန်း စ ရာ ကောင်း သည့် ဦး- အ ပိုင်း (၅)

aye.kkJune 19, 20121min23026

ကျ မ နေ ထိုင် သည့် နေ ရာ အ ထိ ၊ ဦး က သူ ၏ ဝတ် စုံ နှင့် ပင် လိုက် ပို ့ ပေး ခဲ့ ပါ သည် ။
သ္မီး ရန် ကုန် မှာ ရောက် နေ တာ ကြား သိ သ ဖြင့် ၊ ကြား ကြား ခြင်း ပင် လို က် ရှာ မိ ကြောင်း ၊ နောက် ရက် တွင် သ ဘောင်္ ပြန် တက် မည် ။ သုံး လေး လ ကြာ မည် ဒီ တ ခါ ပြန် လာ လျှင် အေး ဆေး တွေ ့ ခြင် ကြောင်း ပြော ပါ သည် ။ ထို အ တော အ တွင်း သ င်္ဘော ပေါ် မှ စာ မ ကြာ ထဲ့ မည် ဟု မှာ သွား ပါ သည်။

ရေး သား သော စာ များ နှင့် အ တူ ၊ သူ ၏ ပိုက် ဆံ အိပ် ကပ် အ တွင်း အ မြဲ တမ်း ထည့် ထား သည့် ကျ မ နှင့် အ တူ ရိုက် ထား သည့် ဓါတ် ပုံ လေး အား သက် သေ အဖြစ် ထည့် ပေး လာ ပါ သည်။

ပြန် တွေ ့ သည့် အ ချိန် ၊(၈) နှစ် ခန် ့ ကြာ မြင့် ခဲ့ ပါ သည်။ ကျ မ အ သက် နှစ် ဆယ် ရောက် သည့် အ ချိန် ၌ ၊ ကွက် တိ ပြန် လာ ခဲ့ ခြင်း ဖြစ် ပါ သည် ။ အစ် မ ကြီး ကျယ် ပြော သော စ ကား အား ဆက် စပ် လျှက် တွေး မိ လာ ပါ သည် ။ မှာ သွား သည့် အ ကြောင်း အ ရာ များ က ဘာ များ ဖြစ် မည် ဆို တာ ကို ရိပ် စား လာ မိ သ လို ဖြစ် ပါ သည် ။

ငယ် စဉ် က ချစ် ခင် အား ကိုး သည့် စိတ် ၊ အ သက် အ ရွယ် ကွာ ဟ မှု များ …
သံ ယော ဇဉ် နှင့် လွမ်း တာ က …….
ချစ် ခြင်း ဆို ပါ လျှင် ၊ လွန် စွာ မှား ယွင်း သွား နိုင် ပါ သည် ။ ဓါတ် ပုံ က မ ပျောက် မ ပျက် ၊ ဝါ ဖန် ့ ဖန် ့အ ရောင် တောင် ပေါက် နေ ပါ သည် ။ အ မြဲ တန်း အိပ် ကဒ် ထဲ ထည့် ခါ ၊ ဆောင် ထား သည် ဆို ပါ လျှင် ……၊ ကျ မ အား လက် ထပ် လို ခြင်း ပင် လား ။ ခ လေး ဘ ဝ က နား မ လည် စိတ် ဖြင့် ပြော ခဲ့ မိ ခြင်း က ၊ အ တည် မ ဟုတ် ။ နား မ လည် ၍ ပြော ခဲ့ ခြင်း သာ လျှင် ဖြစ် ပါ သည် ။

ဒါ ကို အ တည် ဟု ဆို လျှင် ၊ အိုး ခြမ်း ကွဲ က ပြန် မ ဆက် နိုင် မှန်း သိ လျှက် နှင့် အ သစ် ပြန် စ ၍ အ ဖြစ် နိုင် ။ ဒီ ပုတ် ထဲ က ဒီ ပဲ ဟု အ ဆို ခံ ရ မည့် ပါး စပ် များ ၊ ကျ မ က ဦး ကို ဦး တ ယောက် လို သာ သံ ယော စဉ် ဖြစ် တွယ် နေ မိ ခြင်း သာ လျှင် ဖြစ် ပေ သည် ။ ဦး က သူ ့ အ သိုင်း ဝိုင်း အား ထပ် မံ သ တ္တိ ရှိ စွာ ဖြင့် စိန် ခေါ် မှု ပြု လုပ် ရ ပေ မည် ။

အိမ် ထောင် ဖက် ဆို သည့် စ ကား ၊ ကြား သိ ယုံ မျှ ဖြင့် ကျော ချမ်း နေ မိ ပါ သည် ။ ဦး အ ရွယ် အား အိမ် ထောင် ဖက် အ နေ ဖြင့် စဉ်း စား ကြည့် ၍ ပင် မ ရ နိုင် ပါ ။ ဒီ တစ် ခါ ဦး ပြန် လာ လျှင် ၊ လာ တွေ ့လျှင် ကျ မ ဘယ် လို ရင် ဆိုင် မည် နည်း ။ လွမ်း သည့် စိတ် က ချစ် ခြင်း မေ တ္တာ တ ရား ကြောင့် ဖြစ် ပေါ် လာ သည် မ ဟုတ် ၊ ကျ မ ၏ လက် ဖ ဝါး တွင် ပါ ရှိ သော ၊ သော ကြာ ဂြိုလ် ခုံ အား ပြည့် ခြင်း နှင့် သော ကြာ ခါး စီး ပါ ရှိ နေ သည့် အ တွက် ၊ တွယ် တာ မိ နေ ရ ခြင်း သာ ဖြစ် ပေ မည် ။

ဦး အား ရှောင် တိမ်း ရန် နည်း လမ်း ရှာ ကြံ ခါ ၊ စဉ်း စား နေ မိ သူ က ကျ မ ပင် ပြန် ဖြစ် နေ ပါ သည်။ အစ် မ ကြီး ကျယ် အား အ ပြစ် မြင် မိ နေ ခြင်း က ဘာ မျှ ပင် မ ကြာ လိုက် ပါ ။ ဝဋ် လည် တာ လား ဟု စဉ်း စား နေ မိ ပါ သည်။ ပြီး ပြီး ပျောက် ပျောက် မေ့ ထား လိုက် ခါ မှ ပင် ၊ ဝေ ဒ နာ အ သစ် က စ လာ ပြန် ပါ သည်။
မ ကြာ ပါ …။

ဦး က ဆိုင်း မ ဆင့် ၊ ဘုံ မ ဆင့် ချက် ခြင်း ဆို သ လို ချက် ခြင်း ပင် ပေါ က် ချ လာ ပြ န် သည် ။ ကျ မ နေ ထိုင် သည့် နေ ရာ အ ထိ ရောက် လာ ပြီး တွေ ့ ပါ သည် ။ သူ ့အ နေ ဖြင့် လက် ထပ် လို ကြောင်း ၊ အ သက် အား ဖြင့် လည်း ၊ အိမ် ထောင် ပြု ဘို ့ အ ချိန် တန် နေ သ ဖြင့် အ ချိန် ထပ် မ ဆွဲ ခြင် ဟု ပြော ပါ သည်။

သ္မီး မှာ ရည်း စား ရှိ နေ ပြီ လား ဟု လည်း မေး ပါ သည် ။
ရှိ သည် ဟုဖြေ မိ ပါ သည်။ တ ကယ် လက် တွေ ့ ပြ နိုင် လား ၊ လက် တွေ ့ပြ နိုင် မှ ယုံ မည် ဟု ပြော ပါ သည် ။ ဦး မ ယုံ လျှင် တော့ မ တတ် နိုင် ပါ ၊ ဟို တစ် ခေါက် က ၊ ကျ မ ကို ဦး က ညီ လေး လုပ် မ လား ၊ ရှပ် အ င်္ကျီ ပေး ဝတ် မည် ၊ ဒီ စ ကား ၏ အ ဓိ ပ္ပါယ် ကို ရှင်း ရှင်း လင်း လင်း သိ ချင် မိ ပါ သည် ဟု ပြော ပြ မိ ပါ သည်။

ကျ မ စိတ် ရူး ထ ခါ ထား ဘူး သည့် ၊ အ ချစ် တော် ကိစ္စ ဇတ် လမ်း တ ပုဒ် အား ဦး က သိ နေ ကြောင်း ဖွင့် ပြော ပါ သည် ။ မိန်း ခ လေး ခြင်း အ ချစ် တော် ထား ဘူး တာ ကြား သိ မိ ထား သည် ဟု ဦး က ဆို ပါ သည်။ နောက် တ ချက် က သ္မီး က ယော င်္ကျား လေး စိတ် ဆို တာ အ တိ အ ကျ သိ ထား သည် ဟု ထုတ် ပြော ပါ တော့ သည် ။

ဒါ ကြောင့် သာ ညီ လေး လို လုပ် ပြီး ၊ အ တူ နေ လျှင် ရ သည် ဟု စ တာ ဖြစ် ကြောင်း ပြော ပါ သည် ။ သ္မီး က မ ရ မ က မေး နေ သ ဖြင့် မ တတ် နိုင် ၍ ထုတ် ဖော် ပြော လိုက် ခြင်း သာ ဖြစ် သည် ။ လော က တွင် ကွယ် ဝှက် ထား သော အ ရာ ဆို တာ က မ ဖြစ် နိုင် ၊ သိ အောင် ကြိုး စား လျှင် ၊ အ မှန် တ ရား ဆို တာ က ပေါ် ပေါက် ရ စ မြဲ ဖြစ် သည် ဟု ဆို ပြီး ပြော ပါ သည် ။

ဦး က ဘာ လို ့ အဲ လောက် အ ထိ သိ နေ တာ လည်း ။ နတ် မျက် စေ့ ရှိ လို ့ သိ နေ တာ လား ။ ဦး ပြော သည် ကိ စ္စ က ကျ မ ၏ အ ရှိုက် အား ထိုး နှက် သ လို ဖြစ် နေ ပါ သည် ။ ဒီ ကိ စ္စ က ကိုယ် ရေး ကိုယ် တာ ကိ စ္စ ဖြစ် ၍ ပေါ် တင် ကြီး ထုတ် ဖော် ပြော လိုက် သ ဖြင့် အ ရှက် ကြီး ရှက် မိ ရ ပါ သည် ဟု ဦး ကို ပြော ပြ ဝန် ခံ လိုက် ရ ပါ သည်။

အ မှန် တ ကယ် ဆို လျှင် ၊ ကျ မ မိန်း မ သား ဖြစ် တာ ကို လက် ခံ နေ မိ သည် မှာ ဘာ မျှ မ ကြာ သေး ဟု ဦး ကို ပြော ပြ မိ ခါ အ တိ အ လင်း ဝန် ခံ လိုက် ရ သ လို ဖြစ် သွား ခဲ့ ရ ပါ တော့ သည်။

ဒီ ကိ စ္စ ကို ဦး က ဘာ ကြောင့် ဒီ လောက် တိ တိ ကျ ကျ သိ ထား ခဲ့ ရ သ နည်း ။ ရှက် စ ရာ ကောင်း လွန်း လှ သော ကိ စ္စ လည်း ဖြစ် ၍ ၊ ဦး ကို မုန်း စ ရာ ကောင်း သည့် ဦး ဟု သာ ဆို ချင် မိ ပါ သည်။
မိန်း ခ လေး ဖြစ် ပါ လျှက် ၊ ယောက် ကျား လေး လို နေ ထိုင် ခဲ့ ခြင်း ကိစ္စ က ကျ မ ၏ ရှက် စ ရာ အ တိတ် တ ခု အ ဖြစ် ခ လေး ဘ ဝ အ ရွယ် မှာ ကျန် ရစ် ခဲ့ ပြီ ဖြစ် ပါ သည် ။
ဒါ ကြောင့် ဦး က ရည်း စား ရှိ သည် ဟု ပြော သည် ကို လုံး ဝ လက် မ ခံ ပဲ လက် တွေ ့ပြ ခိုင်း တာ ကိုး ဟု သ ဘော ပေါက် ခဲ့ မိ ရ ပါ တော့ သည် ။
ဒီ အ ချိန် မှာ မိန်း ခ လေး စိတ် ဖြစ် နေ ပြီ ဆို တာ ၊ ဦး လက် ခံ ယုံ ကြည် ပါ တယ် ဟု ပြော ပါ သည် ။ လက် ကို ချက် ခြင်း ဖမ်း ရုတ် ပြီး ခေါင်း ငုံ ့နေ တာ ၊ နား ရွက် ထူ ပြီး နီ လာ တာ ဦး က စိ တ် ထဲ မှာ ဝမ်း သာ နေ မိ တာ ပါ ဟု ပြော ပြ ပါ သည် ။

ရည်း စား ရှိ တာ မှန် သည် ဆို လျှင် ၊ သ္မီး အ မှန် တ ကယ် မိတ် ဆက် ပေး နိုင် ရ မည် ဟု ပြော ဆို ပါ တော့ သည် ။ ဦး မ ပြန် ခင် သိ သွား ချင် သည် ဟု အ တင်း အ ကြပ် တောင်း ဆို ပါ သည် ။

26 comments

  • Hnin Hnin

    June 19, 2012 at 2:44 am

    ဇာတ်ရှိန်မြင့်လာတော့ ဖတ်လို့တကယ်ကောင်းလာတယ်..
    ….စောင့်ဖတ်နေမိတာမို့ ကြိုက်ပါတယ်…

  • အရီး Khin Latt

    June 19, 2012 at 2:58 am

    အစ်မအေး ရဲ့ ကိုယ်တွေ့ဇာတ်လမ်း သာ ဆိုရင်တော့
    ဟိုလူကြီး က “အစ်မ ရဲ့ အစ်မ” ထက် အစ်မကို ပိုလို့ သံယောဇဉ် ဖြစ်နေတာပါလား။ 🙄

    • လူ ဟား

      June 19, 2012 at 11:54 am

      အရီးပြောသလိုဆိုကောင်းသား…. တော်ကြာ ငါးမရ ရေချိုးပြန် ဆိုတဲ့သဘောလားလည်း မသိ… အဟီး.. စတာနော် အန်တီအေး…။

  • ကြောင်ဝတုတ်

    June 19, 2012 at 3:02 am

    ဘဲကြီးကတော့ အဖျားရှုးလာပြီ…
    ဟုတ်တော့ဟုတ်တော့ဘူး…ဟီး

  • ကိုရင်မောင်

    June 19, 2012 at 4:45 am

    အားလုံးစုံမှအားရပါးရဖတ်တော့မယ်…
    အေကေကေရေ….

    • Thel Nu Aye

      June 19, 2012 at 9:55 pm

      ဟုတ်တယ်။ မတော်ကြောင်ဝတုတ်လိုတန်းလန်းထားမှဖြင့်။ ဇာတ်သိမ်းကျမှ အစကနေဖတ်တော့ မယ်အမအေးရေ။ အားလုံးစုပြီးမှပဲမန့်တော့မယ်။

  • MaMa

    June 19, 2012 at 8:13 am

    ဖတ်ရင်းဖတ်ရင်းနဲ့ အဲဒီ ဦး ရဲ့ လက္ခဏာကို ကြည့်ဖူးလား သိချင်လာတယ်။
    သူ့လက္ခဏာက တခုခု ထူးခြားနေလိမ့်မယ်ထင်တယ်။

    • aye.kk

      June 19, 2012 at 1:24 pm

      မမ,….
      လက္ခဏာထူးခြားပါတယ်
      အပိုင်း(၇)မှာဆက်ဖတ်ပါနော်။

  • ဆူး

    June 19, 2012 at 9:00 am

    မုန်းစရာ ကောင်းတဲ့ ဦး ကနေပြီးတော့ ချစ်ရပါသော ဦး ဖြစ်ဖို့ နည်းနည်းပဲ လိုတော့မယ် လို့ ထင်တယ်။

    • လူ ဟား

      June 19, 2012 at 11:52 am

      အေး..အဲဒါကို မျှော်နေတာ .. ကောင်းခန်းလေးတွေ လာတော့မယ်…။ အန်တီအေး ဆင်ဆာ မဖြတ်ကြေးနော်…

      • aye.kk

        June 19, 2012 at 1:31 pm

        ဆင်ဆာမဖြတ်ဘူး၊ဆိုယုံမှာလား။

    • aye.kk

      June 19, 2012 at 1:26 pm

      ဆူး…..
      အမြင်လေးတွက်ကျေးဇူးပါ။

  • Nyein Nyein

    June 19, 2012 at 9:33 am

    အန်တီအေးရေ ဇာတ်လမ်းကတော့ အရှိန်တက်လာပြီနော်။ နောက်အပိုင်းတွေလည်း မြန်မြန်လေးတင်ပေးပါဦး။ စောင့်မျှော်နေလျက်ပါ…………..

  • mihninlay

    June 19, 2012 at 11:11 am

    ကိုရီးယားကားကြည့်ရသလိုပဲမမအေးရေ… ဆန် ့ငင်ဆန် ့ငင်နဲ ့
    မြန်မြန်လေးတင်ပါဗျိုးးးးးးး

  • aye.kk

    June 19, 2012 at 1:21 pm

    ကိုပေ….
    စိတ်ခံစားမှုဆိုတာ
    အရွယ်သုံးပါးမရွေးပါ။

    • မောင်ပေ

      June 19, 2012 at 10:00 pm

      အမအေးရယ်..
      ဇါတ်လမ်းက ဖတ်ရင်းနဲ ့အလုံးစုံမမှတ်မိတော့တာမို ့
      မနေ ့ညက ကာလာအိုကေ ဆိုဖြစ်ခဲ့တဲ့
      ရင်ဂို ့သီချင်းစာသားလေး ကို ကွန်မင့်ခဲ့တာဘာ ။
      စိတ်မရှိပါနဲ ့နော။

  • YE YINT HLAING

    June 19, 2012 at 1:30 pm

    ဥရယ်၊ ဥရယ်၊ ဥမလာတဲ့ ရက်ကလေးများဆို သာမီးဖြင့် သိပ်သိပ် လွမ်းတယ်၊၊၊၊ ကြိတ်ငိုရတယ် ချစ်ဆုံးဥရယ်၊ ဟဲဟဲဟဲ၊၊၊ နောက်တာနော်!

  • aye.kk

    June 19, 2012 at 1:34 pm

    ရဲရင့်လှိုင်…
    နိမ့်ကျတဲ့အတွေး…
    တို ့မတွေး…..၊ရေးလည်း……………မရေးပါ။
    ကွန်မင့်လေးတော့ကောင်းကောင်းရေးပါကွယ်။

  • etone

    June 19, 2012 at 2:16 pm

    အန်တီအေးရေ ….
    ဇာတ်လမ်းလေးကိုကြည့်ပြီးပဲ ကော့မန့်ရေးတာပါနော် …. အဟဲ … အန်တီ ့ဇာတ်လမ်းလေး …မဟုတ်လောက်ဘူးထင်ပါတယ် … ။

    ဇာတ်လမ်းထဲက ဦးလေးကတော့ .. သိပ်မမိုက်ဘူး …. ။ မျက်နှာပြောင်တိုက်တယ်လို့မြင်တယ် … ကလေးအရွယ်လေးကို မကြံကောင်းမစည်ရာ …. ။ ငါးမရလျှင် ရေချိုးပြန်မယ်ဆိုတဲ့ စိတ်ကူးမျိုးလို့တော့ … စာဖတ်သူနေရာက မြင်မိပါတယ် … ။ အစ်မ အကြီးအကြောင်းကို သိချင်လို့ …. သဘောင်္က ပြန်ဆင်းလာတယ် … ဒါပေမယ့် … ဒီရောက်တော့ စိတ်ကူးပြောင်းသွားတာ …. ။ သိပ်မမိုက်ဘူး လို့မြင်မိတယ် … ။

    ကိုယ်သာ ဦးလေးနေရာမှာဆို … ကိုယ့်ကို မနှစ်သက်လို့ … ခိုးရာလိုက်ပြေးသူတွေရဲ့ မိသားစုနဲ့ .. အမျိုးတော်ဖို့ရော … မျက်နှာချင်းဆိုင်ဖို့တောင် … ရှိန်နေမိမယ်ထင်တယ် ။ ကလေးတစ်ယောက်အပေါ် မရိုးမသားစိတ်ထားခဲ့မိလျှင်တောင်မှ ပါးစပ်က ပြောထွက်မှာ မဟုတ်ဘူးထင်တယ် …. ။ မာနနဲ့ ဂုဏ်သိက္ခာကြောင့်ပေါ့လေ … ။

    ကောင်မလေးနေရာမှာဆိုလျှင်လည်း ……. ကိုယ်က အနေနီးလို့ … စိတ်လှုပ်ရှားမိပေမယ့် .. ရိုးရိုးသားသား သံယောဇဉ်ဖြစ်မိသူတစ်ယောက်အပေါ်… စွဲလန်းမှု ၊ကရုဏာသက်မှုတွေကို အချစ်လို့ အထင်မမှားသင့်ဘူး .. ။ ပြီးတော့ … မာန … မိန်းမတစ်ယောက်ရဲ့ မာနနဲ့ …. အိန္ဒြေတွေကြောင့် … အစ်မကိုရည်ရွယ်ခဲ့ဖူးသူနဲ့ ပတ်သတ်ဖို့ မရွေးခဲ့မိသင့်ဘူး …….. ။

    တကယ်တော့ … ဦးနဲ့ သမီးက … အချစ်ဆိုတာထက် …. အနေနီးလို့ သံယောဇဉ်တွေ ငြိကုန်တယ်လို့ ထင်ပါတယ် .. ဒီအထဲမှာ အသက်အရွယ်အရ ဆန်းဆစ်တစ်ဗ်အရွယ်ဖြစ်လာတော့ ရင်ခုန်မယ် ..စိတ်လှုပ်ရှားမယ် … ဒါကို အချစ်လို့ ယူဆနေကြပုံပါ … ။ 🙄

    • aye.kk

      June 19, 2012 at 5:39 pm

      အိတုံ…
      အမြင်တွေဆိုတာ…
      မတူကြဘူးပေါ့နော်…။

  • Shwe Ei

    June 19, 2012 at 2:22 pm

    ဒီဦးလေး တော့အခြေနေမကောင်းဘူး။ ကြည့်ရတာမိန်းမတွေရဲ့ အရိပ်အကဲကိုနားမလည်နိုင်လောက်အောင်ဘဲ တုံးတာလား ကိုယ်တိုင်က အစွမ်းအစမရှိလို့ ဆွဲထုတ်မိတဲ့အစလေးကို မလွှတ်ချင်တာလား တခုခုဘဲ။ နောက်တယောက်က ပြသနာတက်မှာစိုးလို့ကြိုငြင်းတာတောင် ဇွဲကောင်းတုန်း။ မလွယ်ဘူး ဟူးဟူး 🙁

  • နွယ်ပင်

    June 19, 2012 at 5:08 pm

    ဦးရဲ့မြှားဦးက သမီးဘက်လှည့်လာတော့မှာလားဟင် ..
    ဇာတ်လမ်းကအရှိန်လေးရလာပြီဆိုတော့ အပိုင်း(6) ကိုစောင့်မျှော်နေပါတယ် အန်တီအေးရေ …

  • aye.kk

    June 19, 2012 at 5:43 pm

    ရွှေအိ,….
    မျက်ကန်းအချစ်မျိုးလို ့ဆိုလိုက်ပါရစေ။
    —————————————–
    နွယ်ပင်,…..
    မဖြစ်နိုင်တဲ့အချစ်တွေပါကွယ်။။

  • ကိုရင်စည်သူ

    June 19, 2012 at 5:54 pm

    ရှေးခေတ်တုန်းက သဘောင်္သီး ဦး တို့များ…
    သာပါ့… သာပါ့…
    တားတို့တော့ သူရို့ခြေဖျားကို မှီတောင်မမှီဘူး…။
    အားကျပါရဲ့… ဦးရယ်… 😉

  • YE YINT HLAING

    June 19, 2012 at 6:05 pm

    ဆောရီး ပါခင်ဗျာ ။ ဖတ်လို့ ကောင်းကောင်း နဲ့ဖတ်ပီး နောက်တောက်တောက်ရေးမိသွားတယ် ! ရှဲရှဲ ပါ! ဆုမိမာစံ ! ဖော်ဂစ်မီ ! ကျေနပ်ပါနော်! ချိတ်ချိုးရဘူး ! ထပ်ပီး မျှော်နေပါတယ် ! ( ၁၊၂၊၃၊၄၊၅ ) မနားတမ်းအားပေးသွားပါတယ် !

Leave a Reply